← Chapters

အခန်း (၂၂၆)

Vol. 16 Ch. 226

အခန်း (၂၂၆)

Vol. 16 Ch. 226

ဘုန်း…

နှုတ်ခမ်း‌ထောင့်၌ အထင်သေးသော အပြုံးတစ်ခု ဆင်မြန်းထားသည့် ကောင်းကင်ဘုရင်တစ်ဦး ရောက်ရှိလာ၏။

“ ဟီးဟီး..”

၎င်းအားကြည့်ရသည်မှာ ရောက်မလာခင်ကပင် ဤနေရာမှ အခြေအနေများအား သတင်းရပြီးဟန်တူသည်။

သူက ရောက်လာသည်နှင့် ရွှမ်ယီအား သံသယမျက်၀န်းများဖြင့်ကြည့်နေ၏။

“ ဟန်ဆောင်မနေနဲ့တော့.. ရီဝေဝေပန်း လီလီမြက်ကို ငါ့ဆီလွှဲပေး.. ဒါဆို မင်းကို အသက်ချမ်းသာပေးဖို့ စဉ်းစားပေးမယ်…”

“ အဆုံးမဲ့ရွှေနန်းတော်က ဘုရင်လင်းရောက်လာတာနဲ့ မင်းကိုသိသလိုပြုမူခဲ့တယ်.. မင်းမှာ လူသားဘုရင်အဆင့်စွမ်းအားရှိပေမယ့် လူသားဘုရင်အဆင့်တောင်မရောက်သေးဘူး… မင်းနဲ့ ရွှေဘုရင်လင်းက ဘယ်လိုလုပ်ပြီး အသိအကျွမ်းဖြစ်နိုင်မှာလဲ…”

ထိုစကားအားကြားပြီးနောက် ပတ်၀န်းကျင်မှလူများလည်း ခေါင်းညိတ်လိုက်ကြ၏။

ထိုစကားများက အစစ်အမှန်ပင်။ အဆင့်တစ်ခု၏ အစောပိုင်းနှင့် နှောင်းပိုင်းကြားကွာခြားမှုများမှာ ကောင်းကင်နှင့် မြေပြင်အလားဖြစ်သည်။

ယုတ္တိကျကျတွေးရလျှင် ရွှမ်ယီက မူလဘုရင်အဆင့်တစ်ဦးသာဖြစ်သေးပြီး ရွှေဘုရင်လင်းနှင့် နှစ်ကြိမ်ဆုံဖူးခဲ့သည်တိုင် ထိုလူ၏ အာရုံအား ဆွဲဆောင်ရန် မလုံလောက်ပေ။

မူလဘုရင်နှင့် ကောင်းကင်ဘုရင်အဆင့်ကြား ကွာခြားမှုမှာ ကောင်းကင်နှင့် မြေပြင်ထက်ပင်ပို၏။

ထိုကွာဟချက်အား အတင်းအကြပ်ဆွဲစေ့လိုသလော…?

မဖြစ်နိုင်သောအရာပင်။

ရွှမ်ယီက မျက်ခုံးပင့်ပြီး ထိုကောင်းကင်ဘုရင်အား ကြည့်လိုက်မိသည်။ ရုတ်တရက် သူဘာ‌ပြန်ပြောရမှန်းမသိဖြစ်သွား၏။

ရွှေဘုရင်လင်း၏ ထွက်ပြေးသွားခြင်းအား မည်သူမဆိုယုံကြည်နိုင်မည်မဟုတ်ပေ။

ထိုလူ၏ မယုံကြည်မှုကလည်း မထူးဆန်းချေ။

ရွှမ်ယီက ရွှေဘုရင်လင်းအား ထွက်မပြေးမီ ဖြဲခြောက်လိုက်ခြင်းမှာ ထိုအချင်းအရာကြောင့်ဖြစ်၏။

သူက မရေမတွက်နိုင်သော ရန်စတိုက်ခိုက်မှုများအား အလွန်ငြီးငွေ့လှသည်။ ရှေ့တွင် နမူနာတစ်ခုပြလိုက်မှ လူအများယုံကြည်သွားမည်ကို နားလည်ထားသည်။

သို့ဖြစ်ရာ အစွမ်းထက်ဆုံးများထဲမှ တစ်ဦးကိုရွေးပြီး ဖိနှိပ်ပြလိုက်မှ တန်ကာကျမည်။

သို့သော် ရွှေဘုရင်လင်း၏ အပြုအမူက သူ့ကို ဆွံ့အသွားစေခဲ့သည်။ ထိုလူက ထွက်ပြေးခြင်း၌ အလွန်ကျွမ်းကျင်လှ၏။ စကားပင်မဆုံးသေးဘဲ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ယခု ထိုလူလည်း ဘာမှမလုပ်လိုက်ရဘဲ ထွက်ပြေးသွားလျှင် အဆင်မပြေလှချေ။

ရွှမ်ယီက ထိုရန်စ‌လာသော ကောင်းကင်ဘုရင်အား အဓိပ္ပါယ်ရှိစွာကြည့်လိုက်၏။

ရွှမ်ယီ မည့်သည့်စကားမှပြန်မပြောသည်အားမြင်လျှင် ထိုလူက ပို၍ပင် မောက်မာသွားသည်။

“ ဝိုးတဝါးတည်ရှိမှုဖြစ်တဲ့ အင်ပါယာအဆင့်ကလွဲရင် ကောင်းကင်ဘုရင်ဆိုတာ တောင်ပိုင်းတိုက်ကြီးရဲ့ အထွတ်အထိပ်ဖြစ်တည်မှုတွေဆိုတာ မင်း သိရောသိရဲ့လား…”

“ ဟမ့်.. အနည်းဆုံး အလယ်အလတ်ကောင်းကင်ဘုရင်မဟုတ်ရင် ရွှေဘုရင်လင်းကို ခြိမ်းခြောက်ဖို့မလုံလောက်ဘူး… ပြီးတော့ တောင်ပိုင်းတိုက်ကြီးမှာရှိတဲ့ ကောင်းကင်ဘုရင်တွေက အရမ်းမများဘူး.. ငါမသိတဲ့ ကောင်းကင်ဘုရင်ရှားတယ်.. ဒါပေမယ့် မင်းဘေးက အမျိုးသမီးကိုတော့ တစ်ခါမှမမြင်ဖူးဘူး….”

စကားဆုံးလျှင် လူတိုင်း၏ မျက်၀န်းများထဲရှိ သံသယများ ပိုကြီးထွားလာလေသည်။

ကောင်းကင်ဘုရင်တစ်ယောက်က ထိုအမျိုးသမီးကို မမြင်ဖူးဘူးတဲ့လား…!

ပင်းယုက ထိုလူအား တစ်ချက်လှည့်ကြည့်လိုက်၏။ သို့သော် သူမ မျက်၀န်းများက သာမန်အတိုင်းပင်။

ထိုလူက သူမ မျက်လုံးထဲတွင် မူလဘုရင်အဆင့်များနှင့် ထူးမခြားနားပေ။

ရွှမ်ယီက ထိုလူနှင့် ငြင်းခုန်နေရန်ပင် ပျင်းလွန်းလှ၏။

“ ကြောင်တောင်တောင်စကားတွေတော်လိုက်တော့.. ခင်ဗျား တိုက်မှာလား မတိုက်ဘူးလား…”

ထိုစကားက ပတ်၀န်းကျင်မှ လူများအား အနည်းငယ်ဒေါသထွက်သွားစေခဲ့သည်။

ရွှမ်ယီ၏ မျက်လုံးထဲ၌ သူတို့အား ရှိသည်ဟုပင်ထင်ဟန်မရချေ။

သူဘေးက အမျိုးသမီးက ကောင်းကင်ဘုရင်ဆိုရင်တောင် ဒီနေရာမှာ ကောင်းကင်ဘုရင်(၂)ယောက်တောင်ရှိနေတာပဲ..

သူက ဘာလို့ဒီလောက်မောက်မာနေရတာလဲ…?

“ မိုက်မဲလိုက်တာ…”

ထိုကောင်းကင်ဘုရင်က ရွှမ်ယီအား အေးစက်စွာကြည့်ပြီး အော်ပြောလိုက်၏။

“ ရီဝေဝေပန်း လီလီမြက်ကိုငါ့ဆီပေး.. ဒီလိုမှမဟုတ်ရင် တိုက်ခိုက်ကြတာပေါ့.. ဟမ့် စကားနည်းနည်းပြောရုံနဲ့ ငါ့ကို ရွှေဘုရင်လင်းလို ထွက်ပြေးသွားမယ်ထင်နေတာလား…”

“ မင်း အဆုံးမဲ့ရွှေနန်းတော်နဲ့ပေါင်းပြီး ငါတို့ကိုလိမ်‌မနေဘူးလို့ ဘယ်သူက သိနိုင်မှာလဲ…”

ထိုစကားက ပတ်၀န်းကျင်မှလူတိုင်း၏ နှလုံးသားထဲ၌ မိုးခြိမ်းသံတစ်ခုအလားပင်။

ရွှမ်ယီက တစ်ကိုယ်တော်ရောက်လာပြီး ရီဝေဝေပန်း လီလီမြက်အား လုယူသွားခဲ့သည်။ ထို့နောက် ရွှေဘုရင်လင်း ‌ရုတ်တရက်ပေါ်လာပြီး ချက်ချင်းထွက်ပြေးသွား၏။ ထိုကိစ္စနှင့်ပတ်သက်၍ လူတိုင်း၏ နှလုံးသားထဲ၌ သံသယများရှိနေခဲ့သည်။

အဆုံးမဲ့ရွှေနန်းတော်က အကောင်အထည်လိုက်ရှိနေသော်လည်း ထိုလူငယ်က ဘယ်ကလာမှန်းမသိပေ။

အဆုံးမဲ့ရွှေနန်းတော်က ရီဝေဝေပန်း လီလီမြက်အား ရသွားလျှင် ရှင်းစရာပြသနာများ ပေါ်လာမည်ဖြစ်သော်လည်း ထိုလူငယ်ရသွားလျှင်မူမတူပေ။

ထိုလူငယ်က နတ်မြက်နှင့်တကွ ဘယ်ရောက်သွားမည်မှန်း မည်သူသိမည်နည်း။

ထို့ကြောင့် ၎င်းတို့ပေါင်းကြံပြီး လိမ်ဆင်ဖန်တီးထားရန် ဖြစ်နိုင်ချေများ၏။

ရွှမ်ယီက ပတ်၀န်းကျင်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီး ခေါင်းယမ်းကာ အနည်းငယ်ရယ်မောလိုက်သည်။

“ ကောင်းပြီ.. ခင်ဗျား လက်ဝါးတစ်ချက်ကိုအရင်ခုခံကြည့်.. တကယ်လို့ လုံလောက်အောင်အစွမ်းထက်တယ်ဆိုရင် ရီဝေဝေပန်း လီလီမြက် ခင်ဗျားကိုပေးမယ်…”

ရွှမ်ယီအား ရန်စခဲ့သည့် ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင်က မျက်မှောင်ကြုတ်ပြီး အနည်းငယ်စဉ်းစားလိုက်၏။

သူမသာ အမှန်တကယ် ကောင်းကင်ဘုရင်ဖြစ်နေပါက သူ တောင်းပန်လိုက်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက…………

ဘုန်း…

ရှစ်နယ်မြေတံခါးမှ ‌ကောင်းကင်ဘုရင်၏ ခန္ဓာကိုယ်တစ်ချက်တုန်ခါသွားပြီး ပတ်လည်တွင် တောက်ပသော စွမ်းအင်အလွှာများဖြစ်ပေါ်လာ၏။ တစ်လွှာတိုးလာတိုင်း သူ၏ စွမ်းအားက လိုက်ပါမြင့်တက်လာသည်။

စုစုပေါင်း အလွှာ(၈)ခုပေါ်လာပြီးနောက် သူ၏ စွမ်းအားအဆင့်က ကောင်းကင်ဘုရင်အလယ်အလတ်အဆင့်နားသို့ ရောက်ရှိသွား၏။

ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင်က တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ရာ ပတ်၀န်းကျင်မှလူတိုင်း မိုင်အနည်းငယ်အကွာသို့ ဆုတ်ခွာလိုက်ကြသည်။ သို့တိုင် အသက်ရှုမ၀သလိုခံစားနေရသေး၏။

“ ကောင်းကင်ဘုရင်တစ်ယောက်ရဲ့ အစွမ်းက တော်တော်ကြောက်ဖို့ကောင်းတာပဲ…”

တစ်စုံတစ်ယောက်က ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင်အား ထိတ်လန့်နေသော မျက်၀န်းများဖြင့်ကြည့်ပြီး ရေရွတ်လိုက်၏။

ဤမျှ အကွာအဝေးသို့ ဆုတ်လာပြီးသည့်တိုင် ဖိအားကြောင့် အသက်ရှုကြပ်နေသေး၏။ အနီးအနားတွင်ရှိနေသော ရွှမ်ယီနှင့် အဖြူ၀တ်အမျိုးသမီးတို့အခြေအနေအား တွေးကြည့်၍ပင်မရချေ။

ထိုအချိန်တွင် ရွှမ်ယီက တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည့် ကောင်းကင်ဘုရင်အားကြည့်ကာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး

“ ပင်းယု.. မြန်မြန်လက်စသတ်လိုက်တော့…”

သူက လက်နောက်ပစ်ကာရပ်နေခဲ့ပြီး ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏။

သူက ထိုလူအား လွှတ်ပေးရန် စိတ်ကူးမရှိချေ။ သူ့အား ရန်စပြီးမှတော့ တခြားလူများ လက်လျှော့သွားစေရန် နမူနာပြရပေမည်။

‘ ခင်ဗျား အစကကတည်းက အေးဆေးနေခဲ့သင့်တာ.. အခုလိုဖြစ်ပြီးမှတော့ ပြန်ဖို့မစဉ်းစားနဲ့တော့…’

ရွှမ်ယီက လှုပ်ရှားရန်ပြောလိုက်သည်နှင့် ပင်းယုထံမှ ကမ္ဘာတုန်လောက်သော စွမ်းအားတစ်ခုထွက်ပေါ်လာ၏။

ပတ်၀န်းကျင်မှ လေဟာနယ်တစ်ခုလုံး ကြပ်ခဲသွားလေသည်။

ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင်သာမက ရောက်ရှိနေသော တခြားကောင်းကင်ဘုရင်များ၏ အမူအရာများသိသိသာသာပြောင်းလဲသွားပြီး အလွန်ထိတ်လန့်သွားကြ၏။

ထိုထွက်ပေါ်လာသည့်စွမ်းအားက သာမန်ကောင်းကင်ဘုရင်အဆင့်ထက် ကျော်လွန်နေသည်။

ထိုအရှိန်အဝါနှင့် ဖိအားအရ ထိုအမျိုးသမီးက အလယ်အလတ်ကောင်းကင်ဘုရင်အဆင့်အထက်မှ ဖြစ်ရမည်။

“ စီ.. စီနီယာ.. ဒါတွေအားလုံး နားလည်မှုလွဲနေတာပါ.. ကျုပ်တောင်းပန်ပါတယ်.. ခွင့်လွှတ်ပေးပါဦး…”

ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင်က ချက်ချင်း အသက်ချမ်းသာပေးရန် တောင်းဆိုလိုက်၏။

သို့သော် ရွှမ်ယီက လူတိုင်းအား အာဏာပြရန်လိုအပ်သည့်အတွက် ထိုကောင်းကင်ဘုရင်အား သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

ရွှမ်ယီထံမှ မည်သည့်စကားမှ ထွက်မလာသည့်အတွက် ပင်းယုကလည်း မရပ်တန့်ခဲ့ပေ။ ချက်ချင်း သူမ၏ စိတ်ဝိညာဉ်စွမ်းအားများက ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံသွားလေသည်။

ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင်၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ ထိုစွမ်းအားအောက်တွင် သေမင်းအား မြင်လိုက်ရသောကြောင့်ဖြစ်၏။

ဘုန်း…

သူ၏ အကာအကွယ်အလွှာ(၈)ခုလုံး တစ်စစီပေါက်ကွဲသွားခဲ့သည်။

သူ၏ အကာအကွယ်များအားလုံး ပေါက်ကွဲသွားသည်နှင့် လေဟာနယ်အားဆွဲဖွင့်လိုက်ပြီး ချက်ချင်းထွက်ပြေးတော့သည်။

ယခုအချိန်တွင် သူ့စိတ်ထဲ၌ အတွေးတစ်ခုသာရှိတော့၏။

“ ပြေး….”

သူဤနေရာမှ လွတ်မြောက်နိုင်ခဲ့ပါက သူ့အား သတင်းပေးသူအား အစိတ်စိတ်အမွှာမွှာလုပ်ပစ်ရန် ကျိန်ဆိုလိုက်၏။

ထိုကဲ့သို့သော တည်ရှိမှုတစ်ခုရှေ့၌ သူ့အား လှုပ်ရှားရန် တောင်းဆိုရဲသလော…?

သူ့အား ငရဲမီးထဲသို့ တွန်းချလိုက်ခြင်းဖြစ်၏။

သို့သော်..

“ ငါ့ရှေ့မှာ ထွက်ပြေးရဲတာလား…”

သူက လေဟာနယ်အက်ကွဲကြောင်းထဲ၌ရှိနေသည့်တိုင်အောင် အေးစက်သော အသံအားကြားလိုက်ရပြီး ရေခဲမြစ်အတွင်းကျသွားသကဲ့သို့ တစ်ကိုယ်လုံး အေးခဲသွားလေသည်။

ပင်းယု၏ အသံက သူ့အတွက် သေမင်းခေါ်သံအလားပင်။ ထိုစကားသံနှင့်အတူ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုလည်း တစ်ဆက်တည်း လိုက်ပါလာ၏။

အုန်း…

အရှေ့ငြိမ်းရေးနယ်မြေတစ်ခုလုံး ပြင်းထန်စွာ ငလျင်လှုပ်လိုက်သည့်အလား တုန်ခါသွားခဲ့လေသည်။

ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင် ကျဆုံးသွားချေပြီ။

တစ်ချိန်းတည်းတွင် အရှေ့ငြိမ်းခြမ်းရေးနယ်မြေ၏ ကောင်းကင်တစ်ခုလုံးမှောင်မဲသွားပြီး ကမ္ဘာကြီးက ငိုကြွေးလိုက်သည့်အလား မိုးများ ရွာသွန်းလာခဲ့၏။

“ ရပ်စမ်း…”

လူတိုင်း အသိပင်ပြန်မလည်သေးမီ ပင်းယုကအေးစက်စွာ အော်ပြောလိုက်ပြီး ကောင်းကင်ထက်သို့ လက်ဝှေ့ယမ်းလိုက်၏။

ဘုန်း…

အလွန်ကြီးမား စိတ်ဝိညာဉ်စွမ်းအင်လက်ကြီးတစ်ဖက်က ကောင်းကင်အား ဖုံးအုပ်သွားပြီး ပြင်းထန်စွာ တုန်ခါသွားလေသည်။

ချက်ချင်း တိမ်မည်းများပျောက်ပြီး မိုးစဲသွား၏။

All Chapters