← Chapters

အခန်း (၂၂၈)

Vol. 16 Ch. 228

အခန်း (၂၂၈)

Vol. 16 Ch. 228

“ ဆရာ ပိုင်ရှင်မရှိတဲ့ ဆေးမီးဖို့တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်သိထားတာ တစ်ခုရှိတယ်…”

ရှောင်ဖန် က အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ရွှမ်ယီ အားပြောလိုက်သည်။

ရွှမ်ယီ မျက်ခုံးပင့်လိုက်မိ၏။ပိုင်ရှင်မရှိသော ဆေးမီးဖိုများအား မှော်ဆေးပညာရှင်များတွေ့သည်နှင့် သိမ်းယူသွားလေ့ရှိသည်။ယခု ရှောင်ဖန် ကထိုကဲ့သို့ပြောနေသည်ဖြစ်ရာ ထိုဆေးမီးဖို၌ ပိုင်ရှင်မရှိကြောင်းထင်ရှား၏။

“ဘယ်မှာများလဲ…”

“တောင်တစ်သောင်းဒေသက ရှောင်မိသားစု ပိုင်နက် တောင်ကုန်းတစ်ခုပေါ်မှာ တစ်ယောက်ထဲနေပြီး ကြောက်ဖို့ကောင်းတဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်… တစ်ချိန်တုန်းက သူ့ဘိုးဘေးတွေက အစွမ်းထက် ဆေးဘုရင်တွေဖြစ်ခဲ့ဖူးတယ်… ဒါပေမယ့် အခုတော့ သူ့မိသားစုက နိမ့်ကျသွားပြီ… ဘာတွေဖြစ်ခဲ့လဲမသိပေမယိ့ လက်ရှိမှာတော့ သူတစ်ယောက်ထဲပဲရှိတော့တယ်…”

“ သူ့ဆီမှာ ဘုရင်အဆင့် ဆေးမီးဖိုတစ်ခုရှိတယ်…”

“သူ့ဆီကနေပြီးတော့ အဲ့ဒီဆေးမီးဖိုကို ရဖို့ နည်းလမ်းအမျိုးမျိုးနဲ့ကြိုးစားခဲ့ကြတဲ့ ဆေးဘုရင်တွေအများကြီး ရှိခဲ့တယ်… ဒါပေမယ့် ဘယ်သူမှမရသွားကြဘူး…”

ထိုစကားအားကြားလျှင် ရွှမ်ယီ ချက်ချင်း စိတ်ဝင်စားသွား၏။

သူမှတ်မိတာ မမှားလျှင် ထိုရှောင်မိသားစုက သူ၏တပည့် ရှောင် မောင်နှမ လာသော ရှောင်မိသားစုဖြစ်ရပေမည်။ရှောင်ဖန် တို့မောင်နှမ လာသော မျိုးနွယ်ခွဲက ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သော်လည်း ထိုတောင်တစ်သောင်းဒေသရှိ ပင်မမျိုးနွယ်က တည်ငြိမ်နေသေးပုံရသည်။

“သွားကြစို့… တောင်တစ်သောင်း ဒေသကို သွားကြတာပေါ့…”

တောင်တစ်သောင်း ဒေသ ၊ ဖန်ရှင်းမြို့ ၊ ရှောင်မိသားစု…

ထိုအချိန်တွင် ရှောင်မိသားစု၌ မီးပန်းများဖောက်ကာ ခြင်္သေ့အကများ ကနေကြပြီး အလွန်တက်ကြွလျက်ရှိနေ၏။

ရှောင်မိသားစု ခြံဝန်းဘေးမှ ဖြတ်သွားသူတိုင်း အတွင်းဘက်သို့ မနာလိုသောအကြည့်များဖြင့် ကြည့်သွားကြသည်။

“ဒီနေ့က ရှောင်မိသားစု ဘိုးဘေးရဲ့ မွေးနေ့ပဲ… ဒီရှောင်မိသားစုက နှစ်တွေကြာလာတာနဲ့အမျှ တစ်ဖြည်းဖြည်းတိုးတက်လာတယ်… သူတို့မိသားစုထဲက လူငယ်တွေကိုလဲ ဂိုဏ်းအသီးသီးမှာ တပည့်ခံဖို့လွှတ်ထားတယ်… ပြီးတော့ ဒီနေ့ ရှောင်မိသားစု ဘိုးဘေးမွေးနေ့မှာ အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက် ရောင်လာမယ်လို့လဲ သတင်းကြားထားတယ်…”

ရှောင်မိသားစုက ဖန်ရှင်းမြို့၌ တစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်လာကာ ယခုအချိန်တွင် ဖန်ရှင်းမြို့၏ အုပ်စိုးသူအလား ဖြစ်နေချေပြီ။

လွန်ခဲ့သော နှစ်အနည်းငယ်က ရှောင်မိသားစုအနေဖြင့် အဆက်အသွယ်ကောင်းများတည်ဆောက်ရန်အတွက် ဂိုဏ်းအသီးသီးသို့ တပည့်များအဖြစ်စေလွှတ်ခဲ့သည်။

ယခုအချိန်တွင် ရှောင်မိသားစုဘိုးဘေး၏ မွေးနေ့ပွဲ ဖြစ်သောကြောင့် ထိုအဆက်အသွယ်များ ထွက်ပေါ်လာမည့် အချိန်ရောက်ချေပြီ။

ဘုန်း…

ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာပြီး ဖန်ရှင်းမြို့ တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။

လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ပင်လယ်တစ်ခုကဲ့သို့ ကျယ်ပြောသောအရှိန်အဝါများအားပိုင်ဆိုင်ထားသည့် ပုံရိပ်တစ်ခုက တိမ်များအားစီးနင်းလျက် ရှောင်မိသားစု အပေါ်သို့ဆင်းသက်လာခဲ့သည်။

“ ဒီအရှိန်အဝါ…ဒါဘုရင်အဆင့် တစ်ဝက်ကျင့်ကြံသူ မဟုတ်လား…”

“ ရှောင်မိသားစု မျိုးဆက်တွေထဲက တစ်ယောက်က ဘုရင်တစ်ဝက်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ဆရာတင်နိုင်ခဲ့တာပဲ… ဝါး ရှောင်မိသားစုက အရမ်းကံကောင်းလွန်းတယ်…”

“ ရှောင်မိသားစု လူငယ်မျိုးဆက်တွေထဲက ဘယ်သူက အဲ့ဒီလူကို ဆရာတင်နိုင်ခဲ့တာလဲမသိဘူး…”

လူများအားလုံး တုန်လှုပ်သွားကြ၏။

ထိုအချိန်တွင် ရွှမ်ယီ တို့အဖွဲ့ကလည်း ဖန်ရှင်းမြို့သို့ ရောက်လာခဲ့ကြသည်။ ရွှမ်ယီက ထို ဟိတ်ဟန်များသော အရှိန်အဝါအား ကြည့်လိုက်ပြီး ခေါင်းအနည်းငယ်ယမ်းလိုက်သည်။

“ ဒါက ရှောင်မိသားစုလား…”

ရှောင်ဖန် က မျှော်လင့်ချက်များတောက်ပနေသည့် မျက်ဝန်းများဖြင့် ရွှမ်ယီအားကြည့်ပြီး ခေါင်းညှိတ်ပြလိုက်သည်။

ရွှမ်ယီ က ပြုံးလိုက်ပြီး

“သွားကြည့်ကြတာပေါ့…”

………..

တောင်(၁)သောင်းဒေသကား အလွန်ကြီးမားသောဒေသ မဟုတ်ပေ။

ဖန်ရှင်းမြို့ ၌ အစွမ်းအထက်ဆုံးမှာ အခြေတည်ဝိညာဥ်အဆင့် (၉) အထွတ်အထိပ်ဖြစ်၏။ဖန်ရှင်းမြို့၌ ရှောင်မိသားစုဘိုးဘေး အပါအဝင် ထိုအဆင့်ကျင့်ကြံသူ (၃) ယောက်ရှိသည်။

၎င်းတို့က ဖန်ရှင်းမြို့၌ အုပ်စိုးရှင်များဖြစ်၏။

ထို့ကြောင့် ရှောင်မိသားစုဘိုးဘေး၏ အသက်ရှည်မှုက ဖန်ရှင်းမြို့မှ လူများအတွက် စိုးရိမ်စရာတစ်ခုအဖြစ် ယူဆ၍ရသည်။

ယခုတွင် သူ၏မွေးနေ့၌ ရှောင်မိသားစုမျိုးဆက် လူငယ်များအားလုံး တစ်ယောက်ပြီးတစ်ယောက်ပြန်ရောက်လာကြ၏။

ထိုအချိန်တွင် ဘုရင်တစ်ဝက်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါ ထွက်ပေါ်လာ၏။

ထိုအရှိန်အဝါအား ရိပ်မိလိုက်သောအခါ ရှောင်မိသားစုသို့ရောက်လာသော ဧည့်သည်များအားလုံး တုန်လှုပ်သွားကြသည်။

“အစီအရင်ခံပါတယ် ရှောင်ဘိုးဘေးကို ဂါရဝ ပြုဖို့အတွက် ရှောင်မိသားစုမှ ရှောင်ရန် သူ့ဆရာနဲ့အတူ ကျူးယွမ်နန်းတော်မှ ပြန်လာပါပြီ…”

ထိုအချိန်တွင် ရှောင်ဘိုးဘေးက သူ၏ အသိအကျွမ်း မိတ်ဆွေများနှင့် စကားပြောနေခဲ့ပြီး ထိုအသံအား ကြားလိုက်လျှင် သူ၏မျက်လုံးများက တောက်ပသွားသည်။

“ကျူးယွမ် နန်းတော်လား မြန်မြန်လုပ် ရှောင်ရန်ကို ဝင်ခွင့်ပြုလိုက်…”

ထို ကျူးယွမ်နန်းတော်ကား ဖန်ရှင်းမြို့မှ မိုင်ထောင်ပေါင်းများစွာ အကွာတွင် တည်ရှိပြီး အစွမ်းထက်အင်အားစုတစ်ခုလည်းဖြစ်သည်။ကျူးယွမ်နန်းတော်တွင် ကျူးယွမ် မီဂါထရွန် ဟုခေါ်သော ဘုရင်တစ်ဝက်အဆင့် ကျင့်ကြံသူ ၉ ယောက်ရှိသည်။

‘ရှောင်မိသားစု မျိုးဆက်တစ်ယောက်က ကျူးယွမ်နန်းတော်ထဲကို တကယ်ဝင်ရောက်နိုင်ခဲ့တာပဲ…’

‘သူ့ဆရာက ဘယ်သူလဲမသိဘူး…ဒါပေမယိ့ အရှိန်အဝါအရတော့ အခြေတည်ဝိညာဥ်အဆင့်ကို ကျော်လွန်နေပြီ…ဘုရင်တစ်ဝက်အဆင့်ကျင့်ကြံသူ ဖြစ်နိုင်တယ်…’

ရှောင်မိသားစု၏ အနေအထားက ဖန်ရှင်းမြို့တွင် ယခင်ထက်ပို၍ မြင့်တက်လာတော့မည်။

ရှောင်ရန်က အပြုံးတစ်ခုအားဆင်မြန်းလျက် မနှေးမမြန်လျောက်လာသည်။

သူ၏ နံဘေးတွင် တာအိုဆရာတစ်ဦးနှင့် တူညီသော လူလတ်ပိုင်းတစ်ဦး ပါလာ၏။

လူတိုင်း၏ မျက်လုံးများ သူ့ထံသို့ကျရောက်သွား၏။

“ရှောင်ရန်… ဒီစီနီယာက ဘယ်သူများလဲ…”

ရှောင်မိသားစု ဘိုးဘေးက တုန်လှုပ်နေသော အကြည့်များဖြင့် မတ်တပ်ထရပ်လိုက်သည်။သူ၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် ဖိအားများအား ခံစားနေရ၏။

ရှောင်ဘိုးဘေးက တံတွေးတစ်လုတ်မျိုချလိုက်ပြီး သူ့စိတ်ထဲ၌ ခန့်မှန်းထားပြီးဖြစ်သည်။

“ဘိုးဘေး… ဒါကျွန်တော့ဆရာပါ… ကျူးယွန်နန်းတော်က အကြီးအကဲ ဟွာယန် ပဲ… ဘိုးဘေးအတွက် ေမွးနေ့ဆုတောင်းပေးဖို့ ရောက်လာတာပါ…”

ရှောင်ရန်က လေးနက်စွာဦးညွတ်လိုက်၏။

အကြီးအကဲ ဟွာယန် ကမူ သာမန်ကာလျံကာ ကြည့်ပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

ထိုအပြုအမူက အလွန်ရိုင်းစိုင်းနေသော်လည်း သူ့အား မောက်မာရိုင်းစိုင်းသည်ဟု ဘယ်သူမှမထင်ကြပေ။

ဘုရင်တစ်ဝက်အဆင့်ကျင့်ကြံသူ…

ထိုလူက ကျူးယွမ်နန်းတော်မှ အစွမ်းထက်ကျင့်ကြံသူ တစ်ဦးဖြစ်သည်။

ထို့အပြင် ၎င်းက ဘုရင်တစ်ဝက်အဆင့်ကျင့်ကြံသူလဲဖြစ်သည်။

သူ၏ မောက်မာခြင်းက ကိစ္စမရှိချေ။ဘုရင်တစ်ဝက်အဆင့် ကျင့်ကြံသူ၏ ပေါင်ကို မြဲမြံစွာ ဆုတ်ကိုင်ထားနိုင်သရွေ့ ကောင်းချီးရပေလိမ့်မည်။

“ကောင်းတယ်…ကောင်းတယ်…”

ရှောင်ဘိုးဘေး ပြုံးပြီးအားရစွာပြောလိုက်၏။

“မင်းက ငါတို့ရှောင်မိသားစုရဲ့ မျိုးဆက်ဖြစ်ထိုက်ပေတယ်…”

“အကြီးအကဲ ဟွာယန် ကျေးဇူးပြုပြီး ဒီခုံမှာထိုင်ပါ… ပြီးတော့ လက်ဖက်ရည်တစ်ခွက်လောက် သုံးဆောင်ပါဦး…”

အကြီးအကဲ ဟွာယန်၏ ဇစ်မြစ်အား အတိအကျသိလိုက်ရပြီးနောက် ရှောင်ဘိုးဘေး၏ မျက်နှာက ရွှင်လန်းလို့နေ၏။

သူက အနည်းငယ်ဦးညွှတ်ကာ အကြီးအကဲ ဟွာယန်အတွက် ထိုင်ခုံနေရာ စီစဥ်ပေးပြီး လက်ဖက်ရည်အား ကိုယ်တိုင်ကမ်းပေးလိုက်သည်။

“ ဘိုးဘေးက ယဥ်ကျေးလွန်းနေပါပြီ…”

အကြီးအကဲ ဟွာယန်က အသိအမှတ်ပြုဟန်ဖြင့် အနည်းငယ်ခေါင်းညိတ်ကာ တစ်ချက်ပြုံးပြလိုက်ပြီး လက်ဖက်ရည်ကို မော့သောက်လိုက်၏။

ထိုမြင်ကွင်းအား မြင်လိုက်ရလျှင် ရှောင်ဘိုးဘေး၏မျက်နှာ အနည်းငယ်နီရဲသွားပြီး ရှောင်ရန်အား အကြီးအကဲ ဟွာယန်၏နံဘေးတွင် ထိုင်ရန် စီစဥ်ပေးလိုက်သည်။

ထိုကောင်လေးက ရှောင်မိသားစုအတွက် ကံကောင်းစေသော ကြယ်တစ်ပွင့် ဖြစ်သည်။ သူ့ကြောင့်မဟုတ်လျှင် ရှောင်မိသားစု အနေဖြင့် ထိုကဲ့သို့ အစွမ်းထက်ကျင့်ကြံသူမျိုးနှင့် မည်ကဲ့သို အဆက်အသွယ်ရနိုင်မည်နညိး။

ရှောင်မိသားစုမှ ကျန်လူငယ်များ အားလုံး ထိုမြင်ကွင်းအားမြင်လိုက်ကြလျှင် မျက်နှာပျက်သွားကြ၏။ ယနေ့က သူတို့ မိသားစုဘိုးဘေး၏ မွေးနေ့ဖြစ်သော်လည်း သူတို့၏ဆရာများအား ခေါ်ဆောင်ရန် ကျရှုံးခဲ့ကြပြီး သူတို့ဝင်ခဲ့သည့် ဂိုဏ်းများကလည်း ကျူးယွမ်နန်းတော်လောက်မသန်မာပေ။

ရှောင်ရန်က ယနေ့အတွက် ဇာတ်လိုက်ဖြစ်ပေသည်။

ရှောင်ရန်က မိသားစုအတွင်းမှ ကျန်လူငယ်များကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး အောင်ပွဲရလိုက်သော မျက်နှာထားဖြင့် ထိုင်ခုံ၌ဝင်ထိုင်လိုက်သည်။

ရှောင်မိသားစုသို့ ပြန်ရောက်လာသော လူငယ်များအားလုံးထဲတွင် သူဝင်ရောက်ခဲ့သောဂိုဏ်းက အကောင်းဆုံးဂိုဏ်းဖြစ်ပြီး သူ၏ဆရာကလည်းအလွန်သန်မာပေသည်။

ဖန်ရှင်းမြို့၌သူ၏ဆရာအား ယှဥ်နိုင်သူတစ်ယောက်မှမရှိပေ။

အကြီးအကဲ ဟွာယန်၏ အရှိန်အဝါက ဤနေရာရှိလူတိုင်းအား ဖုံးလွှမ်းသွားစေရန် လုံလောက်သည်။

ရှောင်မိသားစု တစ်ခုလုံး အနာဂတ်တွင် တိုးတက်လာလိမ့်မည်။

ပြီးတော့ ထိုအခွင့်အရေးကို သူ ရှောင်ရန်က ယူဆောင်လာခဲ့ခြင်းဖြစ်၏။

“ဟား..ဟား..ဟား…

အကြီးအကဲ ဟွာယန်ကျုပ်က ဖန်ရှင်းမြို့ လီမိသားစုကပါ… ကျုပ်တို့ လီ မိသားစုကို လာရောက်လည်ပတ်လို့ရပါတယ်…”

“ကျုပ်က ဖန်ရှင်းမြို့ ချန် မိသားစုကပါ အကြီးအကဲလိုအပ်တာမှန်သမျှ ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ…”

အကြီးအကဲ ဟွာယန်ရောက်ရှိလာခြင်းဖြင့် ရှောင်မိသားစု ဧည့်ခံပွဲက ယခင်ထက်ပို၍ တက်ကြွသွားပုံရသည်။ပတ်ဝန်းကျင်မှလူတိုင်း အကြီးအကဲ ဟွာယန်အား ဝိုင်းဝန်းမြှောက်ပင့်နေကြ၏။ထို့အပြင် ရှောင်ရန်၏ အကြောင်းကိုလဲ ချဲ့ကားပြောဆိုရန် မမေ့ခဲ့ကြပေ။

“ရှောင်ရန် ကတော့ မျှော်လင့်ထားသလိုပါပဲ…”

“ သူကရှောင်မိသားစု လူငယ်မျိုးဆက်ထဲမှာ အသန်မာဆုံးပဲ… သူ့ရဲ့အနာဂတ်က အရမ်းထူးခြားလိမ့်မယ်…”

ရှောင်ရန်က တည်ငြိမ်မှုရှိအောင် အတတ်နိုင်ဆုံးကြိုးစားနေပေမယ့် သူ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့မြင့်တက်နေခဲ့သည်။

All Chapters