အခန်း (၅၈၁)
Vol. 39 Ch. 581
“ဒင်... သီးခြားတာဝန်ပြည့်စုံပြီ၊ ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ အား လက်ခံရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၅၀၀၀ / ၂၀၀၀၀”
“ဒင်... လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ပြုပါသည်၊ ဖုံးကွယ်ထားသည့်တာဝန် ပြည့်စုံစေသည့်အတွက် အတွေ့အကြုံအဆောင် သုံးခု၊ သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည် တစ်ပုလင်းတို့အား ရရှိသည်”
ကျွင်းချောင်ရှောင်းသည် အလွန်တရာ ပျော်ရွှင်သွား၏။ ဤသီးခြားတာဝန်သည် အတွေ့အကြုံအဆောင် သုံးခု တောင် ပေးအပ်လျက်ရှိ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ နောက်ထပ်သတိပေးချက်များသည် သူ၏နားထဲ၌ ဆက်လက်ထွက်ပေါ်လျက်ရှိနေသေးသည်။
“ဖုံးကွယ်ထားသည့်တာဝန်ကို ပြည့်စုံစေသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်၊ ဓားလမ်းစဉ် ပင်ကိုယ် စွမ်းရည်ပြောင်းလဲခြင်း၊ အစီအရင် ပင်ကိုယ်စွမ်းရည် ဆေးရည်များကို ရရှိပြီး သိုင်းဘုရင်အဆင့်ဆေးလုံး ဖော်မျူလာအား ဝယ်ယူရန် အခွင့်အရေး ရရှိသည်”
ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် ထ၍ ခုန်လုမတတ် စိတ်လှုပ်ရှား မိသည်။ သိုင်းဘုရင်အဆင့် ဆေးလုံးဖော်မြူလာကို ဝယ်ယူရန် အခွင့်အရေးဆိုသည်မှာ အလွန်တရာ ကောင်းမွန် လွန်းလှ၏။ အိန္ဒြေကြီးနှင့် မနေနိုင်တော့ချေ။
ဂိုဏ်းချုပ်ကျွင်းသည် နှလုံးခုန်နှုန်းများ ရပ်တန့် လုမတတ် စိတ်လှုပ်ရှားမိသည်။ သူသည် အလျင်အမြန်ဆိုသလိုပဲ ဝယ်ယူနိုင်မည့်စာရင်းကို ဖွင့်ကြည့်လိုက်၏။ သေချာပေသည်။ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်နှင့် သိုင်းဘုရင်အဆင့် ဆေးလုံးဖော်မြူလာ နှစ်မျိုး သည် လေထုထဲတွင် ပေါ်လျက်ရှိ၏။
“ဟား ဟား ဟား ဟား”
ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် စောင့်ကြောင့်ထိုင်၍ သူ၏မျက်နှာကို အုပ်ကာကာ အားရပါးရ ရယ်မောလျက် ရှိနေတော့သည်။
မင်းသမီးလေး ကြာပန်းနီက မေးလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ဘာဖြစ်တာလဲ”
“မင်းသမီးလေး”
လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်က တစ်ခါတစ်လေ အဲလိုပဲ ထရယ်တတ်တယ်”
ဂိုဏ်းချုပ်ကျွင်း သည် အကြောင်းအရာမရှိဘဲ ထရယ်တတ်၏။ တပည့်တစ်ယောက်အနေနှင့် သူသည် ထိုသို့သော ဖြစ်ရပ်မျိုးကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်ပင် အသားကျနေသည်ဟု ဆိုရမည်။
“ဪ”
မင်းသမီးလေး ကြာပန်းနီက ပြောလိုက်သည်။ ပြီးနောက် တွေးလိုက်မိသည်။ “ဒါက ရောဂါတစ်မျိုးလား”
ဤအရာသည်သာ ရောဂါတစ်မျိုးဟု ဆိုပါက ကျွင်းချောင်ရှောင်းသည် ဘယ်တော့မှ ကုသလိမ့်မည် မဟုတ်ချေ။ အမြဲတမ်းဖြစ်ပါစေဟု ဆုတောင်းနေပေလိမ့်မည်။
……
လွန်ခဲ့သည့် ဆယ်နှစ်တုန်းက ကောင်းကင်ဘုံမြို့၏ မြို့တော်ဝန်မူသည် ကျွမ်းကျင်သူများကို ခေါ်ဆောင်၍ အရှေ့ အလယ်ပိုင်းဒေသဆီသို့ သွားခဲ့သည်။ သို့ပေမဲ့ နောက်ဆုံးမှာတော့ အရှက်ကွဲ၊ အကျိုးနည်းဖြင့် ပြန်လာခဲ့ရသည်။ သူသည် ဒေါသထွက်လွန်းသောကြောင့် တည်နေရာမှာတင် သွေးအန်ခဲ့ရပြီး ပြန်လည်ကောင်းမွန်ရန်အတွက် အချိန် အတော်ကြာ ကုသခဲ့ရသေးသည်။ ရှက်ဖို့ရာ ကောင်းလွန်းလှသော တိုက်ပွဲကို တိုက်ခဲ့ရသည်ဟုပင် ဆိုရမည်။
အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ အရှေ့တောင်ရန်ကျူးရှိ ကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ဦးခေါင်းကိုပင် မမော်ထားရဲပေ။ တစ်သက်လုံး ထိခိုက်နာကျင်မှုမျိုး ခံစားရမည်ဟု သူတို့ တွေးထားမိကြသည်။
သို့ပေမဲ့ ယနေ့မှာတော့ သံမဏိအရိုးတောင်၏ တောင်ခြေရင်းမှာ ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များ အားလုံး သည် အရှေ့အလယ်ပိုင်းဒေသရှိ ဂိုဏ်းကြီးငါးဂိုဏ်း၏ ခေါင်းဆောင်များအား တိုက်ခိုက် အနိုင်ယူခဲ့၏။ ၎င်းတို့သည် သိုင်းအုပ်စိုးသူတစ်ယောက်ကိုပင် တိုက်ခိုက်အနိုင်ယူခဲ့ရုံသာမက တော်ဝန်မြို့၏ သခင်လေးလင်း ကိုပင် အရှက် တကွဲ အကျိုးနည်းဖြစ်အောင် ထိုးနှက်ရိုက်ခဲ့သေး၏။
လက်ရှိအခြေအနေမှာတော့ သိုင်းကျင့်ကြံသူများသည် ထိုသတင်းအား တည်နေရာအနှံ့သို့ ဖြန့်ဝေလျက် ရှိနေတော့သည်။ အရှေ့တောင်ရန်ကျူးမှ ကျင့်ကြံသူများအားလုံးသည် အကြီးအကျယ် အောင်ပွဲခံနေကြသည်။
ဟုတ်ပေသည်။ ထိုသို့သောလူမျိုးထဲမှ လုံရန်မြို့ရှိ လုံပိုထျန်းသည်လည်း စားပွဲခုံကို ပြင်းပြင်း ထန်ထန်ရိုက်ကာ ထ၍ အော်ရယ်လိုက်မိ၏။ “ဂိုဏ်းချုပ်ကျွင်းက ငါတို့ အရှေ့တောင်ရန်ကျူးအတွက် လက်စားချေခဲ့ပြီပဲ”
“ဆရာကျွင်းက တကယ့်ကို အံ့အားသင့်စရာပဲ၊ ငါမြန်မြန် ဘွဲ့ယူနိုင်အောင် ကြိုးစားရမယ်၊ ဒါမှ ပြိုင်စံရှားဂိုဏ်း ထဲကို ဝင်လို့ရမှာ”
ကောင်းကင်ဘုံကျောင်းရှိ ကျောင်းသားများအားလုံးသည်လည်း အပူတပြင်းဆွေးနွေးလျက်ရှိကြ၏။ သူတို့၏ ကျွင်းချောင်ရှောင်းအပေါ် ချီးကျူးမှုများသည် ပိုမို၍ အားကောင်းလာတော့သည်။
“ဟား … ဟား … ဟား … ဟား”
ရီထျန်းချန်သည် ရယ်ကာ ပြောလိုက်၏။ “အံ့အားသင့်စရာပဲ၊ အံ့အားသင့်စရာပဲ”
သူ့အနေနှင့် ဂိုဏ်းအသိအမှတ်ပြုဗဟို၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်မို့ သမာသမတ်ကျပြီး အလယ်အလတ် ကျရမည်ဖြစ်သည်ဆိုသော်လည်း သူသည် အရှေ့တောင်ရန်ကျူးတွင် နေထိုင်သူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ပြင်ပ တည်နေရာမှ ဂိုဏ်းများသည် သူရှိရာနေရာရှိ ဂိုဏ်းများအား ရိုက်နှက်အနိုင်ယူခဲ့သည်ကို မည်သို့မျှ မခံနိုင်ချေ။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းသည် သူ့အား အလွန်ပင် ဝမ်းမြောက်စေခဲ့၏။
“ငါဆုံးဖြတ်လိုက်ပြီ”
ရီထျန်းချန်က ပြောလိုက်သည်။ “နောက်တစ်ခါကျင်းပမဲ့ နဂါးကျားတိုက်ပွဲမှာ ပြိုင်စံရှားဂိုဏ်းက အရှေ့တောင်ရန်ကျူးကို ကိုယ်စားပြုပြီး ပြိုင်ဆိုင် လိမ့်မယ်”
“ဒါက ….”
အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်း၊ တခြားသောသူများအားလုံးသည်လည်း ဆွံ့အသွားကြ၏။ တစ်ချိန်လုံး တွန့်ဆုတ်နေခဲ့သော ခေါင်းဆောင်သည် ရုတ်တရက်ဆိုသလိုပဲ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့လိုက်၏။
“အကြီးအကဲကျိုး”
ရီထျန်းချန်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကိုသွားပြီးတော့ သူတို့ကို လူကိုယ်တိုင် သတင်းပေးလိုက်တော့၊ ဂိုဏ်းချုပ်ကျွင်းကို လာမယ့်နှစ်နှစ် မှာကျင်းပမယ့် ပြိုင်ပွဲအတွက် ပြင်ဆင်ထားပါလို့ ပြောလိုက်”
“ကောင်းပါပြီ” အကြီးအကဲကျိုးသည် မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားတော့သည်။
ရီထျန်းချန်သည် စားပွဲပေါ်သို့ လက်တစ်ဖက် တင်ကာ တီးတိုးရေရွတ်လိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်း... အရှေ့တောင်ရန်ကျူးတစ်ခုလုံးကို ကိုယ်စားပြုပြီးတော့ နဂါးကျားတိုက်ပွဲမှာ ကောင်းမွန်တဲ့ ရလဒ်တွေ ယူဆောင်လာပေးမယ်လို့ ကျုပ်မျှော်လင့်မိတယ်”
...........
အပြင်လောကရှိ ပြိုင်စံရှားဂိုဏ်းအကြောင်း ဆွေးနွေးမှုများ အားလုံးသည် အလွန်ပင် များပြားလျက် ရှိနေတော့ သည်။ သို့ပေမဲ့ ထိုကဲ့သို့သော ပုံပြင်ဇာတ်လမ်းများထဲတွင် ပါဝင်နေသော ကျွင်းချောင်ရှောင်းမှာတော့ အခန်းထဲ ဝင်၍ သော့ခတ်ကာ အတွေ့အကြုံအဆောင်သုံးခုကို ထုတ်ယူလိုက်တော့သည်။
ချွတ် …
ဝှစ် ဝှစ်
ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်အမြူတေမှ စိတ်ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက်ဆိုသလိုပဲ ဆူဝေလာတော့သည်။ ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အော်ရာများ သည် ပိုမို၍ များပြားလာသည်။ သူ၏ အဆင့်သည် သိုင်းဘုရင်အဆင့်လေးမှသည် အဆင့်ငါးဆီသို့ တိုးတက် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
သူသည် အချိန်အတော်ကြာ ကြိုးစားခဲ့ရပြီး ဂိုဏ်းစုဆောင်းမှတ်များကိုပင် အသုံးပြု၍ အဆင့်ချိုးဖြတ်ရန် ကြိုးစားခဲ့ရ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အတွေ့အကြုံအဆောင်တစ်ခုကို ချိုးဖြတ်လိုက်ရုံမျှနှင့် အဆင့်ငါး သိုင်းဘုရင်အဆင့်သို့ ရောက်ရှိသွားသည်။ အံ့အားသင့်စရာ ကောင်းလွန်းလှသည်။
ဂျွတ် ဂျွတ်
ကျွင်းချောင်ရှောင်း သည် တခြားအသိအမြင်အဆောင်နှစ်ခုကို ချိုးချေလိုက်သည်။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်ငါးမှ အဆင့်ခုနှစ်ဆီသို့ တိုးတက်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ငါက ကျွင်းချောင်ရှောင်းပဲ”
အခန်းထဲမှာ လျှောက်နေရင်းနှင့် သူသည် အားရပါးရ ပြောလိုက်သည်။ “ငါက ဆာဗာခိုးဆော့တဲ့လူ မဟုတ်ဘူး”
စနစ်က ပြောလိုက်သည်။ “ပေါကြောင်ကြောင် ကောင်ပဲ”
ဘန်း
လေ့ကျင့်ရေးခန်းမထဲ ရောက်ရှိပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အားအင်စမ်းသပ်ခြင်းစက်အား လက်သီးဖြင့် ထိုးလိုက်တော့သည်။ အားအင်အဆင့်သည် ၁၁.၅ သန်းဟု ပြသလျက်ရှိသည်။ ဆယ်သန်းကိုပင် ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာကို အုပ်ကာ၍ အားရပါးရ ရယ်မောလိုက်ပြန်သည်။
သူသည် ဝိညာဉ်ကူးပြောင်းရောက်ရှိကာစက မရီဒန်ဖွင့်ခြင်း အဆင့်နှစ်သာလျှင် ရှိခဲ့သည်။ လက်ရှိအခြေအနေ မှာတော့ ဓားနှင့်သိုင်းဘုရင် အဆင့်ခုနှစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ အားအင်အဆင့်သည်လည်း ၁၁.၅ သန်းသို့ပင် ရောက်ရှိနေသည်။ ဤအရာသည် သူ၏ ပြောင်းလဲမှုပင်ဖြစ်၏။
သူသည် ကျယ်လောင်စွာ အော်ဟစ် လိုက်မိသည်။ “ဘယ်သူယှဉ်ချင်သေးလဲ”
ကျွင်းချောင်ရှောင်းသည် အလွန်တရာ ကျေနပ်နေမိ၏။ သီးခြားတာဝန်ပြီးမြောက်မှုအတွက် ပေးအပ်ခဲ့သော ဂိုဏ်းစုဆောင်းမှတ်များမှာတော့ နည်းပါးလှသော်လည်း ဆုလာဘ်များမှာတော့ အလွန်တရာ များလွန်းလှနေ သည်။
စနစ်က ပြောလိုက်သည်။ “ဒါက ပြိုင်စံရှားဂိုဏ်းစနစ် Version 2.0 မလို့လေ၊ ပြီးတော့ တချို့သော အထူးတာဝန်က အရင်ဗားရှင်းက ရှိခဲ့တဲ့ အထူးတာဝန်တွေနဲ့ နှိုင်းယှဉ်လို့မရဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုဆိုရင် ဓားနဲ့သိုင်းဘုရင် ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားရင် အထူးတာဝန်တစ်ခု ပေါ်လာဦးမှာပေါ့၊ ဒါဆိုရင် ရမယ့်ဆုလာဘ်တွေကလည်း အရမ်းများမယ်ထင်တယ်”
“ဒါကအမှန်ပဲ”
စနစ်သည် ခဏလောက်ရပ်တန့်ကာ ထပ်ပြောလိုက်၏။ “ဒီလိုပဲ ခက်ခဲမှုကလည်း အရမ်းတိုးလာမှာပဲ”
“ဪ”
ကျွင်းချောင်ရှောင်းသည် ပြန်လည်တုန့်ပြန်ရင်းမှာပဲ စတိုးအား ဖွင့်လိုက်တော့သည်။ ပြီးနောက် သူသည် စဦးအဆင့် ဓားစွမ်းရည်ပုလင်းအားနှိပ်၍ ဝယ်ယူလိုက်တော့သည်။
“ဂိုဏ်းစုဆောင်းမှတ် - ၅၀၀၀”
“ချီးတဲ့မှ စဦးအဆင့်တောင် ဒီလောက်ဈေးကြီးတာလား”
သူသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ စဦးအဆင့် ပင်ကိုယ်စွမ်းရည်ဆေးရည်အား နှိပ်ကြည့်လိုက်တော့၏။ ထိုအရာ၏ ဈေးနှုန်းမှာလည်း ငါးထောင်ပင်ဖြစ်၏။
ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။ လက်ရှိအခြေအနေတွင် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းခွဲသာလျှင်ရှိ၏။ သူသည် အလွန်တရာ ချမ်းသာနေပြီဟု ခံစားမိခဲ့သည်။ ဤသို့သော ဆေးရည်များကို ဝယ်ယူမည်ဆိုလျှင် သုံးပုလင်းသာ အများဆုံးဝယ်ယူနိုင်၏။
“ဒါကများလွန်းတယ်”
ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်ဆေးလုံးဖော်မြူလာအား နှိပ်ကြည့်လိုက်တော့သည်။ မိတ်ဆက်အရ ကြည့်မည်ဆိုလျှင် ထိုဆေးလုံးကို သန့်စင်ရာတွင် ကုန်ကြမ်းပစ္စည်း အများအပြားလိုအပ်မည်ဖြစ်ပြီး သောက်သုံး လိုက်ပါက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်မှသည် သိုင်းဘုရင်အဆင့်ဆီသို့ တိုက်ရိုက်ပင် ချိုးဖြတ်ရောက်ရှိနိုင်၏။
“အံ့အားသင့်စရာပဲ၊ ဘေးထွက်ဆိုးကျိုးက ရှိသေးလား”
ဟုတ်ပေသည်။ ဘေးထွက်ဆိုးကျိုးကလည်း ရှိနေ၏။ သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိခြင်းသည် သေမျိုး လောကထဲမှ ထွက်ခွာသွားခြင်းနှင့်ပင် ဆင်တူနေ၏။ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီး၏ နိယာမဓာတ်ကို ထိန်းသိမ်းရန် အလို့ငှာ ကျင့်ကြံသူတစ်ယောက်သည် သိုင်းဘုရင်အဆင့်သို့ရောက်ရှိရန် ဆေးလုံးကို သောက်သုံးသည်ဆိုပါက ၎င်း၏သက်တမ်းသည် နှစ်တစ်ရာ ကုန်ဆုံးပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တစ်စုံတစ်ယောက်ရဲ့ သက်တမ်းကို နှစ်တစ်ရာတောင် ကုန်ဆုံးစေမှာလား”
သိုင်းဘုရင်ဆေးလုံးအတွက် ပေးဆပ်ရသည့်ဖော်မြူလာသည် ကျိုးကြောင်းဆီလျော်သည်ဟု သတ်မှတ်ရပေမည်။ ထို့အပြင် ဂိုဏ်းစုဆောင်းမှတ်ကလည်း နှစ်ထောင်သာလျှင် ကုန်ကျ၏။ သို့ပေမဲ့ တစ်စုံတစ်ယောက်၏ သက်တမ်း နှစ်တစ်ရာအထိကုန်ဆုံးမည်ဆိုခြင်းကြောင့် ဝယ်သင့်လား၊ မဝယ်သင့်လား ကျွင်းချောင်ရှောင်းသည် ချက်ချင်း မဆုံးဖြတ်နိုင်ချေ။ ထို့ကြောင့် သူသည် စုံစမ်းရန် ပြင်ဆင်လိုက်၏။
“ချင်းယန်... မင်းသာ အခွင့်အရေးရလို့ သိုင်းဘုရင်အဆင့်ကို ရောက်ရှိမယ်ဆိုရင် မင်းရဲ့သက်တမ်းကို နှစ်တစ်ရာ ပေးဖို့ အစီအစဉ်ရှိလား”
“အစီအစဉ်ရှိပါတယ်”
“ရှောင်ကျီ … မင်းကော”
“ဂိုဏ်းချုပ်... ကျွန်တော်လည်း အစီအစဉ်ရှိပါတယ်”
“ဘာလို့လဲ”
“အဆင့်တက်ပြီးသွားရင် တစ်စုံတစ်ယောက်ရဲ့ သက်တမ်းက ပိုပြီးတော့ တိုးလာမှာလေ၊ ဒီတော့နှစ်တစ်ရာလောက် ဆုံးရှုံးသွားတယ်ဆိုတာ ဘာကိစ္စမှ မရှိဘူး”
“ဒါလည်း ဟုတ်တာပဲ”
ကျွင်းချောင်ရှောင်းသည် သူ့နဖူးသူ ပုတ်လိုက်မိ၏။ သိုင်းကျင့်ကြံသူတစ်ယောက်သည် အဆင့်တစ်ခု တက်သွားသည်ဆိုသည်နှင့် ၎င်း၏ နေထိုင်နိုင်သည့် သက်တမ်းသည်လည်း ပိုမို၍ တိုးသွားပေသည်။
ထို့ကြောင့် နှစ်တစ်ရာသက်တမ်း ပျောက်ဆုံးသွားသည်ဆိုခြင်းမှာ ဘာမှစိတ်ပူစရာ မရှိချေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီး ထဲတွင်ရှိသော သက်ရှိများသည် အစောကြီးကတည်းက ရှည်လျားလှသည့် သက်တမ်းကို ပိုင်ဆိုင်ကြပြီးဖြစ်၏။ ထို့ကြောင့် သိုင်းဘုရင်အဆင့်သို့ ပြောင်းလဲရောက်ရှိပြီးသည့်နောက်မှာ နှစ်တစ်ရာလောက် ပေးဆပ်လိုက်ရသည်က ဘာမှမဟုတ်ချေ။
စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ဒါဆိုရင် သိုင်းဘုရင်ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးက မရှိဘူးလို့ ပြောရမှာပေါ့၊ ဘာလို့ ထည့်ရေးထားသေးတာလဲ”