← Chapters

အခန်း (၅၈၂)

Vol. 39 Ch. 582

အခန်း (၅၈၂)

Vol. 39 Ch. 582

သက်တန်းနှစ်တစ်ရာကို ပေးရသည်ဆိုသော်လည်း သိုင်းဘုရင် အဆင့်သို့ ချိုးဖြတ်ရောက်ရှိပြီးသည်ဆိုလျှင် သက်တမ်းသည် ထပ်မံ၍ ပြည့်နက်သွားလိမ့်မည်။ ထို့ကြောင့် လျှော့ကျသွားမည်ဆိုသည်မှာ ဘာမှမဟုတ်ပေ။

"ဝယ်မယ်"

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ကို အသုံးပြု၍ သိုင်းဘုရင်အဆင့် ဆေးလုံး ဖော်မြူလာအား ဝယ်ယူလိုက်တော့သည်။ ဤအရာသည် ဆေးခန်းမဆောင်နှင့် အလိုအလျှောက် လိုက်ဖက်ညီသွားတော့သည်။

သူသည် လိုအပ်သော ဆေးပင် အရေအတွက်များကို စစ်ဆေးရန် ပြင်လိုက်တုန်းမှာပဲ စုရှောင်မိုက လာရောက် သတင်းပေး၏။ "ဂိုဏ်းချုပ် ဂိုဏ်းအသိအမှတ်ပြု ဟောခန်းက ဆရာကျိုး ရောက်လာပါပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဝင်ခိုင်းလိုက်"

အကြီးအကဲကျိုးသည် အဓိက ခန်းမထဲသို့ ဝင်ရောက်ပြီးသည့်နောက် အရင်ဦးဆုံး အာလာပသလာပ စကားလုံးများကို ပြောဆိုခဲ့သည်။ ပြီးနောက် သူ လာရောက်ခြင်း၏ ရည်ရွယ်ချက်ကို ပြောတော့သည်။

"နဂါးကျား တိုက်ပွဲဟုတ်လား"

ကျွင်းချောင်ရှောင်းသည် ထိုအရာကို တစ်ခါမှ မကြားဖူးချေ။

စနစ်မှ ပြောလိုက်၏။ "ဒါက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အဆင့်မြင့်ဆုံး ဂိုဏ်းပြိုင်ပွဲတစ်ခုပဲ။"

သြော် ….။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ကျုပ်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဂိုဏ်းကိုဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ချင်တာ။ဒီလိုမျိုး ပြိုင်ဆိုင်ရတာမျိုး စိတ်မဝင်စားပါဘူး။"

သူသည် အမှန်တကယ်ပင် စိတ်မဝင်စားချေ။ တာဝန်ရှိလာမည်ဆိုလျှင်တော့ တစ်ခြားသူများထက် ပို၍ တက်ကြွစွာ ပြူလုပ်မည်ဖြစ်သည်။

"ဂိုဏ်းချုပ်ကျွင်း"

အကြီးအကဲကျိုးက ပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းက အရှေ့တောင်ရန်ကျူးတစ်ခုလုံးကို ကိုယ်စားပြုပြီး နဂါးကျား တိုက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပါ။ဒါက ငါးနှစ်မှာ တစ်ခါပဲ ကျင်းပတာလေ။ကျိန်းသေပေါက်ကြီးမားတဲ့ ဂုဏ်ကျက်သရေကို ပိုင်ဆိုင်လိမ့်မယ်။"

"ကျုပ်တို့ ဂိုဏ်းက ဂုဏ်ကျက်သရေ လိုအပ်နေတယ်လို့ အကြီးအကဲကျိုး ထင်နေသေးတာလား"

မဟုတ်ပေ။ အလွန်တရာပင် လုံလောက်နေပြီဖြစ်သည်။ လက်ရှိ အချိန်တွင် အရှေ့တောင်ရန်ကျူးတစ်ခုလုံးတွင် ထင်ရှား ကျော်ကြားနေပြီဖြစ်သည်။ သူတို့ကို မသိသူဟူ၍ မရှိလောက်ချေ။

ပြောရမည်ဆိုလျှင် အရှေ့အလယ်ပိုင်းဒေသ၏ ဂိုဏ်းငါးဂိုဏ်းကို အနိုင်ယူတိုက်ခိုက်ပြီးသည့် နောက်မှာတော့ ထိုသတင်းသည် တစ်ခြားသော ပြည်နယ်များဆီသို ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။

ဟင်း

အကြီးအကဲကျိုးသည် သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီလိုဆိုမှတော့ ခေါင်းဆောင်ပေးလိုက်တဲ့စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းကို ပြန်ယူသွားရုံပဲ တတ်နိုင်တော့တာပေါ့"

"နေပါအုံး"

ကျွင်းချောင်ရှောင်းသည် ကိုယ်ကို ရှေ့သို့ ကိုင်း၍ ပြောလိုက်သည်။ "စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်း ဟုတ်လား"

အကြီးအကဲကျိုးက ပြောလိုက်သည်။

"ပြိုင်စံရှားဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်စေဖိုအတွက် စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းကို ပေးလိုက်ဖို့ ခေါင်းဆောင်က မှာခဲ့တာလေ။ ဒါမှပဲ နောက်နှစ်နှစ်ကြာရင် ပြိုင်မဲ့ နဂါးကျား တိုက်ပွဲမှာ ပြိုင်နိုင်မှာ ပေါ့။ အခု ဂိုဏ်းချုပ်ကျွင်းက စိတ်မဝင်စားဘူးဆိုတော့ ပြန်ယူသွားဖို့ပဲ တတ်နိုင်တာပေါ့"

ဘုတ်

ကျွင်းချောင်ရှောင်းသည် စားပွဲကို အသာရိုက်နှက်လိုက်ပြီး ပြောလိုက်သည်။ "အရှေ့တောင်ရန်ကျူးကို ကိုယ်စားပြုပြီးတော့ ယှဉ်ပြိုင်ရတယ်ဆိုတာ ပြိုင်စံရှား ဂိုဏ်းအတွက် ဂုဏ်ကျက်သရေတစ်ခုပဲ။အကြီးအကဲကျိုး ကျေးဇူးပြုပြီးတော့ ခေါင်းဆောင်ကို ပြန်ပြီး ပြောလိုက်ပါ။ဒီကျွင်း က လိုလိုချင်ချင်နဲ့ နဂါးကြားတိုက်ပွဲကို ဝင်ပြီး ပြိုင်မယ်ဆိုတာ‌ကိုပေါ့"

အကြီးအကဲကျိုး အံအား သင့်မိသွားသည်။

“ဝေါ့”

စနစ်သည် အထင်အမြင်သေး ရွံ့ရှာသည့် အသံမျိုး ပြုလုပ်လျက် ရှိနေတော့၏။

ပြိုင်စံရှားဂိုဏ်းအား နဂါးကြား တိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မရှိဟု ကျွင်းချောင်ရှောင်းက သုံးသပ်ခဲ့၏။ သို့ပေမဲ့ ဂိုဏ်းအသိအမှတ်ပြုဗဟိုလ်သည် သူ့အား ဤမျှတန်ဖိုးထားသည် ဆိုသည်ကိုမှတော့ သူကလည်း မျက်နှာသာ ပြန်၍ ပေးမည် မဟုတ်လား။ အမှန်တကယ်တမ်းမှာတော့ စိတ်ဝိညာဉ်ကျောက်တုံးများမှာတော့ ဘာမှ မဟုတ်ပေ။

……...

အကြီးအကဲကျိုးအား လိုက်ပို့ပေးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲသို့ စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်လိုက်သည်။ သူ အလွန်တရာ သဘောကျမိနေ၏။

ကျန့်ရာက မေးလိုက်သည်။ "တကယ်ပဲ နဂါးကျား တိုက်ပွဲကို သွားပြီးတော့ ပြိုင်မှာလား"

"ဟုတ်တယ်"

ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။

ကျန့်ရာက လေးလေးနက်နက် ပြောလိုက်သည်။ "ဒါက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အဆင့်အမြင့်ဆုံး ဂိုဏ်းပြိုင်ပွဲတစ်ခုပဲ။ရေတွက်လို့ မရအောင် များပြားတဲ့ ဂိုဏ်းတွေက ပါဝင်ယှဉ်ပြိုင်တယ်။ပြောရရင် ပထမအဆင့် ဂိုဏ်းက တပည့်တွေတောင်မှ ယှဉ်ပြိုင်ကြလိမ့်မယ်"

"တကယ်လား"

ကျွင်းချောင်ရှောင်း၏ စိတ်ဝင်စားမှုသည် ပိုမို၍ တိုးတက်သွားသည်။

စိတ်ဝိညာဉ်ကျောက်တုံးများ ကြောင့်သာ မဟုတ်လျှင် သူသည် ပါဝင်ယှဉ်ပြုင်ဖို့ အစီအစဉ် လုံးဝ မရှိပေ။ သို့ပေမဲ့ အဆင့်တစ် ဂိုဏ်းများပင်လျှင် ယှဉ်ပြိုင်သည်ဟူသော အသံကို ကြားချိန်မှာတော့ ကြီးမားသည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ကြောင်း ကျိန်းသေ‌သွားတော့သည်။ သူ၏ စိတ်ဝင်စားမှု သည် မြင့်တက်သွား၏။

ထိုကဲ့သို့သော ပွဲမျိုးကို ပြိုင်စံရှားဂိုဏ်းမျိုးသည် အဘယ့်ကြောင့် လက်လွှတ်ပေးရမည်နည်း။

…...

နဂါးကျား တိုက်ပွဲသည် ကြယ်ကြွေကုန်းမြေတိုက်၏ အဆင့်အမြင့်ဆုံး တိုက်ပွဲဖြစ်ပြီး ငါးနှစ်မှ တစ်ကြိမ် ကျင်းပသော အရာ ဖြစ်၏။ နောက်တစ်ကြိမ် ကျင်းပရန်အတွက် နှစ်နှစ် ကျန်ရှိခဲ့သေး၏။

အရှေ့တောင်ရန်ကျူးသည် ထိုပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန် နှစ်စဉ်နှစ်တိုင်းစေလွှတ်ကြသည်။

ကျင်းပသည့် အချိန်တိုင်းစေလွှတ်ကြ၏။ သို့ပေမဲ့ တစ်ခြားသော နေရာများနှင့် နှိုင်းယှဉ်၍ မရသောကြောင့် ပထမဦးဆုံးပွဲမှာတင် ရှုံးနိမ့်ကာ ပြန်ခဲ့ရ၏။

"ဒီလိုလား"

ကျွင်းချောင်ရှောင်း မေးလိုက်သည်။

ကျန့်ရာကပြောလိုက်၏။ "တကယ်တော့ အရှေ့တောင်ရန်ကျူးက စေလွှတ်လိုက်တဲ့ ဂိုဏ်းတွေက အားနည်းတာမဟုတ်ဘူး အရမ်းကို အားကောင်းကြတယ်။လွန်ခဲ့တဲ့ နှစ်ကဆိုရင် သူတို့က တတိယအဆင့် ဂိုဏ်းတစ်ခုကိုတောင် ပို့လိုက်တယ်။ဒါပေမဲ့ ဟိုဘက်က အဆင့်လေးဂိုဏ်းနဲ့တွေ့တော့ ပထမခြေလှမ်းမှာတင် ရှုံးနိမ့်သွားတယ်။"

"အဲ့လိုလား"

ကျွင်းချောင်ရှောင်းသည် အံ့အား တသင့်ဖြင့် ပြောလိုက်၏။ "တတိယအဆင့် ဂိုဏ်းတစ်ခုက စတုတ္ထအဆင့် ဂိုဏ်းတစ်ခုကိုတောင်မှ မယှဉ်နိုင်ဘူးလား။"

ကျန့်ရာက ပြောလိုက်သည်။

"ပုံမှန်အရဆိုရင် တတိယအဆင့် ဂိုဏ်းတွေက စတုတ္ထအဆင့် ဂိုဏ်းတွေထက်ပိုပြီးတော့ အားကောင်းတာပေ။ ဒါပေမဲ့ အရှေ့တောင်ရန်ကျူးကို ကိုယ်စားပြုတဲ့ ဂိုဏ်းတွေက ကံမကောင်းဘူးလေ။ သူက တစ်ခြားအားကောင်းတဲ့ အဆင့်လေး ဂိုဏ်းက လူတွေနဲ့ တွေ့ခဲ့တယ်။ဒါ့ကြောင့် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားတယ်လို့ ပြောရမယ်...."

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားအင်အရ ဂိုဏ်းများ၏ အဆင့်များအား ခွဲခြားထားခဲ့ကြသည်ဆိုသော်လည်း မြေပထမဦးဆုံးအနေအထားအရ မည်သူက ပိုမိုအားကောင်းသည် ဆိုသည်ကို မှန်းဆရန် ခက်လှ၏။

တစ်ချို့သော တည်နေရာများရှိ ကောင်းကင်နှင့် မြေကြီးရှိ လောက ဓာတ်သဘာဝအားလုံးသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့ကြောင့် ထိုတည်နေရာကြီးများတွင် သာမန်ထက် ထူးချွန်သော ပါရမီရှင်ကြီးများ ရှိနေသည်။

ထိုကဲ့သို့သော နေရာမျိုးတွင် ဖြစ်တည်လာသော ဂိုဏ်းများသည် လူသူကင်းရှင်းပြီး အရောက်အပေါက်နည်းသော တည်နေရာများရှိ ဂိုဏ်းများထက် ပို၍ အားကောင်းနေသည်ဆိုသည်မှာ သံသယရှိစရာ မဟုတ်ပေ။

ကုန်းမြေတိုက်ကြီး၏ အလယ်ဗဟို နေရာမှာတော့ ကျိန်းသေပေါက် များပြားလှသော ပါရမီရှင်များ ရှိပြီး အရင်းအမြစ်များပါ အလွန်တရာ ပေါကြွယ်လွန်းလှသည်။

အဆင့်လေးဂိုဏ်းတစ်ခုသည် အဆင့်သုံးဂိုဏ်းတစ်ခုကို အနိုင်ယူနိုင်သည်ကို မပြောနှင့် အဆင့်ခြောက် ဂိုဏ်းတစ်ခုကတောင်မှ အဆင့်ငါး ဂိုဏ်းတစ်ခုကို အနိုင်ယူနိုင်စွမ်းရှိကြသည်။

ထို့ကြောင့် ဂိုဏ်း၏ သတ်မှတ်ချက်ဆိုသည်မှာ အဆင့်တစ်ခုသာ ဖြစ်တော့သည်။ မည်သူက ပိုမို အားကောင်းသည်ဆိုသည်မှာ ဘယ်နေရာက လာသလဲဆိုတာပေါ် မူတည်နေ၏။

ပြိုင်စံရှားဂိုဏ်းနှင့် တိုက်ခိုက်ခဲ့သော အရှေ့အလယ်ပိုင်း ဒေသရှိ အဆင့်လေး ဂိုဏ်းငါးဂိုဏ်းတို့သည် အရှေ့တောင် ရန်ကျူးရှိ အဆင့်လေး ဂိုဏ်းများထက် ပိုမို၍ အားကောင်းသည် ဆိုသည်မှာ သေချာသည်။

ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များသည် ၎င်းတို့ကို အနိုင်ယူခဲ့ပြီးသည့်နောက်မှာတော့ အရှေ့တောင်ရန်ကျူးရှိ သိုင်းပညာရှင်များ အားလုံးသည် အလွန်စိတ်လှုပ်ရှား တက်ကြွမိကြသည်။ မဖြစ်နိုင်သော ကိစ္စကြီးကို ပြုလုပ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

"ကြည့်ရတာ"

ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "နဂါးကျားတိုက်ပွဲမှာ ဗိုလ်ဆွဲဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်နဲ့တူတယ်"

"ခက်ခဲတာထက်တောင် ပိုသေးတယ်လေ"

ကျန့်ရာက လေးလေးနက်နက် ပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းရဲ့ လက်ရှိ အဆင့် အရဆိုရင် ဒါက အရမ်းကို ခက်ခဲလိမ့်မယ်"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပိုပြီး အားကောင်းတဲ့ ဂိုဏ်းတစ်ခု လုပ်ဖို့ နှစ်နှစ်တောင် အချိန်ရှိသေးတယ်။ကျုပ်တို့ ပြိုင်ပွဲကို ဝင်ပြီး ပြိုင်တဲ့ အချိန်ကျရင် ပထမနေရာကို ရနိုင်လိမ့်မယ်"

ကျန့်ရာ ဆွံ့အသွား၏။

နင်ညီအစ်ကိုတို့သည်လည်း ဆွံ့အလျက်ရှိသည်။

နဂါးကျားတိုက်ပွဲ၏ ပထမနေရာကို ရောက်ရှိရန်အတွက် ဆိုသည့် ရည်ရွယ်ချက်သည် သာမန်မဟုတ်ပေ။

…....

သိုင်းလေ့ကျင့်ရေး ကွင်းပြင်မှာတော့ တပည့်တစ်သောင်းတို့သည် ညီညီညာညာနှင့် မတ်မတ်ရပ်လျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်း၏ အဝင်ဝတွင် မတ်မတ်ရပ်ကာ ပြောလိုက်သည်။ "နှစ်နှစ်ကြာလို့ ရှိရင် နဂါးကြားတိုက်ပွဲကို ဗိုလ်ဆွဲအောင် လုပ်ဖို့ အတွက် မင်းတို့ဆီမှာ ယုံကြည်ချက် ရှိလား။"

"ရှိပါတယ်"

တပည့်များအားလုံးသည် သံပြိုင် အော်ဟစ်လိုက်ကြ၏။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သွားပြီးတော့ လေ့ကျင့်ကြတော့"

စာကြည့်ခန်းထဲ ဝင်ပြီးသည့်နောက် သူသည် စနစ်၏ ဆေးခန်းမဆောင်ထဲသို ဝင်လိုက်၏။

ထိုနောက် သိုင်းဘုရင် အဆင့်ကို နှိပ်ကြည့်လိုက်သည့် အချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ လိုအပ်သည့် ဆေးပင်များ ပေါ်လာတော့သည်။

ဆေးအမျိုးအစားများမှာ ငါးဆယ်ကျော်အထိ ရှိ၏။ ဆေးပင်၏ နာမည်များကို ကြည့်လိုက်မည်ဆိုလျှင် အလွန်တရာ ဈေးကြီးလွန်းသည်ကို မြင်ရ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ထင်ထားတဲ့အတိုင်းပဲ တပည့်တစ်ယောက် သိုင်းဘုရင် အဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး"

သူသည် စာရွက်ပေါ်မှာ ဆေးပင် အမျိုးအစားများကို ရေးချပြီးတော့ အဝယ်တော် ဟောခန်းဆီသို့ ပို့ချလိုက်၏။

စုရှောင်မိုသည် လျှောက်ဝင်လာတော့သည်။

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် ရှိသော တာဝန်မှ ရရှိသည့် ဆုလာဒ်များအား လက်ညိုးထိုးကာ ပြောလိုက်၏။ "ဒါကို ယူပြီးတော့ မင်းရဲ့ စိတ်ဝိညာဉ် အမြစ်ကို တိုးတက်အောင် လုပ်လိုက်တော့"

စုရှောင်မိုသည် အလွန်တရာ ပျော်ရွှင်စွာ ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ပြောပြီးသည့်နောက်မှာတော့ သူသည် ဆေးပုလင်းကို ဖွင့်ကာ တစ်ခါတည်း မြိုချလိုက်တော့သည်။

သူ၏ စိတ်ဝိညာဉ်အမြစ်သည် အထူး အဆင့်မှသည် သူတော်စင်အဆင့်ဆီသို့ ရောက်ရှိသွားတော့သည်။

ထို့ကြောင့်ပင် အထူးအဆင့်မှသည် သူတော်စင်အဆင့်ဆီသို့ အဆင့်မြင့်တက်သွားသော တပည့်များသည် လေးယောက်အထိ ရှိနေကြပြီဖြစ်၏။

အချိန်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ အဝယ်တော် ခန်းမသည် တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြ၏။ သို့ပေမဲ့ ၎င်းတို့သည် သိုင်းဘုရင် ဆေးလုံးအတွက် လိုအပ်သည့် ဆေးပင်များကို ဝယ်ယူ၍ မရ‌နိုင်ခဲ့ချေ။ ၎င်းတို့သည် အိုက်မိသားစုဆီမှ ဆေးမျိုးစေ့များကိုတော့ ဝယ်ယူလာခဲ့၏။

"အကြီးအကဲဝေ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါတွေကို စိုက်ပျိုးဖို့ ဘယ်လောက်ကြာနိုင်လဲ"

အကြီးအကဲဝေသည် ခဏလောက် စဉ်စားကာ ပြောလိုက်၏။ "ဒီဆေးပင်တွေက အရမ်းကို ရှားပါးတယ်လေ။‌ဒီဟာတွေ ရင့်မှည့်ဖို့ဆိုရင် အနည်းဆုံး နှစ်ဝက်လောက်တော့ ကြာမယ်ထင်တယ်။"

"နှစ်ဝက်ဟုတ်လား"

ဤအရာသည် အရမ်းကို ကြာမြင့်လှသည်‌ဆိုသော်လည်း ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါဆိုလည်း အကြီးအကဲဝေကိုပဲ ဒုက္ခပေးရတော့မှာပဲ"

"ဂိုဏ်းချုပ်"

ထိုအချိန်မှာပဲ လီလိုရှုသည် အထဲသို့ လျှောက်ဝင်လာပြီး သတင်းပိုလိုက်၏။ "ကျွန်မတို့ရဲ့ အဖွဲ့သားတွေက လုကျိုးဆီကို ရောက်သွားကြပြီ။အဲဒီမှာ သတင်းဆိုးတစ်ခု ရှိနေတယ်"

"ပြော"

လီလိုရှုသည် ခဏလောက် တုန့်ဆိုင်းကာ ပြောလိုက်သည်။

"လုချင်းချင်းက လက်ရှိမှာ အရှေ့မြောက် ပြည်နယ်ရဲ့ လုကျိုးမှာရှိတဲ့ အအေးနန်းတော်က အလိုချင်ဆုံး လူတစ်ယောက် ဖြစ်နေတယ်။ သူမက ရေခဲပင်လယ်ထဲမှာ တစ်ဖက်ရဲ့ အကြီးအကဲတွေနဲ့တောင် တိုက်ခိုက်ခဲ့သေးတယ်။"

ဝှစ်။

အဓိက ဟောခန်းထဲမှာတော့ အလွန်ကြမ်းတမ်းလှသော ဓားအော်ရာများ ဖြစ်တည်လာပြီး နေရာအနှံဆီသို့ ပြည့်နက်သွား၏။

တပည့်များအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားသည်။ "ဘာတွေ ဖြစ်နေတာလဲ"

စုရှောင်မိုနှင့် တစ်ခြားသူများလည်း ဆွံ့အသွားကြ၏။

လီချင်းယန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် စိတ်တိုနေတာပဲ"

"ရွှဲ့ရမ်ကွေ့"

ကျွင်းချောင်ရှောင်း၏ ဒေါသတကြီး အော်ဟစ်သံသည် ဂိုဏ်းထဲမှ ထွက်ပေါ်လာသည်။

"ဝံပုလွေ တပ်သားတစ်ထောင်ကျော်ကို စုစည်းထား။ လုကျိုးကို သွားကြမယ်။"

"ကောင်းပါပြီ"

ဝှစ် … ဝှစ်။

ကျင့်ကြံလျက်ရှိနေသော ဝံပု‌လွေ အဖွဲ့သားများသည် လက်နက် အပြည့်ဖြင့် အဆင်သင့် ရှိနေကြပြီဖြစ်၏။

All Chapters