← Chapters

အခန်း (၅၈၇)

Vol. 40 Ch. 587

အခန်း (၅၈၇)

Vol. 40 Ch. 587

အရှေ့အလယ်ပိုင်းဒေသရဲ့ သိုင်းအုပ်စိုးသူနှင့် ယှဉ်ပြိုင်တိုက်ခိုက်စဉ်က ကျွင်းချောင်ရှောင်းသည် ကွမ်ယု၏ ဝိညာဉ် နှင့် ဓာတ်ငါးပါးဝိညာဉ်ကို အသက်သွင်းခဲ့၏။ သို့ပေမဲ့ အနိုင်မယူနိုင်ခဲ့ချေ။ အဆုံးသတ်မှာတော့ သူသည် မည်သို့မှ ရွေးချယ်ခွင့်မရှိဘဲ ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ တိုက်ကွက်အား ထုတ်ဖော်အသုံးပြုခဲ့ရသည်။ ယနေ့မှာတော့ သူသည် တစ်ခါတည်း အဆင့်သုံးဆင့် တက်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နဂါးစိမ်းလခြမ်းဓားမော့ကို ထပ်မံအသက်သွင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓားမော့အား ဝှေ့ယမ်းလိုက်ချိန်မှာ‌တော့ လေထုထဲတွင် ဖြစ်ပေါ်လျက်ရှိသော ဓားအရှိန်အဟုန်များသည် ယခင်ကနှင့် ခြားနားစွာပဲ အလွန်အမင်းအားကောင်းစွာဖြင့် ဖြစ်တည်လာတော့၏။ တည်နေရာတစ်ခုလုံးသည် ဓာတ်ငါးပါးဓားမော့၏ အော်ရာများကြောင့် ပိုင်းဖြတ်ခြင်း ခံလိုက်ရပြီး လေကိုခွင်းလာသည့်အသံသည် နဂါး တစ်ကောင်၏ အသံကဲ့သို့ အော်မြည်နေ၏။

ကြမ်းတမ်းလှသော စိတ်ဝိညာဉ်စွမ်းအင်နှင့် ဓားအရှိန်အဟုန်များသည် ကောင်းကင်ကြီးတစ်ခုလုံးကို တုန်ခါစေပြီး သက်ရှိ၊ သက်မဲ့အားလုံးတို့အား ထိတ်လန့်တုန်လှုပ်စေသည်။

အအေးနန်းတော်သခင်သည် ထိတ်လန့်တကြားဖြင့် အော်လိုက်၏။ “ဓား နဲ့ သိုင်းဘုရင်”

သူ့အနေနှင့် ထပ်မံစဉ်းစားရန် အချိန်မရှိပေ။ ထို့ကြောင့် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံခြင်း အဆင့်များအား အစွမ်းကုန် ထုတ်ဖော်အသုံးပြုပြီး လေဟာနယ်ထဲသို့ လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်တော့၏။ “အဆင့်ကိုး အအေးရိုက်ချက်”

ဟုန်း ဟုန်း

ချက်ချင်းဆိုသလိုပဲ အဓိကဟောခန်းရှိ တည်နေရာ၏ အပေါ်ဘက်သည် ကြမ်းတမ်းစွာ တုန်ခါသွား၏။ ပြီးနောက် အအေးဒြပ်စင်များနှင့် ဖြစ်တည်လာသော ထိုက်ကျိပုံစံ ပုံရိပ်ယောင်တစ်ခုသည် တည်နေရာကြီးတစ်ခုလုံး ဖုံးလွမ်းပြီး အအေးဓားကဲ့သို့သော အစီအရင်တစ်ခု ဖြစ်တည်လာသည်။ ဤအရာသည် ခုခံ ကာကွယ်ခြင်း အတားအဆီး အစီအရင်ပင် ဖြစ်တော့၏။

“ဒါ အအေးနန်းတော် ရဲ့ အဓိက သိုင်းနည်းစနစ်ပဲ”

အဝေးတွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် သံပြိုင်ဆိုသလိုပဲ ထအော်လိုက်ကြ၏။

အအေးနန်းတော် သခင်သည် အအေးဓာတ်သဘာဝ ခုခံကာကွယ်ခြင်း သိုင်းနည်းစနစ်ကို ထုတ်ဖော်အသုံးပြုခဲ့ရပြီဖြစ်သည်။ ဤအရာသည် ဂိုဏ်း၏ အထူးအထွဋ်အမြတ်ထားရာ သိုင်းနည်းစနစ်လည်းဖြစ်၏။ အလွန်အမင်း အားကောင်း လွန်းလှသော ဂိုဏ်းများတွင် ၎င်းတို့၏ အထွဋ်အမြတ်ထားရာ သိုင်းနည်းစနစ်များရှိကြသည်။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတွင်တော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အဆင့်နိမ့် သိုင်းနည်းစနစ်များမှလွဲ၍ သက်တန့်ရောင်စဉ် သိုင်းကျမ်း၊ ကောင်းကင်နီဓား ခုတ်ပိုင်းချက်နှင့် တခြားသော သိုင်းနည်းစနစ်များ အားလုံးသည် အထွဋ်အမြတ်ထားရာ သိုင်းနည်းစနစ်များဟူ၍ပင် သတ်မှတ်ရပေမည်။

အအေးနန်းတော်၏ လက်ဝါးရိုက်ချက်သည် လေထုထဲတွင်တော့ အအေးဒြပ်စင်များနှင့်အတူ ထိုက်ကျိပုံရိပ်ယောင် များဖြစ်တည်လာသည်။ တည်နေရာတစ်ခုလုံးသည်လည်း အလွန်အမင်းအားကောင်းလှသော အရှိန်အဝါများနှင့် ဖိနှိပ်ထားနိုင်တော့သည်။ သို့ပေမဲ့ အအေးနန်းတော်သခင်၏ မျက်နှာသည် ဖြူလျော်သွားသည်။ သူသည် တစ်ဖက် လူ၏ ဓားခုတ်ပိုင်းချက် လေးချက်ကို ခုခံနိုင်ခဲ့သည်ဆိုသော်လည်း ပြင်းထန်သည့် သက်ရောက်မှုကိုတော့ ခံစား လိုက်ရသည်။

ထို့အပြင် သူသည် ဂိုဏ်းအဓိက ဟောခန်း၏ လုံခြုံရေးကိုလည်း စိုးရိမ်လျက်ရှိသည်။ ဂိုဏ်း၏ ဂိတ်တံခါးသည် ကျိုးပြတ်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ဂုဏ်သိက္ခာများ ချနင်းခံလိုက်ရသကဲ့သို့ပင်။ လက်ရှိအချိန်၌ ဂိုဏ်း၏ အဓိကဟောခန်းကိုသာ မကာကွယ်နိုင်ပါက ငရဲပြည်သို့ ရောက်ရှိလျှင်ပင် ဘိုးဘေးများ၏ မျက်နှာ အား မည်ကဲ့သို့ ကြည့်ရှုရမည်နည်း။

ဘုန်း ဘုန်း ဘုန်း ဘုန်း

အားကောင်းလွန်းလှသော ဓား၏အော်ရာများသည် တည်နေရာကို ပိုင်းဖြတ်ပြီးသည့်နောက် ထိုက်ကျိပုံစံ ပုံရိပ်ယောင်အား ပိုင်းဖြတ်လိုက်၏။ အလွန်တရာ ကျယ်လောင်လှသော တိုက်ခိုက်သံကြီးများ ထွက်ပေါ်လျက် ရှိသည်။ အအေးနန်းတော်သခင်၏ ချီနှင့် သွေးများသည် ပြောင်းပြန် စီးဆင်းကုန်၏။ ၎င်း၏ ခန္ဓာကိုယ် ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း မြန်မြန်ဆန်ဆန် ကုန်ဆုံးလျက်ရှိသည်။

သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် အအေးနန်းတော်၏ အထွဋ်အမြတ်ထားရာ သိုင်းနည်းစနစ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့သေး၏။ သူသည် မတ်မတ်ရပ် ခုခံနိုင်ခဲ့ပြီဖြစ်၏။

သို့ပေမဲ့ မပြီးဆုံးသေးချေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ထိုအချိန်ကို အခွင့်အရေးယူ၍ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထပ်မံကာ မြှောက်ကိုင် လိုက်တော့သည်။ ကွမ်ယု၏ ဝိညာဉ်သည်လည်း ပုံရိပ်ယောင်များနှင့်အတူတူ ခုတ်ပိုင်း လာတော့သည်။

ဘုန်း ဘုန်း ဘုန်း ….။

နှိုင်းယှဉ်၍ မရအောင် အားကောင်းလွန်းလှသော ဓားမော့ချီများသည် ထိုက်ကျိပုံရိပ်ယောင်အား ပိုင်းဖြတ်သွား တော့သည်။ ကျွင်းချောင်ရှောင်းအသုံးပြုလိုက်သော ခုတ်ပိုင်းချက်များသည် ဓာတ်ငါးပါး၏ စွမ်းအင်များ ပါဝင် လျက်ရှိသည်။ ထို့ကြောင့် အလွန်ပင် အားကောင်းသည်ဟု ဆိုရမည်။

အအေးနန်းတော်သခင်သည် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့သည်ဆိုလျှင်တောင်မှ သူ၏ ခန္ဓာကိုယ် ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာတော့ မြန်ဆန်စွာ ကုန်ဆုံးနေပြီဖြစ်၏။ သူသည် အဆင့်ငါး သိုင်းအုပ်စိုးသူ တစ်ယောက် ဖြစ်၏။ အားအင်အရဆိုလျှင် ရှင်းယွင်ဂိုဏ်း၏ သိုင်းအုပ်စိုးသူထက် အဆင့်နှစ်ဆင့် မြင့်မားသေး၏။

ကျွင်းချောင်ရှောင်း ထုတ်ဖော်တိုက်ခိုက်ခဲ့သော တိုက်ခိုက်ရေး အားအင်မှာတော့ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ ဤကဲ့သို့ အားအင်အဆင့် တိုက်ခိုက်ချက်များနှင့် ကွတ်တုဟုန်သည်သာ ရင်ဆိုင်ရပါက ကျိန်းသေပေါက် ရှုံးနိမ့်သွားမှာသေချာသည်။

“.........”

အအေးနန်းတော်၏ ခန်းမသခင် မျက်နှာသည် ပျက်ယွင်းသွား၏။ သူသည် အားရပါးရ အော်ဟစ်လိုက်သည်။ “မင်းဘယ်သူလဲ”

၎င်းတို့၏ တောင်ဂိတ်တံခါးသည် ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး များပြားလှသော တပည့်များနှင့် အကြီးအကဲများ သည်လည်း သတ်ဖြတ်ခံလိုက်ရသည်။ သို့ပေမဲ့ ဤကဲ့သို့ ကျူးကျော်ဝင်ရောက်တိုက်ခိုက်သူများကို သူမသိချေ။ ထိုအရာမှာ ပို၍ ဆိုးရွားလွန်းလှ၏။

“ကျုပ်က …”

ကျွင်းချောင်ရှောင်းသည် သူ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးအား ပခုံးပေါ်သို့ ထမ်းတင်ကာ အော်ပြောလိုက်၏။ “အရှေ့တောင်ရန်ကျူး၊ ချင်းယန်နိုင်ငံ၊ ပြိုင်စံရှားဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း”

သူ၏အသံသည် ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်လျက်ရှိပြီး လောကတစ်ခွင် ပဲ့တင်ထပ်လျက်ရှိ၏။

“ပြိုင်စံရှားဂိုဏ်း၊ ကျွင်းချောင်ရှောင်း ဟုတ်လား၊ ဒါက သံမဏိအရိုးဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းမဟုတ်လား”

ဘုန်း ဘုန်း ဘုန်း

ထိုအချိန်မှာတော့ များပြားလှသော ဓားမော့ချီများသည် ထိုက်ကျိပုံရိပ်ယောင်အား ထပ်မံ၍ ခုတ်ပိုင်းနေ၏။ နောက်ပိုင်းမှာတော့ မည်သို့မှ မခုခံနိုင်တော့ဘဲ ပုံရိပ်ယောင်များ ကွဲကြေသွားသည့်အသံများ ထွက်ပေါ်လာ ပြီး ပိုင်းပြတ်သွားတော့သည်။ တစ်ဖက်လူ၏ ခုခံကာကွယ်ခြင်းအစီအရင်သည် ချိုးဖြတ်ခံလိုက်ရပြီးဖြစ်၏။

အအေးနန်းတော်သခင်သည် ဒေါသတကြီးဖြင့်ပြောလိုက်၏။ “အရှေ့တောင်ရန်ကျူးက ဂိုဏ်းတစ်ခုက အရှေ့မြောက်ရဲ့ လုကျိုးဆီကိုတောင် လာရဲတာလား၊ ဒါကို ခွင့်လွှတ် ပေးလို့ မရဘူး”

ဝှစ် ဝှစ်

ကောင်းကင်ပေါ်မှာတော့ အအေးလှိုင်းများ ရုတ်တရက်ဖြစ်တည်လာပြီး များပြားလှသည့် နှင်းမှုန်များသည် ကျဆင်းလာတော့သည်။ ထို့နောက် ထိုနှင်းမှုန်များသည် အတူတကွ စုဝေးပြီးနောက် အသက်ဝင်နေသော ရေခဲ နဂါးများအဖြစ်သို့ ပြောင်းလဲသွား၏။

ဝေါင်း

နဂါးအော်သံသည် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာတော့သည်။

“သောက်ကျိုးနည်း၊ အအေးနန်းတော်သခင်က ဂိုဏ်းရဲ့တကယ့်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်ပြီ၊ ဒါက မိုးကောင်းကင် ရေခဲနဂါးလို့ ခေါ်တယ်”

များပြားလှသော ကျင့်ကြံသူများသည် မျက်လုံးပြူးသွားကြ၏။ ရေခဲနဂါးကြီး လေးကောင်တို့သည် တည်နေရာ ကြီးထဲတွင် လှည့်လည်ပျံသန်းလျက်ရှိသည်။ အအေးနန်းတော်သခင်သည် လေထုကိုပင် အေးခဲသွားအောင် ပြုလုပ်တော့မည့်ဟန်ပေါ်နေသည်။

ဂီး ….

လင်းယုန်ငှက်ကြီးသည် ဦးခေါင်းကိုမော့ကာ အော်ဟစ်လိုက်၏။ အလွန်တရာ ကြီးမားပြီး ထက်ရှလှသော လက်သည်းများသည် လေထုကို ထိုးခွဲသွား၏။ ပြီးနောက် ရေခဲနဂါးကြီးနှစ်ကောင်အား တိုက်ရိုက်ဖျက်ဆီးလိုက် တော့သည်။

အဆင့်ငါး သိုင်းအုပ်စိုးသူသည် အလွန်တရာ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း အနေနှင့် ပဋိညာဉ်သားရဲ ရှိနေသည်။ လူတစ်ယောက်၊ သားရဲတစ်ကောင်တို့ တိုက်ခိုက်ခြင်းမှာ မမျှတဟု ပြောစရာ ရှိသည်။ သို့ပေမဲ့ မျှတချင်လျှင် တစ်ဖက်လူမှာ စိတ်ဝိညာဉ်သားရဲအား ထုတ်ဖော်နိုင်သည်။ မရှိလျှင်တော့ မတတ် နိုင်ပေ။

ဝေါင်း

တခြားသော ရေခဲနဂါးနှစ်ကောင်သည် ဘေးတစ်ဖက်တစ်ချက်ဆီမှ တိုးဝင်လာကြ၏။ ၎င်းတို့သည် လင်းယုန် ငှက်ကြီးကို မတိုက်ခိုက်ပေ။ ကျွင်းချောင်ရှောင်းကို တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုအချိန်မှာတော့ အလွန်တရာ အားကောင်းလှသော မီးတောက်များသည် လေထုထဲတွင် ဖြစ်တည်လာပြီးသည့်နောက် အေးစက်မှုများသည် ပျောက်ကွယ်သွားတော့သည်။

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပေါ်မှာတော့ အလွန်တရာ နီရဲလှသော ချပ်ဝတ်တစ်ခုသည် ဖြစ်တည်လာပြီး ဖြစ်သည်။ ၎င်းအား ကြည့်ရှုရသည်မှာ ပိုမို၍ ချောမောလာ၏။

ဝှစ် ဝှစ်

ပူပြင်းတောက်လောင်လွန်းသော မီးတောက်များကြားထဲမှာတော့ နဂါးလေး၏ လူသားဦးခေါင်း ပေါ်လာသည်။ ပြီးနောက် ကလေးသံလေးတစ်ခုက ထွက်ပေါ်လာသည်။ “ကျုပ်သခင်ကို ဘယ်သူမှ နာကျင်အောင် လုပ်လို့မရဘူး”

စောနတုန်းက ပြောဆိုခဲ့သည်မှာ မှားယွင်းခဲ့၏။ လူတစ်ယောက်နှင့် သားရဲတစ်ကောင် မဟုတ်ပေ။ လူတစ် ယောက်နှင့် သားရဲနှစ်ကောင်ပင် ဖြစ်၏။

ဝှစ်

မီးတောက်အလင်းတန်းသည် ဖြတ်ပြေးသွားသည်။ ရေခဲနဂါးတစ်ကောင်သည် နဂါးလေး၏ ဖမ်းချုပ် ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

“အရည်ပျော်စမ်း”

ဝှစ် ဝှစ် ဝှစ်

တောင်လောင်လွန်းလှသော မီးတောက်များသည် ရုတ်တရက် ပိုမို၍ အားကောင်းလာသည်။ ရေခဲနဂါး၏ ခန္ဓာကိုယ်ကြီးသည် မည်သို့မှ မတတ်နိုင်တော့ဘဲ အရည်ပျော်သွားတော့၏။ မျက်စိတမှိတ်အတွင်းမှာပဲ အသက်ဝင်နေသော ရေခဲနဂါးများသည် နဂါးလေး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။

၎င်းရေခဲနဂါးသည် ပူပြင်းလှသည့် မီးအပူရှိန်ကြောင့် အငွေ့ပျံကာ ရေစက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုတောက်လောင် နေသည့် မီးညွှန့်များသည် အဆုံးစွန်ဆုံးအခြေအနေသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ အအေးဓာတ်သဘာဝ ကြောင့် ဖြစ်တည်လာသော အရာအားလုံးသည် အရေပျော်ကျသွားတော့သည်။

နဂါးလေးသည် နောက်ဆုံးကျန်နေသော ရေခဲနဂါးအား ပွေ့ပိုက်ရင်း မီးတောက်များနှင့် သတ်ဖြတ်ရန် ကြိုးစား လိုက်လေသည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးအား ထပ်မံကာ ခုတ်ပိုင်းတော့သည်။ အစောကြီးကတည်းက အားနည်းနေပြီဖြစ်သော ရေခဲ ဓာတ်သဘာဝများသည် နောက်ဆုံးမှာတော့ ဘယ်တုန်းကမှ မရှိသကဲ့သို့ ပျောက်ကွယ်သွားခဲ့၏။

ဝေါ့

အအေးနန်းတော်သခင်သည် သွေးတစ်လုတ်အန်ထွက်လာသည်။ သူသည် အားပြတ်စွာဖြင့် အနောက်သို့ ခြေနှစ်လှမ်း ပင်ဆုတ်လိုက်မိ၏။ ဂိုဏ်း၏ အထွဋ်အမြတ်ထားရာ သိုင်းနည်းစနစ်နှစ်ခုသည် တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက် ရသည်။ ဤအရာကြောင့် ထုတ်ဖော်တိုက်ခိုက်လိုက်သော သူသည် တန်ပြန်မှုကို ခံစားလိုက်ရခြင်းဖြစ်သည်။ သိုင်းအုပ်စိုးသူအဆင့် ပဋိညာဉ်သားရဲနှစ်ကောင် မရှိဘူးဆိုလျှင် သူသည် ကျွင်းချောင်ရှောင်းကို တိုက်ခိုက်နိုင်စွမ်း ရှိ၏။

ဓားနှင့်သိုင်းဘုရင်ဖြစ်သည်ဆိုလျှင်တောင် သူသည် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နဂါးလေးနှင့် နတ်ဆိုး လင်းယုန်နက်တို့သည် အတူတကွ ပူးပေါင်းတိုက်ခိုက်လျက် ရှိနေသေး၏။ ကောင်းကင်ယံတွင်တော့ နတ်ဆိုး လင်းယုန်နက်ကြီးသည် ၎င်း၏ အတောင်ပံကို ယမ်းခါပြီး လေလှိုင်းများ ဖြစ်တည်အောင် ဖန်တီးလျက်ရှိသည်။ ထိုလေလှိုင်းများသည် အဓိကဟောခန်းကြီးတစ်ခုလုံးကို တုန်ခါနေစေသည်။

ခန္ဓာကိုယ်တစ်ခုလုံး မီးညွှန့်မီးတောက်များနှင့် ဖုံးလွှမ်းလျက်ရှိသော နဂါးလေးသည် လေထဲတွင် မတ်မတ်ရပ်လျက် ရှိပြီး သူ၏ ညာဘက်လက်ဝါးကို ဖြန့်ကာ လင်းယုန်နက်ပေါ်မှ ပြုတ်ကျလာသော သခင်အား ဖမ်းဆီးလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့ကိုကိုင်ကာ မတ်မတ်ရပ်ရင်း ပြောလိုက်တော့သည်။ “အအေးနန်းတော်သခင် အခုကော အဆင်ပြေရဲ့လား”

သူ၏ နာမည်သည် ကျွင်းဖြစ်သည်။ ကျွင်းသည် လောကကြီးကို အုပ်စိုးခြင်းပင်ဖြစ်၏။

“သတ်၊ သတ်ကြ”

လေ့ကျင့်ရေးကွင်းပြင်ပေါ်မှာတော့ ကျုံးရီသည် သံချပ်ကာဝံပုလွေတပ်သားများကို ဦးဆောင်ကာ တစ်ချက် ကလေးမှ မနှောင့်နှေးပဲ သတ်ဖြတ်လျက်ရှိသည်။ အအေးနန်းတော်ရှိ တပည့်တစ်သောင်းကျော်တို့သည် မြေပေါ်တွင် လဲနေပြီဖြစ်၏။ အားလုံးသော သူများသည် လီချင်းယန်၊ ကျိုးဟုန်နှင့် နင်ညီအစ်ကိုတို့၏ လက်ချက် ကြောင့် မလွတ်မြောက်နိုင်ခဲ့ကြချေ။

သို့ပေမဲ့ ဤအချိန်တွင် အပြင်ဘက်ခြံဝန်းတစ်ခုလုံးသို့ လှည့်လည်ကာ လျှောက်သွားနေသော ကျန်းတယ်ကျွင်းဆိုသည့် အဘိုးကြီးအား မည်သူမှ သတိမပြုမိကြပေ။ ၎င်းသည် အအေး နန်းတော်၏ တည်နေရာပတ်ပတ်လည်တွင် အစီအရင်အလံတိုင်များ စိုက်ထူခဲ့၏။

“ဂိုဏ်းချုပ်”

ခဏလောက်ကြာပြီးသည့်နောက် သူသည် လက်ကိုဖြန့်ကာ သူ၏ ဂိုဏ်းချုပ်အား အော်ခေါ်လိုက်၏။ ထူးဆန်းသော အပြုံးတစ်ခုသည် ၎င်း၏ မျက်နှာအထက်တွင် ပေါ်နေသည်။ “ကျုပ်က ဒီအဆင့်လေးဂိုဏ်းတစ်ခုကို တစ်စစီဖြစ်အောင် ဖျက်ဆီးချင်တယ်”

ဝီ

ချက်ချင်းဆိုသလိုပဲ အအေးနန်းတော်၏ ပတ်ဝန်းကျင်ပတ်လည်တွင် အလင်းတန်းများ ဖြစ်တည်လာပြီးသည့် နောက် မိုးကြိုးစွမ်းအင်များ ထုတ်လွှင့်လျက်ရှိသော အစီအရင်တစ်ခုသည် ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည်။

“မကောင်းတော့ဘူး”

အစီအရင်ကို နားလည်တတ်ကျွမ်းသော အအေးနန်းတော်ရှိ အကြီးအကဲတစ်ယောက်သည် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။ “ဒါက မိုးကြိုးစုစည်းခြင်း အစီအရင်ပဲ”

“မှားတယ်”

ကျန်းတယ်ကျွင်းသည် သူ၏လက်ချောင်းများကို ယမ်းခါက ပြောလိုက်၏။ “ဒါက ဆက်တိုက်မိုးကြိုးစုစည်းခြင်းအစီအရင်လို့လည်း ခေါ်တယ်၊ ငါကိုယ်တိုင် သုတေသန လုပ်ထားတာလေ၊ ဒီအရာကြီး ပေါက်ကွဲရင် အအေးနန်းတော် မပြောနဲ့၊ အနီးအနားပတ်ဝန်းကျင် မိုင်တစ်ရာဝန်းကျင်မှာရှိတဲ့ အရာ အားလုံးက ပြိုကျပျက်စီးရလိမ့်မယ်”

“ဘာ”

အအေးနန်းတော်ရှိ အဆင့်မြင့်အဖွဲ့သားများ၏ အမူအရာသည် ပြောင်းလဲသွားတော့သည်။

ဟား ဟား ဟား ဟား

ကျန်းတယ်ကျွင်း၏ အပြုံးသည် ပိုမို၍ အသက်ဝင်လာသည်။ သူသည် ဦးခေါင်းကို မော့ကာ ဟန်ပါပါဖြင့် မေးလိုက်၏။ “မင်းတို့ ကြောက်နေကြပြီလား”

All Chapters