မင်းကြောင့်နဲ့ပြန်လာတာ
Vol. 006 Ch. 569
ဝူလင်းယူသည် လက်ဖက်ရည်ပန်းကန်အား တင်ကာ “ဒီမနက်ပဲ”
“ကျွန်တော် အချိန်တစ်ခုလောက် ထွက်သွားရဦးမယ်…” ရှီမာယူယူ ပြောလိုက်သည်။
“ငါသိတယ်” ဝူလင်းယူသည် ထကာ ထွက်သွားလေသည်။ ရှီမာယူယူ မလှုပ်မယှက်ရှိနေသည်ကို တွေ့ သောအခါ ပြောလိုက်သည် “သူတို့နဲ့ သွားတွေ့မှာ မဟုတ်ဘူးလား၊ ဘာလို့ ဒီမှာရပ်နေတာလဲ”
“အစ်ကိုလည်း လိုက်မလို့လား” ရှီမာယူယူသည် သူ့အား အံ့အားသင့်စွာ ပြောလိုက်သည်။
“ဒါပေါ့၊ ငါ ဘာကြောင့်ပြန်လာတယ်ထင်လဲ” ဝူလင်းယူသည် ဖြစ်ထိုက်သောအရာကို ပြောလိုက်သည် “သွားရအောင် သူတို့စောင့်နေရဦးမယ်”
ဘေဂုံထန်တို့အဖွဲ့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြလေသည်။ ဝူလင်းယူသည် သူမအား စောင့်ရှောက်ပေးမည်ဟု သိပြီးနောက်တွင် စိတ်အေးသွားရသည်။ ထိုနည်းကပင် သူမ ဘေးကင်းမည်ဖြစ်ကာ အနည်းဆုံးတော့ ဝူလင်းယူသည် သူမအား အတတ်နိုင်ဆုံး ကာကွယ်ပေးမည်ဖြစ်သည်။
ရှီမာယူယူသည်လည်း သူ့စကားများကို ကြားလိုက်သည်။ သူက သူမ ဘေးကင်းရန်အတွက်နဲ့ ဒီကိုပြန် လာခဲ့တာလား။
“ခဏလေး အင်း… ကျွန်တော် ခွင့်မတိုင်ရသေးဘူး” သူမ ရုတ်တရက်မှတ်မိသွားသည်။ သူမသည် နည်းပြခေါင်းဆောင်ကို သွားရှာရန်လိုသည့်ပုံပင်။
“ငါ ပြောခဲ့ပြီးပြီ” ဝူလင်းယူ ပြောလိုက်သည်။
“ခွင့်တိုင်တဲ့ အကြောင်းပြချက်ကရော”
“ငါ မင်းကိုလေ့ကျင့်ပေးမယ့်အစီအစဉ်ရှိတယ်လို့ ပြောလိုက်တယ်” ဝူလင်းယူ ပြန်ဖြေလေသည်။
ရှီမာယူယူသည် နှုတ်ခမ်းများ ပိတ်သွားသည်။ ထိုသည်မှာ အကြောင်းပြချက်ကောင်းကောင်းပင် ဖြစ် သည်။ သူသည် သူမ၏ လက်ထောက်ဆရာဖြစ်ကာ ဂိုဏ်းမှာလည်း ဆရာများ ကျောင်းသားများကို လေ့ကျင့်ပေး ရန်အတွက် အပြင်သို့ ခေါ်သွားခွင့်ရှိသည်။
ထိုကိစ္စကို သူမအတွက်ပြင်ဆင်ထားပေးလိမ့်မည်ဟု သူမ ထင်မထားမိပေ။ ဂိုဏ်းမှ ထွက်ခွာသွားလျှင် လည်း ပြဿနာမရှိသည့်ပုံပင်။
“ဒါဆို သွားရအောင်”
သူတို့နှစ်ယောက်သည် ပြီးခဲ့သည့်တစ်ခေါက်က သွားခဲ့သည့် တည်းခိုဆောင်သို့ သွားလိုက်သည်။ ထိုနေရာသို့ ခြေချလိုက်သည်နှင့် ခံစားချက်မတူတော့သည်ကို ရှီမာယူယူ ခံစားမိလိုက်သည်။
“သခင်လေးရှီမာ၊ ဒီဘက်ကိုလာပေးပါ” ဖန်မိသားစု အမှတ်အသားပါ သည့် ဝတ်စုံကို ဝတ်ထားသော ကိုယ်ရံတော်တစ်ယောက် ပေါ်လာသည်။
သူသည် သူတို့ကို အပေါ်ထပ်သို့ ခေါ်မသွားပဲ ခြံဝန်း အနောက်ဘက်ကို ခေါ်သွားလေသည်။
ဖန်လျုန်နှင့် များစွာသောလူများသည် ခြံဝန်းတွင် ရပ်နေကြသည်။ သူတို့သည် ဖန်ဝူဟန်နှင့် ဖန်ယုဟန် တို့ကို မမြင်မိပေ။ သူတို့နှစ်ယောက်သည် ထိုနေရာသို့ လာရောက်ရန် ခွင့်မရသည့်ပုံပင်။
ခြံဝန်းအလယ်တွင် တည်ဆောက်မှုရှိလေသည်။ တည်ဆောက်မှုမှာ မကြီးမားသော်လည်း တစ်စု တစ်စည်းတည်းရှိသည်။ ကျုံ့ထားသည့် ဖြတ်လမ်းတည်ဆောက်မှုဖြစ်နိုင်သည်။
ရှီမာယူယူသည် တည်ဆောက်မှုအား ဖျက်ခနဲကြည့်လိုက်သည်။ ထိုတည်ဆောက်မှုသည် သာမာန်လူ ဆောက်ထားခြင်းမဟုတ်သည်ကို သူမ သိလိုက်သည်။ အနည်းဆုံးတော့ သူမပင် မဆောက်လုပ်နိုင်ပေ။ သို့သော် ဖန်မိသားစုသည် တည်ဆောက်မှုတွင် ကျွမ်းကျင်သူများဖြစ်ကြရာ သူတို့၏ တည်ဆောက်မှု၏ အောင်မြင်မှုမှာ လည်း ထူးခြားပေမည်။
ဝူလင်းယူပါ သူမနှင့်လိုက်လာသည်ကို တွေ့သောအခါ ဖန်လျုန်သည် အံ့သြသွားလေသည်။ ပြီးခဲ့သည့် တစ်ခေါက်က သူမနှင့်ဘယ်သူမှ လိုက်ပါမလာခဲ့ပါ။ ထို့အပြင် အခုလိုက်လာသောသူသည် ပညာရှိစံအိမ်တော်၏ မြင့်မြတ်သောသားတော်ဖြစ်သည်။
“ဒါက ကျွန်တော့် စီနီယာအစ်ကိုဖြစ်သလို လက်ထောက်ဆရာပါ၊ သူူူက ကျွန်တော်နဲ့ အတူလိုက်မှာပါ” ရှီမာယူယူ ရှင်းပြလေသည်။
“အင်း အားလုံးရောက်ပြီဆိုတော့ သွားကြမယ်” ဖန်လျုန်သည် ရှီမာယူယူနှင့် ဝူလင်းယူတို့၏ ဆက်ဆံ ရေးကို သိချင်မိသည်။ သို့သော် သူသည် သူ့သားကိစ္စအရေးကြီးနေသဖြင့် ထပ်မမေးတော့ပေ။
လူတစ်စုသည် တည်ဆောက်မှုပေါ်တွင် ရပ်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် တည်ဆောက်မှုကို အသက်သွင်းလိုက်သည်နှင့် အားလုံးသည် ခြံဝန်းထဲမှ ပျောက်ကွယ်သွားလေသည်။
ရှီမာယူယူတို့အား ခေါ်လာခဲ့သော ကိုယ်ရံတော်သည် တည်ဆောက်မှုအား စုပြီးနောက်တွင် ထွက် သွားကြလေသည်။ ထိုသည်မှာ တစ်ခါသုံးတည်ဆောက်မှုဖြစ်သော်လည်း တခြားလူများ မမြင်စေလိုပေ။
ထိုတည်ဆောက်မှုမှ ဖွင့်လိုက်သော လောဟာပြင်မှာ အလွန်ငြိမ်သည်။ ရှီမာယူယူသည် တုန့်ပြန်မှု ကြီးကြီးမားမားမဖြစ်သော်လည်း ကွာဝေးသော ခရီးကိုတော့ မခံနိုင်ပေ။ သူမသည် အနည်းငယ် မူးဝေနေသည်။
ဝူလင်းယူ၏ လက်သည် မည်သည့်အချိန်တွင် သူမခေါင်းကိုကိုင်ပြီး နားရွက်ကိုကာကာ သူ့လက်မသည် သူမနဖူးပေါ်သို့ ဖိနှိပ်လိုက်သည်ကို သူမ မသိတော့ပေ။
နွေးထွေးသော စီးဆင်းမှု ဝင်လာချိန်တွင် သူမကို သက်တောင့်သက်သာခံစားမိစေသည်။
အချိန်ခဏကြာပြီးသောအခါ သူတို့သည် မြောက်ပိုင်း၆ခုမြောက်ပြည်နယ်သို့ ရောက်လာကြသည်။ ရှီမာယူယူသည် မူးဝေခြင်းကိုခံစားမိသော်လည်း သူမ စီးဖူးသော ဝေးကွာသော ဖြတ်လမ်းတည်ဆောက်မှုများထဲ တွင် အကောင်းဆုံးဖြစ်သည်။
သူတို့ထဲမှ တစ်ယောက်သည် အိမ်မြှောင်ထုတ်ပြီး ခေတ္တမျှ ကြည့်ပြီးနောက် ပြောလေသည် “အနီရောင် ချောက်က ကျွန်တော်တို့အရှေ့မှာပဲ”
“ဒါဆို သွားရအောင်” ဖန်လျုန် လှုံ့ဆော်လေသည်။
ဖန်မိသားစုတွင် ဝိဉာဉ်မိစ္ဆာပျံများရှိသည်။ မိုင်ပေါင်း ထောင်ချီသော ခရီးသည် တစ်ခဏအတွင်း ရောက် သည်။
ရှီမာယူယူသည် ဝိဉာဉ်မိစ္ဆာပျံကျောပေါ်တွင်ထိုင်ရင်းနှင့် အဝေးရှိ အနီရောင်ချောက်အတွင်းရှိ မီး တောက်ကဲ့သို့ တောင်များကို တွေ့လေသည်။ ချောက်ဘေးတစ်ဖက်တွင် တဲများစွာ ရှိလေသည်။
သူတို့သည် ပျံရင်းနှင့် ဆင်းလိုက်ကြသည်။ ရှန်ဂျင်လျှောက်လာပြီး ဖန်လျုန်ကို တွေ့လိုက်သည် “ရှင်တို့ ဒီထက်နောက်ကျရင် ကျွန်မတို့ ဝင်တော့မလို့”
“ဘာသတင်းတွေထပ်ရသေးလဲ” ဖန်လျုန်မေးလိုက်သည်။
ရှန်ဂျင်သည် မျက်နှာမကောင်းကာ အနီရောင်ချောက်များဘက်ကို လှည့်ပြီး “ရှင်းလေးဝင်သွားတာ မြင်လိုက်ပေမယ့် ထွက်လာတာကိုတော့ မမြင်ဘူးလို့ သတင်းရတယ်၊ အဲဒီတော့ သူက အောက်မှာရှိနိုင်ခြေများ တယ်၊ ဒါပေမဲ့ သူထွက်လာမှာကိုလည်း ထိန်းချုပ်ထားတဲ့ပုံမရဘူး”
“သခင်လေး” အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ယောက်သည် လျှောက်လာပြီး ရှီမာယူယူအား အရိုအသေပေးလိုက်သည်။
“ခင်ဗျားက…”
“ကျွန်တော်က သုံးယွမ်ဗျိုင်းမျိုးနွယ်က ဝမ်ဘေချင်းပါ” အဖြူရောင်ဝတ်အမျိုးသားသည် မိတ်ဆက်လေ သည် “ကျွန်တော် ဘုရင်ကြီးရဲ့ အမိန့်ရပြီးတော့ စာချုပ်သခင်လေးနဲ့ ဘုရင်ကြီးကို ဒီမှာစောင့်နေတာပါ”
“ဗျိုင်းဘုရင်ကြီးက အများကြီးကူညီပေးပါမယ်၊ သတင်းတွေကလည်း သူတို့ဆီကရတာပဲ” ရှန်ဂျင် ပြောလေသည်။
“ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါ” ရှီမာယူယူသည် ဘေချင်းကို ပြောလေသည်။
“ကျွန်တော့်ဘုရင်ကြီးကို ကူညီပေးရတာကို ဂုဏ်ယူနေပါပြီ” ဘေချင်း ပြုံးလေသည်။
“ယူယူ ရှင်းလေးကို အာရုံခံလို့ရလား” ဒန်ကျင်းမေးလေသည်။
“ကြိုးစားကြည့်မယ်” ရှီမာယူယူသည်မျက်လုံးမှိတ်ပြီးနောက် သူမ ကိုယ်တွင်းရှိ ပုံရိပ်ဖျော့ဖျော့ကို ထိန်းချုပ်ရန် ကြိုးစားကြည့်သော်လည်း တုန့်ပြန်မှုမရှိပေ။
သူမသည် မျက်လုံးဖွင့်ပြီး ခေါင်းရမ်းလိုက်သည် “ဘာတုန့်ပြန်မှုမှမရှိဘူး”
“ရှင်းလေး ဒီမှာမရှိဘူးလား” ရှန်ဂျင်သည် ဖန်လျုန်၏ လက်ကိုဆုပ်ကိုင်လိုက်သည်။
ထိုအချိန်တွင် အမျိုးသားတစ်ယောက်သည် လျှောက်လာကာ ဒန်ဂျင်၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်လေသည် “အမေ အဲဒီသွေးဂူက အမှီအခိုကင်းတဲ့နေရာလို့ ကြားတယ်၊ သားတို့ အာရုံခံမရပေမယ့် ညီလေးရှိနိုင်တယ်”
“ဒါက ရှင်းလေးရဲ့ အစ်ကို ကျိယန်ပါ” ဒန်ဂျင်သည် မိတ်ဆက်ပေးလေသည်။ သူမနှင့် ဖန်လျုန်တို့သည် သွေးဂူအတွင်းသွားခဲ့သည်ဖြစ်ရာ ထိုနေရာသည် အမှီအခိုကင်းသော နေရာဖြစ်ကြောင်းသိလိုက်ရသည်။ “ဒါဆို မြန်မြန်ဆင်းသွားရအောင်”
ဖန်ကျိရှင်းသာ အမှန်တကယ်အထဲတွင်ရှိပါက သူတို့ သူ့ကိုအာရုံခံမရသည်မှာ ပုံမှန်ဖြစ်သည်။ သူ အထဲ တွင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူတို့ဆင်းသွားကြည့်မှပင်သိမည်ဖြစ်သည်။
“သခင်လေး ဆင်းတာကို ကျွန်တော်တို့ အတူလိုက်ပေးပါမယ်” ဘေချင်းသည် အကြံပေးလေသည် “သခင်လေးနဲ့ ဘုရင်ကြီး အောက်ဆင်းမယ်ဆိုတာ အကြီးအကဲတော်တော်များများ သိကြတယ်၊ သူတို့လည်း လာနေကြပြီဆိုတော့ မကြာခင်ရောက်ကြတော့မှာပါ”
“ဒီမှာတောင် ဒီလောက်များနေပြီ၊ ကျွန်တော်တို့်က သူမကို မကာကွယ်နိုင်မှာစိုးလို့လား၊ ခင်ဗျားတို့ မျိုးနွယ်က အကြီးအကဲတွေကို ဘာလို့စောင့်မှာလဲ” ဖန်ကျိယန်သည် မကျေနပ်ပေ။ သူ့အသံသည် အပြစ်တင်နေ သည့် လေသံဖြစ်သည်မှာ ထင်ရှားသည်။
“ဖန်မိသားစုက အားကောင်းတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဘုရင်ရဲ့ ဘေးကင်းဖို့ကိုလည်း ထည့်စဉ်းစားရဦးမယ်၊ သွေးလိုဏ်ဂူက ဘယ်လိုနေရာလဲဆိုတာ မသိလို့လား၊ ထပ်ပြီး မစောင့်နိုင်ရင်လည်း အရင်သွားနှင့်လိုက်လေ” ဘေချင်း ပြန်ဖြေလေသည်။
ဖန်ကျိယန်နှင့် ဘေချင်းတို့အကြားတွင် ရှီမာယူယူ နေရခက်လာသည်။ ထိုလူသည် တစ်ကိုယ်ကောင်း ဆန်သည်။ ဘေချင်းသည် မျိုးနွယ်၏ ဘုရင်တစ်ပါးဖြစ်ကာ အများရှေ့တွင် အပြစ်တင်ခံရသည်။ ဘေချင်းသည် သူမကိုသာ စိုးရိမ်နေခဲ့သည်။
သူမသည်လည်း ဖန်ကျိရှင်း၏ ဘေးကင်းမှုကို စိုးရိမ်သော်လည်း ဖန်ကျိယန်၏ အကျင့်ကို သူမ အပြစ် ပြောလိုက်သည် “ဘေချင်းပြောတာမှန်တယ်၊ ဆရာက အရေးကြီးနေတယ်ဆိုရင်လည်း သွားနှင့်လိုက်ပါ၊ ကျွန်တော်တို့ ဗျိုင်းမျိုးနွယ်အကြီးအကဲတွေ ရောက်လာမှ လိုက်လာမယ်၊ ဆရာက ကျွန်တော့်ဆရာရဲ့ အစ်ကို ဖြစ်တဲ့အတွက် သူနဲ့ ဆက်သွယ်နိုင်မယ်လို့ ယုံပါတယ်၊ ဆရာတို့ ဆင်းသွားတာနဲ့ သူ့ကိုရှာတွေ့မှာပါ”
“မင်း..” ဖန်ကျိယန်သည် သူမအား ညွှန်ပြကာ “မင်းက ငါ့ညီရဲ့ တပည့်ရောဟုတ်ရဲ့လား သူသေသေ ရှင်ရှင် ဂရုမစိုက်ဘူးလား”