← Chapters

အခန်း (၅၉၃)

Vol. 40 Ch. 593

အခန်း (၅၉၃)

Vol. 40 Ch. 593

“ဘာ”

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲတွင်တော့ ခေါင်းဆောင်သည် မတ်တပ်ရပ်ကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက အအေးနန်းတော်တစ်ခုလုံးကို ဖျက်ဆီးလုနီးပါး လုပ်ခဲ့တယ် ဟုတ်လား”

“ဟုတ်ပါတယ်ခေါင်းဆောင်” သူ၏ နောက်လိုက်တစ်ယောက်က ပြောလိုက်သည်။

ခေါင်းဆောင်သည် ပြန်လည်ကာ ထိုင်ချလိုက်ပြီးသည့်နောက် သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ သူရရှိခဲ့သော သတင်းအချက်အလက်အရဆိုလျှင် ကျွင်းချောင်ရှောင်းသည် တပည့်တစ်ထောင်ကျော်ကို ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်၏။ ဤကဲ့သို့သော လူအင်အားလေးဖြင့် တပည့်တစ်သောင်းကျော်ခန့်ရှိသော အဆင့်လေးဂိုဏ်းတစ်ခုအား ဖျက်ဆီးလုနီးပါး အခြေအနေထိ ရောက်အောင် တိုက်ခိုက်ခဲ့၏။

ထို့အပြင် တပါးသူများ၏ တည်နေရာထဲသို့ သွားရောက်တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်သည်။

ရေခဲဓာတ်သဘာဝကို ကျင့်ကြံကြသော သိုင်းကျင့်ကြံသူများသည် ရေခဲတည်နေရာထဲတွင်တော့ အလွန်တရာ အားကောင်းလှသည့် သူများဖြစ်ကြောင်း မသိသူမရှိကြချေ။ ထိုသို့သောသူများကို တပည့်တစ်ထောင်ကျော် ခေါ်ဆောင်၍ သွားရောက် တိုက်ခိုက်ဖျက်ဆီးကြသည်ဆိုခြင်းမှာ အလွန်တရာ အိမ်မက်ဆန်နေ၏။ ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များ သည် မဖြစ်နိုင်သည်များကို ပြုလုပ်ခဲ့၏။

လက်ရှိအခြေအနေမှာတော့ အအေးနန်းတော်၏ တိုက်ပွဲသတင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး ပျံနှံ့လျက်ရှိသည်။ များပြားလှသော အင်အားစုများသည် ထိုသတင်းကို ကြားသိပြီးသည့်နောက်မှာတော့ မျက်လုံး ပြူးသွားကြသည်။ အထူးသဖြင့် ကျွင်းချောင်ရှောင်း မထွက်ခွာခင် အရှေ့မြောက်လုကျိုး၌ အော်ခဲ့သော စကားလုံးကိုပါ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သူတို့ ပြန်လည်၍ ကြားလိုက်ရတော့သည်။

“ပြိုင်စံရှားဂိုဏ်းကို ရန်ပြုခဲ့တဲ့လူတွေအားလုံး ဖျက်ဆီးခံလိုက်ရမယ်”

ဤအရာသည် သတိပေးခြင်းပင်ဖြစ်သည်။ ပွင့်လင်းစွာဖြင့် သတိပေးခြင်းလည်းဖြစ်သည်။

အခြားသူများ၏ တည်နေရာထဲသို့ သွားရောက်၍ ဤကဲ့သို့ စကားကို ပြောဆိုအော်ဟစ်ခဲ့သည့်ဆိုသည်မှာ မည်မျှမောက်မာလိုက် သနည်း။

“ပြိုင်စံရှားဂိုဏ်းဟုတ်လား”

မြူတွေဆိုင်းနေသော တောင်ထွတ်ကြီးတစ်ခု၏ တည်နေရာပေါ်မှာတော့ အင်မော်တယ်တစ်ပါးကဲ့သို့ အဘိုးအို တစ်ယောက်သည် သူ၏ရှည်လျားလှသော မုတ်ဆိတ်ကြီးကို အသာပွတ်သပ်ရင်း ပြောလိုက်၏။ “စိတ်ဝင်စားစရာပဲ”

“ဂိုဏ်းချုပ်”

သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် လေးလေးစားစားဖြင့် လာပြော၏။ “လက်ရှိအခြေအနေမှာ အရှေ့တောင်ရန်ကျူးမှာရှိတဲ့ ဒီဂိုဏ်းက မထင်မှတ်ထားတဲ့ကိစ္စတွေ ပြုလုပ်ခဲ့တယ်၊ အရမ်းကို ထင်ရှားကျော်ကြားနေတယ်”

အဘိုးအိုက ပြုံးကာပြောလိုက်၏။ “ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းက ဒီလိုပဲ အလားအလာတွေနဲ့ ဖြစ်တည်လာကြတာပဲ၊ ဒါပေမဲ့ တကယ်တမ်း လောကကြီး ထဲမှာ ရှင်သန်နိုင်ဖို့အတွက် မိမိကိုယ်ကို တည်ဆောက်နိုင်တဲ့ ဂိုဏ်းတွေကတော့ အရမ်းကို ရှားပါးခဲ့တယ်၊ ပြီးတော့”

သူသည် ခဏလောက် ရပ်တန့်လိုက်၏။ ပြီးနောက် လက်ကိုယမ်းခါလိုက်သည့်အချိန်မှာတော့ လက်ထဲတွင် စစ်တုရင်ရုပ်တစ်ခု ပေါ်လာခဲ့တော့သည်။ ထိုအရုပ်အား သူသည် စစ်တုရင်ခုံပေါ်သို့ အသာလှမ်းတင်ရင်း ပြောလိုက်သည်။ “အခုအချိန်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုက မစီးဆင်းတဲ့မြစ်လိုပဲ ငြိမ်သက်နေတယ်၊ ဒီတော့ လောကကြီး တစ်ခုလုံးကို လှုပ်ခါစေနိုင်တဲ့ အားကောင်းလှတဲ့ အဖွဲ့အစည်းတစ်ခု လိုအပ်နေသေးတယ် မဟုတ်လား”

သက်လတ်ပိုင်းလူ၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့၏။ “ဂိုဏ်းချုပ်က ပြိုင်စံရှားဂိုဏ်းကို အလေးထားနေသေးတာလား”

“ငါအလေးထားလား၊ အလေးမထားဘူးလား၊ ဂရုစိုက်လား၊ ဂရုမစိုက်ဘူးလားဆိုတာ ကိစ္စတစ်ခုတော့ မဟုတ်ဘူး”

အဘိုးအိုသည် တီးတိုးရေရွတ်လိုက်၏။ “ဒါက သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာပေါ်မှာပဲ မူတည်တယ်”

“…….”

အတိတ်တုန်းကဆိုလျှင် နယ်မြေစီရင်စုများအတွင်း ထိုကဲ့သို့သော ကျင့်ကြံသူများနှင့် ဂိုဏ်းများပေါ်ပေါက်လာခဲ့ ကြ၏။ သို့ပေမဲ့ ဤသို့ပင် ပျက်စီးပျောက်ကွယ်သွားတတ်ကြ၏။

လက်ရှိအခြေအနေမှာတော့ ကြယ်ကြွေကုန်းမြေ တိုက်ကြီးရှိ လူများအားလုံးသည် တစ်ဦးနှင့်တစ်ဦး စတင်တွေ့ဆုံမည်ဆိုလျှင် စားပြီးပြီလားဟု မမေးကြပဲ ကြားပြီးပြီလားဟု ပြောင်းလဲမေးနေကြပြီဖြစ်၏။ တစ်စုံတစ်ယောက်က ထိုသို့မေးလိုက်ပြီဆိုလျှင် ဘာကြားပြီးတာလဲဟု မည်သူမှ ပြန်မဖြေကြပေ။ ပြိုင်စံရှားဂိုဏ်းအကြောင်း ကြားပြီးပြီလားဆိုပြီး မေးမြန်းကြကြောင်း အချင်းချင်း သိရှိလို့နေကြသည်။

ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ပြိုင်စံရှားဂိုဏ်းအကြောင်း ပြောမဆုံးပေါင် တောသုံးထောင်ပင် ဖြစ်နေတော့၏။ တချို့သောသူများသည် ကျွင်းချောင်ရှောင်းသည် အလွန်တရာ မောက်မာသည်ဟု တွေးနေကြ၏။ တချို့သော သူများမှာတော့ ယခုမှ မွေးဖွားလာသော ဝံပုလွေပေါက်လေးသည် ကျားကို မကြောက်ဟု တွေးထင်နေမိကြ၏။

အတိုချုပ်ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းအကြောင်း ပြောမိနေကြသော ၎င်းတို့၏ စကားအားလုံးသည် စာအုပ် တစ်အုပ် ချရေးလျှင်တောင် ပြီးဆုံးနိုင်မည်မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် တပါးသောသူများ၏ ဂုဏ်ပြု ချီးမြှောက်ခြင်းကိုလည်း လက်ခံရသည်။ တစ်ချိန်တည်းမှာပဲ သူသည် ပြစ်တင်ရှုံ့ချမှုနှင့် အထင်အမြင်သေးမှုများ ကိုလည်း လက်ခံနိုင်သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ စိတ်နေသဘောထားအရဆိုလျှင် သူသည် သူ့အား လာရောက်အနိုင်ကျင့်သည်ကို မည့်သို့သောအခါတွင်မှ လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဖြစ်လာပါက တွေ့သည့် လက်နက်ကို ကောက်ယူ၍ ပြန်လည်တိုက်ခိုက်မှာ သေချာ၏။

ပြိုင်စံရှားဂိုဏ်း၏ ဂုဏ်သတင်းသည် များပြားလှသည့် နယ်မြေထဲတွင်တော့ ကောင်းမွန်သည့်ဘက်တော့ မရှိချေ။

အရှေ့တောင်ရန်ကျူးမှလူများ၏ မျက်လုံးထဲတွင်တော့ ပြိုင်စံရှားဂိုဏ်းဟူသည် အားလုံးတို့၏ သူရဲကောင်းနှင့် တူ၏။ ရှေးတုန်းက တခြားသောဂိုဏ်းများသည် သူတို့၏ နယ်မြေအတွင်းသို့ ရောက်ရှိလာကြပြီး အထင်သေးစွာဖြင့် ဗိုလ်ကျစိုးမိုးချယ်လှယ်ခဲ့ကြသည်။

လက်ရှိအခြေအနေ၌ ပြိုင်စံရှားဂိုဏ်းပေါ်လာပြီးသည့်နောက် တစ်ဖက်မှ အဆင့်လေးဂိုဏ်းများကိုပင် တိုက်ခိုက် အနိုင်ယူနိုင်စွမ်း ရှိနေကြသည်။ ဤအရာသည် သူတို့အတွက် စိတ်ကျေနပ်စရာပင်ဖြစ်တော့၏။

လက်ရှိ အခြေအနေတွင်တော့ အရှေ့တောင်ရန်ကျူးတွင် ပြိုင်စံရှားဂိုဏ်း၏ ဂုဏ်သတင်းသည် မွှေးပျံ့လို့နေ၏။ ထိုနေရာသည် လူငယ်ကျင့်ကြံသူများအတွက် နတ်ဘုံနတ်နန်းတစ်ခုလိုပင် ဖြစ်နေတော့သည်။ အားလုံးသည် ပြိုင်စံရှားဂိုဏ်းသား ဖြစ်လာစေရန် အလွန်ပင် တောင့်တနေကြသည်။

“အဖေ၊ အမေ၊ ကျုပ်က အနာဂတ်မှာ ပြိုင်စံရှားဂိုဏ်းသားတစ်ယောက်ဖြစ်လာဖို့ စိတ်ဆုံးဖြတ်ထားတယ်”

လွန်ခဲ့သည့်နှစ်နှစ်တုန်းကဆိုလျှင် ဤသို့သောစကားကို ပြောဆိုမည်ဆိုပါက လူကြီးမိဘများအားလုံးသည် ကျိန်းသေပေါက် ငြင်းပယ်ကြမှာဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူတို့ကလေး အရွယ်ရောက်လာစေဖို့ပင် မြန်မြန်ဆန်ဆန် ဆုတောင်းကာ အိမ်မက်များအတိုင်း ဇွဲရှိရှိနှင့် ပြုလုပ်ရန်ပင် အားပေးနေတော့သည်။

ဂိုဏ်းတစ်ခု၏ ဂုဏ်သတင်းသည် လုံလောက်အောင် ကြီးကျယ်လာပြီးသည့်နောက်မှာတော့ တည်နေရာ ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ပိုမို၍ နေထိုင်ကျင့်ကြံဖို့ ကောင်းသည့်နေရာတစ်ခု ဖြစ်လာတော့၏။

ချင်းယန်နိုင်ငံအတွင်းမှာရှိသော မြို့ရှစ်မြို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းအကြောင်း သတင်းပျံ့နှံ့နေကြသည်။ ပထမဦးဆုံးအနေနှင့် ကျွင်းချောင်ရှောင်းသည် သူ၏ ပြိုင်စံရှားဂိုဏ်းသားများ ဝတ်ဆင်သည့် ဝတ်စားဆင်ယင်မှု ပုံစံကို ရိုးရှင်းစွာ ပြောင်းလဲလိုက်ကြသည်။ အဝတ်အစားပုံစံ ပြောင်းလဲမှုသည် ချင်းယန်နိုင်ငံတစ်ခုလုံးသို့ ပြောင်းလဲ ပျံ့နှံ့သွားတော့သည်။

......

ထိုကဲ့သို့ ယဉ်ကျေးမှုဖောက်ထွက်မှုကို စဦးပြုလုပ်ခဲ့သူမှာ ကျွင်းချောင်ရှောင်းပင်ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆီသို့ ပြန်လာပြီးသည့်နောက်မှာတော့ ပြဿနာတစ်ခုကို ဆက်လက်ကာစဉ်းစားနေ မိတော့၏။ သူသည် အရှေ့အလယ်ပိုင်းဒေသရှိ အဆင့်လေးဂိုဏ်း ငါးဂိုဏ်းအား တိုက်ခိုက်အနိုင်ယူခဲ့၏။ ထို့အတူ အအေးနန်းတော်အားလည်း သွားရောက်ရင်ဆိုင်ခဲ့၏။ လက်ရှိအခြေအနေတွင် လုံလောက်သည့် ကဲ့ရဲ့ပြစ်တင်မှု များကို ကြားခဲ့ရ၏။ ထို့ကြောင့် ပြဿနာတော်တော် ရှာခဲ့ပြီး ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် ဤထက်ကြီးမားသည့်အရာတစ်ခုကို အဘယ်ကြောင့် မပြုလုပ်ရမည်နည်း။

စဉ်းစားရင်းမှာပဲ သူ၏ သေလမ်းရှာချင်စိတ်များသည် ပိုမို၍ အားကောင်းလာတော့သည်။

“ငါက အစောကြီးကတည်းက လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ ဆိုမှတော့ ပြိုင်စံရှားဂိုဏ်းက လာပြီးရှုပ်လို့ရတဲ့ ဂိုဏ်း တစ်ခုမဟုတ်ဘူးဆိုတာကို လူတွေပိုသိအောင်လုပ်တာ ပိုကောင်းမယ်ထင်တယ်”

ဤကဲ့သို့အတွေးကို တွေးပြီးသည့်နောက်မှာတော့ သူသည် ထိုအတွေးအား ဖိနှိပ်ထိန်းချုပ်မထားတော့ချေ။ ကျန်းတယ်ကျွင်းအား ခေါ်ယူ၍ သူ၏အတွေးအား ပြောပြလိုက်တော့သည်။ ပြီးနောက် မေးလိုက်တော့သည်။ “အကြီးအကဲကျန်း”

ဘုန်း

အကြီးအကဲကျန်းသည် စားပွဲခုံအား အသာရိုက်၍ ပြောလိုက်သည်။ “ပြောနေစရာလိုသေးလို့လား၊ ဂိုဏ်းချုပ်က လုပ်မယ်ဆိုရင် အကြီးကြီးလုပ်မှ ဖြစ်မှာပေါ့”

ဤအစွန်းရောက်လူသားနှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်မိလိုက်ကြသည်။ ပြီးနောက် ပခုံးတွေလှုပ်ခါသွားသည်အထိ မိစ္ဆာဆန်ဆန် ရယ်လိုက်ကြတော့သည်။

“ရွှဲရမ်ကွေ့”

ကျွင်းချောင်ရှောင်း၏ အသံသည် ဂိုဏ်းအတွင်း၌ ရုတ်တရက်ပေါ်ပေါက်လာတော့သည်။

အဖွဲ့သားများအား လေ့ကျင့်ပေးလျက်ရှိသော ရွှဲရမ်ကွေ့သည် ရုတ်တရက်ကြောင်သွား၏။ သူ၏နှုတ်ခမ်းထောင့်များသည် တုန်ရင် သွား၏။ “အခုလေးတင်မှ ပြန်လာတာလေ၊ နောက်ထပ်တစ်နေရာကို သွားပြီးတော့ ပြဿနာရှာမယ်လို့ ပြောအုံးမလို့လား မသိဘူး”

“သံချပ်ကာဝံပုလွေတပ်သားတစ်ထောင်ကျော်တို့ကို စုစည်းလိုက်တော့”

ကျွင်းချောင်ရှောင်း၏အသံပေါ်လာခဲ့သည်။ “ငါနဲ့အတူ နတ်ဆိုးမိစ္ဆာဂိုဏ်းခွဲဆီကို သွားလိုက်ကြရအောင်”

“ကောင်းပါပြီ”

ရွှဲရမ်ကွေ့သည် အမိန့်ကို လိုက်နာလိုက်၏။ ယခုမှ ပြန်လည်ရောက်ရှိလာကြသော ဟာရီကိန်းဝံပုလွေတပ်သား တစ်ထောင်ကျော်တို့သည် သံမဏိအရိုးဂိုဏ်းဆီမှ ထွက်ခွာ၍ နတ်ဆိုးမိစ္ဆာဂိုဏ်းခွဲဆီသို့ ဦးတည်ကြတော့သည်။

ဤတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်းသည် နတ်ဆိုးလင်းယုန်နက်ကြီးကို မစီးနင်းတော့ချေ။ ထိုအစား ဟာရီကိန်းဝံပုလွေဘုရင်အား ပြောင်းလဲစီးနင်းတော့သည်။ လမ်းတစ်လျှောက်မှာတော့ ထူးမခြားနားသလို ပြောကြားသည်။ “အကြွေးကို အတိုးနဲ့ဆပ်ဖို့ အချိန်ကြပြီ”

.........

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲထဲတွင်တော့ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဂိုဏ်းခွဲမှူးသည် မအိပ်နိုင်၊ မစားနိုင် ဖြစ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းသည် အအေးနန်းတော်ကို ဖျက်ဆီးလုနီးပါး တိုက်ခိုက် ခဲ့သောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ ဤဘာအဆင့်မှန်းပင် မသိသောဂိုဏ်းသည် လက်ရှိအချိန်မှာ ခန့်မှန်း၍ မရအောင် အားကောင်းလာသည်ဆိုသည့်သဘောပင်ဖြစ်သည်။

ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏တပည့်များ အနိုင်ကျင့်ခံရသည်ဆိုပါက မိုင်ပေါင်းထောင်ချီသို့ ခရီးနှင်၍ သွားရောက်တိုက်ခိုက်တတ်သည်သူတစ်ယောက် ဖြစ်လို့နေ၏။ ထို့ကြောင့် သူတို့ပြုလုပ်ခဲ့သည့်အရာများအတွက် ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် လာရောက်၍ ကလဲ့စားချေပေလိမ့်မည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဂိုဏ်းသည် ကျွင်းချောင်ရှောင်း၏ နဂါးစိမ်းလခြမ်းဓားမော့ကြီးအကြောင်းကို သွားရောက်၍ စနည်းနာ သူလျှိုလုပ်ခဲ့ကြသည်။ ထို့အပြင် သူတို့သည် ကျန့်ရာကိုပင် သံမဏိအရိုးတောင်ကို စေလွှတ်၍ သွားရောက် တိုက်ခိုက်ခဲ့ခိုင်းသည်။ ထို့ကြောင့် တစ်ဖက်လူများသည် တပည့်များကို ခေါ်ဆောင်လာ၍ သူတို့အား လာရောက်သတ်ဖြတ်မည်ဆိုလျှင် အံ့အားသင့်စရာတော့ မဟုတ်ချေ။

“မဖြစ်သေးဘူး”

ဂိုဏ်းခွဲမှူးသည် မတ်တပ်ထရပ်၍ လေးလေးနက်နက် ပြောလိုက်သည်။ “ဌာနချုပ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးသတင်းပို့မှ ဖြစ်လိမ့်မယ်၊ အရှေ့တောင်ရန်ကျူးရဲ့ဂိုဏ်းခွဲကို အားကောင်းလှတဲ့ ကျင့်ကြံသူတစ်ယောက် စေလွှတ်ပေးဖို့ ပြောရမယ်”

“ဂိုဏ်းခွဲမှူး”

ထိုအချိန်မှာတော့ နောက်လိုက်တစ်ယောက်သည် လာရောက်၍ သတင်းပို့တော့သည်။ “ကျန့်ရာ လာတွေ့ပါတယ်”

ဂိုဏ်းခွဲမှူးသည် ရုတ်တရက်ကြောင်သွားသည်။ “သူကဘာလို့ သူ့ရွာထဲမှာ မနေရတာလဲ၊ ကျွင်းချောင်ရှောင်းလာပြီး ကလဲ့စားချေမှာစိုးလို့ ရွာထဲမှာ မနေရဲဘူးနဲ့ တူတယ်”

ငရဲမင်းကျန့်သည် ရှေ့သို့လှမ်းဝင်လာပြီးသည့်နောက် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းခွဲမှူး”

“အင်း”

ဂိုဏ်းခွဲမှူးသည် ရေနွေးတစ်ခွက်ကို ကောက်မော့လိုက်၏။ သူ၏မျက်နှာတွင်တော့ အလွန်တရာ ဝံ့ကြွားသည့် ဟန်အမူအရာမျိုးရှိနေသည်။ သူ၏အားအင်အဆင့်သည် ကျန့်ရာကို မမှီနိုင်သော်လည်း သူသည် နတ်ဆိုးမိစ္ဆာ ဂိုဏ်း၏ ဂိုဏ်းခွဲမှူးဖြစ်သည်။ ထို့ကြောင့် သူ၏ရာထူးသည် ပိုမို၍ မြင့်မား၏။

“ဂိုဏ်းခွဲမှူး”

ကျန့်ရာက ပြောလိုက်သည်။ “ကျုပ်ရှာနေတဲ့လူတွေအကြောင်း ဘာသတင်းရသေးလဲ”

ခွပ်

ဂိုဏ်းခွဲမှူးသည် စားပွဲပေါ်သို့ ရေနွေးခွက်အား ဆောင့်တင်လိုက်ပြီး စိတ်မရှည်သလို ပြောလိုက်သည်။ “သတင်းရပြီဆိုရင် ငါမင်းကို ပေးမှာပေါ့”

ကျန့်ရာသည် အရှေ့ခုံဆီသို့ အသာထိုင်ချလိုက်ပြီး အေးစက်စက်နှင့် ပြောလိုက်သည်။ “ကျုပ် … ကျန့်ရာက နှစ်ပေါင်းများစွာ နတ်ဆိုးမိစ္ဆာဂိုဏ်းကို အလုပ်အကြွေး ပြုခဲ့တယ်၊ ဒါပေမဲ့ ဒီသတင်းအကြောင်း ကို မေးမြန်းလိုက်တဲ့အချိန်မှာ ဘာမှန်းမသိတဲ့ ရေရေရာရာမရှိတဲ့ အဖြေကို အချိန်တိုင်းရခဲ့တယ်၊ ကျုပ်မေးချင်တာ က ကျုပ်ကိုကူညီပြီးတော့ ကူရှာပေးအုံးမှာလား”

“ကျန့်ရာ”

သူ၏နောက်တွင်ရှိသော နောက်လိုက်တစ်ယောက်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “မင်းရဲ့လေသံကို သတိထား”

ဒိုင်း

ကျန့်ရာသည် မတ်တပ်ရပ်ပြီး ကန္တာရလင်းယုန်လက်နက်အား အသက်မြှောက်ကိုင်၍ တစ်ဖက်လူ၏ ဦးခေါင်းဆီသို့ ချိန်တွယ်ပစ်ခတ်ကာ အေးစက်စက် ပြောလိုက်သည်။ “ငါပြောချင်သလို ပြောမှာပေါ့”

All Chapters