← Chapters

အခန်း (၂၂၉)

Vol. 16 Ch. 229

အခန်း (၂၂၉)

Vol. 16 Ch. 229

“အစီအရင်ခံပါတယ်… ရှောင်မိသားစုခွဲတစ်ခုမှ ရှောင်ဖန်နှင့် ရှောင်ဟောင်တို့က ဆရာ ၊ ဆရာတူ ညီအကိုမောင်နှစ်မများနှင့်အတူ ရှောင်ဘိုးဘေးကို ဂဝရ ပြုဖို့ရောက်လာပါတယ်…”

ရုတ်တရက် တံခါးစောင့်၏ အသံကထွက်ပေါ်လာခဲ့သည်။

လူတိုင်းအံသြသွားကြ၏။

ရှောင်ဖန် နှင့် ရှောင်ဟောင် တို့က ရှောင်မိသားစု၏ နောက်ထပ် မျိုးဆက်နှစ်ယောက်ပေလော။

ဧညိ့ခံပွဲမှ လူတစ်ချို့က ရှောင်ရန်နှင့် အကြီးအကဲဟွာယန်တို့အား ထူးဆန်းစွာကြည့်လိုက်ကြသည်။ရောက်ရှိလာသူများက ရှောင်မိသားစုခွဲလေးတစ်ခုမှ ဖြစ်သည်။ဖန်ရှင်းမြို့ ရှောင်မိသားစုနှင့် နှစ်ပေါင်းများစွာကြာအောင် ဝေးကွာနေခြင်းဖြစ်၏။

ထို့အပြင် ယခုမွေးနေ့ပွဲသို့ရောက်လာသော်လည်း အလွန်နောက်ကျမှ ရောက်လာခဲ့သည်။ထိုမိသားစုခွဲမှ လူငယ်မျိုးဆက်နှစ်ယောက်၏ ဆရာက ဘုရင်တစ်ဝက်အဆင့် ကျင့်ကြံသူထက် သာလွန်နေသလော။

ရှောင်ဘိုးဘေးက ရှောင်မိသားစု၏ မျိုးဆက်များဖြစ်နေသ၍ မည်သူ့ကိုမှ ငြင်းဆန်လိုခြင်းမရှိချေ။၎င်းတို့က ရှောင်မိသားစု၏ အနာဂတ်များဖြစ်ပေသည်။

ထိုရှောင်ဖန်နှင့် ရှောင်ဟောင်တို့က ပင်မရှောင်မိသားစုနှင့် နှစ်ပေါင်းများစွာကြာ အဆက်အသွယ်ပြတ်နေသော မိသားစု အခွဲလေးတစ်ခုမှ ဖြစ်ဟန်ရသည်။

ရှောင်ဘိုးဘေး က အနည်းငယ်မျက်မှောက်ကျုံ့လိုက်သော်လည်း လက်ဝှေ့ယမ်းပြီးအော်ပြောလိုက်သည်။

“ ကျေးဇူးပြုပြီး ဝင်လာကြပါ…”

ရွှမ်ယီက သူ၏တပည့် ၆ ယောက်အားဦးဆောင်လျက် ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။

လူတိုင်း ထူးဆန်းသောအကြည့်များဖြင့် သူတို့အား ကြည့်နေကြသည်။

ထိုဝင်လာသူ (၇) ယောက်က သက်တူရွယ်တူများဖြစ်နေကြသည်။

ဆရာတူ ညီအကိုမောင်နှမများဖြစ်ဟန်ရှိနိုင်သော်လည်း အစီအရင်ခံချိန်က ပြောခဲ့သည့် ဆရာဖြစ်သူက မည်သည့်နေရာရောက်သွားသနည်း။

“အာ… ရှောင်ဖန်နဲ့ ရှောင်ဟောင်ပဲ…”

ရှောင်ဘိုးဘေးက မေးခွန်းထုတ်လိုသော အကြည့်များဖြင့် ပြောလိုက်သည်။

လူအုပ်ကြီးတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် သူတို့အား ပြန်ကြည့်လိုက်ကာ

“မင်းတို့ဆရာ ဘယ်မှာများလဲ…”

ရှောင်ဖန်က အပြုံးတစ်ခုဖြင့်ရှေ့တိုးလာပြီး အနည်းငယ် ဦးညွှတ်လိုက်ကာ

“ကျွန်တော်က ရှောင်ဖန်ပါ… ကျွန်တော်တို့ မောင်နှစ်မက ဆရာ ရွှမ်ယီ၊ဆရာတူ ညီအကိုမောင်နှမများနှင့်တကွ ဘိုးဘေးကို ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်…”

ရှောင်ဘိုးဘေးက ခေါင်းငြိတ်ပြလိုက်၏။

“ကောင်းပြီ… မင်းက အခုဘယ်နေရာမှာ ပညာသင်ကြားနေတာလဲ… ပြီးတော့မင်းဆရာက ဘယ်သူများလဲ…”

ကျူးယွမ်နန်းတော်မှ အကြီးအကဲဟွာယန်ကလဲ သူတို့အား စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။သူက လက်ရှိ ဤနေရာ၌ အသန်မာဆုံးဖြစ်ပြီး ထိုဝင်လာသော လူငယ်များအားလုံး အခြေတည်ဝိညာဥ်အဆင့်တွင် ရှိကြောင်းခံစားနိုင်သည်။ခွန်အားအရတွင် ၎င်းတို့ထဲမှ မည်သူမဆိုက သူ၏တပည့် ရှောင်ရန် ထက်ပိုသန်မာကြသည်။

“ဒါက ကျွန်တော့်ဆရာ နက်နဲခြင်းဘုရင်ပဲ…”

ရှောင်ဖန်က ရွှမ်ယီအားညွှန်ပြကာ နာမည်ရှေ့၌ နက်နဲခြင်းဟူသော ဘွဲ့တစ်ခုတပ်ပြီး မိတ်ဆက်ပေးလိုက်သည်။

ရွှမ်ယီက သူ့အား လှည့်ကြည့်လိုက်ပြီး အနည်းငယ်ခေါင်းရမ်းကာ ပြုံးလိုက်သည်။သူက ဘုရင်အဆင့်ကျင့်ကြံသူများထဲတွင်သန်မာသော ဘုရင်တစ်ပါး ဖြစ်နေပြီ ဖြစ်ပြီး သူ့အား နက်နဲခြင်းဘုရင်ဟု ခေါ်ဆိုရန် မလိုအပ်တော့ချေ။

သို့သော် ပတ်ဝန်းကျင်မှ လူများကမူ ရွှမ်ယီ၏ ငယ်ရွယ်သော ရုပ်သွင်အား သတိပြုမိလိုက်ပြီး နှလုံးသားထဲ၌ မေးခွန်းများဖြစ်ပေါ်လာခဲ့သည်။

နက်နဲခြင်းဘုရင်…?

လူတိုင်း ထိတ်လနိ့သွားကြ၏။ရှောင်ဘိုးဘေးကလည်း ပြူးကျယ်နေသော မျန်လုံးများဖြင့် ရွှမ်ယီအား ကြည့်လိုက်မိသည်။

သူကရွှမ်ယီ၏ ကျင့်ကြံမှုအခြေခံအား သိရှိနိုင်ရန်အတွက် နတ်အသိကို စမ်းသပ်ထုတ်လွှင့်ကြည့်လိုက်သော်လည်း ဘာမှခံစားရခြင်းမရှိချေ။ သူ၏နတ်အသိက ပင်လယ်ထဲသို့ကျသွားသော ရေတစ်စက်နှင့် အလားဖြစ်သွား၏။ရှောင်ဘိုးဘေး၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများပြည့်နှက်သွား၏။

“ကျုပ်တပည့်က အဓိပ္ပါယ်မရှိတဲ့စကားမပြောဘူး…”

ရွှမ်ယီက ထူးမခြားနားဟန်ဖြင့်ပြုံးလိုက်ပြီး သူ၏ အရှိန်အဝါအားထုတ်ဖော်လိုက်သည်။

ဘုန်း…

အကြီးအကဲဟွာယန် ထိတ်လန့်နေသော မျက်လုံးများဖြင့် ရုတ်တရက် မတ်တပ် ရပ်လိုက်မိသည်။

ထိုအရာက အမှန်ဖြစ်၏။

ဤကဲ့သို့ အရှိန်အဝါမျိုးကို ဘုရင်အဆင့်ကျင့်ကြံသူသာ ပိုင်ဆိုင်နိုင်သည်။

သူ့ရှေ့မှလူက အမှန်တကယ် ဘုရင်အဆင့်ကျင့်ကြံသူ ဖြစ်နေသည်။

ရှောင်ဘိုးဘေးက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ဦးညွှတ်လိုက်သည်။သူ၏မျက်နှာက အလွန်ရွှင်လန်းနေပုံရ၏။

ပတ်ဝန်းကျင်မှ ဧည့်သည်များအားလုံးလဲ မျက်လုံးများ ပြူးကျယ်သွားကြသည်။၎င်းတို့အားလုံးမှာ တုံးအသူများ မဟုတ်ကြချေ။ထိုထွက်ပေါ်လာသော အရှိန်အဝါက အလွန်ပြင်းထန်နေပြီး ဘုရင်တစ်ဝက်အဆင့်၏ အရှိန်အဝါထက် ကျော်လွန်နေခဲ့သည်။

လူငယ်တစ်ယောက်… နက်နဲခြင်းဘုရင်…

ရှောင်မိသားစုက အမှန်တစ်ကယ်ကို ဘုရင်အဆင့်တစ်ယောက်နှင့် အဆက်အသွယ်ရှိနေခဲ့သည်။

အထင်ကြီးစရာပဲ…

………

ရွှမ်ယီက သူ၏အရှိန်အဝါအား ချက်ချင်းပြန်လည်ရုတ်သိမ်းလိုက်၏။

ပုံမှန်ဆိုလျှင် ထိုသို့သော မေးခွန်းထုတ်မှုများအား သူ့အနေဖြင့်ဂရုမစိုက်သော်လည်း တပည့်များ၏ မျက်နှာအတွက် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။

ဟူး…

အရှိန်အဝါများပြန်လည်ရုတ်သိမ်းလိုက်သည်နှင့် လူတိုင်း၏ မျက်နှာများ ဖြူဖျော့နေသည့်အခြေအနေမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဟွာယန်လည်း အလွန်ထိတ်လန့်သွားခဲ့ပြီး တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့ကာ ထိုင်နေသလား ရပ်နေသလားတောင်မသိတော့ပေ။

မူလက ရှောင်မိသားစုသို့ရောက်လာလျှင် ဖန်းရှင်းမြို့၌ သူက အသန်မာဆုံးဖြစ်မည်ဟု ထင်ခဲ့၏။

သို့သော် ရှောင်မိသားစု မျိုးဆက်များထဲ၌ ဘုရင်အဆင့်ကျင့်ကြံသူအား ဆရာတင်ထားသူရှိနေလိမ့်မည်ဟု လုံး၀မမျှော်လင့်ထားခဲ့ပေ။

ဒါပေမယ့်.. ဒီလောက် ငယ်ရွယ်တဲ့ ဘုရင်အဆင့်ကျင့်ကြံသူက ဘယ်နေရာကရောက်လာတာလဲ…?

“ဟားဟားဟား…”

ရှောင်ဘိုးဘေး အလွန်၀မ်းသာသွားပြီး တောက်ပစွာပြုံးလျက် ရွှမ်ယီနှင့် တပည့်များအား ခရီးဦးကြိုပြုရန် ရှေ့တိုးလာ၏။

“ ဘုရင်ရွှမ်.. ဘုရင်ရွှမ် ကျုပ်တို့ ရှောင်မိသားစုကိုရောက်လာတာက အမှန်တကယ်ကို ကြီးမားတဲ့ကောင်းချီးတစ်ခုပါဘဲ…”

ရှောင်‌ဘိုးဘေးက ရွှမ်ယီနှင့်တပည့်များအား ဦးဆောင်ခေါ်လာပြီး ရွှမ်ယီထိုင်ရန်အတွက် သူ့နေရာကိုပေးလိုက်သည်။

သို့သော် ရွှမ်ယီက ထိုသို့ဟိတ်ကြီးဟန်ကြီး မပြုလိုပေ။

စိတ်အားထက်သန်စွာ ဖိတ်ခေါ်နေသည့် ရှောင်ဘိုးဘေးအား လက်ယမ်းကာ ငြင်းပယ်လိုက်ပြီး တပည့်များနှင့်အတူ သာမန်ဝိုင်းတစ်ဝိုင်း၌ ၀င်ထိုင်လိုက်၏။

“ ရှောင်ဖန်.. နက်နဲခြင်းဘုရင်က ဘယ်ကလာတာလဲ…”

ရှောင်ဘိုးဘေးက ရှောင်ဖန်တို့မောင်နှမလက်များအား အလွန်နွေးထွေးစွာနှင့် တယုတယဆုပ်ကိုင်ထား၏။

တောင်(၁)သောင်းဒေသ၌ ဘုရင်အဆင့်ကျင့်ကြံသူရှိသော အင်အားစု အနည်းငယ်သာရှိသည်။

ဤမျှ ငယ်ရွယ်သောဘုရင်အဆင့်ကျင့်ကြံသူရှိကြောင်း မကြားဖူးပေ။

ထိုလူ မည်သည့်နေရာမှရောက်လာကြောင်း လူတိုင်းသိချင်နေကြ၏။

ရွှမ်ယီ ထိုင်လိုက်ပြီးဖြစ်သည့်တိုင်အောင် ဟွာယန် ခုံ၌ ပြန်မထိုင်သေးပေ။ ရှောင်ဘိုးဘေး၏ မေးခွန်းအား နားစွင့်ကာ နားထောင်နေခဲ့သည်။

ရှောင်ဖန်က အသာအယာပြုံးလိုက်ပြီး

“ ဆရာက သူတော်စင်ဒေသ ၊ ဗဟိုသူတော်စင်အကယ်ဒမီက နည်းပြဆရာတစ်ယောက်ဘဲ…”

ထိုအဖြေအားကြားလိုက်လျှင် ပတ်၀န်းကျင်တစ်ခုလုံး ခေတ္တငြိမ်သက်သွား၏။

ထို့နောက် ပွတ်လောညံသွားလေသည်။

ဘုန်း..!

“ သူ.. ဘာပြောလိုက်တယ်.. ဗဟိုသူတော်စင် အကယ်ဒမီက နည်းပြဆရာ ဟုတ်လား…? “

“ သူတော်စင်ဒေသက ထိပ်တန်းဒေသကြီး(၁၀)ခုထဲက မဟုတ်လား…”

“ ပြီးတော့ ဗဟိုသူတော်စင်အကယ်ဒမီကလည်း ထိပ်တန်း အကယ်ဒမီကြီး(၅)ခုထဲကလေ…”

“ ငါကြားဖူးသလောက်ဆိုရင် ဗဟိုသူတော်စင်အကယ်ဒမီမှာ ဘုရင်အဆင့်ကျင့်ကြံသူတွေကိုဘဲ နည်းပြဆရာအဖြစ်ခန့်တာတဲ့… ပြီးတော့ ဘုရင်အဆင့်ကျင့်ကြံသူဖြစ်တိုင်း နည်းပြဖြစ်နိုင်တာမဟုတ်ဘူး…”

“ ရှူး…”

လူတိုင်း အသက်ပြင်းပြင်းရှိုက်လိုက်မိကြ၏။

ဗဟိုသူတော်စင်အကယ်ဒမီက တောင်ပိုင်းတိုက်ကြီး၌ အလွန်ကျော်ကြားသည်။ တောင်(၁)သောင်းဒေသကဲ့သို့ ဒေသငယ်လေးမှလူများပင် ဗဟိုသူတော်စင်အကယ်ဒမီအား ကြားဖူး၏။

ရှောင်ရန်အပါအ၀င် ရှောင်မိသားစုမှ လူငယ်များအားလုံး မျက်၀န်းများ ပြုးကျယ်သွားလေသည်။

သူတို့ အမှတ်မမှားလျှင် ထိုအကယ်ဒမီက လွန်ခဲ့သော နှစ်၀က်ကျော်က ကျောင်းသားအသစ်များလက်ခံခဲ့၏။ သူတို့လည်း သွားပြီးကြိုးစားကြည့်ရန် စဉ်းစားခဲ့ကြသော်လည်း မလုပ်ဖြစ်ခဲ့ပေ။

သူတို့အဆင့်ဖြင့် အများကြီးမမျှော်လင့်နိုင်သော‌ကြောင့်ဖြစ်၏။ တောင်း(၁)သောင်းဒေသ၏ ထိပ်တန်းအဆင့်မှ တစ်ယောက်သာ၀င်ခွင့်ရခဲ့သည်။

ထိုအချိန်က လူတိုင်း တုန်လှုပ်သွားပြီး အလွန်၀မ်းသာခဲ့ကြသေး၏။

သူတို့ဒေသမှ တစ်ယောက်၀င်ခွင့်ရသည်မှာ အားလုံးအတွက်ဂုဏ်ယူစရာပင်။

သို့သော် ရှောင်မိသားစုမှ နှစ်ယောက်လည်း ၀င်ခွင့်ရခဲ့ကြောင်း ယခုမှသိရခြင်းဖြစ်၏။

‌ယခင်က ရှောင်ရန်တစ်ယောက် နေကိုးစင်းဂိုဏ်း(ကျူးယွမ်ဂိုဏ်း)ကို ၀င်ခွင့်ရခဲ့ပြီး ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူ၏ တပည့်ဖြစ်လာခြင်းအပေါ် အလွန်ဂုဏ်ယူ၀မ်းမြောက်နေခဲ့ဖူးသည်။

သို့သော် ရှောင်ဖန်တို့ မောင်နှစ်မက တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်း(၅)ခုထဲမှ ‌ဗဟိုသူတော်စင်အကယ်ဒမီ၌ ပညာသင်ကြားနေကြလေသည်။

ကွာခြားချက်အလွန်ကြီးမား၏။

ရှောင်ရန် အနည်းငယ်သိမ်ငယ်သွားသလို ခံစားလိုက်ရပြီး ခေါင်းငုံ့ထားလိုက်မိသည်။

All Chapters