← Chapters

အခန်း (၂၂၇)

Vol. 16 Ch. 227

အခန်း (၂၂၇)

Vol. 16 Ch. 227

ရှစ်နယ်မြေတံခါးမှ ကျင့်ကြံသူများ တိုက်ပွဲကွင်းပြင်သို့ တွေတွေကြီးစိုက်ကြည့်နေကြသည်။ သူတို့နှလုံးသားထဲမှ အလွန်ကြီးမားသော တစ်စုံတစ်ခု ပြိုလဲသွားဟန်ရသည်။

“ သူ.. သူမက ကောင်းကင်ဘုရင်တစ်ယောက်ကို အလွယ်လေးသတ်လိုက်တယ်… အနည်းဆုံး ကောင်းကင်ဘုရင်အလယ်အဆင့် ဒါမှမဟုတ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်ရမယ်…”

လူတိုင်း ရွှမ်ယီအား ထိတ်လန့်စွာ လှမ်းကြည့်လိုက်ကြပြီး မသိစိတ်၏ စေခိုင်းမှုအရ ချက်ချင်းထွက်ပြေးရန်ပြင်လိုက်ကြ၏။

လူသားဘုရင်အဆင့်က သူတို့အား ဖိအားပေးနိုင်သည်ဆိုလျှင် ကောင်းကင်ဘုရင်အဆင့်က လူတိုင်းကို ဦးညွှတ်စေနိုင်စွမ်းရှိသည်။

ကောင်းကင်ဘုရင်တစ်ယောက်ကို ဘယ်လိုစွမ်းအားမျိုးနဲ့ သတ်နိုင်မလဲ…!

သူတို့အားလုံး အလွန်ကြောက်လန့်နေပြီး အနည်းငယ်မျှ မလေးစားဟန် မပြဝံ့ကြချေ။

ရီဝေဝေပန်း လီလီမြက်အတွက် တိုက်ပွဲ၌ ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင်က ထွက်ပြေးနိုင်စွမ်းပင်မရှိဘဲ သေဆုံးသွားခဲ့ရသည်။ ထိုအဆင့်သို့ရောက်ရန် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ရသော်လည်း တစ်ချက်တည်းနှင့် သေဆုံးသွားခဲ့ရ၏။

ထို ရီဝေဝေပန်း လီလီမြက်က ကောင်းကင်ဘုရင်တစ်ဦးအား ပို၍ သန်မာသွားစေနိုင်သည် မှန်သော်လည်း ထိုမျှ မထိုက်တန်လှပေ။

၎င်းက ကောင်းကင်ဘုရင်၏ စွမ်းအားကို အနည်းငယ်မျှ မြှင့်တင်ပေးနိုင်းခြင်းဖြစ်ပြီး ၎င်းအတွက် ကောင်းကင်ဘုရင်တစ်ဦး သေဆုံးရခြင်းက လုံး၀မတန်တော့ပေ။

ဤတစ်ကြိမ်တိုက်ပွဲ၌ ရှစ်နယ်မြေတံခါးက အလွန်ဆုံးရှုံးသွားသည်ဟု ဆိုရပေမည်။

ကျန်းယန်ဂိုဏ်းမှ ကောင်းကင်ဘုရင်က အလွန်ထိတ်လန့်သွားခဲ့သော်လည်း တစ်ချိန်တည်းတွင် အလွန်စိတ်သက်သာရရသွားသလိုခံစားလိုက်ရ၏။

သူက စိတ်မြန်သူမဟုတ်ခြင်းက အလွန်ကံကောင်းသွားခဲ့သည်။ အကယ်၍ သူသာသေဆုံးသွားလျှင် နောက်ထပ် ‌နှစ်ထောင်ပေါင်းများစွာကြာသွားသည့်တိုင် ကျန်းယန်ဂိုဏ်း ပြန်လည်နလန်ထူနိုင်တော့မည်မဟုတ်ပေ။

နဂိုက ၎င်းတို့၏ ဘိုးဘေးများအား ဆင့်ခေါ်ထားသူတိုင်း ဤနေရာသို့မလာတော့ရန် ချက်ချင်း ဆက်သွယ်လိုက်ကြ၏။

ကောင်းကင်ဘုရင်အဆင့်ဖြစ်နေလျှင်ပင် ဤနေရာ၌ အသက်ရှင်ရန် အာမခံချက်မရှိပေ။

….

“ခင်ဗျားတို့ ထွက်မသွားကြသေးဘူးလား...”

ရွှမ်ယီ က အေးစက်သောမျက်၀န်းများဖြင့် ပတ်ဝန်းကျင်အား ဝေ့ကြည့်လိုက်သည်။

ဟမ်….

လူတိုင်းတုန်လှုပ်သွားကြ၏။ထိုအချိန်တွင် လူသားဘုရင်များသာမက ကောင်းကင်ဘုရင်များပင် ၎င်းတို့၏ ထိတ်လန့်မှုအား တားဆီးနိုင်ခြင်းမရှိချေ။သူတို့ မသိစိတ်အရ နှင်းဖြူရောင်ဝတ်စုံနှင့် ပင်းယု အားကြည့်ပြီး ထိတ်လန့်သွားကြပြန်၏။

ရွှမ်ယီ နှင့် ပင်းယုတို့၏ ပုံရိပ်တို့က သူတို့ နှလုံးသားထဲ၌ နက်ရှိုင်းစွာ စွဲထင်သွားချေပြီ။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်အား ထပ်တွေ့သည်နှင့် အဝေးဆုံးသို့ ထွက်ပြေးရမည်ဖြစ်၏။

ယခုအချိန်တွင် ရွှေဘုရင်လင်း အဘယ်ကြောင့် ထိုမျှကြောက်ရွံ့နေကြောင်း သူတို့နားလည်သွားချေပြီ။

ကောင်းကင်ဘုရင်အဆင့်တစ်ယောက်အား အလွယ်တကူသတ်ဖြတ်နိုင်သော စွမ်းအားရှေ့၌ မည်သူက မကြောက်ရွံ့ဘဲနေမည်နည်း။

ရီဝေဝေပန်း လီလီမြက်လား…

၎င်းအား မည်သူမျှမစဥ်းစားရဲတော့ချေ…

သက်တမ်းကုန်ဆုံးတော့မည့် သင်းကွဲဝံပုလွေများလည်း ထိတ်လန့်တကြား ချက်ချင်းဆုတ်ခွာသွားကြ၏။

ဤနေရာတွင် အသတ်ခံလိုက်ရမည့်အစား လက်ကျန်အချိန်များကို အေးအေးဆေးဆေးနေထိုင်ပြီး သေဆုံးသွားခြင်းက ပိုကောင်းပေလိမ့်မည်။

ရွှမ်ယီ နှင့် သူ၏နံဘေးမှ အမျိုးသမီးအားရန်စခြင်းက သေမင်းထံသို့အလည်သွားခြင်းနှင့်မခြားပေ။ရန်စမိလိုက်ပါက သူတို့အား ကောင်းကင်ဘုရင်တစ်ဦးပင် ကယ်တင်နိုင်မည် မဟုတ်ပေ။

အားလုံးထွက်သွားပြီးနောက် အရှေ့ငြိမ်းချမ်းရေး ဒေသတွင် သတင်းများပြန့်နှံ့သွား၏။

ရှစ်နယ်မြေတံခါးမှ ကောင်းကင်ဘုရင် သေဆုံးသွားခဲ့သည်…

ထိုသတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ လေပြင်းမုန်တိုင်းတစ်ခုအလား လျှင်မြန်စွာပြန့်နှံ့သွား၏။

ယခင်က ပြန့်နှံ့လာခဲ့သော ရီဝေဝေပန်း လီလီမြက်၏ သတင်းကမည်မျှပင် စွဲဆောင်မှု ရှိစေကာမူ ယခုသတင်းက အလွန်ပင်တုန်လှုပ်ဖွယ်ဖြစ်သည်။

အရှေ့ငြိမ်းချမ်းရေး ဒေသ၌လည်း ယခင်ကပျောက်ဆုံးသွားခဲ့သော တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသွားချေပြီ။

သို့သော် တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး အလွန်ထိတ်လန့်နေကြ၏။

အရှေ့ငြိမ်းချမ်းရေးဒေသသို့ ရောက်လာသော ဘုရင်များအားလုံး ၎င်းတို့နေရပ်သို့ပြန်လည်မထွက်ခွာမီ အရှေ့ငြိမ်းချမ်းရေးဒေသဆီသို့ ရှုပ်ထွေးသော အကြည့်များဖြင့် လှမ်းကြည့်မိခဲ့ကြ၏။

ထိုနေရာ၌ ကောင်းကင်ဘုရင်တစ်ဦး သေဆုံးခဲ့ရသည်။

တောင်ပိုင်းတိုက်ကြီး၌ ကောင်းကင်ဘုရင်တစ်ဦး နောက်ဆုံးသေဆုံးခဲ့သည်မှာ မည်မျှကြာခဲ့ပြီမှန်းပင် မသိတော့ပေ။

လူသားဘုရင်တစ်ဦးက ကောင်းကင်ဘုရင်အဆင့်သို့ ရောက်သည်နှင့် အလွန်ဩဇာအာဏာရှိသွားကာ မြင့်မြတ်သူတစ်ဦးအလားဖြစ်သွားပြီး တောင်ပိုင်းတိုက်ကြီးတွင် မိသားစုကြီး သို့မဟုတ် ဂိုဏ်းတစ်ခုအား အလွယ်တကူတည်ထောင်နိုင်၏။

ထို့အပြင် ကောင်းကင်ဘုရင် တစ်ပါး ပေါ်ပေါက်လာစေရန် နှစ်ထောင်ပေါင်းများစွာကြာလေ့ရှိသည်။

တောင်ပိုင်းတိုက်ကြီး၌ ကောင်းကင်ဘုရင်တစ်ပါး၏တည်ရှိမှုမှာ အလွန်အဖိုးတန်လှ၏။

သို့သော် အရှေ့ငြိမ်းချမ်းရေး ဒေသငယ်လေးတွင် ကောင်းကင်ဘုရင်တစ်ဦး အမှန်တကယ်ပင် ကျဆုံးခဲ့ရသည်။

ထိုသတင်းက တောင်ပိုင်းတိုက်ကြီးမှ ကောင်းကင်ဘုရင်များ အပါအဝင် သတင်းကြားသူတိုင်းကို အလွန်ပင် ထိတ်လန့်သွားစေ၏။

“ဆရာ…”

ပင်းယု ပြန်လည်ထွက်ခွာသွားပြီးနောက် ကျန်းချန် နှင့်အခြားသူများအား သွားရောက်ခေါ်ဆောင်ပြီး အရှေ့ငြိမ်းချမ်းရေး ေဒသမှ ပြန်လည်ထွက်ခွာလာခဲ့သည်။

ထို (၆)ယောက်လည်း ကောင်းကင်ဘုရင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းကြားခဲ့၏။ဘာတွေဖြစ်သွားမှန်း အတိအကျမသိသည့်တိုင်အောင် ထိုကိစ္စက သူတို့ဆရာနှင့် မကင်းကြောင်းခံစားမိနေ၏။

လက်ရှိတွင် တပည့် (၆)ယောက်လုံး ရွှမ်ယီ အား ကြည်ညိုလေးစားသည့် မျက်ဝန်းများဖြင့် ကြည့်နေကြပြီး ကျန်းချန်၏ မျက်ဝန်းများက အလွန်တောက်ပနေခဲ့သည်။

‘ဆရာကတော့ ဘယ်နေရာပဲရောက်ရောက် အမြဲတမ်း အုတ်အော်သောင်းတင်း ဖြစ်အောင်လုပ်နိုင်တာပဲ…’

ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး သူ့အားအလွန်သိချင်နေသောမျက်ဝန်းများဖြင့် ကြည့်နေကြသည့် တပည့်များအားကြည့်ပြီး အနည်းငယ်ခေါင်းယမ်းလိုက်မိသည်။

“အများကြီး လျောက်တွေးမနေနဲ့… ရီဝေဝေပန်း လီလီမြက်က ငါ့ဆီမှာရှိတယ်… ဒါပေမယ့် အဲ့တာကို ဆေးလုံးသန့်စင်ဖို့က သိပ်ပြီးလွယ်မှာတော့မဟုတ်ဘူး…”

စကားဆုံးသည်နှင့် ရွှမ်ယီ အနည်းငယ် မျက်မှောက်ကြုတ်လိုက်မိသည်။

စိတ်ဝိညာဥ်ဆေးလုံးများအား အဆင့်(၁)၊အဆင့်(၂) သာမက အဆင့်နိမ့်၊အလယ်အလတ် အဆင်မြင့်နှင့်အထွတ်အထိပ် ဟူ၍ အဆင့်များထပ်မံခွဲခြားထားသေး၏။

သာမာန်မှော်ဆေးပညာရှင်များတွင် ကောင်းမွန်သော ဆေးမီးဖိုတစ်ခုပိုင်ဆိုင်ထားခြင်းမရှိပါက ၎င်းတို့အနေဖြင့် အဆင့်နိမ့်သောဆေးများကိုသာ သန့်စင်နိုင်ပေလိမ့်မည်။အလယ်အလတ်အဆင့် ဆေးလုံးကမူ ကံတရားအပေါ်တွင်မူတည်နေ၏။အဆင့် (၄) မှော်ဆေးပညာရှင် သန့်စင်သော အဆင့် (၃) စိတ်ဝိညာဥ်ဆေးလုံး အလယ်အလတ်အဆင့်သို့ရောက်ရန်ပင် ကံတရားအပေါ်၌ မူတည်နေ၏။

မှော်ဆေးပညာရှင်တစ်ယောက်အတွက် ဆေးမီးဖိုကောင်းကောင်းတစ်ခုက အလွန်အရေးပါသည်။

ရွှမ်ယီ က အဆင့် (၇) မှော်ဆေးပညာရှင်၏ မှတ်ညာဏ်များအား အမွေဆက်ခံထားသော်လည်း ကောင်းမွန်သော ဆေးမီးဖိုမရှိသည့်အတွက် အလယ်အလတ် အဆင့် (၅) ဆေးလုံးများကိုသာ သန့်စင်နိုင်ခဲ့သည်။အဆင့်မြင့်ဆေးလုံးများအား မသန့်စင်နိုင်ခြင်းမဟုတ်ပဲ ၎င်းတို့အား အနည်းငယ်သာ သန့်စင်နိုင်၏။

ရွှမ်ယီ ၏လက်ထဲ၌ ပို၍ကောင်းမွန်သော ဆေးမီးဖိုရှိပါက အကောင်းဆုံးသန့်စင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။

ရွှမ်ယီ ထံတွင် ဆေးမီးဖိုတစ်ချို့ ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့အားလုံးက ရန်မိသားစု၊ဖီနစ်လှိုဏ်ဂူနှင့် တစ်ခြားသောအဖွဲ့အစည်းများမှ သိမ်းယူထားခြင်းသာ ဖြစ်၏။ထိုအင်အားစုများထဲတွင် အစွမ်းထက်မှော်ဆေးပညာများ မရှိပေ။၎င်းတို့ထံမှ သိမ်းယူရရှိခဲ့သော ဆေးမီးဖိုများအားလုံးမှာ အဆင့်နိမ့်ဆေးမီးဖိုများသာဖြစ်၏။၎င်းတို့က ရွှမ်ယီ အတွက်သိပ်အသုံးမဝင်လှချေ။

သို့သော် ရီဝေဝေပန်း လီလီမြက်က နှစ်ထောင်ဂဏန်းကြာပြီးမှ တစ်ခါထွက်ပေါ်လာခြင်းဖြစ်သည်။

ရွှမ်ယီ အနေဖြင့် ၎င်းအားကျပန်းဆေးမီးဖိုတစ်ခုကို အသုံးပြုပြီး သန့်စင်လိုက်ပါက အဆင့်မြင့်ဆေးလုံး အနည်းငယ်သာရရှိပြီး ကျန်ဆေးလုံးများက အလယ်အလတ်အဆင့်များသာ ဖြစ်ပေလိမ့်မည်။

ရွှမ်ယီ အနေဖြင့်ထိုရလဒ်ကို မကျေနပ်ပေ။

“ဆရာ… ဆေးမီးဖိုနဲ့ ပတ်သက်ပြီး စိတ်ပူနေတာလား…”

ကိုင်လင်းအာ ကအခြေအနေကိုခန့်မှန်းမိလိုက်ပြီး မေးလိုက်သည်။

တပည့် (၆) ယောက်ထဲတွင် မှော်ဆေးပညာအကြောင်းနားလည်သည်မှာ သူမတစ်ယေက်ထဲသာရှိပြီး သူမကိုယ်တိုင်ကလဲ အဆင့် လေး မှော်ဆေးပညာရှင်ဖြစ်သည်။ထို့ကြောင့် မှောဆေးပညာရှင်များအတွက် မည်သည့်အရာက ပြဿနာဖြစ်ကြောင်း၊ မည်သည့်အရာက အရေးပါကြောင်း ရှင်းလင်းစွာ နားလည်ထားသည်။

“ဟုတ်တယ်… အဲ့တာက ပြဿနာဖြစ်နေတာ…”

ရွှမ်ယီက မချိပြုံး ပြုံးလိုက်ပြီး အနည်းငယ် ခေါင်းယမ်းလိုက်သည်။သူ့အတွက် ဆေးဘုရင်တစ်ဦးဖြစ်လာရန် အလွန်လွယ်ကူခဲ့သော်လည်း ဆေးမီးဖိုကောင်းကောင်းတစ်ခု ပိုင်ဆိုင်နိုင်ရန်က အလွန်ခက်ခဲလှသည်။

သူက နဂါးသတ်ဖြတ်ခြင်း လျှို့ဝှက်နည်းလမ်းကိုပိုင်ဆိုင်ထားသော်လည်း သူ့ထံတွင် နဂါးသတ်ဓား မရှိသကဲ့သို့ဖြစ်နေ၏။

‘ဆေးလုံးသန့်စင်ဖို့ကိစ္စ အလျင်စလို မလုပ်တာကောင်းမယ်… အဲ့တာက သိပ်ပြီး အလုပ်ဖြစ်မှာ မဟုတ်ဘူး… ဗဟိုသူတော်စင် အကယ်ဒမီရောက်မှပဲ ဒီကိစ္စကို ဆက်ပြီးစဥ်းစားတော့မယ်…’

All Chapters