← Chapters

အခန်း (၅၈၃)

Vol. 39 Ch. 583

အခန်း (၅၈၃)

Vol. 39 Ch. 583

ကျင့်ကြံလျက်ရှိ‌နေသာ သံချပ်ကာ ဝံပုလွေ တပ်သားများအားလုံးသည် ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်ရန် အဆင်သင့် အခြေအနေဆီသို့ ရောက်ရှိသွားကြသည်။

၎င်းတို့သည် ဂိုဏ်းချုပ်၏ အော်ရာများသက်ရောက်မှုကို ခံလိုက်ရသောကြောင့် ဟာရီကိန်းဝံပုလွေများပေါ်သို့ တက်ရောက်စီးနင်းပြီးချိန်တွင် ၎င်းတို့၏ မျက်နှာထက်၌ သတ်ဖြတ်လိုခြင်း အရှိန်အဝါများသည် အလွန်အားကောင်းစွာ ဖြစ်တည်လာကြ၏။

လုံကျိရန်၊ လီယုဟွာနှင့် တစ်ခြားသူများအားလုံးသည်လည်း တိမ်ခြေလှမ်းကိုအသုံးပြု၍ ရှေ့သို့ လှမ်းတက်လာကြသည်။

သူတို့သည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ရှေ့တွင် ညီညီညာညာနှင့် စီတန်းရပ်လျက်ရှိ၏။

ရီရှင်းချန်အပါအဝင် ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်း တပည့်များအားလုံးသည်လည်း နေရာယူကြပြီးဖြစ်သည်။

"စီနီယာအစ်ကို"

စုရှောင်မိုက တီးတိုးပြောလိုက်၏။ "ဘာတွေ ဖြစ်ကုန်တာလဲ"

လီချင်းယန်က ပြောလိုက်သည်။

"စီနီယာအစ်မက လုကျိုးဘက်မှာ ဝိုင်းတိုက်ခိုက်တာကို ခံရတယ်တဲ့။"

"ဘာ"

စုရှောင်မို၊ လီဖေးနှင့် တစ်ခြားသော သူများအားလုံးသည် ချက်ချင်းဆိုသလိုပဲ ဒေါသထွက်သွားသည်။

သူတို့၏ စီနီယာအစ်မကြီးအား မည်သူက အနိုင်ကျင့်ရဲသနည်း။ ကျားသစ် အသဲကို စားထား၍ ဤမျှ သတ္တိရှိနေသည်လား။

ရွှီ

သံမဏိအရိုးတောင် အပေါ်ဆီမှ လင်းယုန်နက်ကြီး၏ အော်ဟစ်သံသည် ထွက်ပေါ်လာတော့သည်။

နတ်ဆိုး လင်းယုန်နက်က်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်လိုက်သည့် အချိန်တွင် တောင်ကြီး တစ်တောင်ကဲ့သို့ ကြီးမားလာတော့၏။

ဤအရာသည် ကျိန်းသေပေါက် ပြိုင်စံရှား ဂိုဏ်း၏ အစောင့် အရှောက် စိတ်ဝိညာဉ်သားရဲကြီးဟု ခေါ်ဆိုရမည် ဖြစ်သည်။ ဂိုဏ်း၏ အရေးအကြောင်း ပေါ်လာသည်နှင့် သူလည်းပဲ ကျိန်းသေပေါက် ရောက်ရှိလာတော့သည်။

ရွှီ …. ရွှီ

နတ်ဆိုးလင်းယုန်နက်ကြီးသည် သိုင်းကျင့်ကြံခြင်း ကွင်းပြင်၏ အထက်တွင် ပျံဝဲလျက်ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲမှ ဒေါသတကြီး လှမ်းလျှောက်လာပြီးနောက်မှာတော့ သူ၏ ပဋိညာဉ်သားရဲပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ "သွားကြစို့"

အားဝူး

ဟာရီကိန်း ဝံပုလွေကို စီးနင်းထားသော တပည့်များ အားလုံးသည် အပြာရောင် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲပြီး တောင်တက်လမ်းအတိုင်း အောက်သို့ ဆင်းသွားတော့သည်။

ရွှီ

နတ်ဆိုး လင်းယုန်နက်ကြီးသည်လည်း အဆုံးအစမဲ့ကောင်းကင်ထက်တွင် ပျံသန်းလျက်ရှိနေ၏။

ဤအချိန်တွင် ကျွင်းချောင်ရှောင်းသည် သံချပ်ကာ ဝံ‌ပုလွေတစ်ထောင်ကျော်ကို ခေါ်ဆောင်လာသည်သာမက နင်ညီအစ်ကိုနှင့် အတွင်းစည်း တပည့်များကိုပါ ခေါ်ဆောင်လာခဲ့၏။ ၎င်းတို့၏ လူအင်အားသည် အလွန်ကြီးမားသည်ဟုဆိုနိုင်သည်။

ကျန့်ရာမှာတော့ မလိုက်ပါချေ။ သူသည် ဂိုဏ်းအား စီမံခန့်ခွဲရန် ကျန်နေခဲ့၏။

ဟောခန်းသခင်လီ နှင့် မိုး‌ဆွေဟောခန်းမှ တပည့်များအားလုံးသည်လည်း လိုက်ပါလာကြသည်။

သူတို့၏ ရည်ရွယ်ချက်သည် သတင်းအချက်အလက်များကို မြန်မြန်ဆန်ဆန် ထောက်လှမ်းရန် နှင့် လုချင်းချင်း၏ တည်နေရာကို ရှာဖွေရန်ဖြစ်၏။

ယနေ့မှာတော့ ပြိုင်စံရှား ဂိုဏ်း၏ အထူးလက်ရွေးစင် ဂိုဏ်းသားများအားလုံးသည် ထွက်လာခဲ့ကြပြီဖြစ်သည်။

နဂါးများတွင် သွားရောက် ထိတွေ့ကိုင်တွယ်၍ မရသည့် အရာတစ်ခု ရှိနေသည်။ ထိုနေရာသို့ သွားရောက်ထိတွေ့သူ‌သည် သေဆုံးရမှာ ဖြစ်သည်။ ထို့အတူပဲ ပြိုင်စံရှား ဂိုဏ်း၏ တပည့်များသည် ကျွင်းချောင်ရှောင်း၏ အဖိုးတန် ရတနာများ ဖြစ်သည်။ ၎င်းတို့အား အနိုင်ကျင့်ရဲသော သူသည် အလွန်တရာ နာကျင်သည့် ပေးဆပ်မှု မျိုးကို ပြန်လည် ပေးဆပ်ရပေလိမ့်မည်။

ထို့အပြင် လက်ရှိ အနိုင်ကျင့်ခံရသော သူသည် အကြီးဆုံး တပည့်ကြီး ဖြစ်သော လုချင်းချင်း ဖြစ်လို့ နေ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်အတွက်နှင့် အရှေ့မြောက်တည်နေရာတစ်ခုလုံးကို သွေးမုန်တိုင်းကျဆင်းအောင် ပြုလုပ်ပေတော့မည်။

ကောင်းကင်ဘုံကျောင်းဆီမှာတော့ …..

ဒုကျောင်းအုပ်သည် အလျင်အမြန်နှင့် လာရောက်တွေ့ဆုံတော့သည်။ "ကျွင်းချောင်ရှောင်းက သူ့ရဲ့ တပည့်တွေအများကြီးကို ခေါ်ပြီးတော့ ချင်းယန်မြို့က ထွက်သွားတယ်လို့ သတင်းကြားတယ်။"

ဟမ်

စစ်တုဟောင်ယွင် က ပြောလိုက်၏။ "သူ ဘယ်ကို သွားတာလဲ"

ဒုတိယကျောင်းအုပ်က ပြောလိုက်၏။ "သူတို့သွားရမယ့် လမ်းကို ကြည့်ရတဲ့ပုံဆိုရင် လုကျိုးဘက်ကို ဦးတည်နေတာဖြစ်မယ်။"

"အရှေ့တောင်အရပ်က လုကျိုးလား"

စစ်တုဟောင်ယွင် သည် မျက်မှောင်ကုတ်ကာ မေးလိုက်သည်။ "ဘာလို့ သွားတာလဲ"

"ကျောင်းအုပ်ကြီး"

မင်းသမီးလေး ကြာပန်းနီသည် အလောတကြီးဖြင့် ဝင်ရောက်လာသည်။ သူမသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးဆုံး တပည့်ကြီးသတင်းကို ကျွန်မ ရခဲ့တယ်။လုချင်းချင်းက အရှေ့မြောက် ဒေသ လူကျိုးမှာရှိတဲ့ အအေးနန်းတော်ရဲ့ ဝရမ်းထုတ်ခြင်းကို ခံထားရတယ်တဲ့"

ဒုကျောင်းအုပ်က ပြောလိုက်သည် "ဒါဆိုရင် ဒီကောင်လေးတွေ သွားကြတာ အရှေ့မြောက်ဒေသရဲ့ လုကျိုးကိုပဲ ဖြစ်လိမ့်မယ်"

စစ်တုဟောင်ရန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဒါဆိုရင် မကောင်းတာတွေ ဖြစ်ကုန်တော့မှာပဲ..."

"ဘာ"

ဂိုဏ်းအသိအမှတ်ပြု ဗဟိုမှ သတင်းကို ရရှိသော ရီထန်းချန်သည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူသည် ထိပ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက အရှေ့မြှောက်အရပ်မှာရှိတဲ့ လုကျိုးကို လူတွေ ခေါ်သွားတယ် ဟုတ်လား။ပြီးတော့ သတ်ဖြတ်လိုခြင်း အော်ရာတွေ အပြည့်နဲ့ ထွက်သွားတယ် ဟုတ်လား"

"ဟုတ်ပါတယ်"

အကြီးအကဲကျန်းက ပြောလိုက်သည်။ "ကြည့်ရတာ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေ အနိုင်ကျင့်ခံခဲ့ရတယ်နဲ့ တူတယ်"

ရီထန်းချန်သည် မျက်မှောင်ကုတ်သွား၏။

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ကာကွယ်ပေးတတ်သူဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။ အရင်တုန်းက တပည့်များကို အနိုင်ကျင့်သည်ဟုဆိုကာ ဟွာယန်နိုင်ငံမှာ ရှိတဲ့ မိစ္တာဂိုဏ်းတွေကို သွားရောက် သတ်ဖြတ်ပစ်ခဲ့ဖူးသေးသည်။

ဤတစ်ကြိမ်မှာတော့ သူ၏ တပည့်များအား ခေါ်ဆောင်သွားသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။

" အရှေ့မြောက်အရပ်က လုကျိုးဟုတ်လား"

ရီထန်းချန်သည် စိတ်ဓာတ်တကျနှင့် ပြောလိုက်၏။ “တပည့်တွေကို အဲ့လိုမျိုး ခေါ်ဆောင်သွားမယ်ဆိုရင် စီရင်စုကြီးတစ်ခုလုံးတောင်မှ ပြသနာတက်ကုန်လိမ့်မယ်နဲ့တူတယ်"

"မဖြစ်သေး‌ဘူး … မဖြစ်သေးဘူး"

သူသည် အလောတကြီးဖြင့် အမိန့်ပေးလိုက်၏။ "ခင်‌ဗျားတို့ လေးယောက် မြန်မြန်သွားကြ။ဂိုဏ်းချုပ်ကျွင်း တစ်ခုခု မဖြစ်စေနဲ့။"

"ကောင်းပါပြီ"

ယနေ့မှာတော့ ကောင်းကင်ဘုံကျောင်းနှင့် ဂိုဏ်းအသိအမှတ်ပြု ဗဟို မှ အားလုံးသည် လုကျိုးဒေသဆီသို့ အလျှင်အမြန် ဦးတည်သွားလိုက်တော့သည်။

….....

"မင်းတို့ ကြားပြီးသွားပြီလား။မနေ့တုန်းက ပြိုင်စံရှား ဂိုဏ်းရဲ့ တပည့်တွေအားလုံးက ဟာရီကိန်းဝံပုလွေတွေ အများကြီးကို စီးပြီးတော့ တောနက်ထဲမှာ ထွက်ခွာသွားကြတယ်လို့ တစ်ချို့က မြင်လိုက်ကြသည်။သူတို့သွားပြီးတော့ တိုက်ခိုက်တာနဲ့ တူတယ်။" အရှေ့တောင်ရန်ကျူးတွင် ကျင့်ကြံလျက်ရှိသော သိုင်းပညာရှင်များ အားလုံးသည် ဆွေးနွေးနေကြ၏။

ပြိုင်စံရှား ဂိုဏ်းသည် လက်တစ်လောတွင် အလွန်တရာ ကျော်ကြားလာခဲ့၏။ ထို့ကြောင့် ၎င်းတို့သည် ပြိုင်စံရှား ဂိုဏ်း၏ လှုပ်ရှားပုံ၊ ပြုမူပုံ ၊ သွားလာပုံတို့ကို အမြဲတစေ ကြည့်ရှုနေတတ်ကြသည်။

မိစ္တာဂိုဏ်းသားများနှင် သတ်ဖြတ်ခြင်း ကျောင်းမှ ဂိုဏ်းခွဲမှူးများသည်လည်း ထိုသတင်းကို လက်ခံရရှိကြသည်။ ပြိုင်စံရှားဂိုဏ်းသည် အရှေ့မြောက်အရပ်ရှိ လုကျိုးဆီသို့ သွားကာ သူ၏ တပည့်အတွက် တရားမျှတမှုကို ရှာမည်ဟု သူတို့ ကောင်းကောင်း သိလိုက်၏။

“ဟမ့်”

ဂိုဏ်းခွဲမှူးက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ ဒီအဖွဲ့ အစည်းလေးနှစ်ခု လုံးရဲ့ ကာကွယ်ပေးမှုကို ရတာနဲ့ လုပ်ချင်တာကို လုပ်နိုင်တယ်လို့ ဒီကောင်ထင်နေတာလား မသိဘူး"

"အရှေ့မြောက်အရပ်ရဲ့ လုကျိုးက ရေခဲနဲ့ နှင်းတွေကြီးပဲ ဖုံးနေတဲ့ ဒေသဆိုတော့ အအေးဓာတ်က အလွန်အားကောင်းလွန်းတယ်။ ရေခဲနန်းတော်ကလည်း အအေးဓာတ်စင်ကျင့်ကြံသူတွေနဲ့ ဖွဲ့စည်းထားတဲ့ နေရာတစ်ခုပဲ။သူတို့က အဆင့်လေးဂိုဏ်းဆိုပေမယ့် အဆင့်သုံးဂိုဏ်းထက် ဘယ်လိုမှ အားမနည်းဘူး။"

ထိုသူများထဲမှ နောက်လိုက်က ပြောလိုက်၏။ "ပြိုင်စံရှားဂိုဏ်းက အဲ့ကို ရောက်သွားပြီဆိုရင်တော့ ကျိန်းသေပေါက် အရိုက်ခံရတော့မှာပဲ။”

“အဲ့ဒါကို ပြောတာပေါ့"

ဂိုဏ်းခွဲမှူးတစ်ယောက်သည် ပြုံးကာ ပြောလိုက်သည်။ "သူက အရမ်းငယ်လွန်းသေးတယ်။ ဒါကြောင့် ကြုံလာနိုင်တဲ့ အန္တရာယ်တွေကို ကော်ငးကောင်းမသိဘူး။ အဆုံးသတ်မှာတော့ ကိုယ့်ကိုကိုယ် ထိခိုက်နာကျင်အောင် လုပ်တဲ့လူကတော့ သူ ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်။"

ပြိုင်စံရှား ဂိုဏ်းသည် ကောင်းကင်ဘုံကျောင်း၊ ဂိုဏ်းအသိအမှတ်ပြုဗဟို ‌တို့နှင့် သက်ဆိုင်နေသည်ဟု အားလုံးက သိရှိကြသည်။

ထို့ကြောင့် မိစ္ဆာဂိုဏ်းများသည် ပြိုင်စံရှား ဂိုဏ်းအား တိုက်ခိုက်မရှင်းလင်းရဲချေ။ ထို့ကြောင့် မသိသလို နေထိုင်နေရခြင်း ဖြစ်သည်။

သို့ပေမဲ့ တစ်ဖက်လူသည် အကြောက်အလန့်ကင်းစွာနှင့် အင်အား ကြီးသော လူများကို သွားရောက် ရန်ရှာနေသည်ကို မြင်ချိန်မှာတော့ ပြုံးပြုံးကြီးနှင့် စောင့်ကြည့်ရန် စဉ်းစားမိနေကြတော့၏။

၎င်းတို့၏ ပျော်ရွှင်မှုသည် အချိန်ကာလတစ်ခုတော့ ကြာပေလိမ့်မည်။

ကျွင်းချောင်ရှောင်း သည် သေသေချာချာ မှတ်သားထားသူတစ်ယောက်ဖြစ်၏။ ဤမိစ္တာဂိုဏ်းများနှင့် ယှဉ်ပြိုင်နိုင်လောက်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိသည့် အချိန်မှာတော့ သူသည် တည်ရှိနေသော အကြွေးအား ကောင်းကောင်းပြန်၍ တောင်းဆိုလိမ့်မည် ဖြစ်သည်။ သာမန်မဟုတ်ဘဲ အတိုးနှင့် ပါ တောင်းမည်ဟု ဆုံးဖြတ်ထားသည်။

…....

ဝှစ်။

မြောက်လေများသည် တိုက်ခိုက်လာပြီးနောက် အလွန်တရာ အေးခဲလျက်ရှိသည်။

ရေခဲကွင်းပြင်ကြီးတစ်ခုလုံးရှိ မိုင်တစ်ရာပတ်လည်တွင် စားသောက်ဆိုင်တစ်ခု တည်ရှိနေ၏။

လက်ရှိ အခြေအနေတွင်မှာတော့ ကျင့်ကြံသူများအားလုံးသည် ဝိုင်ပူပူတစ်‌ခွက်ကိုသောက် ရင်း လက်ရှိ ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ဆွေးနွေးလျက်ရှိသည်။

ကျွီ

တံခါးတစ်ချပ်သည် ပွင့်သွား၏။

ပြီးနောက် နှင်းများ ဖုံးလွှမ်းလျက်ရှိသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာတော့သည်။ သူသည် ပြတင်းပေါက်၏ ဘေးနားတွင် ထိုင်လိုက်သည်။

"ဆရာ အစားစားမှာလား အခန်းယူမှာလား"

"အစားပါ"

"ဘာကို စားချင်လဲ"

"ဘာမဆိုဖြစ်တယ်"

စားပွဲထိုးသည် ဆက်၍ မမေးတော့ချေ။

မကြာခင်မှာပဲ ဟင်းပွဲများနှင့် ဝိုင်တစ်ပုလင်းသည် ရောက်ရှိလာခဲ့တော့သည်။

စားသောက်ဆိုင်ထဲမှာ ရှိသော ကျင့်ကြံသူများသည် ထိုလူအား တစ်ချက်တာ လှည့်ကြည့်လိုက်ကြ၏။ ပြီးနောက် သူတို့ ပြောစရာရှိသည်များကို ဆက်လက်၍ ပြောဆိုနေကြတော့သည်။

သို့ပေမဲ့ သူတို့၏ ပြောစကားများသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆန်းကြယ်သော မိန်းကလေးအကြောင်းပါဝင်လျက် ရှိနေ၏။

"အစ်ကိုဟောင်"

တစ်စုံတစ်ယောက်သည် ဇဝေဇဝါဖြင့် ပြောလိုက်၏။ "လက်ရှိ ဖြစ်နေတဲ့ သတင်းက လုကျိုးတစ်ခုလုံးကို ပျံ့နေတာပဲ‌နော်။"

အစ်ကို ဟောင်ဟု ခေါ်သော သတ်လက်ပိုင်း လူငယ်က ပြောလိုက်၏။ "ဒီကိစ္စကြီးကို သေသေချာချာ စဉ်းသားကြည့်မယ်ဆိုရင် ဒီနေရာက ပြဿနာစဖြစ်တဲ့နေရာပဲ။"

"ဒီနေရာလား"

များပြားလှသော ကျင့်ကြံသူများသည် ဇဝေဇဝါဖြစ်မိနေကြသည်။

အစ်ကိုဟောင်သည် ဝိုင်တစ်ခွက်ကို သောက်ရင်း ပြောလိုက်၏။ "အဖြူရောင် ဝတ်စုံနဲ့ လူက ဒီနေရာမှာ အရင်ဆုံး ပေါ်လာတာ။အခု အဲနားမှာ ထိုင်တယ်။ အခု လူငယ်လေး ထိုင်နေတဲ့ နေရာပေါ့။ ပြီးတော့ နှင်းတောင်ကြားတပည့် တစ်ယောက်ရဲ့ လက်ကို ခုတ်ဖြတ်ပစ်လိုက်တယ်။ဒါကြောင့်ပဲ သူက အအေးနန်းတော်နဲ့ ပြသနာစတက်ကြတော့တာပဲ "

"နှင်းတောင်ကြား ဟုတ်လား"

ပြတင်းပေါက်‌ဘေးနားတွင် ထိုင်လျက်ရှိ‌သော အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် မေးလိုက်၏။

"ဘယ်နေရာမှာလဲ"

အစ်ကိုဟောင်ကပြုံးကာ ပြောလိုက်သည်။ "ညီငယ်လေး မင်းကို ကြည့်ရတာ မရင်းနှီးဘူး။ဒီရေခဲဒေသက မဟုတ်ဘူးထင်တယ်"

အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် ခေါင်းကို လှည့်ကာ ပြောလိုက်သည်။ "နှင်းတောင်ကြားက ဘယ်နေရာမှာလဲ"

သူ၏ အသံနှင့် မျက်လုံးများသည် အလွန်တရာ အေးစက်နေ၏။

အားလုံးသော သူများတို့သည် ကြက်သီးမွေးညှင်းတွေပါ ထသွားကြသည်။

အစ်ကိုဟောင်၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွား၏။ သူသည် တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။ "ရေခဲပြင်ရဲ့ အရှေ့တည့်တည့်ကိုသွားရမှာ …. မိုင်ငါးရာလောက် မှာ ရှိတယ်"

အဖြူရောင် ဝတ်စုံနှင့် လူငယ်သည် သူ၏ အကြည့်အား ရုတ်သိမ်းပြီး ဝိုင်တစ်ခွက်အား ကောက်မော့လိုက်၏။ ပြီးသည့်နောက် ငွေသား အနည်းငယ်ကို စားပွဲပေါ်တင်၍ ထထွက်သွားတော့သည်။

"အစ်ကိုဟောင်"

ကျင့်ကြံသူတစ်ယောက်က တီးတိုး ပြောလိုက်၏။ "ဒီကောင်လေးကို ကြည့်ရတာ နည်းနည်း ထူးတန်းတယ်။တစ်ချက်ကြည့်လိုက်ရုံနဲ့ ကျုပ်တို့ကို ကြောက်လန့်သွားစေနိုင်တယ်။ သူက တကယ့်ကို ကျွမ်းကျင်သူတစ်ယောက် ဖြစ်လိမ့်မယ်။"

အစ်ကို ဟောင်သည် လေးလေးနက်နက် ပြောလိုက်၏။ “ကြောက်စရာပဲ”

အာဝူး အာဝူး

ရုတ်တရက်ဆိုသလိုပဲ အပြင်ဘက်ဆီမှ ဝံပုလွေအော်သံများ ထွက်ပေါ်လာသည်။

အစ်ကိုဟောင်နှင့် အခြားသော သူများသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ပြတင်းပေါက်ဆီသို့ ရောက်ရှိသွားပြီး လှမ်းကြည့်လိုက်ကြသည်။

သံချပ်ကာ ဝံပုလွေများအား စီးနင်းထားသော ကျင့်ကြံသူများသည် အရှေ့ဘက်ဒေသဆီသို့ အသော့နှင်ကာ ထွက်ခွာသွားသည်ကို သူတို့ မြင်လိုက်ရ၏။

All Chapters