အခန်း (၂၃၀)
Vol. 16 Ch. 230
“ ဟားဟားဟား…”
ရှောင်ဘိုးဘေး အလွန်စိတ်လှုပ်ရှားနေပြီး အတော်မသတ်နိုင်အောင် ရယ်မောလိုက်၏။
သူက ရှောင်ဖန်တို့ မောင်နှစ်မလက်များအား တင်းကြပ်စွာဆုပ်ကိုင်ထာပြီး အလွန်နှစ်ခြိုက်စွာကြည့်လိုက်သည်။
[ Note. Eng ဘာသာပြန်က ဒီနေရာမှာ ပြင်ထားလို့ပါ။ အရင်က ရှောင်ဖန် ရှောင်ဟောင်မှာ ရှောင်ဖန်က အစ်မ ရှောင်ဟောင်က မောင်လို့ ဘာသာပြန်ခဲ့ပါတယ်။
အခု တစ်ပိုင်းထဲမှာတင် ရှောင်ဖန်က ညီမ ရှောင်ဟောင်က အစ်ကို အဲ့လိုပြန်ထားတဲ့အပြင် ရှောင်ဖန်က အစ်ကို ရှောင်ဟောင်က ညီမ ဆိုပြီးတော့ ရေးထားပါတယ်။ မူရင်း ရေးတဲ့လူကို စိတ်မရှိပေမယ့် Engဘာသာပြန်ကို ဆဲရင်း ဘာသာပြန်နေရပါတယ်။
လက်ရှိမှာ ရှောင်ဟောင်က ညီမ ၊ ရှောင်ဖန်က အစ်ကို လို့ပဲ ဆက်ရေးသွားပါမယ်။
Xiao Pan’s Elder brother ဆိုတော့ ရှောင်ဖန်က ညီမ ရှောင်ဟောင်က အစ်ကိုပေါ့
Looked at his younger sister Xiao Hong ဆိုတော့ ဟုတ်နေတာပေါ့
ရှောင်ဟောင်က ညီမ ရှောင်ဖန်က အစ်ကိုဖြစ်သွားပြန်ရော….]
ယခု ကျရောက်လာသော မွေးနေ့ပွဲက သူ၏ တစ်ဘ၀လုံးတွင် အကောင်းဆုံးနေ့ဟု ဆိုရပေမည်။
ရှောင်မိသားစု မျိုးဆက်များထဲ၌ ဘုရင်အဆင့်ကျင့်ကြံသူ၏ တပည့်များရှိနေချေပြီ။
ထို့အပြင် ထိုဆရာက ဘုရင်အဆင့်ကျင့်ကြံသူဖြစ်ရုံသာမက ဗဟိုသူတော်စင် အကယ်ဒမီ၌လည်း ဆရာတစ်ဦးဖြစ်နေသေး၏။
ဗဟိုသူတော်စင်အကယ်ဒမီမှ နည်းပြဆရာဟူသည့် ဂုဏ်ပုဒ်က ပေါ့သေးသေးမဟုတ်ပေ။
မည့်သည့်ဒေသတွင်ဆို ဘုရင်အဆင့်ကျင့်ကြံသူများစွာ ရှိနိုင်သော်လည်း ဗဟိုသူတော်စင် အကယ်ဒမီမှ နည်းပြဆရာများက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် ဒါဇင်အနည်းငယ်ခန့်သာရှိ၏။
ထို့အပြင် ရှောင်ဖန်တို့မောင်နှစ်မက သူတို့မိသားစုမှ မျိုးဆက်များဖြစ်လေရာ ရှောင်မိသားစုအတွက် အလွန်ကြီးမားသော ကောင်းချီးတစ်ခုဖြစ်ပေသည်။
“ အဟွတ်အဟွတ်…”
ရှောင်ဘိုးဘေးက အနည်းငယ်ချောင်းဟန့်လိုက်ပြီး ရှောင်ဖန်အား ဘေးသို့ဆွဲခေါ်လာကာ အသံတိုးတိုးဖြင့်မေးလိုက်၏။
“ မင်းတို့ ဆရာဘာကြိုက်တတ်မှန်းငါမသိဘူး.. သူ့ရဲ့ ဝါသနာက ဘာများလဲ…”
ရှောင်မိသားစုနှင့် ရွှမ်ယီအကြား ဆက်ဆံရေးကောင်းမွန်စေရန်အတွက် သူ၏ အကြိုက်များအား သိထားရန်လိုအပ်သည်။
“ ဝါသနာလား…”
ရှောင်ဖန်က ရုတ်တရက်မို့ အံ့အားသင့်သွားပြီး ညီမဖြစ်သူ ရှောင်ဟောင်အား လှည့်ကြည့်လိုက်ရင်း သူ့မျက်၀န်းများက တောက်ပသွား၏။
သူတို့ တောင်(၁)သောင်းဒေသသို့ရောက်လာရခြင်းမှာ ဆေးမီးဖိုအတွက်ဖြစ်သည်။ သို့သော် ဤနေရာသို့ရောက်ချိန်၌ ရှောင်ဘိုးဘေးက မွေးနေ့ပွဲကျင်းပနေ၏။ သူတို့က ရှောင်မိသားစုအခွဲလေးမှ ဖြစ်နေစေကာမူ ရှောင်မိသားစု၀င်များဖြစ်သောကြောင့် ကြည့်ရှုရန် ရောက်လာခဲ့ခြင်းဖြစ်သည်။
ယခု ရှောင်ဘိုးဘေးက ရွှမ်ယီ စိတ်၀င်စားသော ဝါသနာအား မေးနေ၏။
“ အဲ့တာက.. ကျွန်တော်လည်း မပြောတတ်ဘူး.. ဒါပေမယ့် ကြည့်ရသလောက်ဆိုရင် ဆရာက မှော်ဆေးပညာ ဝါသနာပါပုံရတယ်.. ပြီးတော့ သူက ဆေးဘုရင်တစ်ယောက်ဘဲ…”
ရှောင်ဘိုးဘေး မျက်လုံးပြူးသွားခဲ့လေသည်။
ရှောင်ဖန်က သူ့အား တင်းကြပ်စွာဆုပ်ကိုင်ထားသည့် ဘိုးဘေးအား မော့ကြည့်လိုက်လျှင် ၀မ်းသာမှုများဖြင့် တောက်ပနေသော မျက်၀န်းတစ်စုံအား တွေ့လိုက်ရ၏။
“ တကယ်ကြီး ဆေးဘုရင်လား…”
ရှောင်ဘိုးဘေးက ရှောင်ဖန်အား အနီးကပ်ကြည့်ပြီး ထပ်မံမေးမြန်းလိုက်၏။
ရှောင်ဟောင်က အနည်းငယ်အံ့အားသင့်သွားပြီး
“ ဟုတ်တယ်.. ဆရာက ဆေးဘုရင်တစ်ယောက်ပဲ.. ကျွန်တော်တို့ဒီကိုရောက်လာတာက ဘိုးဘေးရဲ့ မွေးနေ့ပွဲကိုပဲ သီးသန့်လာတာမဟုတ်ဘူး.. မြို့တောင်ဘက်က ဆေးမီးဖိုကို ခနငှားသုံးချင်လို့လာခဲ့တာ… ဒါနဲ့ ဆေးမီးဖိုရော ရှိသေးရဲ့လား…”
“ အင်း.. ရှိတယ်…”
ရှောင်ဘိုးဘေး အလွန်စိတ်လှုပ်ရှားနေပြီး နီမြန်းနေသောမျက်နှာဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်၏။
သူက နှစ်ပေါင်းများစွာ အသက်ရှင်လာပြီးသည်ဖြစ်ရာ ရွှမ်ယီ၏ အလားအလာနှင့်ပတ်သက်ပြီး ကောင်းစွာ နားလည်ပေသည်။
အလွန်ငယ်ရွယ်သော ဘုရင်အဆင့်ကျင့်ကြံသူဖြစ်ရုံသာမက ဗဟိုသူတော်စင် အကယ်ဒမီ၌လည်း ဆရာတစ်ဦးဖြစ်နေသေး၏။ ထို့အပြင် ဆေးဘုရင်တစ်ဦးလည်း ဖြစ်နေသည်။
ဆေးဘုရင်များ၏ အဆင့်အတန်းက သာမန် ဘုရင်အဆင့်ကျင့်ကြံသူများထက် မြင့်မားသည်။
ယခုတွင် ဘုရင်အဆင့်ကျင့်ကြံသူ ၊ ဗဟိုသူတော်စင် အကယ်ဒမီမှ ဆရာ ၊ ဆေးဘုရင်…
ထိုဂုဏ်ပုဒ်(၃)မျိုးလုံးအား လူတစ်ယောက်တည်းက ပိုင်ဆိုင်ထား၏။
ရှူး…
ရှောင်ဘိုးဘေး အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။ စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။
ရှောင်မိသားစုအနေဖြင့် ရွှမ်ယီ၏ ပေါင်အား မြဲမြံစွာ ဖက်ထားနိုင်ပါက အနာဂါတ်အတွက် စိတ်ပူစရာမလိုတော့ချေ။ တောင်(၁)သောင်းဒေသတစ်ခုလုံး၌ ရှောင်မိသားစုအား မည်သူက စော်ကားရဲမည်နည်း။
“ ရှောင်ဖေး.. မြို့တောက်ဘက်ကိုသွားပြီး ဟိုအဘိုးကြီးကိုအကြောင်းကြားလိုက်… ဆေးဘုရင်တစ်ယောက်က သူ့ ဆေးမီးဖိုကို ခဏငှားသုံးချင်နေတယ်လို့.. လိုအပ်တဲ့အဖိုးအခကို ငါတို့ရှောင်မိသားစုက အကုန်ပေးမယ်လို့ပါပြောခဲ့…”
ရှောင်ဘိုးဘေး အသက်ပြင်းပြင်းရှုရင်း မိသားစုခေါင်းဆောင် ရှောင်ဖေးအား ခေါ်ယူပြီး တာ၀န်ပေးလိုက်၏။
ရွှမ်ယီ စိတ်ကျေနပ်စေရန်အတွက် ဘာမဆိုလုပ်ပေးရန် ဆုံးဖြတ်ထားသည်။
ရှောင်ဖေးက အနည်းငယ်အံ့အားသင့်သွားသော်လည်း မည်သည့်စကားမှမဆိုဘဲ ချက်ချင်းပြေးထွက်သွား၏။
သူ၏ ဦးတည်ရာက မြို့တောင်ဘက်သို့ဖြစ်သည်။
တစ်ယောက်တည်းနေထိုင်သော မြို့တောင်ဘက်မှ အဘိုးကြီးက ဖန်းရှင်းမြို့၌ ဆန်းကျယ်သော လူတစ်ဦးပင်။ သူတိုမိသားစုက လွန်ခဲ့သော နှစ်ပေါင်းများစွာတုံးက မှော်ဆေးပညာရှင်မိသားစုတစ်ခုဖြစ်ခဲ့သော်လည်း တဖြည်းဖြည်းနိမ့်ကျသွားပြီး ယခုတွင် လူတစ်ယောက်နှင့် ဆေးမီးဖိုတစ်ခုသာ ကျန်တော့သည်။
ထိုမီးဖိုအား လိုချင်သူများစွာရှိပြီး သွားရောက် လုယူရန် ကြိုးစားခဲ့ကြသူတိုင်း ဆုံးစမြုပ်ပျောက်ကွယ်သွားခဲ့၏။
ထိုအဘိုးကြီးက ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်ဟု ကောလဟာလများပင် ပျံ့နှံ့နေခဲ့သည်။
သို့သော် ထိုအချိန်မှစပြီး သူ့အား သွားရောက်နှောက်ယှက်ရဲခြင်းမရှိတော့ပေ။
(၁၀)မိနစ်ကြာပြီးနောက် ရွှင်ပြနေသော မျက်နှာထားဖြင့် ရှောင်ဖေးပြန်ရောက်လာ၏။
“ ဘိုးဘေး တောင်ပိုင်းက အဘိုးကြီးက ဆေးမီးဖိုငှားဖို့ သဘောတူခဲ့ပါတယ်.. ဒါပေမယ့် ဆေးဘုရင်ကို သူ့အတွက်အရင်ဆေးလုံး သန့်စင်ပေးဖို့ တောင်းဆိုလိုက်တယ်..ပြီးတာနဲ့ ဆေးမီးဖိုကို ငှားပေးမှာဖြစ်ပြီး သူ့အတွက် သန့်စင်ပေးတဲ့ ဆေးတစ်၀က်ကိုလည်း ပေးမယ်လို့ပြောလိုက်ပါတယ်…”
ရှောင်ဘိုးဘေးလည်း အလွန်၀မ်းသာသွားပြီး ရွှမ်ယီထံသို့ အပြေးသွားပြီး အကြောင်းကြားလိုက်သည်။
ထိုစကားအားကြားလျှင် ရွှမ်ယီ ခေါင်းအနည်းငယ်ညိတ်ပြလိုက်ပြီး စိတ်သက်သာရာရသွားခဲ့၏။
အဆင့်မြင့် ဆေးမီးဖိုတစ်ခုရှာရန်မှာ မလွယ်ကူလှပေ။
ထိုဆေးမီးဖိုက သူများဟာဖြစ်၏။ ထိုလူသာ ဆန္ဒမရှိလျှင် ရွှမ်ယီက အတင်းအကြပ်လုယူလိုစိတ်မရှိပေ။
ရီဝေဝေပန်း လီလီမြက်အား ဆေးအဖြစ်သန့်စင်ရန်ကိစ္စနှင့်ပတ်သက်ပြီး ရွှမ်ယီ ခေါင်းခဲနေခဲ့သည်။
သို့သော် ယခုတွင် အဆင်ပြေသွားပြီဖြစ်၏။
ထို့အပြင် မှော်ဆေးပညာရှင်တစ်ဦးအား ဖိတ်ကြားပြီး မိမိပိုင်ဆိုင်သည့်ဆေးမီးဖိုဖြင့် ဆေးဖော်စပ်ခိုင်းပါက ရရှိလာသည့် ဆေးတစ်၀က်ကို ပေးအပ်ရသည့် စည်းမျဉ်းရှိသည်။
မြို့တောင်ဘက်ရှိ အဘိုးကြီးက စိတ်၀င်စားစရာပင်။
သူက မည်သည့်ဆေးအား လိုချင်နေသနည်း…?
ရွှမ်ယီက ပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
သူ့ထံတွင် အဆင့်(၇) မှော်ဆေးပညာရှင်၏ မှတ်ညာဏ်များရှိရာ မည်သည့်ဆေးဖြစ်စေ ကိစ္စမရှိပေ။
ဆေးမီးဖိုသာ အမှန်အကန်ကောင်းနေလျှင် ဆေးဖော်စပ်ရန် ပြသနာမရှိချေ။
“ ကူညီမှုအတွက် အကြီးအကဲရှောင်နဲ့ မိသားစုခေါင်းဆောင် ရှောင်ဖေးတို့ကို ကျေးဇူးတင်ပါတယ်.. ကျုပ် မြို့တောင်ဘက်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်…”
…….
“ ရွှစ်…”
ရွှမ်ယြီ လေဟာနယ်အား တိုက်ရိုက်ဖြတ်ကျော်ပြီး မြို့ပြင်ရှိ တောအုပ်ထဲ၌ ပေါ်လာ၏။
သူ၏ ရှေ့တွင် မြင့်မားသော တောင်တစ်လုံးရှိနေပြီး ဆေးမီးဖိုပိုင်ရှင် အဘိုးကြီးနေထိုင်ရာနေရာဖြစ်သည်။
ရွှမ်ယီအနေဖြင့် တောင်ထိပ်သို့ တိုက်ရိုက် ဖြတ်သန်းသွားနိုင်သော်လည်း တစ်ပါးသူထံမှ အကူအညီတောင်းရမည်ဖြစ်သောကြောင့် လေးစာမှုပြသည့်အနေဖြင့် လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
အရှေ့ငြိမ်းချမ်းရေးဒေသ၌ ကောင်းကင်ဘုရင်တစ်ဦးအား သတ်ဖြတ်ခဲ့သည်ဖြစ်ရာ သူ၏ စိတ်များက ယခုအချိန်၌ ပေါ့ပါးနေ၏။
ဤသို့နှင် တောင်ပေါ်သို့ တစ်လှမ်းခြင်းဖြည်းညှင်းစွာတက်သွားလိုက်သည်။
တောင်ပေါ်မှ အဘိုးကြီးက ရွှမ်ယီက အပြုအမူအားကြည့်ရင်း အလွန်ကျေနပ်သွား၏။
“ မင်းက ဆေးမီးဖိုကို ငှားမယ့်လူလား…”
မုတ်ဆိတ်ဖြူများနှင့် အဘိုးကြီးက ရွှမ်ယီအား တောက်ပသော မျက်၀န်းများဖြင့် အကဲခတ်ရင်းမေးလိုက်သည်။
တောင်း(၁)သောင်းဒေသ၌ မှော်ဆေးပညာရှင် နည်းပါးပြီး ဆေးဘုရင်အဆင့်ရောက်နေသူက ပို၍ပင်ရှားပါးသည်။
အဘိုးကြီး၏ အမြင်၌ ရွှမ်ယီက ငယ်ရွယ်သေးပြီး ၀တ်စားဆင်ယင်ပုံက သပ်ရပ်ကာ ယဉ်းကျေးဟန်ရသည်။ ထိုလူငယ်က မှော်ဆေးဘုရင်တစ်ဦး၏ တပည့် ဒါမှမဟုတ် မှော်ဆေးပညာရှင် အစည်းအရုံးမှ ပါရမီရှင်တပည့်တစ်ဦး ဖြစ်နိုင်သည်။
သူ၏ ဘိုးဘေးများထဲတွင် ဆေးဘုရင်များရှိခဲ့ဖူးသည်ဖြစ်ရာ ဆေးဘုရင်တစ်ဦးဖြစ်လာရန် မည်မျှ ခက်ခဲကြောင်း သူရှင်းလင်းစွာ နားလည်ထား၏။ ရွှမ်ယီ၏ အသက်အရွယ်နှင့် ဆေးဘုရင်ဖြစ်ရန်မှာမူ ကောင်းကင်အား အံ့တုသကဲ့သို့ပင်။
ရွှမ်ယီက ညင်သာစွာပြုံးလိုက်ပြီး လက်ယှက်ကာ ဦးညွှတ်လိုက်သည်။
“ ကျုပ်မှာ ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်ရတနာတစ်ခုရှိတယ်.. ဒါပေမယ့် အဲ့တာကို သန့်စင်ဖို့အတွက် သာမန်ဆေးမီးဖိုအသုံးပြုတာက တော်တော်လေးဖြုန်းတီးရာရောက်တယ်.. ခင်ဗျားဆီမှာ အဆင့်မြင့်ဆေးမီးဖိုတစ်ခုရှိတယ်ဆိုတဲ့ သတင်းကြားမိလို့ ငှားလို့ရမလားဆိုပြီး ရောက်လာတာပါ…”
ထိုစကားအားကြားလျှင် အဘိုးကြီးက အနည်းငယ်ခေါင်းညိတ်လိုက်၏။
ဒါက အမှန်ပင်။
အကယ်၍ အဆင့်မြင့်ဆေးမီးဖိုမရှိလျှင် ဆေးဘုရင်တစ်ဦးဖြစ်စေကာမူ သန့်စင်ရာ၌ အလေအလွင့်များစွာဖြစ်ပြီး အဆင့်နိမ့် အဆင့်(၅) ဆေးလုံးများကိုသာ သန့်စင်နိုင်ပေလိမ့်မည်။
“ မင်းကို ဆေးမီးဖိုငှားပေးလို့တော့ရပါတယ်.. ဒါပေမယ့် ငါ့ကို အရင်ဆုံး အဆင့်(၅) ဇန်ယွမ်ဆေးလုံး သန့်စင်ပေးရမယ်…”
စကားပြောနေစဉ် အဘိုအို၏ မျက်၀န်းများက အရောင်အနည်းငယ်လက်သွား၏။
“ အောင်မြင်မယ်ဆိုရင် မင်းကို ဆေးမီးဖိုငှားပေးရုံမကဘူး.. ရလာမယ့် ဇန်ယွမ်ဆေးတစ်၀က်ကိုလည်းပေးဦးမယ်….”