← Chapters

အခန်း (၂၃၂)

Vol. 16 Ch. 232

အခန်း (၂၃၂)

Vol. 16 Ch. 232

“ ဘုရင်အဆင့်…”

အဘိုးအိုက ရွှမ်ယီအား အံဩကာ စိုက်ကြည့်နေခဲ့သည်။

သူ၏အမြင်တွင် ရွှမ်ယီ၏ အသက်အရွယ်ဖြင့် ဆေးဘုရင်တစ်ယောက်ဖြစ်နေခြင်းက ကောင်းကင်အား အံတုနေပြီဖြစ်ပြီး တောင်ပိုင်းတိုက်ကြီးတွင် ထိုကဲ့သို့ အရည်အချင်းရှိသူ အနည်းငယ်မျှသာ ရှိနိုင်သည်။

သို့သော် ဤအသက်အရွယ်ဖြင့် ဆေးဘုရင် ဖြစ်နေခဲ့ပြီရာ ဘုရင်အဆင့်သို့ရောက်နေသော်လည်း တိုက်ခိုက်နိုင်စွမ်း နည်းပါးနေလိမ့်မည်ဖြစ်သည်။

ဆေးဘုရင်များ အားလုံး ဘုရင်အဆင့် ကျင့်ကြံမှုအခြေခံမရှိနိုင်ပေ။ ၎င်းတို့အနေဖြင့် အခြေတည်ဝိညာဥ် အဆင့်သို့ရောက်ရှိနေခြင်းကပင် ကောင်းမွန်နေပြီဖြစ်၏။

အဘိုးအို၏ အမြင်တွင် ရွှမ်ယီ၏ အရွယ်၌ အခြေတည်ဝိညာဥ်အဆင့်သို့ ရောက်နေလျှင်ပင် အလွန်အရည်အချင်းရှိသည်ဟု သတ်မှတ်ရပေလိမ့်မည်။

အဘိုးအို ကိုယ်တိုင်လဲ ဘုရင်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်၏။

ထို့ကြောင့် ရွှမ်ယီအား လှည့်စားနိုင်သည်ဟု ခံစားခဲ့ရ၏။

သို့သော် ရွှမ်ယီ ထံမှ ဘုရင်အဆင့် အရှိန်အဝါများ ထွက်ပေါ်လာရာ သူအလွန် အံ့အားသင့်သွားခဲ့ရသည်။

သို့သော် အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်တည်လာ၏။

သူက မှော်ဆေးပညာရှင် မိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ မှော်ဆေးပညာရှင်များ အနေဖြင့် ဆေးဘုရင်အဆင့်သို့ရောက်ရန် ကြိုးစားရာတွင် ၎င်းတို့၏ အချိန်များအားလုံးကို မှော်ဆေးပညာတွင် အာရုံစိုက်ထားရမည်ဖြစ်ရာ သိုင်းပညာဘက်တွင် ကျွမ်းကျင်မှု နည်းပါးသွားနိုင်သည်။

ထိုလူငယ်က ဘုရင်အဆင့်သို့ရောက်ရန် ဆေးလုံးများစွာအား အသုံးပြုခဲ့ဟန်ရသည်။ ထို့ကြောင့် သူ့ထံတွင် အစစ်အမှန် ဘုရင်အဆင့်တစ်ယောက်၏ တိုက်ခိုက်နိုင်စွမ်းရှိမည်မထင်ပေ။

ထိုအဘိုးအို၏ အမြင်တွင် ရွှမ်ယီ ၏ ဘုရင်အဆင့်က ဟန်သာရှိပြီး အဆံမရှိပေ။

“ဟား..ဟား..ဟား… ဘုရင်အဆင့်လား…”

အဘိုးအိုက လှောင်ရယ်လိုက်၏။ ထို့နောက်သူ၏ ပတ်ဝန်းကျင်တွင်ရှိသော သစ်ပင်များ၊ကျောက်တုံးများ ကောင်းကင်ထက်သို့မြောက်တက်သွားပြီး ဝုန်း… ကနဲ မြေပေါ်သို့ပြန်လည်ပြုတ်ကျသွားသည်။

သာမန်မျက်စိဖြင့် မြင်နိုင်သော လေလှိုင်းလုံးများနှင့်အတူ ကြီးမားသော စိတ်ဝိညာဥ်စွမ်းအင်ဖိအား ထွက်ပေါ်လာပြီး ချန်းနန် တောင်ပေါ်တွင် ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဘုန်း….

ဖန်ရှင်းမြို့ တောင်ဘက်တွင် လေနှင့်တိမ်များ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ပြန့်နှံ့လာခဲ့၏။

“ဘာတွေဖြစ်နေတာလဲ…”

“ဒီ စွမ်းအားက အခြေတည်ဝိညာဥ်အဆင့်ကို ကျော်လွန်နေပြီ…ဘုရင်တစ်ဝက်အဆင့်တောင်မှ ယှဥ်နိုင်မယ်မထင်ဘူး… ဒါ ဘုရင်အဆင့် စွမ်းအားအရှိန်အဝါပဲ…”

ဖန်ရှင်းမြို့မှ နေထိုင်သူများ ကြောက်ရွံ့တုန်လှုပ်နေသော အမူအယာများဖြင့် မြို့တောင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ထိုနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။

“ဒါ ချန်းနန်တောင်ဘက်က မဟုတ်လား…”

ရှောင်မိသားစုတွင် မိသားစုခေါင်းဆောင်နှင့်ရှောင်ဘိုးဘေးတို့ ထိတ်လန့်စွာနှင့် အချင်းချင်းကြည့်လိုက်ကြသည်။

သူတို့မိသားစုမှ မျိုးဆက်များ၏ဆရာဖြစ်သော ဗဟိုသူတော်စင်အကယ်ဒမီမှ နည်းပြဆရာက စောနားလေးကပင် ချန်းနန်တောင်သို့ထွက်သွားခဲ့ခြင်းဖြစ်၏။ ယခုတွင် ချန်းနန်တောင်ဘက်မှ နေ၍ ဘုရင်အဆင့်အရှိန်အဝါများ ထွက်ပေါ်လာနေသည်။

ဘာတွေဖြစ်နေတာလဲ…?

ထိုအချိန်တွင် ချန်းနန် တောင်၌ အဘိုးအိုက လေထဲတွင် လွင့်ပျံနေပြီး နှုတ်ခမ်းထောင့်၌အပြုံးတစ်ခုရှိနေကာ သူ၏မျက်လုံးများက အေးစက်နေခဲ့သည်။

သူက ရွှမ်ယီ အားစိုက်ကြည့်လိုက်ပြီး

“လူငယ်မျိုးဆက်တစ်ယောက်အနေနဲ့ ဒီအဆင့်ကိုရောက်ဖို့မလွယ်ဘူး… မင်းက ကိုယ့်ကိုယ်ကို ဘုရင်အဆင့်ကျွမ်းကျင်သူလို့ပြောခဲ့တယ်…”

“ဒါပေမယ့် ဆေးလုံးတွေသောက်ပြီး ရောက်လာတဲ့ဘုရင်အဆင့်နဲ့ အစစ်အမှန်ဘုရင်အဆင့်ကြားမှာ ဖြတ်ကျော်လို့မရတဲ့ ကွာဟချက်ကြီးရှိတယ်… မင်းကိုငါ အခုပြပေးမယ်…”

ထို့နောက် သူ၏လက်ဖဝါးထက်တွင် မှိန်ပြပြလင်းလက်နေသော ဥပဒေသစွမ်းအားတစ်ခုဖြစ်ပေါ်လာပြီး လက်သီးအား ဖြစ်ညှစ်လိုက်လျှင် ၎င်းကကျိုးပျက်သွားခဲ့သည်။

“ဥပဒေသ စွမ်းအားတွေကို ကြိုက်သလိုအသုံးပြုပြီးတော့ ဖိနှိပ်နိုင်မှ တကယ့်ဘုရင်အစစ်ပဲ…”

ဘုန်း…

အဘိုးအိုက ပြုံးနေသော မျက်နှာဖြင့် တိုက်ခိုက်ရန်ပြင်လိုက်သည်။သူ၏မျက်လုံးထဲတွင် ရွှမ်ယီ က သေလူတစ်ယောက်ပင်။

ရွှမ်ယီက ဆေးလုံးများအား အသုံးပြုပြီး ဘုရင်အဆင့်သို့ရောက်နေစေကာမူ သူက ဘုရင်အဆင့်တစ်ယောက်ဖြစ်ပြီး မှော်ဆေးပညာ၌ သူ၏ကျွမ်းကျင်မှုက အဘိုးအိုအား အလွန်အံ့အားသင့်သွားစေခဲ့သည်။

ထိုလူငယ်က တောင်ပိုင်းတိုက်ကြီးတွင် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ထပ်မံမပေါ်ထွက်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း အဘိုးအိုဝန်ခံရလိမ့်မည်။

သို့သော် ယခုတွင် ထိုပါရမီရှင်လူငယ်က သူ၏လက်၌သေရပေတော့မည်။

ရွှမ်ယီ ကတည်ငြိမ်နေသော မျက်လုံးများဖြင့် ခေါင်းအားအနည်းငယ်ယမ်းလိုက်၏။

သူ၏ ညာလက်၌ ဓားတစ်ချောင်းထွက်ပေါ်လာပြီး ရုတ်တရက်ခုတ်ချလိုက်သည်။

ဘုန်း…

“သူ့ဓားချက်က အရမ်းမြန်တာပဲ…”

အဘိုးအို၏ မျက်လုံးထဲ၌ အလွန်စူးရှ တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး နှလုံးသားထဲမှ ရေရွတ်လိုက်မိသည်။

ထို့နောက် ထာဝရ အိပ်ပျော်သွားတော့၏။

ဘုန်း…

အဘိုးအို မြေပြင်ထက်သို့ပြုတ်ကျသွားလေသည်။

ရွှမ်ယီ ကသူ့အား သတ်ပစ်လိုက်ချေပြီ။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ချန်းနန်တောင်တစ်ခုလုံး တုန်ခါသွားပြီး ထက်ခြမ်းကွဲသွား၏။ ချန်းနန်တောင်ကြီးအား ဖြတ်တောက်ထားသည့်အရာက အလွန်ချောမွေ့ သေသပ်လွန်းလှသည်။လက်ဖြင့်ထိတွေ့လိုက်မည် ဆိုလျှင် စူးရှ ထက်မြက်သော ဓားစွမ်းအင် ကိုခံစား၍ရ၏။

ရွှမ်ယီ က အေးစက်စွာလှောင်ရယ်လိုက်ပြီး အဘိုးအို၏ ဆေးမီးဖိုအား သိမ်းဆည်းလိုက်သည်။ ဤဆေးမီးဖိုအဆင့်က မဆိုးလှချေ။ ထိုအဘိုးကြီး ၎င်းအားနှစ်ပေါင်းများစွာ အသုံးမပြုနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။

သို့သော် ယခုတွင် ထိုလူက သူနှစ်ပေါင်းများစွာ ရည်မှန်းချက်ထား၍ကြိုးစားခဲ့သော ဆေးအား မသောက်သုံးလိုက်ရယုံမျှမက အသက်ပင်ဆုံးရှုံးလိုက်ရ၏။ အဘိုးအိုကား ငရဲတွင် နောင်တရနေပေတော့မည်။

ထို့နောက် ရွှမ်ယီက ထိုအဘိုးကြီးစိုက်ပျိုးထားသော ပျော်ရွှင်ခြင်းမြက်များရှိရာသို့ သွားကြည့်လိုက်သည်။

ဇန်ယွမ် ဆေးလုံးအားသန့်စင်ရာတွင် ပျော်ရွှင်ခြင်းမြက်တစ်ချို့ကို အသုံးပြုခဲ့သော်လည်း ချန်းနန်တောင်ပေါ်တွင် ရှင်သန်နေသည့် ပျော်ရွှင်ခြင်းမြက် အနည်းငယ် ကျန်ရှိနေသေးသည်။

ထိုအချိန်တွင် ဖန်ရှင်း မြို့မှလူတိုင်း အလွန်ကြောက်လန့်နေကြသည်။

ဖန်ရှင်းမြို့ တစ်ခုလုံးတုန်ခါသွားချိန်၌ ချန်းနန်တောင်ဘက်သို့ မသိစိတ်အရ လှည့်ကြည့်မိလိုက်ကြသည်။ထိုအခါ နတ်ဘုရား တစ်ပါးက ဓားဖြင့်ခုတ်ပိုင်းလိုက်သည့်အလား ချန်းနန်တောင်ကြီး နှစ်ခြမ်းကွဲသွားသည်ကို မြင်လိုက်ရ၏။

လူတိုင်း အချိန်အတန်ကြာ မှင်သက်သွားပြီး အိပ်မက်ဟုပင် ထင်မှတ်သွားကြသည်။

ချန်းနန်တောင်ကြီး နှစ်ခြမ်းကွဲသွားတယ်…!

ဘာတွေဖြစ်နေတာလဲ…?

တစ်ချိန်တည်းတွင် ရွှမ်ယီ၏ တိုက်ခိုက်မှုကြောင့် အဘိုးကြီးသေဆုံးသွားချိန်တွင် ဖန်ရှင်းမြို့မှ အဆင့်အမြင့်ဆုံး ကျင့်ကြံသူများဖြစ်သော အခြေတည်ဝိညာဥ်အဆင့်အထွတ်အထိပ်ကျင့်ကြံသူ (၃) ဦးနှင့် ဘုရင်တစ်ဝက်အဆင့် ဟွာယန် တို့ အမျိုးအမည်မသိသော အကြောင်းပြချက်ဖြင့် ကြက်သီးများ တဖြန်းဖြန်းထသွားခဲ့၏။

“ဘာဖြစ်တာလဲ…”

ရှောင်ဘိုးဘေးနှင့် အကြီးအကဲ ဟွာယန်တို့ ထိတ်လန့်နေသော မျက်ဝန်းများဖြင့် ရုတ်တရက် မတ်တပ်ရပ်လိုက်ကြသည်။

ရှောင်ဘိုးဘေးက တစ်ခဏမျှတိတ်ဆိတ်သွားခဲ့ပြီး အံကြိတ်ကာ ချန်းနန်တောင် ဘက်သို့ပြေးထွက်သွားသည်။ရွှမ်ယီ တစ်ခုခုဖြစ်သွားမည်ကို သူအလွန်ကြောက်၏။

ဗဟိုသူတော်စင် အကယ်ဒမီမှ နည်းပြဆရာတစ်ဦး၏ အဆင့်အတန်းက ပေါ့သေးသေးမဟုတ်ပေ။ရွှမ်ယီ ရှောင်မိသားစု၌ ရှိနေချိန်တွင် ဘာမှဖြစ်သွား၍မရပေ။ သို့မဟုတ်လျှင် ဗဟိုသူတော်စင် အကယ်ဒမီက ရှောင်မိသားစုကို အပြစ်ပုံချလိုက်နိုင်၏။ ထိုသို့ဖြစ်လာပါက တောင် (၁) သောင်းဒေသတစ်ခုလုံးတွင် သူတို့အား မည်သူမျှကယ်တင်နိုင်မည်မဟုတ်ပေ။

ရွှစ်…

တစ်ခြား အဆင့်မြင့် ကျင့်ကြံသူများလဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချန်းနန်တောင် ဘက်သို့ပြေးထွက်လာကြ၏။

ထိုနေရာသို့ ရောက်ချိန်တွင် လူတိုင်းအံ့ဩထိတ်လန့်သွားကြသည်။ ချန်းနန်တောင်ကြီး နှစ်ပိုင်းပြတ်နေခဲ့သည်။ နန်ရှန်းကို ဓားနတ်ဘုရားက နှစ်ပိုင်းခွဲထားသကဲ့သို့ဖြစ်နေ၏။

မည်ကဲ့သို့ ခွန်အားမျိုးနည်း။

ရွှမ်ယီ က လိုအပ်သောပစ္စည်းများအား ယူဆောင်ပြီး ထွက်လာချိန်တွင် သရဲတ‌စ္ဆေအား မြင်လိုက်ရသကဲ့သို့ ထိတ်လန့်နေသော မျက်နှာများကို မြင်လိုက်ရ၏။ရှောင်ဘိုးဘေးနှင့် တစ်ခြားသူများလဲ ထိုနေရာတွင်ရှိနေခဲ့သည်။

“ ဆရာရွှမ် ဒါ မင်းလုပ်လိုက်တာလား…”

ရှောင်ဘိုးဘေးက ရွှမ်ယီ ၏လုံခြုံမှုအား အတည်ပြုလိုက်နိုင်သော်လည်း တောင်ပေါ်တွင် နေထိုင်သော အဘိုးအိုအားမတွေ့သောအခါ တစ်စုံတစ်ခုအား ခန့်မှန်းမိလိုက်၏။

ပတ်ဝန်းကျင်မှ တစ်ခြားသူများကလည်း နှဖူးတွင် ချွေးများ စီးကျနေပြီး ရွှမ်ယီ အားကြည့်လိုက်ကြသည်။

‘အကြောင်းအရင်းမရှိဘဲ တောင်ပေါ်မှ အဘိုးကြီးအား အဘယ်ကြောင့် သတ်ပစ်လိုက်သနည်း…’

“ရော့ ဒီမှာ… ဒါက ပုံရိပ်ကျောက်စိမ်းပဲ ကိုယ်တိုင်ကြည့်လိုက်ကြ…”

ရွှမ်ယီ က လူသတ်ပြီး ပစ္စည်းခိုးသော လူအဖြစ် လူသိမခံချင်ပေ။ထို့ကြောင့် အဘိုးအို၏ ရည်ရွယ်ချက်ပြောင်းသွားသည်နှင့် သူက ပုံရိပ်ကျောက်စိမ်းအား တိတ်တဆိတ်အသက်သွင်းခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ဖန်တီးထားသော ပုံရိပ်များ လေထဲတွင် ထွက်ပေါ်နေ၏။

ထို ပုံရိပ်များထဲတွင် ကောက်ကျစ်ဟန်ဖြင့် ပြုံးနေသော အဘိုးအို၏ မျက်နှာပေါ်လာခဲ့သည်။

ရွှမ်ယီက အဘိုးအိုအား ဓားတစ်ချက်ဖြင့် အဆုံးသတ်ပေးလိုက်ပြီးသည်နှင့် မှတ်တမ်းတင်ထားသည့် ပုံရိပ်များက ပြီးဆုံးသွားခဲ့၏။

ရှူး….

လူတိုင်း အသက်ပြင်းပြင်း ရှိုက်လိုက်မိကြ၏။သူတို့၏ မျက်ဝန်းများက အိပ်မက်မှနိုးလာသည့်ပုံစံဖြစ်နေခဲ့သည်။

အသိပြန်ဝင်လာပြီးနောက် ခေါင်းထဲသို့ဝင်လာသော အတွေးမှာ ကြောက်လန့်မှုဖြစ်၏။

ချန်းနန်တောင်ပေါ်မှ အဘိုးကြီးက ပုန်းကွယ်နေသော ဘုရင်အဆင့်ကျင့်ကြံတစ်ယောက်ဖြစ်သည့်အပြင် သူ၏ စရိုက်ကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။

၎င်းက သူတို့အတွက် အလွန်အံ့ဩစရာပင်။ထိုအံ့ဩမှုအပြီးတွင် လူတိုင်း ၏နှလုံးသားများ လှိုင်းထသွားခဲ့၏။

ထိုအဘိုးကြီးက ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့်တိုင်အောင် ရွှမ်ယီထံမှ တိုက်ခိုက်မှု တစ်ခုကိုပင် မခံနိုင်ခဲ့ပေ။

“ရှူး…”

အကြီးအကဲ ဟွာယန် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်မိသည်။

ဘေးတွင် ရှောင်ဘိုးဘေးလဲ အလွန်တုန်လှုပ်နေခဲ့၏။

‘ ဆရာရွှမ်က ဗဟိုသူတော်စင် အကယ်ဒမီမှာ နည်းပြဆရာဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ…’

‘သူက အရမ်းအစွမ်းထက်လွန်းတယ်…’

‘ ဒီရွှေပေါင်ကြီးကို ငါတို့ရှောင်မိသားစု မလွှမ်းတမ်းဆုတ်ကိုင်ထားမှဖြစ်မယ်…’

All Chapters