← Chapters

အခန်း (၂၃၅)

Vol. 16 Ch. 235

အခန်း (၂၃၅)

Vol. 16 Ch. 235

“ မူလဘုရင်အဆင့် နံပါတ်(၁)က ဗဟိုသူတော်စင်အကယ်ဒမီက နည်းပြဆရာရွှမ်ယီဆိုတာ တကယ်ပဲလား…”

ကျောင်းသားတစ်ဦးက နံဘေးမှ ဖြတ်သွားသည့် ကျောင်းသား၏ ပခုံအားကိုင်လှုပ်ပြီးမေးလိုက်သည်။

ယခင်က သူအလွန်မိုက်မဲခဲ့သည်ဟု ခံစားလိုက်ရ၏။

အစပိုင်းတွင် ရွှမ်ယီအား အကယ်ဒမီသို့ နောက်ဖေးတံခါး‌မှ ၀င်လာသူဟု ထင်မှတ်မိခဲ့သည်။

အားလုံးက ရွှမ်ယီအား ဟာသအဖြစ်သဘောထားကာ သူ့လက်အောက်မှ ထွက်ခွာလာခဲ့ကြ၏။

ယခုကြည့်လိုက်လျှင် အလွန်ကြီးမားသော အခွင့်အရေးကြီးတစ်ခုအား စွန့်ပစ်လိုက်ခြင်းဖြစ်လေသည်။

အခွင့်အရေးက သူတို့ရှေ့မှောက်ရောက်လာသည့်တိုင်အောင် ရှောင်ထွက်မိခဲ့၏။

လီလင်းသည်လည်း ထိုသတင်းအားကြားလိုက်လျှင် လက်ထဲ၌ ကိုင်ဆောင်ထားသည့် လက်နက် လွတ်ကျသွားခဲ့သည်။ သူ၏ အမူအရာက အလွန်ရှုပ်ထွေးနေခဲ့၏။

သူက တပည့်သစ်လက်ခံခြင်း၌ အဆင့်(၃) ရခဲ့သူဖြစ်ပြီး မိုးကြိုးဝိညာဉ်ခန္ဓာအား ပိုင်ဆိုင်ထားက အလွန်မောက်မာသူလည်းဖြစ်သည်။

မူလတွင် ရွှမ်ယီက သူ့အား ရွေးချယ်ထားသော်လည်း အထင်သေးကာ ထွက်ခွာမိခဲ့၏။

ယခုတွင် မူလဘုရင်အဆင့်ဇယား သတင်းထွက်လာချိန် မည်သူကမျှ သူ့ကို ဘာမှမပြောသော်လည်း ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေသည်ကို ခံစားမိနေပေသည်။

လီလင်း စိတ်ထဲ၌ အလွန်ကြေကွဲနေမိ၏။

အကယ်၍ သူသာ ရွှမ်ယီထံမှ ထွက်ခွာခြင်းမပြုမိခဲ့လျှင် ယခုအချိန်တွင် ‘ ငါ့ဆရာ မူလဘုရင်အဆင့် နံပါတ်(၁) ကွ..’ ဟု ဂုဏ်ယူဝံ့ကြွားနိုင်ပေလိမ့်မည်။

ယခုတွင် သူ့၌ ဘာမှမရှိချေ။

ရွှမ်ယီ လက်အောက်မှ ရှောင်ထွက်လာသူတိုင်း ယခုအချိန်တွင် နောင်တ တရားကို ခံစားနေရ၏။

အလွန်ကောင်းမွန်သည့် နည်းပြဆရာအား လက်လွှတ်မိခဲ့သည်။

……

ထိုအချိန်တွင် ရှောင်ဘိုးဘေး စတင်လှုပ်ရှားနေချေပြီ။ ရှောင်မိသားစုခွဲလေးအား အဆင့်တိုးပေးမည့် အစီအစဉ်ဖြစ်၏။

ရှောင်မိသားစုက ကြီးမားသည်ဟု ဆို၍ရသည်။

ဖန်ရှင်းမြို့ ရှောင်မိသားစုက ပင်မမိသားစုဖြစ်သည်။ ပင်မမိသားစုအပြင် မိသားစုခွဲများစွာရှိ၏။ ရှောင်မိသားစု၏ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မိသားစုအခွဲသာ ပင်မရှောင်မိသားစုနှင့် ပေါင်းစပ်ရန် အခွင့်အရေးရှိသည်။

လက်ရှိ ဖန်ရှင်းမြို့ရှောင်မိသားစုတွင် ပင်မမိသားစုကြီးနှင့် မိသားစုခွဲ (၄)ခုပါ၀င်သည်။

ရှောင်ဖန်တို့မောင်နှစ်မမွေးဖွားခဲ့သည့် ရှောင်မိသားစုက ကျန်းရှန်မြို့မှ အားနည်းသည့် မိသားစုခွဲလေးဖြစ်သည်။ ဖန်ရှင်းမြို့ ပင်မရှောင်မိသားစုနှင့် အဆက်အဆံမရှိတော့သလောက် နည်းပါးလှ၏။

မိသားစုခွဲတစ်ခုအနေဖြင့် သူတို့အဖြစ်ချင်ဆုံးသော ဆန္ဒမှာ ပင်ရှောင်မိသားစုနှင့် ပြန်လည်ပေါင်းစပ်လိုခြင်းဖြစ်သည်။

ယခု ရှောင်ဖန်၏ ပြောကြားချက်အရ ကျန်းရှန်မြို့ ရှောင်မိသားစုအခွဲသို့ ဖန်ရှင်းမြို့ရှောင်မိသားစုမှ တပ်ဖွဲ့တစ်ခု စေလွှတ်လိုက်လေသည်။

ကျန်းရှန်မြို့မှရှောင်မိသားစုအား ပင်မရှောင်မိသားစုသို့ပြန်လည်ပေါင်းစပ်စေမည်ဖြစ်ကြောင်း ကြေငြာလိုက်၏။

ရှောင်ဖန်နှင့် ရှောင်ဟောင်တို့ တောက်ပနေသည့်မျက်၀န်းများဖြင့် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့အနေဖြင့် ပင်မရှောင်မိသားစုဖြစ်စေ ၊ ရှောင်မိသားစုခွဲဖြစ်စေ တစ်ခုမှ စိတ်မ၀င်စားချေ။ ရွှမ်ယီ၏ တပည့်အဖြစ်ရှိနေရခြင်းအား ပို၍နှစ်ခြိုက်ပေသည်။

သို့သော် သူတို့က ကျန်းရှန့်မြို့ ရှောင်မိသားစုခွဲ၌ မွေးဖွားခဲ့ပြီး ထိုနေရာတွင် သူတို့မိဘများမရှိတော့သော်လည်း အဒေါ်အရင်းတစ်ယောက်ရှိသေး၏။ ထို အဒေါ်ဖြစ်သူ၏ ဂရုစိုက်မှုကြောင့် သူတို့မောင်နှစ်မ ကျင့်ကြံခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သူတို့ အဒေါ်ဖြစ်သူက အိမ်ထောင်ကျပြီး သားသမီးများရှိနေပြီဖြစ်သော်လည်း သူမ၏ အမျိုးသားဘက် မိသားစုက သူမတို့အိမ်ထောင်ရေးအား မကျေနပ်ကြပေ။

သူတို့ ဦးလေးအမည်က တန်ရှုယီဖြစ်ပြီး တန်မိသားစုမှဖြစ်သည်။

ကျန်းရှန်မြို့၌ တန်မိသားစုက ကြီးမားသော မိသားစုတစ်ခုအဖြစ်ယူဆ၍ရသည်။ သူတို့မိသားစုထဲတွင် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ(၇)ယောက်ရှိပြီး ကျန်းရှန်မြို့ ရှောင်မိသားစုခွဲ၌ (၅)ယောက်ထက်မပိုပေ။

တန်မိသားစုက ထိုလက်ထပ်ပွဲနှင့် ပတ်သက်ပြီး သဘောမတူခဲ့ကြချေ။

သူတို့နှစ်ဦး လက်ထပ်ပြီးသည်နှင့် တန်မိသားစုက တန်ရှုယီအား အသက်အသွယ်ဖြတ်ခဲ့သည်။ (၅)နှစ်အတွင်း အကြိမ်ရေအနည်းငယ်သာ ဆက်သွယ်မှုရှိခဲ့၏။

တန်ရှုယီက ရှောင်မိသားစုခွဲ၌သာ နေထိုင်ခဲ့သည်။

ရှောင်ဖန်နှင့် ရှောင်ဟောင်တို့က ၎င်းတို့အား ကူညီသင့်သည်ဟု ဆုံးဖြတ်ပြီး မွေးနေ့ပွဲပြီးဆုံးချိန်၌ ရှောင်ဘိုးဘေးအား ပြောကြားခဲ့သည်။

ထိုအခါ ရှောင်ဘိုးဘေးက မိသားစုခေါင်းဆောင်အား ချက်ချင်း ကျန်းရှန်မြို့သို့ စေလွှတ်လိုက်၏။

ထို ကျန်းရှန်မြို့မှ ရှောင်‌ဖန်နှင့် ရှောင်ဟောင်တို့က ရွှမ်ယီအား ဆရာတင်နိုင်ခဲ့သည်ဖြစ်ရာ ၎င်းတို့က ရှောင်မိသားစုတစ်ခုလုံး၏ ဘုန်းကျက်သရေနှင့် ကောင်းချီးမင်္ဂလာဟု ဆိုရပေမည်။

ထို့အပြင် ရွှမ်ယီ၏ ရွှေပေါင်ကြီးအား ဖက်ရန် မလွယ်ကူရာ သူ၏ တပည့်များမှတဆင့် စတင်ရမည်။

….

ထိုအချိန်တွင် ကျန်းရှန်မြို့ရှောင်မိသားစု၌ တန်မိသားစုမှ ဧည့်သည်များရောက်နေ၏။

“ တန်ဂွမ်.. ခင်ဗျား ရောက်လာပြီလား…”

တန်မိသားစုခေါင်းဆောင်က သူတို့ရှောင်မိသားစုသို့လာလည်သည်ဖြစ်ရာ ရှောင်မိသားစုခေါင်း‌ဆောင် အလွန်၀မ်းသာသွား၏။ သူက လျှင်မြန်စွာ ထွက်လာပြီး တန်မိသား၏ခေါင်းဆောင်အား ကြိုဆိုလိုက်သည်။

လွန်ခဲ့သော (၅)နှစ်အတွင်း တန်မိသားစုနှင့် ရှောင်မိသားစုအကြား ဆက်ဆံရေးက မရှိသလောက်နည်းပါးခဲ့သည်။

ဤရက်ပိုင်းအတွင်း တန်မိသားစုမှလူများ ရှောင်မိသားစုသို့ အကြိမ်ကြိမ်လာရောက်ခဲ့၏။

သို့သော် ယခင်အကြိမ်များတွင် တန်ရှုယီ၏ ဆွေမျိုးရင်းများသာ ရောက်လာခဲ့ခြင်းဖြစ်သော်လည်း ယခုအကြိမ်တွင် တန်မိသားစုခေါင်းဆောင်ကိုယ်တိုင် ရောက်လာခြင်းဖြစ်သည်။

ရုတ်တရက် အဘယ်ကြောင့် ရောက်လာရသနည်း…?

ရှောင်ရှန်း(မိသားစုခွဲခေါင်းဆောင်) က လက်ဖက်ရည်ခွက်ကမ်းပေးလိုက်ပြီး မေးခွန်းများမေးလိုက်၏။

“ အင်း….”

တန်မိသားစုခေါင်းဆောင်က တည်ငြိမ်သောမျက်နှာဖြင့် ကုလားထိုင်ထက်တွင် လက်ဖက်ရည်ခွက်အားကိုင်ကာ ထိုင်နေလျက် အသက်အား ဖြည်းညှင်းစွာ ရှုသွင်းလိုက်သည်။

ထို့နောက် ရှောင်မိသားစုခေါင်းဆောင်အား လှည့်ကြည့်လိုက်၏။

“ ဒီတစ်ခေါက် ကျုပ်ကိုယ်တိုင် လာခဲ့ရတာက ကိစ္စနည်းနည်းရှိလို့ဘဲ…တန်မိသားစု ဘိုးဘေးတွေက တန်ဒေါင်ဒေါင်ကို အရမ်းချစ်ခင်နေတဲ့အတွက် တန်မိသားစုကို ခေါ်ယူချင်နေတယ်…”

တန်ဒေါင်ဒေါင်ဆိုသည်က တန်ရှုယီနှင့် ရှောင်ရုံတို့၏ ကလေးဖြစ်ပြီး အသက်(၅)နှစ် ရှိပြီဖြစ်ကာ ကျင့်ကြံခြင်း၌ ပါရမီကောင်းမွန်ပေသည်။

ထိုစကားအားကြားလျှင် ရှောင်မိသားစုခေါင်းဆောင်က တန်မိသားစုခေါင်းဆောင်အား အနည်းငယ်မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်၏။

တန်ဒေါင်ဒေါင်၏ မျိုးရိုးနာမည်က တန်ဖြစ်နေသော်လည်း မွေးကတည်းက ရှောင်မိသားစု၌ နေထိုင်ခဲ့သူဖြစ်ကာ ကျင့်ကြံခြင်းပါရမီကောင်းမွန်သည့် ကလေးလည်းဖြစ်သည်။ အနာဂါတ်တွင် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရန် အလားအလာရှိ၏။

နောက်ဆယ်စုနှစ်များစွာကြာလျှင် ရှောင်မိသားစုအတွက် မဏ္ဍိုင်တစ်ခု ဖြစ်လာပေလိမ့်မည်။

တန်မိသားစုက ၎င်းတို့အား ပစ်ပယ်ထားခဲ့သည်မှာ (၅)နှစ်ရှိနေပြီဖြစ်၏။ သို့သော် ‌တန်ဒေါင်ဒေါင်၏ ပါရမီအား မြင်တွေ့ပြီးနောက် တန်မိသားစုက ၎င်းအား ခေါ်ယူချင်နေခဲ့သည်။

ဤအခြေအနေက ရှောင်ရှန်းအတွက် လက်ခံချင်စရာမရှိပေ။

“ ခေါင်းဆောင်ရှောင်… စိတ်တော့မရှိနဲ့.. ကျင့်ကြံခြင်းအရင်းအမြစ်တွေအရကြည့်မယ်ဆိုရင် ‌ခင်ဗျားတို့ရှောင်မိသားစုက ကျုပ်တို့ တန်မိသားစုကို မမှီဘူး… ဒေါင်ဒေါင်ကို ဒီမှာဘဲဆက်ထားမယ်ဆိုရင် ကျင့်ကြံခြင်း‌နှောင့်နှေးသွားလိမ့်မယ်.. ဒါပေမယ့် သူသာ တန်မိသားစုကို လိုက်လာခဲ့မယ်ဆိုရင် ကျုပ်တို့မိသားစု (၂)ခုလုံးအတွက် ကောင်းမွန်တဲ့ရလဒ်ဖြစ်မှာဘဲ….”

တန်မိသားစုခေါင်းဆောင်က လဖက်ရည်ခွက်အား ချထားလိုက်ပြီး ရှောင်ရှန်းအား အပြုံးတစ်ခုဖြင့် ကြည့်လိုက်ကာ

“ ကျုပ်တို့ ရှုယီနဲ့ ရှောင်ရုံတို့ကို ခေါ်ပြီး သူတို့အမြင်ကို မေးကြည့်ရအောင်…”

ရှောင်ရှန်းက မျက်မှောင်ကြုတ်ပြီး နံဘေးမှ အစောင့်အား လှည့်ကြည့်လိုက်လျှင် ထိုအစောင့်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်ကာ အရိုအသေပြုပြီး ထွက်ခွာသွားလေသည်။

တစ်ခဏအကြာတွင် ခန်းမအတွင်းသို့ ပုံရိပ်တစ်ခုပြေး၀င်လာ၏။ ၎င်းက တန်ရှုယီတို့ လင်မယားမဟုတ်ဘဲ နီမြန်းနေသည့်မျက်နှာဖြင့် စိတ်လှုပ်ရှားနေဟန်ရသော အစောင့်တစ်ဦးဖြစ်နေသည်။

“ ခေါင်းဆောင်… ဖန်.. ဖန်ရှင်းမြို့ ရှောင်မိသားစုက တစ်စုံတစ်ယောက် ရောက်လာပါတယ်….”

ရှောင်ရှန်းက အလိုက်ကန်းဆိုးမသိပြေး၀င်လာသည့် အစောင့်အား ကြိမ်းမောင်းရန်ပြင်လိုက်စဉ် အစောင့်၏ စကားကိုကြားပြီးနောက် ဝုန်းကနဲထရပ်လိုက်မိသည်။

သူ့ခေါင်းထဲသို့ ပထအဆုံး၀င်ရောက်လာသည့်အတွေးမှာ ပင်မရှောင်မိသားစုက သူတို့အား ပြန်လည် ဖိတ်ခေါ်တော့မည်လော…?

သို့သော် ခေါင်းယမ်းလိုက်မိ၏။ ထိုသို့ ဖြစ်နိုင်စရာအကြောင်းမရှိပေ။

ဖန်ရှင်းမြို့ ရှောင်မိသားစုနှင့် ပြန်လည်ပေါင်းစပ်နိုင်ရန်အတွက် အနိမ့်ဆုံးလိုအပ်ချက်မှာ အခြေတည်ဝိညာဉ်အဆင့်(၇)သို့ရောက်ရမည်ဖြစ်ပြီး သူက ထိုအဆင့်နှင့် ဝေးကွာနေသေးသည်။

ထို့ကြောင့် ရှောင်ရှန်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြီး ပဟေဠိဖြစ်သွားခဲ့၏။

“ အဓိက ရှောင်မိသားစုက ကျန်းရှန်မြို့ကို ရောက်လာတယ်…! ငါ ဘာလုပ်ပေးရမလဲ မသိဘူး…”

“ မြန်မြန်.. ၀င်ခိုင်းလိုက်…”

“ နေဦး.. ငါကိုယ်တိုင် သွားမယ်…”

All Chapters