← Chapters

အခန်း (၂၃၁)

Vol. 16 Ch. 231

အခန်း (၂၃၁)

Vol. 16 Ch. 231

ဇန်ယွမ်ဆေး…?

၎င်းက စိတ်ဝိညာဉ်သက်၀င်လှုပ်ရှားမှုအား တိုးစေနိုင်သည်။

အရန်ပါ၀င်ပစ္စည်းများကလည်း တန်ဖိုးရှိသည့်တိုင် ထိုမျှမဟုတ်ပေ။ အဓိကက ပျော်ရွှင်ခြင်းမြက်ဖြစ်၏။

ပျော်ရွှင်ခြင်းမြက်က ဇန်ယွမ်ဆေးလုံးအတွက် အဓိကသော့ချက်ဖြစ်သည်။

ထိုဆေးလုံးက ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအတွက် နှစ်ပေါင်းများစွာသော တက်ကြွလန်းဆန်းမှုကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။

မှန်ပေသည်။ အကန့်အသတ်မဲ့စွာ တိုးစေနိုင်သည်တော့မဟုတ်ပေ။ ဆေးလုံးအား ဆက်လက်သောက်သုံးနေသည်နှင့်အမျှ အာနိသင်လျော့ကျသွားပေလိမ့်မည်။

“ ဒါနဲ့ ခင်ဗျားမှာ စိုက်ထားတဲ့ ပျော်ရွှင်ခြင်းမြက်ရှိလား…”

ရွှမ်ယီ အနည်းငယ်အံ့ဩသွား၏။ ပျော်ရွှင်ခြင်းမြက်က စိုက်ပျိုးမွေးမြူရန် မလွယ်ကူပေ။ အထူးပတ်၀န်းကျင်တစ်ခုနှင့် အသေးစိတ်ဂရုစိုက်မှုလိုအပ်သည်။ ထို့အပြင် အချိန် ဆယ်စုနှစ်များစွာသုံးစွဲရမည်ဖြစ်၏။

ထိုအဘိုကြီးသာ ပျော်ရွှင်ခြင်းမြက်အား အမှန်တကယ်စိုက်ပျိုးထားလျှင် ထိုလူထံတွင် စိတ်ရှည်မှုနှင့် ကျွမ်းကျင်မှုတစ်ချို့ရှိကြောင်း ၀န်ခံရပေမည်။

ပျော်ရွှင်ခြင်းမြက်က ရီဝေဝေပန်း လီလီမြက်အား မမှီသော်လည်း အလွန်အဖိုးတန်ပေသည်။

အဘိုးအိုက ရွှမ်ယီ၏ အံ့ဩသွားပုံကိုကြည့်ပြီး ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြကာ သူ၏ မုတ်ဆိတ်မွေးများအား ပွတ်သပ်လိုက်၏။

သူက ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းတွင် ရပ်တည်နိုင်သော်လည်း မည်သည့်နေရာကိုမှ မသွားနိုင်ခဲ့ပေ။

တောင်(၁)သောင်းဒေသတွင် အခြေချနေထိုင်ရခြင်းမှာ ဤတောင်ပေါ်တွင် ရှင်သန်နေသည့် ပျော်ရွှင်ခြင်းမြက်တစ်ချို့ကို တွေ့ခဲ့ရပြီး တောင်ပေါ်ရှိ မြေဆီလွှာက ပျော်ရွှင်ခြင်းမြက်စိုက်ပျိုးရန် အလွန်သင့်တော်လှသောကြောင့်ဖြစ်၏။

ဤသည်က သူ့အတွက် အခွင့်အရေးတစ်ခုပင်။

ယနေ့ ရွှမ်ယီရောက်လာချိန်အထိ အဘိုးအိုက တောင်ပေါ်၌ စိတ်ရှည်သည်းခံပြီးနေထိုင်ခဲ့သည်။

“ ဘယ်လိုလဲ.. မင်းလုပ်နိုင်မလား…”

ရွှမ်ယီက စိတ်ချဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဇန်ယွမ်ဆေးလုံးက အဖိုးတန်သည့်အထဲတွင်ပါ၀င်သော်လည်း ၎င်းက အဆင့်(၅)ဆေးလုံးမျှသာ။ ပါ၀င်ပစ္စည်းများရှိနေသ၍ ၎င်းအား အောင်မြင်စွာဖော်စပ်ရန် ရွှမ်ယီ ယုံကြည်ချက်ရှိသည်။

“ အဲ့တာကောင်းတယ်…”

အဘိုးအိုလက်ဝှေ့ယမ်းလိုက်သည်နှင့် လေဟာနယ်အနည်းငယ်တုန်ခါသွားပြီး ဆေးမီးဖိုကြီးတစ်ခု ထွက်ပေါ်လာ၏။

“ ဒါက ငါတို့ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ရွှမ်ယိုနတ်ဘုရားမီးတောက် ဆေးမီးဖိုဘဲ… အဆင့်(၅) ဆေးလုံးကိုတောင် အောင်မြင်မှု(၃၀)ရာခိုင်နှုန်း တိုးလာစေနိုင်တယ်.. စိတ်ဝိညာဉ်မီးတောက်ရှိရင် အကျိုးသက်ရောက်မှုက ပိုကောင်းနိုင်တယ်….”

ရွှစ်…

သူ၏ လက်တစ်ဖက်အား ထပ်မံဝှေ့ယမ်းလိုက်ရာ ဇန်ယွမ်ဆေးလုံးအတွက် လိုအပ်သည့် စိတ်ဝိညာဉ်ပစ္စည်းများအားလုံး ထွက်ပေါ်လာသည်။

အဘိုးကြီးက ရွှမ်ယီအား လေးနက်စွာစိုက်ကြည့်လိုက်ပြီး

“ စမ်းကြည့်လိုက်…”

ရွှမ်ယီက ရှေ့တိုးလိုက်ပြီး ဆေးမီးဖိုအား တစ်ပတ်ပတ်ကြည့်ရာ အလွန်စိတ်ကျေနပ်သွား၏။ ဤဆေးမီးဖိုနှင့်ဆိုလျှင် သူ၏ အရည်အချင်းတချို့အား ထုတ်ပြနိုင်တော့မည်။

ရွှမ်ယီက မျက်လုံးမှိတ်လိုက်ပြီး အသက်ရှုကြိမ် အနည်းငယ်အကြာတွင် ပြန်ပွင့်လာ၏။

ဝှစ်..

အဘိုးအို၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ရွှမ်ယီ၏ နှဖူးအလယ်တည့်တည့်မှ စိတ်ဝိညာဉ်မီးတောက်ထွက်ပေါ်လာပြီး ဆေးမီးဖိုအား အပူပေးလိုက်သည်။

“ စိတ်ဝိညာဉ်မီးတောက်…”

အဘိုးအို အလွန်တုန်လှုပ်သွား၏။ စိတ်ဝိညာဉ်မီးတောက်ဆိုသည့်အရာမှာ အလွယ်တကူ ရရှိနိုင်သည့်အရာမဟုတ်ပေ။

၎င်းက အလွန်အဖိုးတန်လှသည်။

အဘိုးအို၏ မျက်လုံးများ နီရဲလာခဲ့၏။

သူ၏ အကြည့်များအောက်တွင် အနက်ရောင်ဆေးမီးဖိုက ကြက်သွေးရောင်အဖြစ်ပြောင်းသွားပြီး အပူရှိန်များ လှိုင်းထကာထွက်ပေါ်နေလေသည်။ ဆေးမီးဖို၏ ကိုယ်ထံ၌ ထွင်းထုထားသည့် စာလုံးများ လင်းလက်လာပြီး ဆေးမီးဖို၏ အနှစ်သာရထွက်ပေါ်လာခဲ့သည်။

ရွှမ်ယီက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဆေးသန့်စင်ခြင်း၌ စိတ်ကို အပြည့်အ၀ နှစ်ထားလိုက်၏။

သူ၏ လက်များက ဇယ်ဆက်သလိုလှုပ်ရှားနေပြီး ပါ၀င်ပစ္စည်းများအား လိုသလိုချိန်ညှိပြီး ဆေးမီးဖိုအတွင်းပစ်ထည့်နေသည်။

တစ်ခဏအကြာတွင် ပါ၀င်ပစ္စည်းအားလုံး ထည့်သွင်းခြင်းပြီးဆုံးသွား၏။ ၎င်းတို့က ဆေးမီးဖိုအတွင်း၌ အရည်ပျော်ပြီး ရောစပ်သွားလေသည်။

ထို့နောက် စိတ်ဝိညာဉ်မီးတောက်က ရွှမ်ယီ၏ မျက်ခုံးနှစ်ခုကြား ပြန်၀င်သွားသည်။

‌ဆေးမီးဖိုက တဖြည်းဖြည်းတုန်ခါလာ၏။

ဘုန်း…

ချန်းနန်တောင်တစ်ခုလုံး အလွန်သန့်စင်သည့် ရောင်ဝါများ ဖုံးလွှမ်းသွား၏။

အဆင့်မြင့် အဆင့်(၅) ဇန်ယွမ်ဆေး… (၈)လုံး…

ဝှစ်ရှ်…

ရွှမ်ယီက ဆေးလုံးများအား လှမ်းယူလိုက်ပြီး အလွန်စိတ်ကျေနပ်သွားသည်။

သူက ဇန်ယွမ်ဆေးလုံးအား ပထမဆုံးအကြိမ် သန့်စင်ဖူးခြင်းပင်။ ထို့အပြင် ထိုဆေးမီးဖိုကိုလည်း ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်၏။

သူ၏ ပညာများအား အဆုံးအစွန်ထိ အသုံးအပြုနိုင်ခဲ့သော်လည်း ရလဒ်က မဆိုးလှပေ။

“ ကောင်းတယ်…”

အဘိုးအိုလည်း အံ့ဩသွားပြီး သူ၏ မျက်၀န်းများက တောက်ပနေ၏။

“ ‌ဆေးလုံး(၈)လုံးရတယ်.. ပြီးတော့ အားလုံး အဆင့်မြင့်တွေချည်းပဲ.. အရမ်းကောင်းတယ်…”

အစက အလယ်အလတ်အဆင့်လောက်သာရမည်ဟု မှန်းထားခဲ့သော်လည်း ရွှမ်ယီ၏ မှော်ဆေးပညာက သူမှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။

အဆင့်မြင့်ဆေး (၈)လုံး…

သူ့အမြင်တွင် ရွှမ်ယီက ပါ၀င်ပစ္စည်းများ၏ အကျိုးသက်ရောက်မှုကို အပြည့်အ၀အသုံးပြုနိုင်ခဲ့သည်။

“ မြန်မြန်.. ဒီအဘိုကြီးကို ဆေး(၆)လုံး ပေးတော့…”

ထိုစကားက ရွှမ်ယီအား အနည်းငယ်တုန်လှုပ်သွားစေသည်။

ထိုအဘိုးကြီးက ထွေးပြီးသားတံတွေးအား ပြန်မြိုတော့မည်။

“ အဘိုးကြီး… ကျုပ်ကို လာနောက်မနေနဲ့…”

“ အရင်ကသဘောတူထားတာ တစ်ယောက်တစ်၀က်မဟုတ်လား…”

ရွှမ်ယီက ပြုံးရွှင်နေသောမျက်နှာက တဖြည်းဖြည်းအေးစက်လာ၏။

စပြောတုံးက တစ်၀က်ဖြစ်သော်လည်း ယခုတွင် (၄)ပုံ (၃)ပုံတောင်းနေချေပြီ။

ရွှမ်ယီက အဘိုးအိုအား မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လိုက်၏။

အမှန်တွင် သူက ဇန်ယွမ်ဆေးလုံး အရေအတွက်အား သိပ်စိတ်မ၀င်စားချေ။ ၎င်းက အဖိုးတန်သည်မှန်သော်လည်း သူသန့်စင်မည့် ဆေးလုံးအား မယှဉ်နိုင်ပေ။ အဘိုးကြီး၏ လူလည်ကျသော လေသံကြောင့် ရွှမ်ယီ ဒေါပွသွားခြင်းဖြစ်သည်။

ဘယ်လိုလုပ်ပြီး စကားအား ဖင်တစ်ခွန်း ခေါင်းတစ်ခွန်းပြောနေရသနည်း။

“ ငါက မင်းနဲ့ နောက်ပြောင်နေဖို့ စိတ်ကူးမရှိဘူး.. ဆေးလုံးတွေကို လိမ်လိမ်မာမာနဲ့ပေးလိုက်… ငါစိတ်ကောင်း၀င်နေတာမို့ မင်းကို လွှတ်ပေးလိုက်မယ်…”

အဘိုးကြီးက မီးတောက်နေသည့်မျက်၀န်းများဖြင့် စိုက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။

သူ၏ မကောင်းသော ရည်ရွယ်ချက်များအား ဖုံးကွယ်ထားလိုခြင်းမရှိပေ။

“ ပြီးတော့ ငါက တစ်ကိုယ်တည်းသမားဘဲ.. မင်းကိုသတ်ပြီး တစ်နေရာကိုထွက်ပြေးသွားရင် ဘယ်သူက ဘာလုပ်နိုင်မှာမို့လဲ…”

သူက ရွှမ်ယီအား အနည်းငယ်မျှ ဂရုမစိုက်ပေ။

ထိုလူငယ်က ဤအသက်အရွယ်ဖြင့် ဆေးဘုရင်တစ်ဦးဖြစ်နေလေရာ ကျင့်ကြံခြင်း၌ ဘုရင်အဆင့်သိုရောက်နေရန် လုံး၀မဖြစ်နိုင်ပေ။

မှော်ဆေးပညာနှင့် သိုင်းပညာအ ဒွန်တွဲကျင့်ကြံရန် အလွန်ခက်ခဲကြောင်း လူတိုင်းအသိပင်။

မှော်ဆေးပညာအား လေ့လာ လေ့ကျင့်ရန် အချိန်များစွာသုံးစွဲရ၏။

ထို့ကြောင့် မှော်ဆေးပညာရှင်များက သိုင်းပညာလမ်းစဉ်၌ အားနည်းလေ့ရှိသည်။

ဆေးဘုရင်အများစုက အခြေတည်ဝိညာဉ်အဆင့်၌သာရှိကြ၏။

ထို့အပြင် သူက ဘုရင်အဆင့်ကျင့်ကြံသူဖြစ်ပေသည်။

ပိုပြီအဆင်ပြေသွားသည်မှာ သူက တောင်(၁)သောင်းဒေသဇာတိ မဟုတ်သည့်အပြင် မိသားစု၀င်ဟူ၍လည်း သူတစ်ယောက်တည်းသာရှိ၏။

ကောင်းကင်နှင့် မြေပြင်က အလွန်ကျယ်ပြောလှသည်။ မည်သည့်နေရာမဆို သွား၍ရ၏။

အဘိုးအိုက ရွှမ်ယီအား အေးစက်သောမျက်နှာထား ၊ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ဤကမ္ဘာကြီးက သန်မာသူများအတွက်ဖြစ်၏။

ရွှမ်ယီက အလွန်ယုံကြည်မှု ပြင်းထန်နေသည့် အဘိုးကြီးအား ကြည့်လိုက်သည်။

သူ၏ မျက်၀န်းများ တဖြည်းဖြည်းအေးစက်လာလေသည်။

“ ကျုပ်ကို သတ်ချင်တာလား.. ဘယ်ကရတဲ့ ယုံကြည်မှုနဲ့လဲ…”

“ ကျုပ်ဒီကို မလာခင် ရှောင်မိသားစုက ခင်းဗျားကို သေချာမပြောခဲ့ဘူးလား.. ကျုပ်က ဆေးဘုရင်တင်မဟုတ်ဘူး…”

“ ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်ဆိုတာ…”

ဘုန်း…

ရွှမ်ယီက မျက်နှာက အလွန်တင်းမာနေပြီး သူ၏ အရှိန်အဝါက ပေါက်ကွဲထွက်ပေါ်လာသည်။

“ ဆေးလုံးတွေက ကျုပ်လက်ထဲမှာရှိတယ်… လိုချင်လား… ခင်ဗျားမှာ ယူနိုင်တဲ့ အစွမ်းအစရှိရင် လာယူလှည့်.. ယူနိုင်ရင် ရလိမ့်မယ်.. အဲ့လိုမှမဟုတ်ရင်…….”

ရွှမ်ယီက စူးရှပြင်းထန်သော အကြည့်တစ်ချက်ပို့လွှတ်လိုက်၏။

ထိုအဘိုးကြီးက ကတိမတည်ရုံသာမက သူ့ကိုသတ်ရန်ပင် စိတ်ကူးနေခဲ့သည်။ ထိုလူ၏ လောဘတက်နေသော အကြည့်များက ရွှမ်ယီအား အလွန်ဒေါသထွက်သွားစေ၏။

ကောင်းတယ်…

ယူနိုင်စွမ်းရှိရင် ယူသွားလိုက်…

မယူနိုင်ရင် သေရလိမ့်မယ်…

All Chapters