← Chapters

အခန်း (၅၇၄)

Vol. 39 Ch. 574

အခန်း (၅၇၄)

Vol. 39 Ch. 574

အဓိကဟောခန်းထဲမှာတော့ ကျန့်ရာနှင့် နင်ညီအစ်ကိုတို့သည် စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်လျက်ရှိနေကြ၏။ ၎င်းတို့သည် မျက်မှောင်ကို ကုတ်ထားကြပြီး အခြေအနေ တည်နေရာတစ်ခုလုံးမှာ လေးနက်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် စားပွဲထိပ်တွင်ထိုင်ရင်း လက်တစ်ဖက်က မျက်နှာကို အုပ်ကိုင်၍ တခြားလက်တစ်ဖက်က စားပွဲကို တတောက်တောက်နှင့် ခေါက်လျက်ရှိသည်။

ဟမ့်

အချိန်အတော်ကြာပြီးသည့်နောက်မှာ သူက ပြောလိုက်သည်။ “ဂိုဏ်းရဲ့နာမည်လေးတစ်ခုကို ကျုပ်ကပြောင်းလိုက်တယ်၊ ဘာလို့ ဒီလောက်များပြားတဲ့ အဖွဲ့အစည်းတွေက မကျေမနပ်ဖြစ်နေရတာလဲ”

လီလိုရှုက ပြောလိုက်၏။ “ဂိုဏ်းချုပ်... ကျွန်မတို့ရဲ့နာမည်က အရမ်းကို ကြမ်းတမ်းလွန်းတယ်လေ၊ ဒါကြောင့် ပစ်မှတ်ထားခံရတယ် ဆိုတာက အံ့အားသင့်စရာတော့ မဟုတ်ဘူး”

လက်ရှိအခြေအနေမှာတော့ အရှေ့အလယ်ပိုင်းရှိ အဆင့်လေးဂိုဏ်း ငါးဂိုဏ်းတို့သည် ချင်းယန်နိုင်ငံဆီသို့ ချီတက် လာနေသည် ဆိုသည့် သတင်းကို ကြားနေရပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ ပြိုင်စံရှားဂိုဏ်းနှင့် သိုင်းပညာ ဆွေးနွေးရန်ပင် ဖြစ်တော့သည်။

အရှေ့တောင်ရန်ကျူးထဲတွင်ရှိသော များပြားလှသော အဖွဲ့အစည်းတော်တော်များများသည် ၎င်းတို့၏ နာမည်နှင့် ပတ်သက်၍ သဘောမကျကြချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအသိအမှတ်ပြုဗဟိုနှင့် ကောင်းကင်ဘုံ ကျောင်း၏ ထောက်ခံမှုကို ရရှိထားသောကြောင့် မည်သူကမှ လာရောက်၍ မပြောဆိုရဲချေ။

သို့ပေမဲ့ တခြား အပြင်ဘက်မှာရှိသော အဖွဲ့အစည်းများကတော့ သဘောမတူကြပေ။ အဘယ်ကြောင့် အခုမှ အဆင့်မြင့်တက် လာသော ဂိုဏ်းတစ်ခုသည် ရုတ်တရက် ပြိုင်စံရှားဂိုဏ်းဟူသော နာမည်ကို ပေးထားရသနည်း။ ၎င်းတို့သည် ထိုသို့သော ကိစ္စကို ပြုလုပ်ရန်အတွက် မည်သူက သတ္တိပေးထားသနည်းဆိုသည်ကို သိချင်နေကြ၏။ ထို့ကြောင့် သူတို့သည် လာရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းရှိ ဂိုဏ်းများသည် ဦးနှောက်မဲ့သောသူများတော့ မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်းသည် အလား အလာနှင့်ပတ်သက်လျှင် ထိပ်ဆုံးသုံးခုစာရင်းတွင် ပါဝင်သူများဖြစ်ကြောင်း သိရှိကြ၏။ ထို့ကြောင့် သာမန်ထက် ပိုသော အရာတစ်ခုခုရှိမည်မှာသေချာ၏။ ထို့ကြောင့်ပင် ချင်းယန်နိုင်ငံသို့ လာရောက်စဉ်မှာ ဂိုဏ်းအသီးသီး ပူးပေါင်း၍ လာရောက်ခြင်းပင်ဖြစ်၏။

ကျန့်ရာက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... အရှေ့အလယ်ပိုင်းက အမြဲတမ်း မှန်မှန်ကန်ကန် နေခဲ့ကြတာပဲ၊ ဒါပေမဲ့ သူတို့က အရှေ့တောင် ရန်ကျုးတစ်ခုလုံးကို သိပ်ဂရုစိုက်ကြတာ မဟုတ်ဘူး၊ အဆင့်လေးဂိုဏ်း ငါးဂိုဏ်း ပူးပေါင်းပြီးလာကြတယ် ဆိုတာက ပြိုင်စံရှားဂိုဏ်းကို ကျိန်းသေပေါက် ဖျက်ဆီးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်ရမယ်”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏တည်နေရာဒေသသည် ကျယ်ပြောလွန်းလှ၏။ စုစုပေါင်း တည်နေရာကြီးသုံးခုကလည်း ရှိနေသေး၏။ အရှေ့အလယ်ပိုင်းသည် ပထဝီမြေပြင် ကောင်းမွန်လွန်းလှပြီး သာမန်ထက်ပိုသော သဘာဝအရင်းအမြစ်များနှင့် ဓာတ်သဘာဝများကို ပိုင်ဆိုင်၏။ ထို့ကြောင့် ၎င်းတို့သည် အရှေ့ဘက်ပိုင်းတွင် အားအကောင်းဆုံးဖြစ်နေသည်မှာ သံသယဖြစ်စရာပင် မလိုချေ။ ထိုနေရာတွင်ရှိသော ဂိုဏ်းများနှင့် မိသားစုကြီးများအားလုံးသည် သဘာဝအားဖြင့် အားကောင်းလွန်းလှ၏။ ထို့ကြောင့် သူတို့သည် အရှေ့တောင်နှင့် အရှေ့မြောက်ပိုင်းတွင်ရှိသော ပြည်နယ်များအား ဂရုမစိုက်ကြပေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကို ပြဿနာလာရှာတယ်ဆိုတဲ့ အဓိပ္ပာယ်က အရှေ့တောင်ရန်ကျူးတစ်ခုလုံးကို ပြဿနာ လာရှာတာနဲ့တူတူပဲ ဖြစ်လိမ့်မယ်”

“ဒါကတော့ အမှန်ပဲ” ကျန့်ရာက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့ ဒီလိုမျိုး ပြဿနာ လာရှာတယ်ဆိုရင် ကောင်းကင်ဘုံမြို့ကို သွားသင့်တာပေါ့၊ ဘာလို့ ပြိုင်စံရှားဂိုဏ်းဆီ လာရတာလဲ၊ ကျုပ်က လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်လို့ရတဲ့ လူတစ်ယောက်လို့ ထင်နေတာလား”

“ဂိုဏ်းချုပ်က ပြိုင်စံရှားဂိုဏ်းဆိုတဲ့ နာမည်ကို ပြောင်းခဲ့တယ်လေ၊ ဒါက သူတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်သွားတာပေါ့” ကျန့်ရာက ပြောလိုက်သည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒါဆိုရင်တော့ ဒီအဆင့်လေးဂိုဏ်းတွေကို ပြိုင်စံရှားဂိုဏ်းဆိုတာ လာရှုပ်လို့ရတဲ့ ဂိုဏ်းတစ်ခုမဟုတ်ကြောင်း သိအောင်လုပ်ပေးရမယ်”

…………

အရှေ့အလယ်ပိုင်းဒေသ စီရင်စုရှိ အဆင့်လေးဂိုဏ်းတို့သည် အရှေ့တောင်ရန်ကျူးဆီ ရောက်ရှိလာမှန်း ချင်းယန် နိုင်ငံတစ်ခုလုံး သိရှိသွားကြသည်။

“ငါပြောသားပဲ ပြိုင်စံရှားဂိုဏ်ဆိုတဲ့ နာမည်ထွက်လာပြီဆိုတာနဲ့ ကျိန်းသေပေါက် ပြဿနာတက်တော့မယ်လို့၊ ဟုတ်လား၊ မဟုတ်ဘူးလား အခုပဲကြည့်”

“အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးက ငါတို့ အရှေ့တောင်ရန်ကျူးကို နှိမ်ချင်နေကြတာ၊ အခုတော့ အခွင့်အရေးကို အသုံးချပြီး သူတို့ လာခဲ့ကြတာပဲ”

“ကံကောင်းလို့ အဆင့်လေးဂိုဏ်းပဲလာတာ၊ အဆင့်နှစ်ဂိုဏ်းတွေ၊ အဆင့်သုံးဂိုဏ်းတွေသာ လာမယ်ဆိုရင် ပိုပြီးတော့ ပြဿနာရှိနိုင်တယ်”

“ပြိုင်စံရှားဂိုဏ်းက လက်ရှိမှာ တော်တော်ကြီးကို မောက်မာနေကြတာလေ၊ တခြားသူတွေ ပညာလာပေးတယ် ဆိုတာ မဆိုးလှပါဘူး”

“အရှေ့အလယ်ပိုင်းဒေသက လာမယ်ဆိုရင် ချင်းယန်နိုင်ငံကို ရောက်ဖို့ ငါးရက်လောက်ကြာမယ်၊ ဒီတော့ ငါတို အဲကို မြန်မြန်သွားပြီးတော့ ပွဲကြည့်ကြရအောင်”

အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာပဲ အရှေ့တောင်ရန်ကျူးရှိ ကျင့်ကြံသူများအားလုံးသည် ချင်းယန်နိုင်ငံဆီသို့ လှမ်းလာခဲ့ကြတော့သည်။ ဂိုဏ်းအသိအမှတ်ပြုဗဟိုသည်လည်း ထိုသတင်းကို လက်ခံရရှိသည်။

ရီထျန်းချန် သည် သူ၏ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သူတို့ ဘယ်အချိန်လောက် လာမလဲ”

ပြိုင်စံရှားဂိုဏ်းဟု အသိအမှတ်ပြုခံထားခဲ့ပြီးသည့်နောက်မှာတော့ တစ်နေ့တွင် ဒီလိုမျိုးဖြစ်လာလိမ့်မည်ဟု သူသိရှိခန့်မှန်းပြီးသားဖြစ်၏။

“ခေါင်းဆောင်”

အကြီးအကဲကျိုးက ပြောလိုက်၏။ “ကျုပ်အထင်အရ အရှေ့အလယ်ပိုင်းဒေသ ဂိုဏ်းအသိအမှတ်ပြုဗဟိုက ကျုပ်တို့ အရှေ့တောင်ရန်ကျူး ဂိုဏ်းအသိအမှတ်ပြုဗဟိုကို လာပြီးစမ်းသပ်တာပဲဖြစ်ရမယ်၊ ဒီလို ကျုပ်တို့က ရွေးလိုက်တဲ့ အလားအလာ အကောင်းဆုံးဂိုဏ်းတစ်ခုကို ဘယ်လောက်ကြီးအားကောင်းလဲဆိုတာ သိချင်တာဖြစ်ရမယ်”

အကြီးအကဲကျန်းသည် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“ဟမ့် …..ဒီကောင်တွေ ဒီလိုထပ်မလုပ်နိုင်အောင် ကောင်းကောင်းပညာပေးလိုက်ရင် ကောင်းမယ်”

ရီထျန်းချန်က မေးလိုက်၏။ “အရှေ့အလယ်ပိုင်းဒေသက လူဘယ်နှစ်ယောက် လွှတ်လိုက်တာလဲ”

“သိုင်းအုပ်စိုးသူ နှစ်ယောက်၊ သိုင်းဘုရင်ဆယ်ယောက်၊ တပည့်တစ်ထောင်ကျော်တို့ပါတယ်၊ တပည့်တစ်ထောင် ကျော်တို့က သိုင်းစစ်သူကြီးအဆင့်ရှိကြတယ်” အကြီးအကဲကျိုးက ပြောလိုက်သည်။

“ဒီ လူစာရင်းက မသေးငယ်ဘူးပဲ”

ရီထျန်းချန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးက အရှေ့တောင်ရန်ကျူးကို အနိုင်ကျင့်ချင်လို့ ပြိုင်စံရှားဂိုဏ်းကို ပစ်မှတ် ထားလိုက်တာပဲ အကြီးအကဲ”

“ခေါင်းဆောင်”

အကြီးအကဲကျိုးက ပြောလိုက်သည်။ “တော်ဝင်မြို့က သခင်လေးကလည်း လိုက်လာတယ်”

“ဪ”

ရီထျန်းချန်သည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါဆိုရင် အရှေ့အလယ်ပိုင်းဒေသရဲ့ ဂိုဏ်းအသိအမှတ်ပြုဗဟိုက ထိန်းချုပ်တာ မဟုတ်တော့ဘူး၊ တော်ဝင် မြို့တော်ဝန် ကိုယ်တိုင်ကိုက ထိန်းချုပ်စေလွှတ်လိုက်တာ”

............

“ကြာပန်းနီ”

ကျောင်း၏ အဆောက်အဦထဲမှာတော့ စစ်တုဟောင်ယွင်သည် ပြောလိုက်၏။ “အရှေ့အလယ်ပိုင်းဒေသက အဆင့်လေးဂိုဏ်း ငါးဂိုဏ်းကို လွှတ်ပြီးတော့ ပြိုင်စံရှားဂိုဏ်းကို စိန်ခေါ်ခိုင်းတယ်တဲ့၊ ဒါက အတင်းလူအင်အားသုံး တိုက်ခိုက်ဖျက်ဆီးတာဖြစ်မှာကို စိုးရိမ်မိတယ်”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ “လင်းထန် တော်ဝင်မြို့တော်က ငြိမ်နေတာကြာပြီလို့ အဖေတစ်ခါက ပြောခဲ့ဖူးတယ်”

“မြို့တော်ရဲ့ သခင်လေးကလည်း ရောက်လာခဲ့တယ်၊ ကောင်းကင်ဘုံမြို့ရဲ့ မင်းသမီးတစ်ယောက်အနေနဲ့ မင်းကလည်း ပြိုင်စံရှားဂိုဏ်းဆီသွားပြီးတော့ ကြည့်ရှုသင့်တယ်” စစ်တုဟောင်ယွင်က ပြောလိုက်သည်။

“ကောင်းပါပြီ”

မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ “ကျွန်မ အခုပဲ သွားလိုက်မယ်”

သူမထွက်ခွာသွားပြီးနောက်မှာတော့ စစ်တုဟောင်ယွင်သည် ကောင်းကင်ပေါ်သို့ကြည့်ကာ တီးတိုးရေရွတ် လိုက်၏။ “ဒီကောင်လေးက ဂိုဏ်းရဲနာမည်ကို ပြောင်းလိုက်တယ်၊ ဒါကြောင့် ပြဿနာတွေကို ရင်ဆိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ပြီးသားဖြစ်လိမ့်မယ်လို့ ထင်တယ်”

ကျွင်းချောင်ရှောင်းသည်လည်း အစောကြီးကတည်းက ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ထိုအချိန်မှာတော့ သူသည် ဂိုဏ်း၏ အားအင်အဆင့်ကို ပိုမိုတိုးပွားအောင် ပြုလုပ်ပြီးသားဖြစ်နေသည်။ ထို့အပြင် သီးခြားတာဝန်တစ်ခုကိုလည်း သူရရှိ ခဲ့သည်။ ထိုအကြောင်းအရာသည် အရှေ့အလယ်ပိုင်းဒေသရှိ အဆင့်လေးဂိုဏ်း ငါးဂိုဏ်းကို အနိုင်ယူရန်ပင် ဖြစ်တော့သည်။

ပထမတုန်းက မပျော်မရွှင်ဖြစ်ခဲ့သော ကျွင်းချောင်ရှောင်းသည် အလွန်တရာ ပျော်ရွှင်သွားမိ၏။ ထို့ပြင် တာဝန် ပေါ်မလာမည်ကို သူစိုးရိမ်ပူပန်ခဲ့သေး၏။ လက်ရှိအခြေအနေမှာတော့ တာဝန်သည် သူ့ဆီသို့ စိုက်စိုက်မြိုက်မြိုက် ပင် ရောက်ရှိလာခဲ့ပြီဖြစ်၏။

“သိုင်းအုပ်စိုးသူနှစ်ယောက် ဟုတ်လား အားနာပါတယ်၊ ငါ့ရဲ့ ပဋိညာဉ်သားရဲက ဒီကောင်တွေကို ဖျက်ဆီးပစ်ဖို့အတွက် လုံလောက်တဲ့အားအင်ရှိတယ်၊ သိုင်းဘုရင်ဆယ်ယောက်လား၊ မင်းတို့အားလုံး လာခဲ့ကြ၊ ငါတစ်ယောက်တည်း တိုက်ခိုက်မယ်”

ကျန်သည့် သိုင်းစစ်သူကြီးများမှာတော့ ပြိုင်စံရှားဂိုဏ်းထဲရှိ တပည့်များအနေနှင့် တန်းစီပြီး ကြိုက်တဲ့လူကို ရွေးချယ်တိုက်ခိုက်နိုင်ခွင့် ရှိသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “တောင်ပြာဂိုဏ်းရဲ့ အကြီးအကဲမာက လာတွေ့ပါတယ်”

“သူ့ကိုအထဲကိုလွှတ်လိုက်” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

မာယွင်ထန်သည် အလောတကြီးဖြင့် အဓိကဟောခန်းထဲသို့ ဝင်ရောက်လာ သည်။ “ဂိုဏ်းချုပ်ကျွင်း၊ အရှေ့အလယ်ပိုင်းဒေသက သိုင်းအုပ်စိုးသူနှစ်ယောက်နဲ့ သိုင်းဘုရင်ဆယ်ယောက်တို့ကို လွှတ်လိုက်တယ်တဲ့၊ ဒါကပြဿနာပဲ”

တောင်ပြာဂိုဏ်း သည်လည်း ထိုသတင်းကို လက်ခံရရှိသည်။ ထို့ကြောင့် ကူညီရန်အတွက် သူရောက်ရှိလာခဲ့ခြင်းပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာပြောလိုက်သည်။ “အဆင့်သုံးဂိုဏ်းတစ်ခုမဟုတ်ရင် အဆင့်လေးဂိုဏ်း ဆယ်ဂိုဏ်းလာရင်တောင်မှ ပြိုင်စံရှားဂိုဏ်းက ကြောက်လန့် နေမှာမဟုတ်ဘူး”

“...” မာယွင်တန်၏ နှုတ်ခမ်းများသည် တုန်ယင်သွားမိ၏။

ကျွင်းချောင်ရှောင်းကို မြင်လိုက်ချိန်တိုင်း ပိုပို၍ အားကောင်း လာကြောင်း ခံစားမိနေသည်။ ထို့အတူ မောက်မာမှုနှင့် မည်သူမှ ဂရုမစိုက်မှုကလည်း ပိုမို၍ အားကောင်းလာနေ သေး၏။ ကျွင်းချောင်ရှောင်းသည် အလွန်တရာပင် မောက်မာလွန်း၏။ အဘယ်ကြောင့်ဆိုသော် သူသည် ပိုမို၍ အားကောင်းလာသလို ပိုမို၍ ယုံကြည်ချက်တွေ ရှိလာလို့ဖြစ်သည်။

............

နောက်တစ်ရက်မှာတော့ အရှေ့တောင်ရန်ကျူးထဲတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် သံမဏိအရိုး တောင်ခြေဆီသို့ ရောက်ရှိလာကြသည်။ သို့ပေမဲ့ သူတို့သည် အထဲသို့ ဝင်မလာနိုင်ခဲ့ချေ။ အတားအဆီး အစီအရင် က ကာဆီးထားသောကြောင့်ပင်ဖြစ်သည်။

မြို့တော်ဝန်ရှဲ့၊ အိုက်ရှန်းယီနှင့် တခြားသောသူများအားလုံးမှာတော့ အထဲသို့ လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။ ထို့ပြင် ၎င်းတို့နှင့် ပြိုင်စံရှားဂိုဏ်းကြား ဆက်ဆံရေးသည် အလွန်တရာနီးစပ်လွန်းလှသည် မဟုတ်ပါလား။

ချင်ဟောင်ရန်နှင့် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့မှ လူများသည်လည်း ရောက်ရှိလာကြသည်။ သို့ပေမဲ့ သူတို့သည် အရှေ့တောင်ရန်ကျူးအတွင်းရှိ တခြားသော အဖွဲ့အစည်းများနှင့်အတူတူ မထင်မရှား နေနေကြသည်။ လက်ရှိ အခြေအနေမှာတော့ မဟာမိတ်ခေါင်းဆောင်ချင်နှင့် တခြားသောသူများအားလုံးသည် သိုသိုသိပ်သိပ် နေနေကြပြီး ဖြစ်သည်။ သူတို့၏ ကျွင်းချောင်ရှောင်းအပေါ် အမုန်းတရားစိတ်သည်လည်း လွှင့်ပါးပျောက်ကွယ်သွားပြီဖြစ်သည်။

လူတစ်ယောက် ချမ်းသာလာချိန်တွင် တခြားသူများသည် နောက်ကွယ်မှ အတင်းအဖျင်းများ ပြောဆိုပေလိမ့်မည်။ သို့ပေမဲ့ ၎င်းတို့ လိုက်မမီနိုင်သည်အထိ ကြီးမားထည်ဝါသည့် ချမ်းသာမှုကို ပိုင်ဆိုင်လာပြီ ဆိုလျှင်တော့ ပါးစပ်ကိုပိတ်၍ ငြိမ်ငြိမ်သက်သက် နေပေလိမ့်မည်။ လူဆိုသည့် သဘာဝမှာ သူတို့လိုက်မီနိုင်သော လူများကိုသာ ဝေဖန်ပစ်တင်ပြောဆိုကြခြင်းဖြစ်၏။ လိုက်မမီသည့် လူများအတွက်ကိုတော့ အဝေးမှကြည့်၍ အားကျရသည့် အခြေအနေပင် ဖြစ်လိမ့်မည်။

လက်ရှိပြိုင်စံရှားဂိုဏ်းသည်လည်း မဟာမိတ်ခေါင်းဆောင်ချင်နှင့် တခြားသောခေါင်းဆောင်များ၏ မျက်လုံးထဲတွင် အလွန်တရာ ကြီးမားလှသည့် ဘီလူးကြီးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ သူတို့အနေနှင့် မျက်နှာချင်းဆိုင် ရပ်တန့်ရန်ပင် သတ္တိမရှိကြပေ။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် ဤလူများကို မေ့လျော့နေခဲ့ပြီဖြစ်သည်။ သူ့အတွက်လည်း မည်သည့်အန္တရာယ်မှ ပေးစွမ်းနိုင်သည့် လူများဖြစ်သည်မို့ စိတ်မဝင်စားချေ။ အနာဂတ်တွင် အလွန်တရာ အားကောင်းလှသော လူများ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရမည် မဟုတ်ပါလား။

..........

တောင်ခြေရှိ သေခြင်း၊ ရှင်ခြင်း တည်နေရာကြီးတစ်ခုလုံး မဖျက်ဆီးရသေးပေ။ ငါးရက်မြောက်နေ့မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုနေရာတွင် ခြေချိတ်ထိုင်နေပြီး မိုင်တစ်ထောင်အဝေးဆီမှ ရောက်ရှိလာမည့် ဧည့်သည် များကို ငြိမ်ငြိမ်သက်သက်နှင့် စောင့်နေလျက်ရှိသည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် သူတို့၏ ရင်ကိုကော့ကာ တည်နေရာတွင် မတ်မတ်ရပ်နေကြ၏။ ဤမြင်ကွင်းသည် ရင်းနှီးလှပေသည်။

အရင်တုန်းက ဟွာယန်နိုင်ငံရှိ မိစ္ဆာဂိုဏ်းများသည် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ ဦးဆောင်မှုနှင့်အတူ ရောက်ရှိလာခဲ့ပြီး ဂိုဏ်းချုပ်ကျွင်းသည် ယခုကဲ့သို့ပင် တည်နေရာတွင် ရပ်တန့်၍ မျှမျှတတ တိုက်ခိုက် အနိုင်ယူခဲ့၏။

ယနေ့အချိန်မှာတော့ ဟွာယန်နိုင်ငံသည် ကျန်းယန်နိုင်ငံ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်ပြီး သံမဏိ အရိုးဂိုဏ်းမှာတော့ ပြိုင်စံရှားဂိုဏ်းဟူ၍ ဖြစ်လာခဲ့သည်။

“ဂိုဏ်းချုပ်ကျွင်း”

မနေ့ကတည်းက ရောက်ရှိလာခဲ့သော မင်းသမီးလေး ကြာပန်းနီသည် ဘေးတစ်ဖက်တွင် ထိုင်ကာ မေးလိုက်၏။ “ဒီအချိန်မှာ အရှေ့အလယ်ပိုင်းတည်နေရာတစ်ခုလုံးက ပြင်ဆင်လာခဲ့တာလေ၊ သူတို့ကို နိုင်ဖို့အတွက် အခွင့်အရေး ရှိလား”

“ရှိတာပေါ့”

“ဘယ်လောက်ရှိလဲ”

“တစ်ရာ ရာခိုင်နှုန်းပါ”

ကျွင်းချောင်ရှောင်းသည် ခိုင်မာစွာ ပြောလိုက်၏။ မင်းသမီးလေး ကြာပန်းနီသည် ငြိမ်သက်သွား၏။ သူမသည် တွေးလိုက်မိ၏။ ဒီလိုဖြစ်ဖို့ မျှော်လင့်မိတယ်။

“သူတို့ရောက်လာပြီ၊ သူတို့ရောက်လာပြီ” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်လိုက်၏။ အဝေးတစ်နေရာရှိ လမ်းထဲမှာတော့ သိုင်းအုပ်စိုးသူ နှစ်ယောက်တို့သည် သိုင်းပညာရှင်များ တစ်ထောင်ကျော်ကို ဦးစီးဦးဆောင်၍ အလွန်တရာအားကောင်းလှသော အော်ရာများကို ထုတ်ဖော်ကာ လျှောက်လှမ်းလာ၏။ ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းအဆင့်များသည် ထွက်ပေါ်လျက်ရှိပြီး အရှေ့တောင်ရန်ကျူး တစ်ခုလုံးရှိ သိုင်းကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်သွားစေ၏။ သူတို့သည် လူက မရောက်ရှိလာသေးချေ။ အော်ရာများကို အရင်ထုတ်လွှင့်ကာ ပို့လွှတ်လိုက်ခြင်းပင်ဖြစ်သည်။ ဤအရာသည် အားအင်အဆင့်ကို ထုတ်ဖော်ပြ သခြင်းပင်ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ဆံပင်များကို အသာသပ်တင်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။ “တပည့်တို့... မင်းတို့ရဲ့အော်ရာနဲ့ ကျင့်ကြံခြင်းအဆင့်တွေကို ထုတ်ဖော်ပြီး အဝေးက ရောက်လာတဲ့ ရောင်းရင်းတွေကို ကြိုဆိုလိုက်ကြရအောင်”

All Chapters