← Chapters

အခန်း (၅၈၆)

Vol. 40 Ch. 586

အခန်း (၅၈၆)

Vol. 40 Ch. 586

“စီနီယာအစ်မကြီး… ကျုပ်တို့လာပြီ”

“စီနီယာအစ်မကြီးကို အနိုင်ကျင့်ခဲ့တဲ့လူ ဘယ်သူ့ကိုမဆို အသက်နဲ့ကိုယ်နဲ့ အိုးစားခွဲပစ်မယ်”

စုရှောင်မိုနှင့် လီဖေးတို့သည် ဤစကားကို အော်ဟစ်လိုက်သည့်အချိန်မှာတော့ ထိုအသံသည် ကောင်းကင်တစ်ခု လုံးဆီသို့ ပဲ့တင်ထပ်သွားတော့သည်။

အူ … ဝူး

ဟာရီကိန်းဝံပုလွေများသည် ရှေ့သို့ ပြေးထွက်လာကြပြီး ကျုံးရီ၏ ဦးဆောင်မှုအောက်မှာတော့ သံချပ်ကာဝံပုလွေ တပ်သားတစ်ထောင်ကျော်တို့သည် အအေးနန်းတော်၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်ပဆီသို့ ဝင်ရောက်လာကြတော့သည်။

လက်ရှိအချိန်မှာတော့ အအေးနန်းတော်၏ တပည့်တစ်သောင်းကျော်တို့သည် အတွင်းခြံဝန်းထဲမှ ပြေးထွက်လာကြ၏။ သို့ပေမဲ့ ၎င်းတို့၏ အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် နှိုင်းယှဉ်၍ ရလိမ့်မည် မဟုတ်ပေ။

ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးသည် ကျောကိုမတ်မတ်ထား၍ ရင်ကိုကော့ကာ အလွန်တရာ အားကောင်း လှသော သံမဏိလို စိတ်ဓာတ်မျိုးကို ထုတ်ဖော်ပြသလျက်ရှိနေသည်။ ဂိုဏ်းသည် နာမည်ပြောင်းသွားခဲ့သည် ဆိုသော်လည်း သံမဏိကဲ့သို့ စိတ်ဓာတ်ကို ပိုင်ဆိုင်မှုမှာတော့ ပြောင်းလဲမသွားခဲ့ချေ။

“အံ့အားသင့်စရာပဲ”

ကျွင်းချောင်ရှောင်းကို ကာကွယ်ရန်အတွက် အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသော ကျွမ်းကျင်သူများ အားလုံး သည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါများကို မြင်ရသည့်အချိန်မှာတော့ ချီးကျူးမိလိုက်ကြ၏။ ဂိုဏ်းသည် ယခုမှ အဆင့်မြင့်တက်လာသည်ဆိုသော်လည်း အဆင့်လေးဂိုဏ်းတစ်ခုနှင့် ရင်ဆိုင်ရာတွင်တော့ မည်သို့သော ကြောက်လန့်မှုများကိုမှ မပြသခဲ့ချေ။ ထိုသူများကို မည်ကဲ့သို့ လေ့ကျင့်ပေးခဲ့ သနည်း။

အရှေ့တောင်ရန်ကျူးမှ သိုင်းကျင့်ကြံသူများဖြစ်သည်မို့ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းတပည့်များ၏ အော်ရာများ လွှမ်းမိုးမှု အောက်တွင် ရင်ထဲ၌ လှိုက်လှိုက်လှဲလှဲနှင့် ဂုဏ်ယူမိလိုက်ကြတော့သည်။ ၎င်းတို့နယ်မြေ၏ အားအင်အဆင့်သည် အားနည်းသည်ဟု မည်သူက ပြောဆိုခဲ့သနည်း။ ၎င်းတို့နယ်မြေသည် လူတကာ ရောက်ရှိလာပြီး ဗိုလ်ကျ ချယ်လှယ်လို့ရသည့် နေရာမျိုးဖြစ်သည်ဟု ဘယ်သူက ဆုံးဖြတ်ခဲ့သနည်း။

ယနေ့မှာတော့ အရှေ့တောင်ရန်ကျူးသည် အလားအလာနှင့်ပတ်သက်လျှင် ထိပ်ဆုံးသုံးခုထဲသို့ ဝင်သည့် အလွန်တရာ ကြီးကျယ်ခမ်းနားလှသော ဂိုဏ်းတစ်ခု ပေါ်ပေါက်လာသည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီ ဖြစ်သည်။

ဝှစ် … ဝှစ်။

ကောင်းကင်ပေါ်မှာတော့ စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားတော့သည်။

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွားတော့၏။ သူသည် နတ်ဆိုးလင်းယုန်နက်ကြီးပေါ်တွင် မတ်မတ်ရပ်လျက်ရှိသည်။ အအေးနန်းတော်၏ ခန်းမသခင်သည် အလွန်တရာ မျက်နှာပျက်ယွင်းသွားတော့သည်။ လက်ရှိအခြေအနေမှာတော့ သူသည် သူ၏ဝှက်ဖဲကို အသုံးပြုခဲ့သည်။ သို့ပေမဲ့ တစ်ဖက်မှ လင်းယုန်ငှက်ကြီး၏ ချိုးဖျက်မှုကို ခံလိုက်ရသည်။ ၎င်း၏ အားအင်အဆင့်သည် လင်းယုန်နက်ကြီးလောက် အားမကောင်းလှသည်ကို သိသာလှ၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို သိရှိသောကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်တော့၏။ အအေး နန်းတော်တွင် သိုင်းဘုရင်များရှိ၏။ ထို့အတူ ပြိုင်စံရှားဂိုဏ်းတွင်လည်းရှိ၏။ အအေးနန်းတော်တွင် သိုင်းအုပ်စိုးသူ တစ်ယောက်ရှိသည်။ ထို့အတူ ပြိုင်စံရှားဂိုဏ်းတွင်လည်း ရှိ၏။ မည်သည့်နေရာတွင် ကြောက်ရွှံ့နေရမည်နည်း။ ရိုက်နှက်ခြင်းသည်ကသာ အဆုံးအဖြတ်ဖြစ်လိမ့်မည်။

ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုမြှောက်ကာ အဓိကဟောခန်းဆီသို့ လမ်းညွှန်လိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်သည်။ “တပည့်တို့ ငါ့အမိန့်ကို နားထောင်ကြ၊ အအေးနန်းတော်တစ်ခုလုံးကို ဖျက်ဆီးကြမယ်”

“ကောင်းပါပြီ”

တပည့်များအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏အသံသည် ဘုံကိုးဆင့်သို့ပင် တုန်ခါသွားစေ နိုင်၏။

ချွမ် ချလွမ် ချွမ်

လုံကျိရန်နှင့် တခြားသောသူများသည် ၎င်းတို့၏ အအေးဓား၊ လှံနှင့် သံမဏိဒိုင်းကာများအားလုံးကို ထုတ်ယူလိုက် ကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာအားကောင်းလွန်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများသည် ထွက်ပေါ် လာတော့၏။ လီထျန်းထျန်းနှင့် မြွေဟောက်တို့သည် ၎င်းတို့၏ ကျောပေါ်ရှိ စနိုက်ပါရိုင်ဖယ်များအား ဖြုတ်ယူ လိုက်တော့သည်။ ၎င်းတို့သည် အမြင့်ဆုံးတည်နေရာတွင် နေရာယူထားကြပြီးသည့်နောက် ကျည်ဆံများကို ဖြည့်သွင်းကြသည်။ ပြီးနောက် မျက်နှာချင်းဆိုင်ရှိ လူအုပ်ကြီးဆီသို့ ချိန်တွယ်ထားကြ၏။

“အစ်ကိုမြွေ… ကျုပ် ဒီတစ်ခါတော့ လုံးဝမကြောက်တော့ဘူး”

“မင်းကိုယ့်လူကိုယ် မပစ်မိစေဖို့ ငါမျှော်လင့်မိတယ်”

…………

ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေသည်။ အအေးနန်းတော်၏ ခန်းမသခင်သည် တီးတိုးပြောလိုက်၏။

“အအေးနန်းတော်ကို လာပြီး ရန်ပြုတဲ့ ဘယ်သူ့ကိုမဆို အသက်ရှင်ရက် ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး”

တောင်၏ဂိတ်တံခါးသည် အတင်းဝင်ရောက်ဖျက်ဆီးခြင်း ခံရ၏။ ထို့အပြင် သူတို့၏ အကြီးအကဲများသည်လည်း သတ်ဖြတ်ခံခဲ့ရ၏။ ဤမျှသတ္တိကောင်းသောသူများကို လွယ်လွယ်ကူကူနှင့် ပြန်လည်ထွက်ခွာခွင့်ပေးမည် မဟုတ်ချေ။

ရွှီး ရွှီး

ချက်ချင်းဆိုသလိုပဲ အအေးနန်းတော်၏ သိုင်းဘုရင်ဆယ်ယောက်တို့သည် အဓိကဟောခန်း၏ ရှေ့ဆီသို့ လျှောက်ထွက်လာတော့သည်။ အလွန်တရာ ကြမ်းတမ်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာ တစ်ခုလုံး ပြည့်နှက်လာ၏။

နင်ညီအစ်ကိုတို့သည် ရှေ့သို့ ပြေးထွက်လာ၏။ သူတို့၏လက်များကို ယမ်းခါကာ ရှေ့၌ မတ်မတ်ရပ်လိုက်တော့သည်။ အလွန်တရာ တောက်ပသော မီးတောက်ဓားမော့ကြီးသည် လေထုထဲတွင် ဖြစ်တည် လာပြီးသည့်နောက် အားလုံးကို ခုတ်ပိုင်းလိုက်၏။

“မကောင်းတော့ဘူး၊ ရှောင်တော့”

အအေးနန်းတော်ရှိ အကြီးအကဲများအားလုံးသည် အထိတ်တလန့်ဖြင့် ထအော်လိုက်ကြသည်။ ကံဆိုးစွာဖြင့် ၎င်းတို့သည် ခြေတစ်လှမ်းနောက်ကျလျက်ပင် ရှိနေသေး၏။ သိုင်းဘုရင်နှစ်ယောက်တို့သည် အချိန်မီ မရှောင်တိမ်း နိုင်သောကြောင့် အားကောင်းလွန်းေကောင်းကင်နီဓားကွက် ၏ မီးတောက်ဓားမော့များသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းပြီး နင်တုရှင်းနှင့် နင်တုစွေတို့၏ တိုက်ခိုက်ရေးစွမ်းအင်ကို ဆထက်တပိုး ပိုမို၍ တိုးတက်သွားစေ၏။

ရီချင်းရှန်သည် ရှေ့သို့ လှမ်းတက်သည့်အခါမှာတော့ သူ၏ခြေနင်းရာ သည် ကြမ်းပြင်ကိုပင် ချိုင့်ဝင်သွားစေ၏။ သူ၏ ညာဘက် လက်သီး သည် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး လေထုထဲသို့ ထိုးခွဲလိုက်သည့်အချိန်တွင် လေခွင်းသံများနှင့်အတူ သိုင်းဘုရင်တစ်ယောက်သည် အနောက်ဘက် တော်တော်လှမ်းလှမ်းဆီသို့ လွင့်စင်သွား၏။ ထိုအကြီးအကဲသည် အနောက်ဘက်ကျောက်နံရံထဲတွင် ခန္ဓာကိုယ်တစ်ခုလုံး ချိုင့်ဝင်သွားခဲ့သည်။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ လဲကျ ကာ သေဆုံးသွားခဲ့သည်။

“တစ်ချက်တည်း သတ်ဖြတ်ခြင်း”

ရီချင်းရှန်သည် သိုင်းဘုရင်အဆင့်ကို ယခုမှ ချိုးဖြတ်ရောက်ခဲ့သည်ဖြစ်သော်လည်း ၎င်း၏ အားအင်အဆင့်သည် သိုင်းဘုရင်အဆင့်လေး သို့မဟုတ် အဆင့်ငါးများနှင့် မကွာခြားလှပေ။

ဘုန်း …. ဘုန်း

ထိုအချိန်မှာတော့ ကျည်ဆန်များသည် ဖြတ်သန်းလာပြီးသည့်နောက် သူ့အား အနောက်ဘက်မှ တိုက်ခိုက် လာသည့် အအေးနန်းတော်မှ အကြီးအကဲနောက်တစ်ယောက်အား တိကျစွာဖြင့် မှန်သွားတော့သည်။ ထိုသူသည် အနောက်ဘက်သို့ လွှင့်စင်သွားတော့သည်။

ရှောင်ကျီသည် သေနတ်ကို ကျည်ထိုးရင်း နှုတ်ခမ်းထောင့်များမှာ ကော့တက်သွား၏။ ရီချင်းရှန်သည် ထူးမခြားသလို ပြောလိုက်၏။ “ဒီမှာ တိုက်ခိုက်နေတာကို ဝင်လုပြန်ပြီ”

ရှောင်ကျီ၏ ကူညီမှုသည် ညအင်ပါယာအား အကူအညီတော့ ဖြစ်စေခဲ့၏။ မည်သို့ပင် ဆိုဆို ညအင်ပါယာ၏ စိတ်များသည် ယခင်ကနှင့်မတူပဲ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ စီနီယာအစ်ကို သူ့အား ကူညီခဲ့သည့်အချိန်မှာတော့ သူ၏ စိတ်သည် လက်ခံနိုင်ခဲ့ပြီဖြစ်၏။

တစ်ခါတစ်ရံတွင် သူသည် ထိပ်ဆုံးသော ကျင့်ကြံအဆင့်သို့ ပြန်လည်ရောက်ရှိပြီးသည့်နောက်မှာတော့ ရန်သူများကို ပြန်လည်လက်စားချေမည်ဟု တွေးတောခဲ့ဘူး၏။ ထိုသို့သော အခြေအနေ တွင် သူအန္တရာယ်များနှင့် ရင်ဆိုင်ရသည်ဆိုပါက ယခု လုချင်းချင်းကို လာရောက်ကယ်ဆယ်ခဲ့သလိုပင် အားလုံးသောသူများသည် လိုက်ပါ လာပြီး တိုက်ခိုက်မည်ကို သူကြိုတင်သိရှိနေ၏။ ထို့ကြောင့် ရီချင်းရှန်သည် အလွန်တရာ ပြောင်းလဲသွားခဲ့သည်ဟု ဆိုရမည်။

“စီနီယာအစ်ကို”

ကျိုးဟုန်သည် သူ၏နောက်မှ ပေါ်လာပြီး ပြောလိုက်သည်။ “လမ်းဖယ်”

စဉ်းစားနေတုန်းမှာပဲ ရီချင်းရှန်သည် ဘေးတစ်ဖက်ဆီသို့ အသာရှောင်ပေးလိုက်၏။

ချလွမ်

“ကျက်သရေဓားကွက်”

လေထုထဲမှာတော့ ဓားအလင်းတန်းများ ဖြတ်ပြေးသွားပြီးသည့်နောက် တည်နေရာတစ်ခုလုံးသည် ပိုင်းဖြတ်သွား တော့သည်။ အလွန်တရာအားကောင်းလှသော ဓားဆန္ဒများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ဝှီး

သွေးများ ပန်းထွက်သွားသည့်အသံသည် ထွက်ပေါ်လာတော့၏။ အအေးနန်းတော်၏ အကြီးအကဲသည် ခါးမှ နှစ်ပိုင်းပြတ်ထွက်သွားတော့၏။

“ဓားဘုရင်”

အမှောင်ထဲတွင် ပုန်းအောင်းလျက်ရှိသော သူများသည် ထိတ်လန့်သွားကုန်ကြ၏။

“ကောင်းကင်ဘုံ”

ရီချင်းရှန်ဟူသော တပည့်တစ်ယောက်သည် သိုင်းဘုရင်တစ်ယောက် ဖြစ်လို့နေသည်ကပင် သူတို့အတွက် လုံလောက်စွာ အံ့အားသင့်စေပြီး ဖြစ်သည်။ သို့ပေမဲ့ တခြားသော တပည့်တစ်ယောက်သည် ဓားဘုရင် ဖြစ်လို့ နေပြန်သည်။

ကျိုးဟုန် ဝင်ရောက်တိုက်ခိုက်လိုက်သည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းအား ကူညီရန် အမှောင် ထဲတွင် ပုန်းအောင်းလျက်ရှိသော ကျွမ်းကျင်သူများ အားလုံးသည်သာလျှင် အံ့အားသင့်ကြသည်မဟုတ်။ အအေး နန်းတော်မှ အကြီးအကဲများအားလုံး၏ အမူအရာများသည်လည်း ပြောင်းလဲသွားကြ၏။

“ဓားဘုရင်”

ဤအရာသည် ဘုရင်အဆင့်တွင် ပြိုင်စံရှားလောက်အောင် အားကောင်းလှသည့် တည်ရှိမှုမျိုးပင်ဖြစ်သည်။ ၎င်းတို့၏ အားအင်အဆင့်သည် မမြင့်မားဘူး ဆိုလျှင်တောင်မှ တိုက်ခိုက်သတ်ဖြတ်လိုခြင်းအဆင့်မှာတော့ အလွန်တရာ ကြောက်မက်ဖွယ်‌ ကောင်းလွန်း လှသည်။

အအေးနန်းတော် ခန်းမသခင်၏ အကြည့်များသည်လည်း ရုတ်တရက် တုန်လှုပ်သွားတော့၏။

ပထမဦးဆုံး ရန်သူများသည် သိုင်းအုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော လင်းယုန်သားရဲကြီးနှင့်အတူ ပျံသန်းလာ၏။ ပြီးနောက် ဘာမှန်းမသိသော လက်နက်ကြီးတစ်ခုကိုယူ၍ တောင်၏ ဂိတ်တံခါးကိုလည်း ချိုးဖောက် ဖျက်ဆီးခဲ့၏။ ထို့အပြင် တစ်ဖက်မှ ရန်သူများသည် အလွန်တရာ အားကောင်းလွန်းနေသည်။

“သတ်”

ကျုံးရီသည် အော်ဟစ်လိုက်၏။

အာ ဝူး

သံချပ်ကာဝံပုလွေ တပ်သားတစ်ထောင်ကျော်တို့သည် ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ ရှေ့ဆီသို့ ပြေးဝင် လာကြတော့သည်။ တိုက်ပွဲအတွင်း ၎င်းတို့သည် အဆင့်လေးဂိုဏ်း၏ တပည့်တစ်သောင်းနှင့် ရင်ဆိုင်နေရပြီ ဖြစ်၏။ ထိုသူများသည် ကျားဖြူစစ်တပ်မှ လူများထက် ပိုမို၍ အားကောင်းလှသည် ဆိုသော်လည်း ၎င်းတို့သည် ပြိုင်ဘက်ကင်းစွာဖြင့် ရူးရူးမူးမူး သတ်ဖြတ်ခြင်းကို ဆက်လက်လုပ်ဆောင် နေနိုင်ကြ၏။

တခြားသော အကြောင်းလဲမရှိချေ။ အချိန်အတိုင်းအတာ တစ်ခုအထိ လေ့ကျင့်ပြီးသည့်နောက် သံချပ်ကာဝံပုလွေ တပ်မှ တပ်သားများ၏ အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်ပြောင်းလဲသွားခဲ့သည် မဟုတ်လား။

ဘုန်း ဘုန်း

သိုင်းနည်းစနစ်များကို ထုတ်ဖော်မှုကြောင့် ဖြစ်တည်လာသော အလင်းများနှင့် လက်နက်များ၏ အလင်းရောင် များသည် နှစ်ပေါင်းထောင်ချီ သမိုင်းရှိခဲ့သော ဂိုဏ်းတစ်ခု၏ လေ့ကျင့်ရေးကွင်းပြင်တွင် လင်းထိန်လျက်ရှိတော့ သည်။

အအေးနန်းတော်မှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျသွားတော့သည်။ ၎င်းတို့အားလုံးသည် ပက်ပက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

ပြောရမည်ဆိုလျှင် အဆင့်လေးဂိုဏ်းတစ်ခု၏ အတွင်းတပည့်နှင့် တိုက်ရိုက်တပည့်များအားလုံးသည် မည်သည့် အခြေအနေတွင် ရှိသနည်းဆိုသော် စီမာကျုံးတ နှင့် စွေ့ပုကျန့်တို့၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် အခြေအနေတွင် ရှိနေကြ၏။ ထို့ထက်ပို၍ အားကောင်းလှသော သူများမှာတော့ လုံကျိရန်၊ စုန့်ရွှမ်ကျူးနှင့် တခြားသောသူများ၏ ရိုက်နှက်ခြင်းကို ခံနေရပြန်၏။ အတိုချုပ်ပြောရမည်ဆိုလျှင် အဆင့်လေးဂိုဏ်း၏ ထိပ်သီး တပည့်များအားလုံးသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များ၏ ရိုက်နှက်ခြင်းကို ပက်ပက်စက်စက် ခံနေရတသည်။

အတွင်းစည်းတပည့်များဖြစ်သော လီချင်းယန်တို့မှာတော့ သိုင်းဘုရင်အဆင့် အကြီးအကဲများနှင့် တိုက်ခိုက်လျက်ပင် ရှိနေကြသည်။ ၎င်းတို့သည် တစ်ချက်ကလေးမှ ဂရုမစိုက်ကြချေ။

ပုန်းကွယ်နေကြသော ကျွမ်းကျင်သူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်လျက် ရှိနေကြ၏။ ပြိုင်စံရှားဂိုဏ်း၏ အဓိက အတွင်းစည်းတပည့်များ သည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်ဆိုသော်လည်း သိုင်းဘုရင် အကြီးအကဲများနှင့် ယှဉ်ပြိုင်တိုက်ခိုက်၍ နေသည်။ ဤအရာမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ဘန်း ဘန်း ဘန်း …။

လီထျန်းထျန်းသည် အမြင့်ဆီမှ တောက်လျှောက်ပစ်ခတ်လျက်ရှိနေသည်။ ကျည်ဆံများသည် သူ၏ ဂိုဏ်းတူ ညီအစ်ကိုများ၏ ဦးခေါင်းဆီမှ ဖြတ်သန်းရင်း အအေးနန်းတော်၏ အားကောင်းလှသော တပည့်များကို သတ်ဖြတ်လျက် ရှိနေသည်။

နင်ညီအစ်ကိုတို့၏ ဝတ်ရုံများသည် လေမတိုက်ပဲနှင့် လှုပ်ခါလျက်ရှိ၏။ အဘယ် ကြောင့်ဆိုသော် ၎င်းတို့သည် သိုင်းဘုရင်အဆင့် အကြီးအကဲများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရင်း အလွန်တရာ အားကောင်းလှသည့် သိုင်းနည်းစနစ်များကို ထုတ်ဖော်နေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အထက်စည်းမှ တိုက်ခိုက်နိုင်ရုံမက တစ်ဖက်လူများကို လုံးဝအခွင့်အရေးမပေးဘဲ ဖိနှိပ်တိုက်ခိုက်နေကြ၏။ အခြေအနေသည် တစ်ဖက်သတ်တိုက်ပွဲတစ်ခုကဲ့သို့ပင်ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်လိုက်သည့်အချိန်မှာတော့ လေထုထဲတွင် နဂါးစိမ်းလခြမ်းဓားမော့ ပေါ်လာသည်။ သူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “အအေးနန်းတော်ရဲ့ ခန်းမသခင် … တိုက်ခိုက်လိုက်ကြရအောင်”

ဝှစ်

သူသည် လှမ်းခုန်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပဲ အလွန်တရာအားကောင်းပြီး သာမန်ထက်ပိုသော ကွမ်ယု၏ ဝိညာဉ်သည် ထွက်ပေါ်လာတော့သည်။ ကွမ်ယု၏ ဝိညာဉ်သည်တော့ ဓာတ်ငါးပါး၏ အလင်းတန်းဖြင့် လင်းလက် လျက်ရှိသည်။ အဆင့်ခုနှစ် ဓားနှင့်သိုင်းဘုရင်တစ်ယောက်သည် နဂါးစိမ်းလခြမ်းဓားမော့နှင့် ပေါင်းစည်းပြီး နောက်မှာပဲ တစ်ခါတည်းမှာပင် ခုတ်ပိုင်းချက်လေးချက်ကို ထုတ်ဖော်နိုင်ခဲ့၏။ ကြမ်းတမ်းလွန်းလှသော ဓားမော့ စွမ်းအင်များသည် လေထုကြီးတစ်ခုကိုပင် ထိုးခွင်းလျက်ရှိနေ၏။ နဂါးအော်သံများပါ ထွက်ပေါ်လာ၏။

အအေးနန်းတော်၏ ခန်းမသခင် အမူအရာ သည် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ လက်ရှိအခြေအနေ မှာတော့ သူသည် ထိပ်တိုက်ရင်ဆိုင်ရမှဖြစ်မည်။ ရှောင်တိမ်းမည်ဆိုပါက သူ၏ နောက်တွင်ရှိသော နှစ်ပေါင်း တစ်ထောင်ကျော် သမိုင်းရှိခဲ့သည့် အဓိက ဟောခန်းကြီးတစ်ခုလုံးသည် ပျက်စီးပြိုလဲကျသွားမှာ သေချာနေလေသည်။

All Chapters