← Chapters

အခန်း (၅၈၄)

Vol. 39 Ch. 584

အခန်း (၅၈၄)

Vol. 39 Ch. 584

အရှေ့ဘက်ရေခဲပြင်၏ မိုင်ငါးရာ အကွာရှိ တည်နေရာတစ်ခုသည် ၎င်း၏ သုံးဘက်သုံးရံအား ရေခဲ‌တောင်များဖြင့် လွှမ်းခြံလျက်ရှိနေသည်။ ထိုနေရာသည် တောင်ကြားကြီးတစ်ခုလည်း ဖြစ်သည်။ ထို‌တောင်ကြား၏ အတွင်းဘက်မှာတော့ အဆောက်အဦများ တန်းစီလျက် ရှိနေကြ၏။

နှင်းတောင်ကြား။

ဤအရာ အရှေ့မြောက်ဒေသ၏ အဆင့် ခုနစ် ဂိုဏ်းတစ်ခု တည်ရှိရာ နေရာလည်း ဖြစ်သည်။

ဤဂိုဏ်း၏ အဆင့်သည် မြင့်မားလှသည် မဟုတ်သော်လည်း အဓိက အရေးကြီးသော အသွင် အပြင်လက္ခဏာများလည်း တည်ရှိနေ၏။ ထိုအရာသည် နှင်း ဝံပုလွေများကို လိမ္မာအောင် ထိန်းကျောင်း မွေးမြူထားနိုင်ခြင်းလည်း ဖြစ်၏။

ရေခဲပြင်ထဲတွင် နှင်း ဝံပုလွေများကို စီးနင်းလာသည့် လူများကို စီးနင်းလာသည့် လူများကို မြင်သည်ဆိုလျှင် ထိူလူများသည် နှင်းတောင်ကြားမှ ရှိကြောင်းကို သိရှိနိုင်သည်။

လက်ရှိ အခြေအနေမှာတော့ ထိုဂိုဏ်း၏ လေ့ကျင့်ရာ ကွင်းပြင်ထဲတွင် များပြားလှသည့် ဝံပုလွေသားရဲများ စုစည်းလျက်ရှိ၏။

သို့ပေမဲ့ ၎င်းတို့သည် နှင်း ဝံပုလွေများကို စီးနင်းထားသည် မဟုတ်ချေ။ အလွန်တရာ အားကောင်းလှသော ဟာရီကိန်းဝံပုလွေများ ဖြစ်‌နေသည်။

၎င်းတို့သည် လေလှိုင်းများကို ပါးစပ်ထဲမှ ထုတ်ဖော်လျက်ရှိနေကြပြီး အလွန်တရာ မောက်မာသည့် ဟန်အမူအရာဖြင့် ရှိနေကြ၏။

ထိန်းကျောင်းခံထားရသော နှင်း ဝံပုလွေများမှာတော့ အလွန်တရာ လိမ္မာလှသည့် သိုးငယ်လေးများ ကဲ့သို့ပင် ကျုံ့ကျုံ့လေး ထိုင်လျက် ထိတ်လန့်တကြားဖြင့် တုန်ရင်လျက် ရှိနေကြသည်။

ဘန်း ….

ကျည်ဆံတစ်ခုသည် ပျံသန်းသွားပြီးသည့်နောက်မှာတော့ နှင်းတောင်ကြားဟု ရေးသားထားသော ဆိုင်းပုဒ်ကြီးတစ်ခုသည် ကွဲကျေသွားတော့သည်။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင်ထိုင်၍ သူ၏ ညာလက်တွင်တော့ ဂန္ဓာရ လင်းရုံငှက်အား လှည့်ပတ်ကစားလှည့်ရှိသည်။

သူသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီနေ့ကစပြီး နှင်းတောင်ကြားဆိုတာ မရှိတော့ဘူး"

ဤစကားသည် အလွန်တရာ ကြမ်းတမ်းလွန်းလှ၏။

ဘုတ်။

နှင်းတောင်ကြား၏ တောင်ကြားသခင်သည် မြေပေါ်တွင် ဒူး‌ထောက်ထိုင်လျက်ရှိသည်။ သူ၏ မျက်လုံးများသည် ပြူးကျယ်စွာ ပွင့်လျက်ရှိပြီး ခန္ဓာကိုယ်မှာမူ အသက်မရှိတော့ချေ။

သူ မသေဆုံးခင်မှာတော့ တစ်ဖက်လူသည် အရှေ့တောင်ရန်ကျူးတွင် ရှိသော ပြိုင်စံရှား ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ရ၏။ ထို့အတူ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးအား ရန်ပြုခဲ့သည့် အတွက် သူတို့ ဂိုဏ်း ဖျက်စီးခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရှိခဲ့ရ၏။

ဘုတ်

နှင်းတောင်ကြားထဲတွင် ရှိနေသော အကြီးအကဲတော်တော်များများတို့သည် တစ်ပြိုင်တည်းပဲ လဲလျက်ရှိနေသည်။

သူတို့၏ မြင်ကွင်းထဲမှာတော့ မြေပေါ် လဲလှောင်းလျက်ရှိသော နှင်းတောင်ကြား၏ တပည့်များ အားလုံးကို မြင်နေကြရ၏။

လီချင်းယန် ၊စုရှောင်မိုနှင့် တစ်ခြားသော တပည့်များ အားလုံးသည် လက်ထဲတွင် အအေးဓားကို ကိုင်ဆောင်ကြပြီး ဓားပေါ်တွင် ရှိနေကြသည့် သွေးများအား သုတ်လျက်ရှိနေကြသည်။

၎င်းတို့၏ မျက်နှာများအားလုံးသည် ခံစားချက်ကင်းမဲ့နေကြပြီး ကြေးစားလူသတ်သမားများ ကဲ့သို့ပင် ဖြစ်နေ၏။

ဝှစ် ဝှစ်။

မီးတောက်များ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တောင်ကြားတစ်ခုလုံးထဲတွင် ရှိနေသော အရာများ အားလုံးသည် မီးစွဲလောင်သွားတော့သည်။

ဤကဲ့သို့ သာယာငြိမ်းချမ်းလှသည့် နေ့တစ်နေ့တွင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်က တည်ဆောက်ခဲ့သည်ဖြစ်သော နှင်းတောင်ကြားသည် ရုတ်တရက် ဖျက်စီးခံလိုက်ရတော့၏။

"ဂိုဏ်းချုပ်"

လီလိုရှုသည် ရှေ့သို့ မြန်မြန်ဆန်ဆန်လှမ်းလာပြီး ပြောလိုက်၏။ "လုချင်းချင်းရဲ့ သတင်းကို ရခဲ့တယ်။သူ …."

အမှန်မထင် သူမသည် ပါးစပ်ကို ပိတ်လိုက်မိ၏။ သူမရရှိထားသော သတင်းကို ပြောကြားမည်ဆိုလျှင် သူ့ရှေ့မှ ဂိုဏ်းချုပ်သည် အလွန်တရာဒေါသထွက်သွားမည်ကို သူသိရှိနေ၏။

"ပြော" ကျွင်းချောင်ရှောင်း ပြောလိုက်၏။

လီလိုရှုသည် ခဏလောက်တိတ်ဆိတ်သွား၏။ ပြီးနောက် သူ ပြောလိုက်သည်။ "သူမက အအေးနန်းတော်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ ဖြစ်ဖို့ များတယ်။"

"အအေးနန်းတော်ရဲ့ တည်နေရာကို အတည်ပြုပြီးသွားပြီလား"

"ပြုပြီးသွားပါပြီ"

"ဒါဆိုသွားကြစို့"

ဝှီ။

သံချပ်ကာ ဝံပုဆလွ တပ်သားများသည် ၎င်းတို့၏ ဟာရီကိန်းဝံပု‌လွေများကို စီးနင်းကာ အအေးနန်းတော် တည်ရှိရာ နေရာဆီသို့ လှမ်းသွားကြသည်။

"နှင်းတောင်ကြားထဲမှာ ဘာလို့ မီးတွေတောက်နေတာလဲ"

ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့် အတူ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ တစ်ချို့သော ရဲရင့်သော သိုင်းကျင့်ကြံသူများသည် မီး‌တောက်လောင်လျက်ရှိသော တောင်ကြားထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြတော့သည်။

သူတို့သည် သိုင်းလေ့ကျင့်ရေးစင်မြင့်နားတွင် လဲကျနေသည့် အလောင်းများကို မြင်ရသည့် အချိန်မှာတော့ မျက်လုံး အပြူးသားနှင့် ထိတ်လန့် တုန်လှုပ်မိသွားကြ၏။ "သောက်ကျိုးနည်း …. နှင်းတောင်ကြားတစ်ခုလုံးက ဖျက်စီးခံလိုက်ရတာပဲ။"

လက်ရှိ အခြေအနေမှာတော့ အရှေ့မြောက် လုကျိုး တစ်ခုလုံးတွင် ထိုသတင်းသည် မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့တော့၏။

"ဘာ"

အအေးနန်းတော်၏ နန်းတော်သခင်သည် ထိုသတင်းကို ရရှိပြီးသည့်နောက်မှာတော့ မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "နှင်းတောင်ကြားက ဖျက်စီး ခံလိုက်ရတယ်ဟုတ်လား။ဘယ်သူ လုပ်ခဲ့တာလဲ"

လေးယောက်မြောက် အကြီးအကဲက ပြောလိုက်သည်။ "ကျုပ်တို့လည်း အခု ထိ မသိသေးပါဘူး"

ဟမ့်။

ခြောက်ယောက်မြောက် အကြီးအကဲသည် အေးစက်စွာဖြင့် ပြောလိုက်၏။ “အရှေ့မြောက် ဒေသထဲမှာ နှင်းတောင်ကြားက ငါတို့ အအေးနန်းတော်ရဲ့ ထောက်ပံ့မှုကို ရထားတာကို မသိသူ မရှိဘူး။သူတို့ကို ဖျက်စီးရဲတယ်ဆိုတာ ကျုပ်တို့ အအေးနန်းတော်ရဲ့ ရန်သူ ဖြစ်လိမ့်မယ်။သတ်ဖြတ်သွားတဲ့ လူတွေကို ရှာဖွေပြီးတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးမှ ဖြစ်မယ်"

အကြီးအကဲများအားလုံးသည် တရားမျှတမှုကို ရှာဖွေရန်အတွက်အလွန်တရာ စိတ်အား ထက်သန်နေကြသည်။

ထိုအချိန်မှာတော့ အအေးနန်းတော်၏ သခင်သည် ရုတ်တရက် မျက်မှောင်ကုတ်မိသွား၏။

အဘယ့်ကြောင့်ဆိုသော် သူ၏ စိတ်ဝိညာဉ် အစီအရင်များကို ဖြန့်ကျက်ထားသည့် အချိန်တွင် အမဲရောင် အရိပ်တစ်ခုသည် အဝေးကောင်းကင် တည်နေရာဆီမှ တစ်ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို သူတွေ့ရှိလိုက်မိသည်။

"ဒါ ဘာကြီးလဲ

သိုင်းဘုရင်အဆင့် ကျင့်ကြံသူများအားလုံးသည်လည်း သတိပြုမိသွားကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ထိပ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နက်သွားသည်။

ပြောရမည်ဆိုလျှင် ထို အရိပ်မဲကြီးသည်တစ်ဖြည်းဖြည်း နီးကပ်လာမည်ဆိုသည်နှင့် သူတို့၏ မျက်လုံးများသည် တစ်ဖြည်းဖြည်းနှင့် ပြူးကျယ်သွားရသည်။

ပြောရမည်ဆိုလျှင် ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ တစ်ဖြည်းဖြည်းချင်း ချဉ်းကပ်လာသူမှာ ကြီးမားသည့် လင်းယုန်ငှက်ကြီးပင် ဖြစ်၏။

ထို လင်းယုန်ငှက်ကြီး၏ အပေါ်မှာတော့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ရှိနေပြီး ၎င်းဆီမှ အဆုံးမဲ့သော သတ်ဖြတ်ခြင်း ဆန္ဒများ ဖြစ်ပေါ်လျက်ရှိသည်။

"သူက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပဲ။”

အအေးနန်းတော်၏ အကြီးအကဲသည် ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ပဲ ချလိုက်၏။ “ဂိုဏ်းအကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်တော့။”

ဒွီ

ချက်ချင်းဆိုသလိုပဲ အအေးတောင်ပေါ်တွင်တည်‌ရှိနေသော အအေးနန်းတော်၏ ကောင်းကင်ထက်တွင် အလွန်တရာ အားကောင်းလှသော အကာအကွယ် အစီအရင်တစ်ခု ရောက်ရှိလာတော့သည်။

မိုင်ရာချီအနည်းငယ် အဝေးတည်နေရာမှာ ရှိနေသော သိုင်းကျင့်ကြံသူများသည် ထိုအစီအရင် အသက်ဝင်လာသည်ကို မြင်ရချိန်မှာတော့ ထိတ်လန့် တုန်လှုပ်သွားကြ၏။

"ဒါက အအေးနန်းတော်ရဲ့ ဂိုဏ်းအကာအကွယ် အစီအရင် မဟုတ်လား။သူတို့က ဘာလို့ အစီအရင်ကို အသက်သွင်းလိုက်တာလဲ။အရမ်းအားကောင်းတဲ့ ရန်သူတစ်ယောက်ယောက် ကျူးကျော်လာလို့များလား။"

အရှေ့မြောက်ဒေသတွင် နေထိုင်ကြသော ကျင့်ကြံသူများအားလုံးသည် အအေးနန်းတော်တွင် ဂိုဏ်းအကာအကွယ် အစီအရင် တစ်ခု ရှိကြောင်း သိရှိကြ၏။ သို့ပေမဲ့ ထိုအရာမှာ အသက်သွင်းလေ့သွင်းထ မရှိကြချေ။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကို ရန်ပြုနိုင်သည့် အင်အားကြီး သူများ ဟူ၍ မရှိသောကြောင့်ပင် ဖြစ်၏။ သို့ပေမဲ့ ရှားရှားပါးပါးဆိုသလိုပဲ ယနေ့တွင် အသက်ဝင်လာခဲ့၏။ "ဘာလို့ ကောင်းကင်ကြီးက မှောင်သွားရတာလဲ"

ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားကြ၏။

မူလအားဖြင့် နှင်းကဲ့သို့ ဖြူစွတ်လျက်ရှိသော ကောင်းကင်ကြီးသည် ရုတ်တရက် မဲမှောင်လျက်ရှိသည်။

ကောင်းကင်ယံတွင်တော့ တောင်၏ အရွယ်အစား ရှိသော လင်းယုန်ငှက်ကြီးတစ်ကောင်သည် အတောင်ပံများကို ဖြန့်ကာ ဖြေးဖြေးချင်း ပျံသန်းလာခဲ့၏။

၎င်းသည် အအေးနန်းတော် ဂိုဏ်း အကာအကွယ် အစီအရင်၏ ရှေ့တွင် အသာဆင်းသက်လိုက်တော့သည်။ ဘုရင်တစ်ပါး ဆင်းသက်လာသည့် အတိုင်းပင်။

"သောက်ကျိုးနည်း ဒီလောက်ကြီးမားတဲ့ လင်းယုန်ငှက်ကြီးက ဘယ်ကနေ ရောက်လာတာလဲ"

"အအေးနန်းတော်ရဲ့ အကာအကွယ် အစီအရင် အသက်ဝင်လာခဲ့တာ ဒီကောင်ကြီးကြောင့် ဖြစ်မယ်။"

ဝူး ဝူး

ထိုအချိန်မှပဲ သူတို၏ နောက်ဘက်ဆီမှ ဝံပုလွေ အော်သံများ ထွက်ပေါ်လာခဲ့တော့သည်။

ရွှီ

အားလုံးသည် အလျှင်အမြန်နှင့် လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ ရေခဲပြင်ထဲတွင် ရေတွက်၍ မရအောင် များပြားလှသော အပြာရောင် အလင်းတန်းများ အားလုံးသည် သူတို့အား ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရ၏။

အဆင့်နိမ့်ကျင့်ကြံသူများအားလုံးသည် ချက်ချင်းဆိုသလိုပဲ လေလှိုင်းများကြောင့် ဘေးဘယ်ညာဆီသို့ လွင့်စင်သွားကြသည်။

မကြာခင်မှာပဲ ထိုအပြာရောင် အလင်းတန်းများအားလုံးသည် အအေးနန်းတော်၏ အရှေ့နေရာတွင် ရပ်တန့်လိုက်ကြ၏။

ထိုအလင်းတန်းများသည် ဝံပုလွေ သားရဲကြီးများဖြစ်ကြောင်း အားလုံးက မြင်လိုက်ရတော့သည်။

ထိုဝံပုလွေသားရဲ၏ ခန္ဓာကိုယ်ပေါ်မှာတော့ အမဲရောင် ဝတ်စုံများ ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူများ ရှိနေပြီး ၎င်းတို့၏ ပုံပန်းသွင်ပြင်သည် အလွန်တရာ ကြမ်းတမ်းလွန်းလှ၏။

အရှေ့မြောက်ဒေသတွင် ရှိသော သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားကြသည်။

ဤအဖွဲ့သည် ကောင်းသည့် ရည်ရွယ်ချက်နှင့် ရောက်ရှိလာခြင်း မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိရှိလိုက်ရ၏။

ရွှီ ရွှီ။

အအေးနန်းတော်ရှိ အထက်ပိုင်း အကြီးအကဲများအားလုံးသည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက်မှာတော့ အစီအရင်အပြင်ဘက်တွင် ရှိနေသောကြီးမားလှသည့် လင်းယုန်နက်ကြီးကို မျက်မှောင်ကုတ်ကာ ကြည့်မိလိုက်ကြသည်။

ဤလင်းယုန်ငှက် သားရဲကြီးသည် ကျိန်းသေပေါက် စိတ်ဝိညာဉ် သားရဲဖြစ်ကြောင်း သူတို့ အလိုလို သိရှိနေကြ၏။

"ရောင်းရင်း"

အအေးနန်းတော်၏ ခန်းမသခင်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "အအေးနန်း‌တော်ကို ဘာလာလုပ်တာလဲ"

"ပြသနာလာရှာတာပါ" ကျွင်းချောင်ရှောင်းသည် အေးစက်စွာ ပြောလိုက်၏။

အအေးနန်းတော်သခင်နှင့် များပြားလှသော အကြီးအကဲများ အားလုံးသည် ချက်ချင်းပဲ ဒေါသတွေ ထွက်သွားကြ၏။

၎င်းတို့ဂိုဏ်းသည် အရှေ့မြောက် လုကျိုး တည်နေရာတွင် နှစ်ပေါင်းထောင်ချီကတည်းက တည်ထောင်ခဲ့သော ဂိုဏ်းတစ်ခု ဖြစ်၏။ သို့ပေမဲ့ ထိုကဲ့သို့ ပြသနာလာရှာသည်ဟု ပြောဆိုခံရသည်တော့ ပထမဆုံးအကြိမ်ပင် ဖြစ်တော့သည်။

"ရောင်းရင်း"

အအေးနန်းတော်၏ သခင်သည် အေးစက်စွာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ရန်ငြိုးလည်း မရှိဘူး။ဘာလို့ ပြသနာလာရှာတာလဲ"

ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ကျုပ်တပည့်က အရှေ့မြောက် ဒေသ လူကျိုးကို လာတာ။ ဒါပေမဲ့ ခင်ဗျားတို့ အအေးနန်းတော်က စီရင်စုတစ်ခုလုံးမှာ ဖမ်းဝရမ်း ထုတ်ခဲ့တယ်။ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် ရန်ငြိုးမရှိဘူးလို့ ဘယ်လိုလုပ် ပြောလို့ ရမှာလဲ"

"စီရင်စု တစ်ခုလုံးမှာ ဖမ်းဝရမ်းထုတ်ခဲ့တဲ့သူ ဟုတ်လား"

အအေးနန်းတော်သည် ရုတ်တရက် အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးအား သတိရလိုက်၏။ သူသည် နားလည်သဘောပေါက်စွာဖြင့် ပြောလိုက်သည်။ "ဒီတော့ သူမက ဂိုဏ်းတစ်ခုခု ကပေါ့"

ဟမ့်

အကြီးအကဲသည် အေးစက်စက် ပြောလိုက်၏။ "မင်းပြောနေတဲ့မိန်းကလေးက နှင်းတောင်ကြားမှာ ရှိတဲ့ တပည့်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။ပြီးတော့ ကျုပ်တို့ အအေးနန်းတော်က တပည့်တွေကိုလည်း ဒဏ်ရာ ရအောင် လုပ်ခဲ့တယ်။ဒါ့ကြောင့် သူမကို လိုချင်တယ်ဆိုတာက သဘာဝပဲ မဟုတ်လား။"

ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ကုတ်ကာ ပြောလိုက်၏။

"ဒီလိုဆိုရင် နှင်းတောင်ကြားက ကျုပ်တပည့်ကို အနိုင်ကျင့်တာပေါ့။ဒီတော့ ကျုပ်တို့က သုတ်သင်ရှင်းလင်းပစ်ရမှာ သဘာဝပဲ။ အခုလည်း ဒီနေ့မှာ ခင်ဗျားတို့ရဲ့ အအေးနန်းတော်ကို လာခဲ့တယ်။ဘာလို့လဲဆိုတော့ သုတ်သင် ရှင်းလင်းဖို့"

"မင်းတို့က နှင်းတောင်ကြားကို သုတ်သင်ရှင်းလင်းခဲ့တယ် ဟုတ်လား။" အအေးနန်းတော်၏ သခင်သည် မျက်မှောင်ကျူံ့လိုက်မိသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို မြှောက်ကာ ပြောလိုက်တော့သည်။

“ပြိုင်စံရှား ဂိုဏ်းက အရှေ့မြောက် လုကျိုးဒေသကို ပထမဆုံး ရောက်လာတာပဲ ဒီတော့ ကျုပ်တို့က အားလုံးအတွက် ရက်ရောတဲ့ လက်ဆောင်တွေ ပြင်ဆင်ပေးထားတယ်။ဒီတော့ ကျေးဇူးပြူပြီး လက်ခံပါ"

ဝှစ်

တောင်ခြေတွင် ရှိနေသော ရှောင်ကျီသည် တည်နေရာ အလွတ်တစ်ခုထဲသို့ သွားလိုက်သည်။

ပြီးနောက် သူသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် အမြှောက်ကြီးတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။

ပြီးနောက် အအေးနန်းတော်၏ တည်နေရာအား ချိန်တွယ်လိုက်သည်။ လက်ဆောင်သည် အလွန်တရာ အားကောင်းလွန်းလှ၏။

စုရှောင်မို ၊ လီဖေးနှင့် တစ်ခြားသူများအားလုံးသည် မြန်မြန်ဆန်ဆန်နှင့် ခပ်ဝေးဝေး တည်နေရာဆီသို့ သွားလိုက်ကြသည်။ သူတို့သည် နားများကို ကြိုတင်ကာ အုပ်လိုက်ကြသည်။

"ဒါ ဘာကြီးလဲ

"ပစ်လို့ ရတဲ့ လက်နက်တစ်ခုနဲ့ တူတယ်"

"အအေးနန်းတော်ရဲ့ အကာအကွယ် အစီအရင်ကို တိုက်ခိုက်ချင်နေတာလား။"

ဝုန်း

နားကွဲလောက်အောင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုထွက်ပေါ်လာသည်။

များပြားလှသော ကျင့်ကြံသူများသည် မည်သို့မှ မခံနိုင်ဘဲ သွေးတွေပင် အန်ထွက်လာကြတော့သည်။ သူတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နက်သွားကြတော့၏။

All Chapters