← Chapters

သွေးလွှမ်းသော ဂူ

Vol. 006 Ch. 568

သွေးလွှမ်းသော ဂူ

Vol. 006 Ch. 568

ဟော့ဘာဟန်နှင့် ဖန်ယုဟန်တို့သည် အကြည့်များ ရပ်သွားကြသည်။ သူတို့ လိုက်သွားရမလား တွေဝေ နေစဉ်မှာပင် ထိုလူသည် ပျောက်ကွယ်သွားလေသည်။

“သွားကြည့်ရအောင်” ဖန်ယုဟန်သည် ပြေးသွားလေသည်။

ဟော့ဘာဟန်သည်လည်း မနှေးပေ။ သူသည် ဖန်ယုဟန်နှင့်အတူ တားမြစ်ဧရိယာသို့ ပျံသွားလိုက် သည်။

သူတို့ အချိန်အတော်ကြာလိုက်သော်လည်း ထိုလူကို မမြင်ရသေးပေ။

“လူဘယ်ရောက်သွားတာလဲ” သူတို့နှစ်ယောက်ရပ်လိုက်သည်။ အရှေ့မှ လူသည် ပျောက်သွားလေ သည်။

သူတို့သည် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ကြသည်။ နေရာတိုင်းသည် ဟင်းသီးဟင်းရွက်ခင်းများဖြင့် ချောင်းငယ်များဖြင့် ပြည့်နေသည်။ ပုန်းကွယ်ရန် လွယ်ကူသည့် နေရာပင်ဖြစ်သည်။

ထိုအရိပ်သည် တားမြစ်နယ်မြေအဝင်ပေါက်ရောက်သောအခါ နောက်အရိပ်တစ်ခုသည် တားမြစ် နယ်မြေမှထွက်လာသည်။ သူတို့နှစ်ယောက်တွေ့သည်နှင့် ရန်ဖြစ်ကြလေသည်။

“ရှင်ရောက်လာမယ်လို့ ထင်မထားဘူး” အမျိုးသမီးသည် ရန်ဖြစ်ရင်းနှင့်ပြောလေသည်။

“မင်းလည်းအတူတူပဲမလား” တစ်ဖက်လူသည် မဲ့ပြုံးပြုံးလိုက်သည်။

“ဖြောင့်မှတ်တဲ့လူက အသိမ်းသွင်းမခံရဘူး၊ ပစ္စည်းပါလာလား” အမျိုးသမီးက မေးလိုက်သည်။

“မရလာဘူး မင်းစိတ်ဝင်စားရင် သွားကြည့်လိုက်လေ”

“ရှင်ဒဏ်ရာရလာတာပဲ၊ အတွင်းထဲထိ ထိလား၊ ရှင်တကယ်ပဲ ဝင်မှာကိုတားမှာလား”

“မင်းလည်း အဲဒါအတွက်နဲ့ ဒီအထိလာတာပဲမလား” တစ်ဖက်လူသည် အမျိုးသမီးအား တွန်းပြီးနောက် ဂိုဏ်းအတွင်းသို့ ဦးတည်လေသည်။

အမျိုးသမီးလှည့်လိုက်သောအခါ တစ်ဖက်လူသည် ပျံသွားပြီဖြစ်သည်။ သူသည် သူမနှင့် ရန်မဖြစ်ချင် ပေ။ သူမသည် တားမြစ်နယ်မြေအတွင်းသို့ ကြည့်လိုက်သည်။ သူ့လိုလူတောင် ဒဏ်ရာရလာသည်ဆိုသဖြင့် သူမ စိတ်ယိမ်းယိုင်သွားသည်။

သူမ စဉ်းစားပြီးနောက် လက်လျော့ရန် ဆုံးဖြတ်လိုက်ပြီးနောက် ဂိုဏ်းဆီသို့ ပျံသွားလိုက်သည်။

တစ်ညနားပြီးနောက်တွင် ရှီမာယူယူသည် မြောက်ပိုင်း ၆ခုမြောက် ပြည်နယ်မှ သတင်းကိုစောင့်ရင်းနှင့် ရှီမန်ဖန်၏ အခြေအနေကို စစ်ဆေးလိုက်သည်။

ထိုအချိန်အတော်အတွင်းတွင် သူမသည် ဟော်လန်အား သွားတွေ့သည်။ သူတို့သည် ရှီမန်ဖန်၏ အခြေ အနေကို အတူတကွဲစစ်ဆေးကြသည်။ သူတို့တွင် အဆိပ်ထုတ်ရန် နည်းလမ်းမရှိသော်လည်း သူမသည် ရှီမန်ဖန် ၏ အခြေအနေကို ထိန်းချုပ်နိုင်သည်ကို တွေ့သောအခါ ဟောလန်သည် သူမအား သူ၏ လေ့လာသည့်အဖွဲ့ အတွင်းဝင်ခိုင်းကာ စီနီယာများနှင့်အတူ စမ်းသပ်လေ့လာရန် ပြောလေသည်။

နှမြောစရာပင် သူမသည် ဖန်ကျိရှင်းကိစ္စဖြင့် အချိန်မရွေးထွက်သွားနိုင်သဖြင့် ဟော်လန်၏ ကမ်းလှမ်းမှု ကို ငြင်းပယ်လိုက်လေသည်။

ဟော်လန်သည် အခြေအနေအား ရှင်းလင်းအောင်မေးပြီးနောက် သူမအတွက် ကမ်းလှမ်းမှုကို အမြဲပေး ထားလေသည်။ သူမ ဝင်ချင်လျှင် ဝင်နိုင်သည်။ ကိစ္စရှိလျှင် ခွင့်တိုင်နိုင်သည်။ ရှီမာယူယူ ထိုအကြောင်းအား စဉ်းစားပြီးနောက် သဘောတူကာ ခေါင်းညိမ့်လိုက်သည်။

သည်လိုနှင့် ဖန်ဝူဟန်သူမကို လာရှာချိန်တွင် သူမသည် စမ်းသပ်လေ့လာသည့်အဖွဲ့နှင့် ဆွေးနွေးနေချိန် ဖြစ်သည်။ သူ၏ စိုးရိမ်နေသော ပုံစံကိုကြည့်ပြီး သူမ လန့်သွားကာ ဟော်လန်အား ပြောပြီးထွက်ခဲ့လိုက်သည်။

“ယူယူ ငါ့ဦးလေးဆီက သတင်းရတယ်” ဖန်ဝူဟန်သည် စိုးရိမ်စွာ ပြောလေသည်။

“ဘယ်မှာလဲ”

“မြောက်ပိုင်း ၆ခုမြောက်ပြည်နယ်က အနီရောင်ချောက်တွေမှာ”

အနီရောင်ချောက်များဟု ရှီမာယူယူ ကြားလိုက်သည်နှင့် အလန့်တကြားအော်မိလေသည် “အနီရောင် ချောက်တွေမှာ သူဘယ်လိုနေလဲ”

သူမ အရင်ဘဝက အပြင်ပိုင်းဒေသများအကြောင်း အများအပြားမသိသော်လည်း မြောက်ပိုင်း၆ခု မြောက် ပြည်နယ်ရှိ အနီရောင် ချောက်များကို သိသည်။ ထိုနေရာသည် လူသားလောကနှင့် နတ်ဆိုးလောက အကြားရှိ အားအပျော့ဆုံး အတားအဆီးနေရာဖြစ်သည်ဟု ပြောကြသည်။ ထိုနေရာသည် လူသားလောကနှင့် နတ်ဆိုးလောက၏ ပေါင်းကူးဖြစ်သည်။ ကမ္ဘာဦးနယ်မြေများသည် နတ်ဆိုးလောကမှ နယ်မြေချဲ့သည်ကို  တား မြစ်ထားသည်။

“ကျွန်တော်တို့ ငှက်မျိုးနွယ်နဲ့ အဆက်အသွယ်ရပြီးတော့ ဦးလေးကို အဲမှာနောက်ဆုံးတွေ့လိုက်တယ် လို့ ကြားရတယ်” ဖန်ဝူဟန်သည် စိတ်ပူစွာ ဆက်ပြောလေသည် “ပြီးတော့ လွန်ခဲ့တဲ့နှစ်တွေက ဦးလေးက သွေး ဂူထဲဝင်ရမယ်လို့ ဘိုးဘိုးကြီးက ဟောကိန်းထုတ်ခဲ့တယ်”

“သွေးဂူ” ရှီမာယူယူသည် အော်မိလေသည်။ “မဖြစ်တော့ဘူး ကျွန်တော်သွားပြီးကြည့်ဖို့လိုနေပြီ ဆရာ သာ တကယ်ပဲ သွေးဂူထဲဝင်သွားရင်တော့…”

သွေးဂူသည် နတ်ဆိုးလောကမှ လူသားလောကကို ပေါင်းကူးသောနေရာဖြစ်သည်။ လူသားများသည် ထိုနေရာကို တားမြစ်နယ်မြေအဖြစ်ထားရှိသည်။ နေ့တိုင်းပင် ထိုနေရာတွင် တိုက်ပွဲများဖြစ်ကာ သွေးများလွှမ်း လေ့ရှိသည်။ ထို့ကြောင့်ပင် သွေးလွှမ်းသောဂူ- သွေးဂူဟု ခေါ်ကြခြင်းဖြစ်သည်။

ဖန်ကျိရှင်းသာ သွေးဂူသို့ ဝင်သွားပါက ဖြစ်လာမည့် ရလဒ်ကို ရှီမာယူယူ တွေးပင်မတွေးရဲပေ။

“ခင်ဗျားလည်းလာမှာလားလို့ ဘိုးဘိုးကမေးခိုင်းလိုက်တယ်၊ လာမယ်ဆိုရင် မနက်ဖြန် နေ့လည် တည်းခိုဆောင်မှာ လာတွေ့ပါတဲ့” ဖန်ဝူဟန် ပြန်ပြောလေသည်။

“ကောင်းပါပြီ ကျွန်တော် လိုက်ခဲ့ပါမယ်၊ မနက်ဖြန်နေ့လည်ကို ကျွန်တော် တည်းခိုဆောင်မှာ ခင်ဗျားကို လာရှာမယ်” ရှီမာယူယူသည် သက်ပြင်းရှိုက်ပြီးနောက် စိတ်တည်ငြိမ်အောင် ကြိုးစားကာ ပြင်ဆင်ရန်အတွက် တွေးနေလိုက်သည်။

ဖန်ဝူဟန်ထွက်သွားပြီးနောက်တွင် ရှီမာယူယူသည် ဟော်လန်ဆီသို့ သွားစကားပြောပြီးနောက် ထွက်ခဲ့ လိုက်သည်။

သူမသည် အရေးပေါ်ကိစ္စများတွင် သုံးရန်အတွက် ဆေးတချို့ပြင်ရန်လိုသည်။

ရှီမာယူယူသည် မြောက်ပိုင်း ၆ခုမြောက် ပြည်နယ်သို့ သွားမည်ဖြစ်ကြောင်း ဘေဂုံထန်နှင့် တခြားသူများ လည်း ကြားမိကြသည်။ သူတို့လည်း လိုက်ချင်ကြသော်လည်း သူမ ငြင်းပယ်လိုက်သည်။

“အနီရောင်ချောက်က အရမ်းအန္တရာယ်များတယ်၊ နတ်ဆိုးမျိုးနွယ်က အချိန်မရွေးပေါ်လာနိုင်တယ်၊ သာမာန်လူတွေအတွက် မသင့်တော့ဘူး ပြီးတော့ ငါတို့သွေးဂူထဲကို ဝင်ရနိုင်တယ်၊ အဲဒါက ပိုအန္တရာယ်များ တယ်၊ ငါတို့က သန်မာသေးတာ လည်းမဟုတ်ဘူး၊ အခြေအနေကရှင်းတာမဟုတ်ဘူး ဒီတစ်ခါတော့ နင်တို့ လိုက်လို့မရဘူး”

သူမ ဆိုလိုချင်သည်ကို ရှီမာယူလင်းနားလည်သည်။ သူတို့သာ လိုက်သွားပါက အန္တရာယ်များရုံသာမက တခြားသူများကိုပါ အန္တရာယ်အတွင်း ဆွဲသွင်းသလိုဖြစ်သွားမည်။

ထို့ကြောင့်ပင် သူတို့သည် သူမအား ဂိုဏ်းအတွင်းတွင်ပင် စောင့်နေရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက်တွင် သူမလိုအပ်မည့်အရာများဖြစ်သည့် ဆေးများ တစ်ခါသုံးတည်ဆောက်မှုများကို ဝိဉာဉ်စေတီ အတွင်းရှိ သူမ ကိုယ်တိုင်လုပ်ခဲ့သည့်အရာများအပါအဝင် အခန်းနှင့်အပြည့်ဖြည့်ပေးလိုက်သည်။

သို့သော် ဖက်တီးကျူပေးလိုက်သော ပစ္စည်းကို ရှီမာယူယူ အကြိုက်ဆုံးဖြစ်သည်။

“ယူယူ ဒါက အရင်ကနင်ပြောဖူးတဲ့ လက်ပစ်ဗုံးပဲ၊ နင် ဝိဉာဉ်စွမ်းအင်ထည့်ပြီးလို့ စက္ကန့် ၃၀ကြာသွားရင် ပေါက်ကွဲလိမ့်မယ်၊ အလုံးကြီးက အံ့ဖွယ်သူတော်စင်အဆင့်လောက်ရှိပြီး အလုံးသေးက အံ့ဖွယ်နယ်ရှင် အဆင့် နဲ့ညီတယ်၊ အလုံခြုံဆုံး အကွာအဝေးက အနည်းဆုံး မီတာ ၅၀၀ပဲ၊ နင် ပါမသွားစေနဲ့ဦး”

ရှီမာယူယူသည် သံမဏိအလုံးများကို ကြည့်ပြီးနောက် ကျေနပ်မိလေသည်။ လူတစ်စုကို သတ်လိုက်ရန် အကောင်းဆုံးပစ္စည်းဖြစ်သည်။

“ဘယ်လောက်လောက်ထည့်ပေးလိုက်လဲ”

“အကြီးက အလုံး ၅၀၊ အသေးက ၁၀၀၊ နင်သေချာလည်းသုံးဦး” ဖက်တီးကျူရှင်းပြလေသည် “နင့်အား က အားနည်းနေသေးတယ်၊ ပြီးတော့ အဲလောက်အန္တရာယ်များတဲ့နေရာသွားမှာ၊ တစ်ခါတည်း အကုန်မသုံးပစ် နဲ့၊ နင့်ကိုကယ်မယ့်သူမရှိတော့တဲ့အချိန်ကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သုံးလို့ရတယ်၊ နားလည်လား၊ တကယ်ပဲ နင် သွားမယ်ဆိုတာကို စောစောကသာပြောရင် ငါဒီထက်ပိုပြီး လုပ်ထားပါတယ်”

“အခု ၁၀၀ကျော်က မနည်းပါဘူး၊ ပြီးတော့ နင်က င့ါကို ဝိဉာဉ်လက်နက်တွေ ဒီလောက်အများကြီးပေး လိုက်တာပဲ” ရှီမာယူယူသည် သူ့ပခုံးကိုပုတ်လိုက်သည်။

“မဟုတ်သေးဘူး နင်မသွားသေးဘူးမလား၊ ငါ ဝိဉာဉ်စေတီထဲသွားပြီး ထပ်လုပ်ပေးမယ်၊ ငါ ၁၀ရက် ကျော်လောက်ကို ထပ်လုပ်နိုင်သေးတယ်” ကျူဖန်သည် စိတ်မချစွာ ပြောလေသည်။

“ငါလည်းဝင်သွားပြီး နင့်အတွက် တစ်ခါသုံးတည်ဆောက်မှုတွေလုပ်ပေးမယ်၊ နင် အသုံးလိုရင် လုပ်စရာ မလိုတော့တာပေါ့” ရှီမာယူလင်း အကြံပေးလေသည်။

“ငါတို့ ဆေးထပ်လုပ်ပေးလိုက်မယ်” ဝူရန်ဖေနှင့် ဘေဂုံထန်ကပါ ထပ်ပြောလေသည်။

ရှီမာယူယူသည် သူတို့၏ စိတ်ပိုင်းဖြတ်ထားပုံကို မြင်သည်။ သူမသည် သူတို့အား ဝူလင်းယူ၏ ခြံဝန်း အတွင်းခေါ်သွားရာ ဝိဉာဉ်စေတီထဲသို့ဝင်လေသည်။

နောက်တစ်နေ့ နေ့လည်ရောက်တော့မည့်အချိန်တွင် ရှီမာယူယူသည် သူတို့အား ဝိဉာဉ်စေတီမှ ထုတ် ပေးလိုက်သည်။ သူမတို့ထွက်လာချိန်တွင် ဝူလင်းယူသည် ဧည့်ခန်းတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေ လိမ့်မည်ဟု သူမ မထင်ထားပေ။

“စီနီယာအစ်ကို ဘယ်တုန်းကပြန်ရောက်တာလဲ”

All Chapters