← Chapters

အခန်း (၂၃၄)

Vol. 16 Ch. 234

အခန်း (၂၃၄)

Vol. 16 Ch. 234

ရွှမ်ယီ အဆင့်တက်သွားကြောင်း ခံစားမိလိုက်လျှင် ယုလင်းလုံရောက်လာပြီး ပြုံးပြလိုက်၏။

“ အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဆရာ…”

ရွှမ်ယီက အနည်းငယ်ခေါင်းညိတ်ပြီး ပြန်လည် ပြုံးပြလိုက်၏။

“ အင်း…”

ယုလင်းလုံက ရွှမ်ယီအား ထိတ်လန့်အံ့ဩနေသော မျက်၀န်းများဖြင့် ငေးကြည့်နေလေသည်။ သူမတွင် အထူး စိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိသည်ဖြစ်ရာ ရွှမ်ယီ၏ ခွန်အားများကို ဝိုးတဝါးခံစားမိနေ၏။

အံ့အားသင့်မှုအား သူမ၏ နှလုံးသားအတွင်း မြိုသိပ်လိုက်ပြီး ရွှမ်ယီအား သတင်းတစ်ခု ပြောပြလိုက်သည်။

“ ဆရာ.. ဆရာက မူလဘုရင်အဆင့်ဇယားမှ ပါ၀င်နေပြီ…”

ယုလင်းလုံက ရွှမ်ယီအား လေးစားမှုအပြည့်ဖြင့် ရွှန်းလဲ့စွာ စိုက်ကြည့်နေ၏။

“ အိုး…”

ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။ သူက ဒေသတစ်ခုချင်းစီတွင် ရှိသော လူငယ်ပါရမီရှင်များ အဆင့်ဇယားအကြောင်းကိုသာသိထား၏။

သို့သော် မူလဘုရင်အဆင့်ဇယားအကြောင်း တစ်ခါမှ မကြားဖူးပေ။ ထို့ကြောင့် ပြန်မေးလိုက်၏။

“ မူလဘုရင်အဆင့်ဇယားဆိုတာ ဘာလဲ.. ပြီးတော့ ငါ့အဆင့်ကရော ဘယ်လောက်တုံး…”

ယုလင်းလုံက ရွှမ်ယီအား ပြုံးပြီးကြည့်လိုက်သည်။

ထိုအဆင့်ဇယားထဲသို့၀င်ရောက်နိုင်ရန် လူမည်မျှ အသည်းအသန်ကြိုးစားနေကြသည်မသိပေ။ သို့သော် သူမ၏ ဆရာဖြစ်သူက အဆင့်ဇယားအကြောင်းပင် မသိသော်လည်း ထိုအထဲ၌ ပါ၀င်နေပြီဖြစ်၏။ ကျော်ကြားမှုလိုချင်၍ အပြင်းအထန်ကြိုးစားနေသူများနှင့် အလွန်ကွာခြားပေသည်။

၎င်းက အံ့ဩစရာတော့မရှိချေ။ ရွှမ်ယီက သူ့ကိုယ်သူ လူငယ်မျိုးဆက်အဖြစ် မသတ်မှတ်ထားတော့သည်ဖြစ်ရာ သဘာ၀အတိုင်း ၎င်းတို့အကြောင်း မသိခြင်းဖြစ်၏။

“ ဆရာ.. မူလဘုရင် အဆင့်ဇယားဆိုတာ တောင်ပိုင်းတိုက်ကြီးရဲ့ ဘုရင်အဆင့်ဇယား(၃)ခုထဲက တစ်ခုပဲ… အဲ့အဆင့်ဇယားတွေကို လျှို့ဝှက်ဆန်းကျယ်တဲ့ နန်မင်မျှော်စင်က ဖန်တီးထားတာ…”

“ ဘုရင်အဆင့်(၃)ဇယားသုံးခုမှာ ကောင်းကင်ဘုရင်အဆင့်ဇယား ၊ လူသားဘုရင်အဆင့်ဇယားနဲ့ မူလဘုရင်အဆင့်ဇယားဆိုပြီးရှိတယ်…. ဘုရင်အဆင့်ကိုရောက်သွားသူတိုင်း ဇယားမှာ ပါ၀င်ဖို့ကြိုးစားနိုင်တယ်… အဲ့အဆင့်ဇယားတွေက အသက်အရွယ်ကိုတော့မကန့်သတ်ထားဘူး.. သက်ဆိုင်ရာအဆင့်မှာ အစွမ်းထက်ဆုံးလို့ ယူဆရတဲ့ လူ(၁၀)ယောက်ကို အဆင့်အလိုက်ထည့်သွင်းပေးထားတာ…ပြောရမယ်ဆိုရင် အဲ့အဆင့်ထဲက လူတွေက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးရဲ့ သက်ဆိုင်ရာအဆင့်မှာ အစွမ်းထက်ဆုံးတွေလို့ ယူဆလို့ရတယ်…”

“ တောင်ပိုင်းတိုက်ကြီးက ဒေသတစ်ခုချင်းစီတိုင်းမှာ သက်ဆိုင်ရာ ပါရမီရှင် အဆင့်တွေရှိပေမယ့် ဒီ(၃)ခုက အဆင့်အမြင့်ဆုံးဘဲ… အဲ့ဒီအဆင့်ဇယား(၃)ခုမှာ တိုက်ကြီးတစ်ခုလုံးကို ထည့်သွင်း တွက်ချက်ထားတယ်…”

ယုလင်းလုံက ရွှင်လန်းတက်ကြွနေသည့်မျက်နှာဖြင့် ဆက်ပြောလိုက်၏။

“ အဲ့ဒီ စာရင်းထဲမှာ ပါ၀င်နိုင်မယ့်လူတွေကို ဘယ်တုန်းကမှ ကျပန်းမသတ်မှတ်ဘူး… ပြီးရင် တစ်ဆင့်ခြင်း မြင့်တက်သွားတာများတယ်.. ဆရာက အဲ့စာရင်းမှာ ပါ၀င်တာနဲ့ တစ်ခါတည်း နံပါတ်(၁) နေရာကိုရောက်သွားတယ်.. အဲ့တာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး…”

“ ဆရာလည်းနားလည်မှာပါ.. မူလဘုရင်အဆင့် ဇယားထဲမှာ ပါ၀င်တဲ့လူတွေက လူငယ်မျိုးဆက်တွေချည်းပဲမဟုတ်ဘူး… ဝါရင့်ကျင့်ကြံသူတွေလည်းရှိတယ်… ပြီးတော့ အားလုံးက မူလဘုရင်အထွတ်အထိပ်အဆင့်မှာရှိနေပြီး လူသားဘုရင်အစောပိုင်းအဆင့်ကိုတောင် ဖြတ်ကျော်တိုက်ခိုက်နိုင်တယ်လို့ကြားတယ်…”

“ နန်မင်မျှော်စင်က ဆရာကို အဆင့်ဇယားရဲ့ နံပါတ်(၁)နေရာမှာ တိုက်ရိုက်ထည့်သွင်းလိုက်တယ်.. အဲ့တာက အရင်တုန်းက တစ်ခါမှ မကြုံဖူးတဲ့ကိစ္စဖြစ်ပြီး တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကိုတောင် အံ့ဩတုန်လှုပ်သွားစေတယ်လို့ ပြောလို့ရတယ်…”

“ ဆရာက အခု အရမ်းနာမည်ကြီးနေပြီ သိလား…”

ယုလင်းလုံ၏ မျက်နှာက အလွန်တရာရွှင်လန်းနေပြီး လေသံကလည်း တက်ကြွတောက်ပခဲ့သည်။ မသိရင် ရွှမ်ယီနေရာ၌ သူပဲဖြစ်နေသလိုပင်။

“ နန်မင်မျှော်စင်….. တောင်ပိုင်းတိုက်ကြီးရဲ့ ဘုရင်အဆင့်ဇယား…”

ရွှမ်ယီက ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး

“ မင်းပြောသလိုဆို ငါက တောင်ပိုင်းတိုက်ကြီးမှာ နာမည်ကြီးနေပြီပေါ့…”

“ ဟုတ်တယ်.. နာမည်ကြီးတာထက်တောင် ပိုသေးတယ်….”

ယုလင်းလုံက ရွှမ်ယီက ထူးမခြားနားသော မျက်နှာအားကြည့်လိုက်ပြီး ခေါင်းအနည်းငယ်စောင်းကာ

“ မူလဘုရင့်အဆင့်ဇယားမှာ ဝူဒေသက သိုင်းပညာနယ်မြေမှာမွေးဖွားခဲ့တဲ့ ဝူ၀မ်တျန်ဆိုပြီးရှိတယ်… ဝူဒေသက ထိပ်တန်းဒေသ (၃)ခုထဲကတစ်ခုဘဲ… ပြီးတော့ ကျွန်မကြားဖူးသလောက်ဆိုရင် ဝူမိသားစုက ဟိုးလွန်ခဲ့‌တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိလာတဲ့ ရှေးဟောင်းမိသားစုဘဲ… ဝူ၀မ်တျန်ကို ဝူမိသားစုရဲ့ အနာဂါတ်လို့တောင် တင်စားထားကြတယ်…”

“ ပြီးတော့ ထိပ်တန်းဒေသ(၃)ခုထဲက တစ်ခုဖြစ်တဲ့ အန်ဒေသက အန်ယုတာအိုလည်းရှိသေးတယ်… သူမွေးတုန်းကဆိုရင် ကောင်းကင်နဲ့မြေပြင်တစ်ခုလုံး အရောင်ပြောင်းသွားပြီး ‌ရွှေကြာပန်းတွေပါ တစ်ပြိုင်တည်းထွက်ပေါ်လာတယ်လို့ပြောကြတယ်.. သူက တာအိုရဲ့ သရုပ်ပြခြင်းဆိုပြီး ထင်ရှားတယ်…”

“ ပြီးတော့ အင်မော်တယ်မိသားစုရဲ့ အမွေခံ ဒေါင်နန်ဖန်း.. သူက ဘုရင့်အဆင့်ကျင့်စဉ်ကိုလေ့ကျင့်ထားပြီး ဘိုးဘေးတွေရဲ့ အရှိန်အဝါ ပုံစံမျိုးရှိတယ်လို့ ဆိုကြတယ်….”

“ ပြီးရင် ရှေးဟောင်းမျိုးနွယ်က ဆင်းသက်လာတဲ့ ဇောင်လီလည်းရှိသေးတယ်… ပြောရမယ်ဆိုရင် ဇောင်မိသားစုရဲ့ အမွေအနှစ်တွေက အရမ်းဆန်းကျယ်တယ်… ဇောင်လီက မူလဘုရင်အဆင့်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ရောက်နေတာ… အဲ့အချိန်တုံးက တောင်ပိုင်းတိုက်ကြီးရဲ့ ထိပ်တန်း ကောင်းကင်အဆင့်ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်… ဒါပေမယ့် ဘာကြောင့်လည်းမသိဘူး.. အခုထိ မူလဘုရင် အထွတ်အထိပ်အဆင့်မှာတန့်နေခဲ့တယ်…သူ့ရဲ့ခွန်အားကိုတော့ လုံး၀ လျှော့တွက်လို့မရဘူး….”

ယုလင်းလုံအမြင်တွင် သူမ၏ ဆရာဖြစ်သူနှင့် အတူတကွအဆင့်သတ်မှတ်ခံရခြင်းမှာ ထိုလူများအတွက် ဂုဏ်ယူစရာဖြစ်နေချေပြီ။

ယုလင်းလုံ၏ စကားများအား‌နားထောင်ပြီးနောက် ရွှမ်ယီ အနည်းငယ်ပြုံးလိုက်ပြီး မျက်၀န်းများထဲ၌ လွမ်းမောဟန်များ ဖြစ်ပေါ်လာခဲ့သည်။

သူ အဇူရာဒေသတွင် ရှိနေခဲ့စဉ်က အဇူရာအဆင့်တွင် ပါ၀င်ခဲ့ဖူးသော်လည်း အဆင့်(၉၀၀)ကျော်၌သာရှိသေး၏။

မှန်ပေသည်။ သူက အဆင့်တက်ရန်စိတ်မ၀င်စားသောကြောင့်ဖြစ်၏။

ယခု မူလဘုရင့်ဇယားတွင်မူ လူ(၁၀)ယောက်သာရှိပြီး သူက အဆင့်(၁)သို့ တန်းရောက်သွားခဲ့သည်။

သူက ဤစာရင်း၌လည်း မရည်ရွယ်ဘဲ ပါ၀င်သွားခြင်းဖြစ်၏။

အဘယ်ကြောင့် ထို့သို့ဖြစ်သွားကြောင်းကိုမူ ခန့်မှန်းမိသည်။

အရှေ့ငြိမ်းချမ်းရေးဒေသ၌ သူ၏ ခွန်အားကို ထုတ်ဖော်ခဲ့သောကြောင့်သာဖြစ်ရမည်။

ထိုအချိန်တွင် အနီးအနား၌ အဖွဲ့အစည်းအမျိုးမျိုးရှိနေခဲ့သည်ဖြစ်ဂာ သူ၏ အမည်နှင့်တကွ တိုက်ခိုက်မှုစွမ်းရည်က ပျံ့နှံ့သွားခြင်းဖြစ်၏။

ထိုအခါ နန်မင်မျှော်စင်ထံသို့ သတင်းရောက်သွားခြင်း ဒါမှမဟုတ် တိုက်ပွဲဖြစ်ချိန် နန်မင်မျှော်စင်မှ တစ်စုံတစ်ယောက် မြင်သွားခြင်းဖြစ်နိုင်သည်။

မူလဘုရင်အဆင့်ဇယား နံပါတ်(၁)…

ရွှမ်ယီက ထိုကဲ့သို့ ဘွဲ့များ ဂုဏ်ပုဒ်များအား စိတ်မ၀င်စားပေ။

ယခု သူက ထိပ်တန်းဆေးလုံးအား သောက်သုံးခဲ့ပြီးနောက် မူလဘုရင်အထွတ်အထိပ်သို့ရောက်နေချေပြီ။ လူသားဘုရင်အဆင့်နှင့် ခြေတစ်လှမ်းမျှသာဝေးတော့၏။

မကြာခင်း လူသားဘုရင်အဆင့်သို့ ရောက်တော့မည်။

သူ အဆင့်တက်ပြီးသည်နှင့် တိုက်ခိုက်နိုင်စွမ်းက လူသားဘုရင်အထွတ်အထိပ်အဆင့်သို့ ရောက်သွားပေလိမ့်မည်။

ရွှမ်ယီ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အသာအယာပြုံးလိုက်၏။

သူက ထိုမူလဘုရင်အဆင့် ကျင့်ကြံသူများနှင့် တူညီသော အဆင့်၌ မရှိတော့ပေ။

အဘယ်ကြောင့် ၎င်းတို့နှင့် နှိုင်းယှဉ်နေရမည်နည်း။

၎င်းက အဆင့်ဇယားလေးတစ်ခုမျှသာ..

သူ စိတ်လည်းမ၀င်စားပေ။

ယုလင်းလုံက တစ်စုံတစ်ခုအား သတိရသွားဟန်ဖြင့် ရွှမ်ယီအား ရုတ်တရက်မော့ကြည့်လိုက်၏။

“ အဆင့်ဇယားမှာ လူ(၁၀)ယောက်ပဲရှိတာ.. ဆရာ အဆင့်ဇယားထဲရောက်သွားတော့ တစ်ယောက်ထုတ်ခံလိုက်ရပြီ…”

“ မူလ ဘုရင်အဆင့်ဇယားမှာ ဓားရူးဆိုပြီး လူသိများတဲ့လူတစ်ယောက်ရှိတယ်… သူက သိုင်းပညာနဲ့ပတ်သက်ရင် အရမ်းရူးသွပ်တာ… အမြဲတမ်း သန်မာတဲ့လူတွေကို လိုက်ပြီး စိန်ခေါ်နေတဲ့လူမျိုး… အခု ဆရာကြောင့် သူ အဆင့်ဇယားအပြင်ကိုရောက်သွားပြီ.. မကြာခင် ဆရာဆီကို စိန်ခေါ်ဖို့ရောက်လာမယ်ထင်တယ်…”

ယုလင်းလုံ၏ အသံက တဖြည်းဖြည်းတိုးသွားပြီး ရွှမ်ယီ၏ အမူအရာအား မသိမသာချောင်းကြည့်လိုက်သည်။

ရွှမ်ယီက နူးညံ့သောအပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်၏။

“ စိန်ခေါ်မှုလား…”

“ ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်လဲ…”

………

နန်မင်မျှော်စင်က မူလဘုရင်အဆင့်ဇယားအား အသစ်ပြုလုပ်ခဲ့၏။

တောင်ပိုင်းတိုက်ကြီး၏ အဓိကစာရင်းတစ်ခုအဖြစ် လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် မူလဘုရင်အဆင့်ဇယားပြောင်းလဲသွားခြင်းက တောင်ပိုင်းတစ်ကြီးတစ်ခုလုံးအား မုန်တိုင်းထန်သွားစေခဲ့သည်။

ယခင်ကလည်း ပြောင်းလဲမှုများရှိခဲ့သည်တိုင် ယခုတစ်ကြိမ်ပြောင်းလဲမှုက သမိုင်းတွင် ပထမဆုံးဖြစ်၏။ ရွှမ်ယီက မူလဘုရင်အဆင့်ဇယား၌ နံပါတ်(၁) နေရာတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

ရွှမ်ယီအကြောင်း မသိသူများ အလွန်အံ့ဩသွားကြသော်လည်း အရှေ့ငြိမ်းချမ်းရေးနယ်မြေသို့ ရောက်ခဲ့သည့်လူများအတွက်မူ ၎င်းက အထူးအဆန်းမဟုတ်ပေ။ ရွှမ်ယီ နံပါတ်(၁) ဖြစ်သွားခြင်းနှင့်ပတ်သက်ပြီး အငြင်းပွားစရာမရှိချေ။

တစ်ဆင့်စကားတစ်ဆင့်နားဖြင့် အရှေ့ငြိမ်းခြမ်းရေးနယ်မြေမှ အဖြစ်ပျက်များအား ကြားသိခဲ့ရသည်။ ထိုရွှမ်ယီက လူသားဘုရင်အဆင့်တိုက်ခိုက်ရေးစွမ်းအားရှိပြီး သူ့နောက်တွင် အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်တစ်ဦးလည်းရှိနေ၏။

သို့သော် ကိုယ်တိုင်မြင်ရခြင်မဟုတ်သောကြောင့် တိတိကျကျမသိနိုင်ကြချေ။

သူက အမှန်တကယ် မူလဘုရင်အဆင့်၏ ထိပ်ဆုံး၌ ရပ်တည်နိုင်စွမ်းရှိသလော…?

ထိုသတင်းများက ဗဟိုသူတော်စင်အကယ်ဒမီသို့လည်း ရောက်လာခဲ့သည်။

သိုင်းတာအိုဌာနမှ စီနီယာကျောင်းသားတချို့က ရွှမ်ယီအားမသိကြသော်လည်း ယခုနှစ်မှ လက်ခံထားသည့်ကျောင်းသားသစ်များကမူ ရွှမ်ယီဟူသည့် အမည်နှင့် ရင်းနှီး၏။

ကျောင်းသားသစ်များအားလုံး ထိုသတင်းကြောင့် တုန်လှုပ်သွားခဲ့ကြသည်။

သူတို့မှတ်မိသလောက်ဆိုလျှင် တပည့်လက်ခံခြင်းအခမ်းအနားမှ ဆရာငယ်လေး၏ အမည်ကလည်း ရွှမ်ယီဖြစ်သည်။

နာမည်တူနေတာပဲ..

ဟုတ်တယ်.. သူပဲဖြစ်ရမယ်…

သာမန် ကျောင်းသားအသစ်များကမူ အံ့ဩသွားရုံသာရှိ၏။ သို့သော် ရွှမ်ယီ၏ လက်အောက်မှ ထွက်ပြေးလာခဲ့သည့် ကျောင်းသားများကမူ သတင်းကြားပြီးနောက် မိုက်ခနဲဖြစ်သွားခဲ့ရသည်။

All Chapters