အခန်း (၅၇၅)
Vol. 39 Ch. 575
အရှေ့အလယ်ပိုင်းဒေသမှ အဆင့်လေးဂိုဏ်းတို့သည် မရောက်ရှိလာသေးသော်လည်း ၎င်းတို့၏ အော်ရာများသည် ရောက်ရှိလာကြပြီဖြစ်သည်။
၎င်းတို့အားလုံးသည် လက်ရှိ ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးကို ဖိနှိပ်အနိုင်ယူချင်နေကြောင်း သိသာလှသည်။ ၎င်းတို့သည် တစ်ခြားသူ၏ နယ်မြေထဲတွင် လာရောက်၍ ဟိတ်ဟန်ထုတ်ခြင်းပင်ဖြစ်၏။
သူတို့သည် အရှေ့တောင်ရန်ကျူးအတွင်းတွင် ကျင့်ကြံသူများအားလုံးကို အထင်အမြင်သေးကြကြောင်းနှင့် သိသာလွန်းလှသည်။ ထို့ကြောင့် ယဉ်ကျေးနေစရာ မလိုအပ်တော့ပေ။
ကျွင်းချောင်ရှောင်းသည် ၎င်း၏ တပည့်များအား ကျင့်ကြံခြင်း အဆင့်များ ထုတ်လွှင့်ပေးပြီး တစ်ဖက်လူများ၏ နည်းတူ ပြန်လည်ပြုလုပ်ရန် အမိန့်ပေးလိုက်တော့သည်။
ဝှစ် ဝှစ်။
ချက်ချင်းဆိုသလိုပဲ ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်ဖုံးကွယ်ခြင်း နည်းစနစ်ကို ဖယ်ရှားကာ ၎င်းတို့၏ အစစ်အမှန် ကျင့်ကြံခြင်း အဆင့်များအား ထုတ်ဖယ်လိုက်တော့၏။
လေထုထဲမှာတော့ အလွန်တရာ အားကောင်းပြီး ပြင်းထန်သော အရှိန်အဝါများသည် အရှေ့အလယ်ပိုင်း ဒေသမှ ဂိုဏ်းကြီး ငါးဂိုဏ်းဆီသို့ ဦးတည်ကာ ရောက်ရှိသွားတော့သည်။
တပည့်တစ်သောင်းတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်ကို ထုတ်လွှင့်လိုက်ကြသည်။ ထို့ကြောင့် ဖြစ်တည်လာသော လှိုင်းအရှိန်အဟုန်များသည် တောင်များကိုပင် တုန်ခါသွားစေနိုင်၏။
ပတ်ဝန်းကျင်တွင် ရှိရှိသမျှသော သစ်ပင် သစ်ကိုင်းများအားလုံးသည် လှုပ်ယမ်းသွားကြပြီး သစ်ရွက်များပါ ကြွေကျလျက်ရှိ၏။
အရှေ့တောင်ရန်ကျူးတွင် ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားကြ၏။
"ကောင်းကင်ဘုံ ဒီတပည့်တွေရဲ့ အော်ရာက အရမ်းကောင်းလွန်းတယ်။နည်းနည်းလေးမှ အားမနည်းကြဘူး။”
“ဟမ့်"
အရှေ့ဆုံးမှာ ဦးဆောင်လာကြသော သိုင်းအုပ်စိုးသူ နှစ်ယောက်တို့၏ မျက်လုံးထဲတွင်တော့ အထင်အမြင်သေးသည့် အရိပ်အယောင်များ တည်ရှိနေသည်။
၎င်းတို့၏ အော်ရာသည် လေထုထဲတွင် ကြမ်းကြမ်းတမ်းတမ်း ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ပြိုင်စံရှား ဂိုဏ်း တပည့်များ၏ အော်ရာများကို ဖိနှိပ်တော့သည်။
လက်ရှိရှိနေကြသော ကျင့်ကြံသူများသည် ထိုအရှိန်အဝါများကို မျက်စိဖြင့် တပ်အပ်မမြင်ရသည်ဆိုသော်လည်း ဖြစ်ပေါ်လာသော အေးစက်မှုနှင့် လေလှိုင်းအဟုန်များကို ခံစားပြီးသည့်နောက်မှာတော့ ၎င်းတို့၏ အမူအရာများသည် ပြောင်းလဲသွားကြ၏။
အလားအလာတွင် ထိပ်ဆုံး သုံးခုတွင် ရှိသော ဤ ဂိုဏ်းသစ်သည် အလွန်တရာ ရဲရင့်လွန်းလှ၏။ သိုင်းအုပ်စိုးသူများ၏ အော်ရာများကိုပင် ထိတ်တိုက် ရင်ဆိုင်ရဲနေသည်။
အစစ်အမှန် အော်ရာများသည် လေထုထဲတွင် ပြည့်နှက်လျက်ရှိသည်။ တစ်ဖက်လူသည် အလွန်တရာ အားကောင်းလွန်းလှသောကြောင့် ပြိုင်စံရှားဂိုဏ်းတပည့်များသည် အထက်စီးမှ မနေနိုင်ကြတော့ချေ။ အော်ရာများသည် နောက်ဘက်သို့ အပြန်လည်ယုတ်လျော့လာရ၏။
“ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ။” အရှေ့အလယ်ပိုင်း ဒေသ၏ သိုင်းအုပ်စိုးသူ တစ်ယောက်က အသာပြောလိုက်တော့သည်။
ပြိုင်စံရှားဂိုဏ်းတပည့်များ၏ အော်ရာများသည် အလွန်တရာ အားကောင်းသည်မှာ ငြင်းပယ်၍ မရနိုင်ချေ။ သို့ပေမဲ့ သူ့ကဲ့သို့သော အဆင့်မြင့်မားသည့် ကျင့်ကြံသူတစ်ယောက်ကို တုန်လှုပ်သွားအောင် ပြုလုပ်ဖို့ ဆိုသည်မှာတော့ အရူးအိမ်မက်တစ်ခုလိုပင် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် မတ်မတ်ထရပ်ပြီး သူ၏ လက်နှစ်ဖက်အား နောက်ဘက်သို့ ပစ်လိုက်သည်။. အလွန်တရာအားကောင်းလှသော ဓားနှင့် သိုင်းဘုရင် အဆင့်အော်ရာများသည် လေထုထဲတွင် ထွက်ပေါ်လာသည်။
အနောက်ဘက်သို့ လှန်လာသောတပည့်များ၏ အော်ရာများသည် ဓားနှင့် သိုင်းဘုရင် အော်ရာများ၏ ထောက်ပံ့မှုနှင့်အတူ ပြန်လည်၍ အရှိန်အဟုန်ဖြစ်တည်လာတော့၏။
သိုင်းအုပ်စိုးသူသည် အနည်းငယ် မျက်မှောင်ကုတ်မိသွားရ၏။
ထိုတည်နေရာတွင် ရှိနေသော လူငယ်သည် အလွန်တရာအားကောင်းလှသော အော်ရာနှစ်မျိုးကို ရင်ဆိုင်လျက်ရှိနေသည်။ ၎င်းသည် ပြိုင်စံရှား ဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ဖြစ်ရပေလိမ့်မည်။
ယနေ့မှာတော့ ဓားနှင့် သိုင်းဘုရင်သည် မည်မျှအားကောင်းသည်ကို ဤအဘိုးကြီး သိချင်နေမိ၏။
သိုင်းအုပ်စိုးသူသည် သူတည်ရှိနေရာနေရာတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခပ်မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ ထည်ဝါခန့်ညားစူးရှလွန်းလှသော အော်ရာများအားလုံးသည် ရောက်ရှိလာကြသော အော်ရာများနှင့် ထိပ်တိုက် ရင်ဆိုင်နေသည်။
ထိပ်တိုက်တွေ့ဆုံမှု နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာသည် အနည်းငယ် ပျက်ရွင်းသွား၏။ သို့ပေမဲ့ သူသည် အထက်စီးမှတော့ ဖိနှိပ်နိုင်သေးသည်။
ဂိုဏ်းချုပ်ကျွင်း၏ လက်ရှိ အားအင်အရဆိုလျှင် သူသည်သာ ဓားနှင့် သိုင်းဘုရင်အဆင့် အော်ရာများကို ထုတ်လွှတ်လိုက်မည်ဆိုလျှင် သာမန်သိုင်းအုပ်စိုးသူတစ်ယောက်သည် သူ့အား အသာစီးမှ ယူနိုင်လိမ့်မည် မဟုတ်ချေ။
"အကြီးအကဲကျင်း ဒီအဘိုးကြီးက ခင်ဗျားကို ကူညီမယ်။"
အရှေ့အလည်ပိုင်း ဒေသ၏ သိုင်းအုပ်စိုးသူတစ်ယောက်သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သူ၏ အုပ်စိုးသူ အော်ရာများကို ထုတ်လွှတ်လိုက်တော့သည်။
သို့ပေမဲ့ သူ အော်ရာများကို ထုတ်လွှင့်နေချင်းချင်းမှာပဲ ရီရှင်းချန်၊ ကျိုးဟုန်၊ ကျန့်ရာနှင့် တစ်ခြားသော ညီအစ်ကိုတို့ အားလုံးသည်လည်း ၎င်းတို့၏ အော်ရာများကို ထုတ်လွှတ်လိုက်ကြတော့၏။
ဝှစ် ဝှစ်
လေလှိုင်းအဟုန်များ ဖြစ်တည်ပြီး ကြီးမားလှသော သစ်ပင်ကြီးများပင်လျှင် ယိမ်းယိုင်လျက်ရှိနေကြ၏။ များပြားလှသော သစ်ပင်ငယ်များသည် ထိုအရှိန်အဟုန်ကို မခံစားနိုင်တော့ဘဲ တစ်ပိုင်း ကျိုးကျ ကုန်ကြသည်။
"ကောင်းကင်ဘုံ"
အရှေ့တောင်ရန် ကျူးတွင် ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံး ပြူးသွားမိကြ၏။
နှစ်ဖက်သည် အချင်းချင်း မတွေ့ဆုံကြသေးသလို စကားတစ်လုံးမှလည်း မပြောဆိုရသေးပေ။ သို့ပေမဲ့ အချင်းချင်း အလွန်တရာ အာကောင်းလှသော အော်ရာများနှင့်တိုက်ခိုက်လျက် ရှိနေ၏။ ကြမ်းတမ်းလွန်းလှပေသည်။
….....
နှစ်နာရီခန့် ကြာမြင့် ပြီးသည့်နောက်မှာတော့ အရှေ့အလယ်ပိုင်း ဒေသ၏ သိုင်းအုပ်စိုးသူ နှစ်ယောက်သည် ၎င်း၏ အော်ရာများကို ထုတ်လွှင့်ထားကြသည် ဆိုသော်လည်း ၎င်းတို့၏ အော်ရာများမှာ ပျက်ရွင်းလျက်ရှိ၏။
အဘယ့်ကြောင့်ဆိုသော် သူတို့သည်အတူတကွ ပေါင်းစည်း၍ အရှိန်အဟုန်များကို ထုတ်ဖော်လျက်ရှိသည်ဆိုသော်လည်း အထက်စီးမှ မနေနိုင်ခဲ့ချေ။ ပြောရမည်ဆိုလျင် ပြိုင်စံရှား ဂိုဏ်းသည် ၎င်းတို့၏ ဂိုဏ်းသား အရေအတွက် အရ ၎င်းတို့အား ဖိနှိပ်ခဲ့ခြင်းပင် ဖြစ်သည်။
ထို့အပြင် ပြိင်စံရှားဂိုဏ်းသည် သိုင်းအုပ်စိုးသု နှစ်ယောက်ကို ရင်ဆိုင်နေခဲ့သည် ဖြစ်ကြောင်းကိုတော့ မမေ့လျော့ရန် လိုအပ်သည်။ တစ်ခြားသော အဆင့်ငါး ဂိုဏ်းများသာ ဆိုပါက ၎င်းတို့၏ အားအင်အဆင့်နှင့် ဤသိုင်းအုပ်စိုးသူနှစ်ယောက်ကို ယှဉ်ပြိုင်ရန်မပြောနှင့် တစ်ယောက်တည်းကိုပင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
တိုက်ပွဲကို လာရောက်ကြည့်ရှုကြသော သိုင်းကျင့်ကြံသူများအထဲတွင် အားကောင်းလှသော ကျင့်ကြံသူများလည်း ပါဝင်လျက်ရှိသည်။ ၎င်းတို့သည် စိတ်ထဲမှာ နှစ်နှစ်ကာကာ ချီးကျူးမိနေကြ၏။
ဤအရာသည် အစစ်အမှန်ပင် အလားအလာ၌ ထပ်ဆုံးသုံးခု စာရင်းတွင် ပါဝင်သော ဂိုဏ်းတစ်ခု ဖြစ်မှန်း သိသာလှ၏။ ၎င်းတို့သည် သိုင်းအုပ်စိုးသူများကို ရင်ဆိုင်ရတာတွင် ကြောက်စရာ ကောင်းခြင်း မရှိကြချေ။
မြေပေါ်တွင် လဲလှောင်းလျက်ရှိသော နဂါးလေးသည် သန်းဝေရင်း အသာပို့လွှတ်လိုက်၏။ "သခင် … ကျုပ်အကူအညီလိုသေးလား"
"မလိုဘူး"
ကျွင်းချောင်ရှောင်း ပြောလိုက်၏ "ပြန်အိပ်နေလိုက်"
"ကောင်းပြီ"
နဂါးလေးသည် မြေပေါ်တွင် ဆက်အိပ်နေလိုက်သည်။ သူ၏ မျက်လုံးများသည် တစ်ဖြည်းဖြည်းချင်း ပိတ်သွား၏။
"ရှင်တို့တွေ"
ကြာပန်းနီသည် ဘယ်လိုမှ မနေနိုင်တော့ဘဲ မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ဒီလိုမျိုး အော်ရာတွေနဲ့ တိုက်ခိုက်နေတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ အချင်းချင်း ထိထိရောက်ရောက် လက်ရည်စမ်းပြိုင်ပွဲကို ယှဉ်ပြိုင်ကြပါ့လား"
ဟမ့်
သိုင်းအုပ်စိုးသူ နှစ်ယောက်သည် နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် ၎င်းတို့၏ သိုင်းအုပ်စိုးသူ အဆင့် အော်ရာများကို ပြန်လည် ရုတ်သိမ်းလိုက်တော့သည်။
တစ်ဖက်လူများအား ထိုကဲ့သို့ ဖိနှိပ်ရန် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း သူတို့ နားလည်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် တစ်ခြားသော တစ်စုံတစ်ယောက်တို့သည် ထွက်၍ ဖြေရှင်းနည်းအား ပြောပြနေသည်ဆိုမှတော့ သူတို့သည် လက်ခံရပေတော့မည်။
ထို့အပြင် သူတို့သည် ချင်းယန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဆိုသည်မှာ အော်ရာများနှင့် ယှဉ်ပြိုင်ရန် မဟုတ်ပေ။ ထို့ကြောင့် သက်ဆိုင်ရာလူများသည် ၎င်းတို့၏ အော်ရာများကို ပြန်လည် ရုတ်သိမ်းလိုက်၏။
ကျွင်းချောင်ရှောင်းနှင့်တစ်ခြားသော တပည့်များသည်လည်း ထိုသို့ ပြုမူလိုက်ကြသည်။
တည်နေရာတစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ ငြိမ်သက်သွားသည်။
"မင်းသမီးလေး ကြာပန်းနီ"
ထိုအချိန်မှာပဲ မိန်းမဆန်သော အသံတစ်ခုသည် ထွက်ပေါ်လာသည်။ "မတွေ့ရတာ အတော်ကြာခဲ့ပြီနော် ဟုတ်တယ်မလား"
ထိုသို့ပြောဆိုလိုက်သော လူသည် ပိန်သွယ်သွယ်နှင့် လူဖြစ်ပြီး သူသည် သိုင်းအုပ်စိုးသူနှစ်ယောက်၏ ရှေ့တွင် မတ်တပ်ရပ်လျက် ရှိပြီး မျက်နှာတစ်ခုလုံးကလည်း ပြုံးလျက်ရှိသည်။
လင်းထန်တော်ဝင်မြို့တော်၏ သခင်လေး ……။
၎င်းသည် မြို့တော်ဝန်၏ တစ်ယောက်ဖြစ်သည်။ သိုင်းဘုရင်တစ်ယောက်နှင့် များပြားလှသော သူများသည် သူ့အား ရိုသေလေးစားမှု ပေးရန် လုံလောက်သည့် အဆင့်တွင်ရှိနေ၏။
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်၏။ "အင်း ဆယ်နှစ်လောက်တော့ ရှိပြီ"
"သိပ်ဟုတ်တာပေါ့"
လင်းယုဖန်က ပြောလိုက်၏။ "လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မင်းရဲ့ အဖေက အရှေ့တောင်ရန် ကျုးက ကျွမ်းကျင်သူတွေကို ခေါ်လာပြီးတော့ အလယ်ပိုင်း ဒေသကို လာခဲ့တယ်လေ။ဒါပေမဲ့ ပြာနှမ်းနေအောင် အရိုက်နက် ခံခဲ့ရတယ်။အဲ့တုန်းက ငါ ငယ်သေးတယ်ဆိုပေမယ့် သေသေချာချာ မှတ်မိခဲ့တယ်။"
မင်းသမီးလေး ကြာပန်းနီ၏ မျက်မှောင်သည် ကျုံ့ဝင်သွား၏။
အရှေ့တောင်ရန်ကျုးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည်လည်း ရှက်ရွံ့စွာဖြင့် သူတို့၏ ဦးခေါင်းကို ငုံ့လိုက်ကြသည်။
လွန်ခဲ့သည့် ဆယ်နှစ်တုန်းက မြို့တော်ဝန်နှစ်ယောက်တို့သည် ချစ်ကြည်ရေး တိုက်ခိုက်ပွဲကို ပြုလုပ်ခဲ့ကြ၏။ သို့ပေမဲ့ အရှေ့တောင်ရန်ကျူးမှ ခေါ်ဆောင်သွားခဲ့သော ကျွမ်းကျင်သူ ဆယ်ယောက်တို့သည် ဆယ်ပွဲတိုက်ခိုက်ရာတွင် ဆယ်ပွဲလုံး ရှုံးနိမ့်ခဲ့ကြသည်။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ရယ်သွမ်းဖွဲ့စရာ တစ်ခု ဖြစ်သွားခဲ့ရ၏။
အရှေ့တောင်ရန်ကျုးတွင်တော့ သူတို့သည် ဘယ်လိုမှ အဖတ်ဆယ်၍ မရအောင် အရှက်ရခဲ့ခြင်းပင် ဖြစ်တော့ပြီး လက်ရှိအခြေအနေမှာတော့ လင်းတန် တော်ဝင်မြို့တော်၏ သခင်လေးသည် ထိုကိစ္စကို ပြန်လည် ပြောဆိုနေသည်။
ဤအရာသည် အနာကို ဆားနှင့် ပတ်ခြင်းပင် ဖြစ်ပေ၏။
ကျွင်းချောင်ရှောင်သည် ထိုင်ခုံပေါ်တွင်ထိုင်ရင်း ပြုံးနေသော လူငယ်ကို ကြည့်လိုက်သည်။ သူသည် တီးတိုး ရေရွတ်လိုက်သည်။ "ဒီကောင့်ကို ကြည့်ရတာ အရိုက်ခံရမှ အပိုးကျိုးမယ့် ရုပ်ပဲ"
လင်းယုဖန်သည် ပြုံးလိုက်၏။ "ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ အရှေ့တောင်ရန်ကျုးက တော်တော်ကြီး တိုးတက်လာပြီနဲ့ ထင်တယ်။အလားအလာနှင့် ပတ်သက်ရင် ထိပ်ဆုံးသုံးခုအတွင်းမှာ ဝင်တဲ့ ဂိုဏ်းရှိလာပြီ"
သူသည် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားက ပြိုင်စံပေါ ဂိုဏ်း ခေါင်းဆောင် ဟုတ်တယ်မလား"
"ပြိုင်စံပေါဟုတ်လား" ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်သွား၏။
ဤကဲ့သို့ သူ့အား တွေ့တွေ့ချင်း ပါးစပ်နှင့် စကားစစ်ထိုးသူမှာ ရှားပါးလှ၏။ တော်ဝန်မြို့၏ သခင်လေး ဖြစ်သည်မို့ ဤသို့ အကြောက်မဲ့ ပြောဆိုရဲနေသည်လား။
"တောင်းပန်ပါတယ်"
လင်းယုဖန်သည် ပုခုံးကို တွန့်ကာ ပြောလိုက်သည်။ "တကယ်က ပြိုင်စံရှား ဂိုဏ်းဖြစ်မယ်ထင်တယ်။ လျှာလိပ်သွားလို့ပါ"
အားလုံးသည် ဆွံ့အသွားကြ၏။ ဤအရာသည် လျှာလိပ်၍ ထွက်နိုင်သည့် စကားလုံးမျိုး မဟုတ်ချေ။ တမင်တကာ ရည်ရွယ်ချက်ရှိရှိနှင့် ပြောဆိုခြင်းသာ ရှိရပေမည်။
"ဂိုဏ်းချုပ်ကျွင်း"
လင်းယုဖန်က ပြုံးလိုက်၏။ "ခင်ဗျား စိတ်မဆိုးဘူး မဟုတ်လား"
ထိုလူ၏ အပြုံးကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြေး၍ ထကန်ချင်စိတ်ပင် ပေါက်နေသည်။
ဂိုဏ်းချုပ်ကျွင်းသည် ပြောလိုက်၏။ "ကလေးတွေက အကြောက်အရွံ့မဲ့ စကားပြောတတ်ကြတယ်။ကျုပ်က သဘောထားကြီးတာမို့ စိတ်ဆိုးမှာ မဟုတ်ပါဘူး"
လင်းယုဖန်၏ အပြုံးသည် တွန့်ခနဲဖြစ်သွား၏။ သူ၏ မျက်လုံးထဲတွင်တော့ ဒေါသအရိပ်အယောင်များ ဖြစ်တည်လာသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သခင်လေး လင်း …. ဘာလို့ အဝေးကနေပြီးတော့ ကျုပ်တို့ ဂိုဏ်းဆီကို ကျွမ်းကျင်သူတွေ ခေါ်ပြီးလာရတာတုန်း"
"ခင်ဗျားရဲ့ ဂိုဏ်းက အရမ်းအားကောင်းတယ်လို့ ကြားတယ်လေ။ပြီးတော့ အလားအလာနဲ့ ပတ်သက်ရင် ထိပ်ဆုံး သုံးခုဝင်တယ်လို့ သတ်မှတ်ထားကြတယ် မဟုတ်လား"
လင်းယုဖန်သည် စင်မြင့်အောက်တွင် ရပ်နေသော ပြိုင်စံရှားဂိုဏ်းတပည့်များအား တစ်ချက် ကြည့်လိုက်၏။ ပြီးနောက် မာန်ပါပါနှင့် ပြောလိုက်၏။ "ဒီကိုလာတာ သိုင်းနည်းစနစ်တွေကို လာ လေ့လာတာပါ"