← Chapters

အခန်း (၅၉၂)

Vol. 40 Ch. 592

အခန်း (၅၉၂)

Vol. 40 Ch. 592

တကယ်တော့ အအေးနန်းတော်သည် အလွန်တရာ ကံဆိုးသည်ဟု ဆိုရမည်။ ပထမတုန်းက လုချင်းချင်းသည် အထူးရေခဲဓာတ်သဘာဝကို ပိုင်ဆိုင်သည်ဟု သူတို့ထင်ခဲ့ကြသည်။ ထို့ကြောင့် သူမအား ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ရန် စဉ်းစားမိခဲ့ကြသည်။ သို့ပေမဲ့ တစ်ဖက်လူသည် နှင်းတောင်ကြားမှလူများနှင့် ပဋိပက္ခဖြစ်သွားပြီး သည့်နောက်မှာတော့ အခြေအနေသည် ပို၍ ဆိုးရွားလာခဲ့သည်။ ထို့ကြောင့် သူတို့၏ မူလရည်မှန်းချက်ကို သွေဖယ်သွားခဲ့သည်။ အဆုံးသတ်မှာတော့ ၎င်းတို့သည် အကန့်အသတ်မဲ့ ရေခဲပင်လယ်ထဲတွင် ထိပ်တိုက် တွေ့ဆုံပြီး တိုက်ခိုက်သည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

အအေးနန်းတော်သည်သာ အစဦးကတည်းကအတိုင်း သူတို့၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ သူမအား ဂိုဏ်းသားအဖြစ် ခေါ်ဆောင်ရန် ကြိုးစားခဲ့မည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် ဤမျှဝေးကွာလှသည့်အထိ ခရီးနှင် လာပြီး ၎င်းတို့အား လာရောက်တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ယခုလိုလည်း အဆုံးသတ်လိမ့်မည် မဟုတ်ပေ။

ဤအရာသည် ကြိုတင်သတိပေးခြင်းဟုပင် စဉ်းစားဆုံးဖြတ်နိုင်သည်။ ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများအားလုံးကို သတိပေးချင်သည်မှာ ပြိုင်စံရှားဂိုဏ်းဆိုသည်မှာ လာရှုပ်၍ မရသော ဂိုဏ်းတစ်ခုဖြစ်သည်ဟူ၍ပင်။

ဟုတ်ပေသည်။ ဂိုဏ်းချုပ်ကျွင်းသည် အအေးနန်းတော်ကို ဖျက်ဆီးခဲ့ခြင်း နှင့် ဂိုဏ်းချုပ်ရှစ်ယောက်တို့အား အပြင်းအထန်တိုက်ခိုက်ခဲ့သည့်သတင်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။

လက်ရှိအခြေအနေတွင် အားကောင်းသောကျင့်ကြံသူအားလုံး၏ အပူတပြင်းဆွေးနွေးရာ ကိစ္စပင် ဖြစ်လို့လာ၏။

“ပြီးတော့ကော”

ကျွင်းချောင်ရှောင်းသည် ဆက်၍မေးမြန်းလိုက်၏။

လုချင်းချင်းက ပြောလိုက်သည်။ “ကျွန်မ စီနီယာရေခဲအင်ပါယာရဲ့ ကျောက်စိမ်းပြားကို သူမတံခါးပိတ်ကျင့်ကြံတဲ့ နေရာကနေ တွေ့ခဲ့တယ်၊ ရေခဲ ပင်လယ်ထဲကနေ ပြန်ပြီးထွက်ခွာလာတဲ့အချိန်မှာတော့ နှင်းတောင်ကြားက ဖျက်ဆီးခံရတယ်လို့ ကြားလိုက်ရတယ်”

ဝံပုလွေသားရဲများကို စီးနင်းထားသော ကျင့်ကြံသူအများအပြားသည် နှင်းတောင်ကြားဆီသို့ ရောက်ရှိလာပြီး အားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်ဆိုသော သတင်းကို သူမကြားသိပြီးနောက်မှာတော့ ဤအရာသည် ဂိုဏ်းချုပ်နှင့် သူ၏ဂိုဏ်းတူမောင်လေးများဖြစ်ကြောင်း ခန့်မှန်းခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူမသည် အအေးနန်းတော်ဆီသို့ ခရီး ထွက်ခွာလာခဲ့ခြင်းဖြစ်၏။

လုချင်းချင်းသည် ကျွင်းချောင်ရှောင်းကို အလွန်တရာနားလည်သူတစ်ယောက်ဖြစ်၏။ သူမကို ဝရမ်းထုတ် ထားသည်ဆိုသည့်သတင်းကိုသာ ကြားသိသည်ဆိုပါက ဂိုဏ်းချုပ်သည် သူမအတွက် တရားမျှတမှုကို လာရောက် တောင်းဆိုမည်ဟု ခန့်မှန်းမိပြီးဖြစ်သည်။ အရာအားလုံးသည် သူမခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်ပေါ်လာခဲ့သည်။ အအေးနန်းတော်ဆီသို့ ရောက်ရှိချိန်မှာတော့ ဂိုဏ်းချုပ်နှင့် သူ၏ ဂျူနီယာမောင်လေးများအားလုံးသည် တစ်ဖက်လူများနှင့် တိုက်ခိုက်လျက်ရှိနေကြပြီးဖြစ်၏။

လက်ရှိအခြေအနေမှာတော့ လုချင်းချင်း၏ ကြိုးစားပမ်းစားဖြင့် တည်ဆောက်ခဲ့ရသော ရေခဲလို တည်ငြိမ်နေသည့် စိတ်အဟုန်များသည် ပြန်လည်၍ လှုပ်ခါသွား၏။ သူမသည် အရှေ့မြောက်လုကျိုးဆီသို့ ရောက်ရှိလာခဲ့ရခြင်းမှာ သူမ၏ စိတ်အခြေအနေကို တည်ငြိမ်အောင်ကြိုးစား၍ ယခုထက်ပိုမိုအဆင့်မြင့်သည့် ကျင့်ကြံခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိစေရန်ပဲဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဤအရာများသည် အလဟဿဖြစ်နေ၏။

“ဒီနေရာမှာ ဆက်ပြီးတော့ လေ့ကျင့်ချင်သေးလား” ကျွင်းချောင်ရှောင်းကမေးလိုက်သည်။

လုချင်းချင်းသည် သူ့အား ပြန်လည်ကြည့်ကာ မေးလိုက်၏။ “လေ့ကျင့်လို့ရလား”

ဤသို့ပြန်လည်မေးခွန်းထုတ်လိုက်သည့် လေသံတွင် ဝေခွဲမရခြင်း သဘာဝများလည်း ပါဝင်နေသည့်ဟု ကျွင်းချောင်ရှောင်း ခံစားမိလိုက်၏။ သူ၏ အကြီးဆုံးတပည့်သည် အေးစက်သည့်အသွင်အပြင်နှင့် ခံစားချက်များ ရှိသည်ဆိုသော်လည်း လူသားတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော ခံစားချက်များလည်း ရောထွေးရှိနှင့်နေသည်ကို သူသိရှိခဲ့ရ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနေရာက မင်းအဆင့်တက်နိုင်မှုကို ပိုပြီးတော့ မြန်ဆန်စေမယ်ဆိုရင် ဆက်ပြီးလေ့ကျင့်ဖို့ဆိုတာ မဖြစ်နိုင်စရာမရှိ ဘူးလေ”

“ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်” လုချင်းချင်း ပြောလိုက်သည်။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “တကယ်လို့ အန္တရာယ်တွေနဲ့သာ တွေ့လာမယ်ဆိုရင် ဂိုဏ်းကို အမြန်ဆုံးဆက်သွယ်ဖို့ လိုတယ်၊ မင်းကို ဘယ်သူ ကမှ ထိခိုက်နာကျင်အောင်လုပ်တာကို ခွင့်ပြုမှာ မဟုတ်ဘူး၊ ပြီးတော့ မင်းရဲ့ဆံခြည်တစ်မျှင်ကို ထိခိုက်အောင် လုပ်ရင်တောင်မှ အကုန်လုံးကို သတ်ပစ်မှာပဲ”

သူ၏ နောက်ဆုံးစကားသည် အားလုံးသောသူများ၏ နှလုံးသားကို ထိခိုက်စေ၏။ လုချင်းချင်း၏ နှလုံးသားများ သည် ရေခဲလို မမာကျောနိုင်တော့ဘဲ ကွဲအက်လာခဲ့၏။ သူမ၏ အကြည့်များသည် အနည်းငယ် ပျော့ပျောင်းသွား တော့သည်။ ပြီးနောက် အမှတ်မထင် တခြားဘက်သို့လှည့်ကာ တီးတိုးပြောလိုက်သည်။ “တပည့် နားလည်ပါပြီ”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာ အလွန်တရာထက်ရှသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။ “တခြားသူတွေ ငါ့ရဲ့တပည့်တွေကို ထိခိုက်နာကျင်အောင်လုပ်မှာကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး”

ကောင်းကင်ယံထက်မှာတော့ ဤအသံသည် ပဲ့တင်ထပ်လျက် ရှိနေတော့သည်။

..........

လုချင်းချင်းသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ဂိုဏ်းချုပ်နှင့်အတူ ပြန်လည်လိုက်သွားရန် ရည်ရွယ်ချက် မရှိပေ။ ထို့အပြင် သူမသည် ရေခဲအင်ပါယာ၏ အမွေအနှစ်များကို ယခုမှ ရရှိကာစ ဖြစ်သည်။ ထို့ကြောင့် ရေခဲ တည်နေရာထဲတွင် နေ၍ ကျင့်ကြံရန် လိုအပ်နေသေးသည်။ ထိုမှသာလျှင် အဆင့်ပိုမို မြန်ဆန်စွာ တက်နိုင်မည် မဟုတ်လား။

ကျွင်းချောင်ရှောင်းကလည်း သဘောတူညီလိုက်သည်။ သူ၏တပည့်သာ အဆင်ပြေနေမည်ဆိုလျှင် အရှေ့တောင် ရန်ကျူးမက၍ မည်သည့်နေရာတွင်ဖြစ်ဖြစ် လေ့ကျင့်သည်ကို သူခွင့်ပြုပေးနိုင်၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့တော့ ထွက်ခွာမသွားချေ။ ဤနေရာသို့ ရောက်ရှိလာပြီဆိုမှတော့ တပည့်များကို ခေါ်ဆောင်၍ မတူညီသည့် ဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုများကို လေ့လာရန် ဆုံးဖြတ်လိုက်ကြသည်။ ဤကဲ့သို့ ရေခဲနှင့် နှင်းများသာရှိသော တည်နေရာကြီး တစ်ခု ဖြစ်သည် ဆိုလျှင်တောင်မှ အလွန်တရာလှပသော မြင်ကွင်းများ သည် တည်ရှိနေသည်။

.............

ဟူး

ရေခဲတောင်ထိပ်ကြီးတစ်ခုအပေါ်မှာတော့ ကျန်းတယ်ကျွင်းသည် အလွန်တရာပြင်းလှသော ဝိုင်တစ်ခွက်ကို အသာ ကောက်မော့ကာ ပြောလိုက်၏။ ဤဝိုင်သည် အရှေ့မြောက်လုကျိုးဆီမှ ထုတ်လုပ်ထားသော ဝိုင်ကောင်းဖြစ်၏။

“ဒီရေခဲတည်နေရာထဲမှာရှိတဲ့ ဝိုင်က တကယ့်ကို ပြင်းတာပဲ”

“ဟဲ ဟဲ”

စုရှောင်မိုသည် ဝိုင်တစ်ခွက်ကို ကိုင်၍ လျှောက်လာသည်။ ပြီးနောက် အသာပြုံးကာ ပြောလိုက်သည်။ “အကြီးအကဲကျန်း... အစီအရင်ကို သင်ပေးပါလား”

“သွားစမ်း”

ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “တခြားနေရာမှာ သွားဆော့နေကြ”

ဟူးလားလား

အရှေ့ဘက် တည်နေရာထဲမှာတော့ အလွန်တရာကြီးမားလှသော အိုးကြီးတစ်ခုရှေ့တွင် ကျွင်းချောင်ရှောင်းသည် အစိတ်စိတ်ပိုင်းထားသော အသားများကို ပစ်ထည့်လိုက်၏။ ပြီးနောက် သူသည် ကြီးမားလှသော ယောက်ချို ဇွန်းကြီး တစ်ချောင်းဖြင့် အသာမွှေနောက်ကာ ပြောလိုက်၏။ “ဒီနေ့မှာ အားလုံးအတွက် အထူးဟင်းပွဲတစ်ခုကို ဖန်တီးပေးမယ်”

လျှိုဝမ်ရှစ်သည် မပါလာခဲ့ချေ။ ထို့ပြင် လီချင်းယန်မှာလည်း ဟင်းချက်အလွန်တရာ ညံ့လှ၏။ ထို့ကြောင့် ချက်ပြုတ်ခြင်း အလုပ်သည် သူ၏ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။ မကြာသေးခင်ကတင် သူသည် တပည့်များကို ဦးဆောင်၍ အအေးနန်းတော်သို့ သွားရောက်ဖျက်ဆီး သတ်ဖြတ်ခဲ့သည်။

လက်ရှိအခြေအနေမှာတော့ ရင်ကာကို ဝတ်ဆင်ကာ နှင်းကြားထဲတွင် ဟင်းချက်သည့်အလုပ်ကို ပြုလုပ်လျက် ရှိနေသည်။ အံ့ဩဖွယ်ရာကောင်းလှသည့် ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့၏။

အလွန်တရာ ရက်စက်ပြီး နတ်ဆိုးတစ်ပါးကဲ့သို့ အကြင်နာကင်းမဲ့လှသော သူသည် သူ၏တပည့်များအတွက်ဆိုလျှင် မီးဖိုချောင်ထဲရှိ အိမ်ရှင်မ ကြီးတစ်ဦးလိုပင် ဖြစ်နေတော့သည်။

“ဂိုဏ်းချုပ်”

လီထျန်းထျန်းက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရဲ့ ချက်ပြုတ်ခြင်းစွမ်းရည်က တုတုနဲ့ယှဉ်ရင် တော်တော်ကြီးကိုဆိုး …..”

ဘန်း …..။

ပြောနေတုန်းမှာပဲ သူ၏မျက်နှာဆီသို့ တစ်စုံတစ်ခုသည် ရောက်ရှိလာပြီးနောက် သူသည် ရေခဲထဲသို့ ခေါင်းစိုက် သွားတော့သည်။

နတ်ဆိုးလင်းယုန်နက် မိန်းကလေးငယ်လေးသည် သူမ၏လက်ကို အသာပြန်ရုတ်လိုက်၏။ ပြီးနောက် အေးစက်သည့်မျက်နှာဖြင့် ပြောလိုက်သည်။ “သခင့်ရဲ့ အရည်အချင်းကို မေးခွန်းထုတ်တဲ့လူတွေအားလုံး ကျွန်မ ရှောင်မိုရှန်းရဲ့ အပြစ်ပေးမှုကို ခံရမယ်”

ဟုတ်ပေသည်။ သူမ၏ နာမည်သည် ရှောင်မိုရှန်း ဖြစ်သည်။ ဤနာမည်အသစ်ကို ကျွင်းချောင်ရှောင်း ပေးအပ်ထား ခြင်းဖြစ်သည်။

“ကောင်မလေး”

ဂိုဏ်းချုပ်ကျွင်းသည် ဟင်းကိုမွှေနောက်ချက်ပြုတ်ရင်းမှ လေးလေးနက်နက် ပြောလိုက်သည်။ “မင်းက မိန်းကလေး တစ်ယောက်လေ၊ ဒီတော့ စကားလုံးတွေနဲ့ပတ်သက်ရင် ပျော့ပျောင်းနေရမယ်၊ တကယ်လို့ တစ်စုံတစ်ယောက်ကို ရိုက်ချင်တယ်ဆိုရင် မင်းအနေနဲ့ အမြည်းစားပါဦးလားလို့ ပြောမှဖြစ်မယ်”

“အမြည်းစားပါဦးလား ဟုတ်လား”

ရှောင်မိုရှန်းသည် ဇဝေဇဝါနှင့် ဖြစ်သွား၏။ “အဲတာက ဘာကိုဆိုလိုတာလဲ”

“ဆိုလိုတာက အမြည်းကျွေးတယ်ဆိုတာ လက်သီးကျွေးတာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“နားလည်ပါပြီ”

ရှောင်မိုရှန်းသည် အသာမတ်တပ် ထရပ်ပြီး ခြေဗလာဖြင့် ရေခဲတောင်ပေါ် လမ်းလျှောက်လိုက်၏။ ပြီးနောက် သူမသည် အားလုံး၏ ရိုက်နှက်ခြင်းကို ခံထားရသော လီထျန်းထျန်းရှေ့သို့ ရောက်သွားသည်။ “အမြည်းစားပါဦးလား”

ဘန်း ဘန်း ဘန်း ဘန်း

ကောင်းကင်ယံတွင်တော့ ငှက်မွှေးများ ပြန့်နှံ့သွားတော့သည်။

“………...”

စုရှောင်မိုနှင့် တခြားသူများသည် ဆက်လက်၍ မကြည့်ရှုနိုင်တော့သောကြောင့် အသာ မျက်နှာလွှဲလိုက်မိကြသည်။ ပြီးနောက် တွေးလိုက်မိကြသည်။ “ဂိုဏ်းချုပ်ရဲ့ အခု ပဋိညာဉ်သားရဲက လူသားပုံစံကို ပြောင်းပြီးတဲ့နောက်မှာ နဂါးလေးထက်တောင် ပိုပြီး ကြောက်စရာကောင်းသေးတာပဲ”

ဤအရာသည်မှာလည်း အမှန်ပင်ဖြစ်သည်။ နဂါးလေးသည် မည်သည့်နေရာကို ရောက်ရှိနေသနည်း။ အားလုံးသည် အလျင်အမြန် လှည့်ကြည့်လိုက်ချိန်မှာတော့ မူလပုံစံကို ပြန်လည်ပြောင်းလဲလိုက်ပြီဖြစ်သော နဂါးလေးသည် သေးငယ်လှသော ရေခဲတောင်ကမူလေးပေါ်တွင် အသာထိုင်လျက်ရှိသည်။

သူသည် ငါသည်သာ ပြိုင်ဘက်ကင်းသည် ဆိုသော မျက်နှာအမူအရာမျိုးနှင့် ခပ်တည်တည် မော့ကာ ရှိနေသည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ စိတ်ထဲတွင် ကြောက်ရွှံ့နေလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် လုချင်းချင်းသည် မနီးမဝေးတွင် ရှိနေသောကြောင့်ဖြစ်၏။

“ဂိုဏ်းချုပ်ရဲ့ အချက်အပြုတ်ကတော့ တကယ့်ကို ကောင်းတာပဲ”

အစားအသောက်များ အဆင်သင့်ဖြစ်ပြီးနောက်မှာတော့ တပည့်များသည် စုဝေးလာပြီး ချီးကျူးလိုက်ကြ၏။ မချီးကျူး၍လည်း မဖြစ်ပေ။ ဂိုဏ်းချုပ်၏ ပဋိညာဉ်သားရဲသည် အလွန်တရာ ကြမ်းရမ်းလွန်းလှ၏။ သူတို့ဆိုလျှင် တောင်မှ ခွင့်လွှတ်မပေးချေ။

ရေခဲတောင်ကြီးပေါ်မှာတော့ တပည့်တစ်ထောင်ကျော်တို့သည် စုဝေးကာ စားသောက်လျက် ရှိနေတော့သည်။ ဤမြင်ကွင်းသည် အလွန်တရာ လှပလွန်းလှ၏။

“ချင်းချင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းရဲ့ ဂျူနီယာမောင်လေးတွေက အရှေ့မြောက်လုကျိုးဆီ ရောက်ရှိလာပြီး မင်းအတွက် တိုက်ခိုက်ခဲ့ကြတယ်၊ ဒီတော့ စီနီယာအစ်မကြီးတစ်ယောက်အနေနဲ့ မင်းတစ်ခုခု မပြောချင်ဘူးလား”

“စီနီယာအစ်မကြီးက ပြဿနာရှိနေပြီဆိုမှတော့ ကျုပ်တို့က လာပြီးကူညီရမှာပါ၊ ဒါက လုပ်ကို လုပ်သင့်တဲ့ အရာပဲလေ” စုရှောင်မိုသည် သွားဖြီးကာ ပြောလိုက်၏။

လီဖေးသည် ပြုံးလိုက်မိ၏။ “ကျုပ်တို့အားလုံးက တူညီတဲ့ ဂိုဏ်းကလေ၊ ပြီးတော့ တကယ့်ကို မောင်နှမတွေလိုပဲ ချစ်ခင်ကြတယ်၊ အန္တရာယ် တွေ့လာတဲ့အချိန်မှာလဲ တစ်ယောက်ကို တစ်ယောက် မကူညီရင် ဘယ်သူ့ကို သွားပြီးတော့ အားကိုးရမှာလဲ”

“ဒါက အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက တပည့်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကို မောင်နှမတွေလို ရင်းနှီးနွေးထွေး ရမယ်၊ အားလုံးက အတူတူ ကောင်းချီးတွေကို မျှဝေခံစားရမှာဖြစ်သလို အခက်အခဲတွေကိုလည်း မျှဝေခံစားရမှာပဲ”

ဘုတ်

လုချင်းချင်းသည် ရေခဲကမူလေးပေါ်မှ အသာခုန်ချလိုက်ပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ ဝိုင်ပုလင်းအား အသာထုတ်ယူလိုက်သည်။ ပြီးနောက် ပုလင်းအား အသာဖွင့်၍ သူ၏ ဂျူနီယာမောင်လေးများဘက်သို့လှည့်ကာ ဟန်အမူအရာ လုပ်ပြလိုက်တော့သည်။ သူမသည် မည်သည့်စကားမှ မဆိုချေ။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် သူတို့၏ စီနီယာအစ်မကြီး ဘာလုပ်ချင်နေသည်ကို ကောင်းကောင်းသိကြ၏။ ထို့ကြောင့် သူတို့သည်လည်း ဝိုင်ခွက်များကိုကိုင်ကာ အသာမြှောက်လိုက်ကြသည်။

လုချင်းချင်းသည် ဝိုင်ခွက်အား တစ်ခါတည်း မော့သောက်လိုက်၏။

ဝှစ် ဝှစ်

လီချင်းယန်နှင့် တခြားသူများသည်လည်း ပြိုင်တူဆိုသလိုပဲ ဝိုင်ခွက်ကို မော့သောက်လိုက်ကြသည်။ သူတို့သည် စကားလုံးများနှင့် ပြောဆိုဆက်ဆံခြင်း မပြုကြပေ။ အားလုံးသည် နှလုံးသားထဲတွင် ရှိသည့်စိတ်ခံစားချက်အတိုင်း ပြုမူနေကြခြင်းဖြစ်သည်။ ဤအရာသည် စကားလုံးများထက်ပို၍ အဓိပ္ပာယ်ရှိသည်။ နှင်းများကျဆင်းနေသော ရေခဲ တည်နေရာကြီးတစ်ခုတွင် အလွန်လှပသည့် တေးသံတစ်ခု ပျံ့လွှင့်လျက်ရှိသည်။

........

“စီနီယာအစ်မကြီး”

ရေခဲတောင်ပေါ်မှာတော့ လီချင်းယန်နှင့် တခြားသောသူများသည် ဟာရီကိန်းဝံပုလွေများကို စီးနင်းကာ အနောက်သို့လှည့်ကြည့်ရင်း ပြောလိုက်၏။

“ကျုပ်တို့ အရင်ပြန်တော့မယ်”

အာ ဝူး ဝူး

ဝံပုလွေအော်သံသည် ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်လျက်ရှိ၏။ အပြာရောင်အလင်းတန်းများသည် ဖြစ်တည် လာပြီးသည့်နောက် ရေခဲတောင်ကြီးပေါ်မှ အလျင်အမြန်ပဲ ဆင်းသက်သွားကြတော့သည်။

ဂီး

လင်းယုန်နက်ကြီးသည် သူ၏ အတောင်ပံကို ဖြန့်ကျက်ပြီးသည့်နောက် ကောင်းကင်ယံတွင် ပျံသန်းနေသည်။ ကျွင်းချောင်ရှောင်းသည် လင်းယုန်နက်ကြီး၏ ခန္ဓာကိုယ်ပေါ်ထိုင်ရင်း အတွေ့အကြုံအဆောင်နှစ်ခုကို ချိုးချေ လိုက်တော့သည်။ ချက်ချင်းဆိုသလိုပဲ အဆင့်ကိုး ဓားနှင့်သိုင်းဘုရင်အော်ရာများ ဖြစ်တည်လာခဲ့သည်။ သူသည် ဒန်ထျန်ထဲရှိစွမ်းအင်များကို လှည့်ပတ်ရင်း ပြောလိုက်မိသည်။ “ပြိုင်စံရှားဂိုဏ်းကို ရန်ပြုရဲတဲ့လူတွေအားလုံး အသတ်ခံရမယ်”

သူ၏အသံသည် အလွန်တရာအားကောင်းလှသည့် အော်ရာများနှင့်အတူ အရှေ့မြောက်လုကျိုး၏ ကောင်းကင်ယံ တစ်ခုလုံးတွင် ပဲ့ထင်ထပ်သွား၏။

မိုင်ငါးထောင်၊ ခြောက်ထောင် အတွင်းတွင်ရှိသော ကျင့်ကြံသူများ အားလုံးသည် ထိုသို့သော ပြောစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတော့သည်။

All Chapters