← Chapters

အခန်း (၅၉၄)

Vol. 40 Ch. 594

အခန်း (၅၉၄)

Vol. 40 Ch. 594

ဂိုဏ်းခွဲမှူးသည် မတ်တပ်ထရပ်လိုက်၏။

အဘယ့်ကြောင့်ဆိုသော် သူ၏ နောက်လိုက်သည် မြေပေါ်သို့ ပုံလျက် လဲကျသွားသည်ကို မြင်ခဲ့ရသောကြောင့်ပင် ဖြစ်သည်။

သူ၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။

"က …..ကန္တာရလင်းယုန်"

ကျွင်းချောင်ရှောင်းသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ စားပွဲ၏ ထိပ် ထိုင်ခုံဆီဝင်ရောက်ကာ ထိုင်လိုက်သည်။ ပြီးနောက် ခြေထောက်များကို စားပွဲပေါ်သို့ တင်ရင်းပြောလိုက်သည်။

“ဂိုဏ်းခွဲမှူးက ကျုပ်တို့ ပြိုင်စံရှား ဂိုဏ်းအကြောင်းကို တော်တော်ကြီး လေ့လာခဲ့တာပဲ။ ကန္တာရလင်းယုန် လက်နက်အကြောင်းကိုတောင် သိနေပြီ။”

ဂိုဏ်းခွဲမှူး၏ မျက်နှာသည် ပြောင်းလဲသွား၏။ သူသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"

ကျွင်းချောင်ရှောင်းသည် ကျန့်ရာအား ကြည့်ကာ စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ "သူ ဆိုလိုတာ ကျူပ် ဒီကို လာလို့ မရ‌ဘူးပေါ့။အဲ့လိုဆိုလိုတာလား"

"ဟုတ်ပါတယ်"

ကျန့်ရာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ် ဟုတ်လား"

ဤအကောင်သည် ဂိုဏ်းချုပ်ဟု ခေါ်ဆိုနေ၏။

"ပုံမှန်အတိုင်းပဲ မိတ်ဆက်ပေးချင်တယ်။"

ကျွင်းချောင်ရှောင်းသည် ကျန့်ရာအား လက်ညိုးထိုးကာ ပြောလိုက်သည်။ "သူက ပြိုင်စံရှား ဂိုဏ်းရဲ့ အကြီးအကဲလေ။ ဒီတော့ သူ့ကို ဒီနှစိပိုင်းတွေမှာ သူ့ကို သေချာ ဂရုစိုက်ပေးခဲ့တဲ့အတွက် နတ်ဆိုးမိစ္ဆာဂိုဏ်းကို ကျုပ်က ကျေးဇူးတင်မိတယ်။"

ဂိုဏ်းခွဲမှူးသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ကျန့်ရာ မင်း နတ်ဆိုးမိစ္ဆာဂိုဏ်းကို ပွင့်ပွင့်လင်းလင်း သစ္စာဖောက်လိုက်တာပဲ။ဘာတွေဖြစ်လာနိုင်လဲဆိုတာကို မင်း မသိဘူးလား"

"တောင်းပန်ပါတယ်"

ကျန့်ရာ ပုခုံးကို တွန့်ကာ ပြောလိုက်သည်။ "ကျုပ်က နတ်ဆိုးမိစ္ဆာဂိုဏ်းတပည့်တစ်ယောက် မဟုတ်ဘူး။ဒီတော့ သစ္စာဖောက်တယ်လို့ ပြောလို့ မရဘူး"

"ယုတ်ညံ့လိုက်တဲ့ကောင်" ဂိုဏ်းခွဲမှူးသည် ဒေါသထွက်သွားမိ၏။

ဘုန်း။

ထိုအချိန်မှာပဲ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာသည်။

နတ်ဆိုးမိစ္ဆာဂိုဏ်းခွဲဟု ရေးထိုးထားသော တံခါးဝဆိုင်းဘုတ်ကြီးသည် ရှောင်ကျီကြောင့် အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့ပြီဖြစ်၏။

"တက်ကြ"

ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် လက်ထဲတွင် ဓားများကို ကိုင်ဆောင်ကာ ပြေးဝင်လာကြတော့သည်။

အခန်းထဲမှ ရုတ်တရက် ထွက်လာကြသော နတ်ဆိုးမိစ္တာဂိုဏ်းမှ တပည့်များသည် တိုက်ခိုက်မှုကို ရုတ်တရက် ခံလိုက်ရသောကြောင့် တုန့်ပြန်တိုက်ခိုက်မှုကိုပဲ မပြုလုပ်လိုက်ရဘဲ သေဆုံးကုန်ကြတော့သည်။

ဤအရာသည် ဂိုဏ်းခွဲလေးတစ်ခုသာ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ အားအင်အဆင့်သည် အဆင့်ခြောက် ဂိုဏ်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်ရုံလောက်သာ ရှိ၏။

ပြိုင်စံရှား ဂိုဏ်း၏ တပည့်များမှာတော့ အဆင့်လေးဂိုဏ်းကိုပင် အနိုင်ရအောင် တိုက်ခိုက်ခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် မည်ကဲ့သို့ သတ်ဖြတ်တိုက်ခိုက်ရသည်ကို သူကောင်းကောင်းသိပြီဖြစ်သည်။

"သွားပြီ …. သွားပြီ"

ဂိုဏ်းခွဲမှူး၏ နှလုံးသားများသည် အေးခဲသွား၏။ သူ ခန့်မှန်းခဲ့သည်မှာ မှန်ကန်ခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် အစစ်အမှန်ပင် လာရောက်၍ ကလဲ့စားချေနေပြီဖြစ်၏။

သို့ပေမဲ့ တစ်ဖက်လူသည် အရှေ့မြောက် လုကျိုးဆီမှ ပြန်ရောက်ရောက်ချင်း ဤကဲ့သို့ မြန်ဆန်စွာဖြင့် သူ့ဆီသို့ ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူ့အား ပြင်ဆင်ရန် အချိန်လေးတောင် မပေးခဲ့‌ချေ။

"ဂိုဏ်းခွဲမှူး"

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ယှက်ကာ စားပွဲပေါ်သို့ တင်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "ကျုပ် ဒီတစ်ကြိမ် ဘာလို့ လာလဲဆိုတာ ခင်ဗျား သိတယ်မဟုတ်လား"

ဇွိ …. ဇွိ ….။

ဟောခန်းထဲရှိ သူတို့တွေ စကားပြောဆိုနေစဉ်မှာပဲ အပြင်ဘက်ရှိ တပည့်များမှာတော့ အားရပါးရ သတ်ဖြတ်လျက်ရှိနေကြပြီးဖြစ်၏။

တစ်ဖက်နှင့်တစ်ဖက် အလွန်တရာ ခြားနားလွန်းနေ၏။ အပြင်ဘက်တွင်မှာတော့ အန္တိဠာရုံများနှင့် ပြည့်နှက်နေသည်။

ဂိုဏ်းခွဲမှူး၏ မျက်နှာသည် ပိုမို၍ ပျက်ရွင်းသွားသည်။ သူ၏ ခြေ‌ဖျားလက်ဖျားတို့တွင် ဇောချွေးများပင် ပြန်လာ၏။ ဤအရာသည် ကျောက်ကပ်အားနည်းသောကြောင့် ဖြစ်လာသည့် အရာတစ်ခု မဟုတ်ပေ။ ထိတ်လန့် ကြောက်ရွံ့မှု ကြောင့် ဖြစ်လာသည့် လက္ခဏာပင် ဖြစ်၏။

ထူးဆန်းစွာဖြင့် သူ၏ ရှေ့တည့်တည့်‌တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းမှာတော့ မည်သည့် အော်ရာများကို မထုတ်လွှင့်ထားချေ။သို့ပေမဲ့ အလိုလိုနေရင်း သူသည် ကြီးမားသည့်ဖိအားကို ခံစားနေရ၏။ အသက်ရှု၍ပင် မဝသလို ခံစားနေရသည်။

သူ၏ ရှေ့မှ လူသည် ဓားနှင့် သိုင်းဘုရင် အဆင့်ကိုးတစ်ယောက် ဖြစ်သည်ကိုသာ ဂိုဏ်းခွဲမှူးသိမည်ဆိုပါက ဘောင်းဘီထဲပင် သေးပေါက်ချလောက်၏။

"ဂိုဏ်းချုပ်ကျွင်း"

ဂိုဏ်းခွဲမှူးသည် သတ္တိများကို စုစည်းကာ ပြောလိုက်သည်။ "ဒီ အတောအတွင်းမှာ ကျုပ်တို့မိစ္ဆာဂိုဏ်းက ပြိုင်စံရှားဂိုဏ်းကို ဘာတစ်ခုမှ မလုပ်ခဲ့ဘူး"

"အဲဒီအရင်ကရော..."

ဂိုဏ်းခွဲမှူးသည် တုန်ယင်စွာဖြင့် ပြောလိုက်သည် "ဂိုဏ်းချုပ်ကျွင်း … ကျုပ် … ကျုပ်က အမိန့်အတိုင်း ပြုလုပ်ရတာပဲ"

သူသည် ဌာနချုပ်ဆီမှ အမိန့်ကို လိုက်နာရန် ပြုလုပ်ခဲ့သည့်အချိန်တွင် ကျန့်ရာနှင့် အခြားသူများအား သံမဏိအရိုးတောင်‌ဆီသို့ စေလွှတ်ခဲ့၏။

"ကောင်းပြီ"

ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို စဉ်းစားမိကာ ပြောလိုက်သည်။ "ဒါနဲ့ မကြာသေးတဲ့ အချိန်တုန်းက ခင်ဗျားတို နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ ခွန်ဂိုဏ်းတို့ စိတ်ဝိညာဉ် မိုင်းတွင်းကိစ္စ အငြင်းပွားတဲ့ အခြေအနေက ဘယ်လို ရှိလဲ"

ကျွင်းချောင်ရှောင်းသည် ဤကိစ္စကို သိရှိနေ၏။ ထိုအရာသည် ကျန့်ရာဆိုသည့်အကောင် ပြောပြထားခြင်းသာ ဖြစ်ပေလိမ့်မည်။

‌"ပြောလေ"

ကျွင်းချောင်ရှောင်းသည် တီးတိုး ပြောလိုက်၏။

ဂိုဏ်းခွဲမှူးသည် အလောတကြီးဖြင့် ပြောလိုက်တော့သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်ရဲ့ နတ်ဆိုးမိစ္ဆာဂိုဏ်းက ခွန်ဂိုဏ်းကို နိုင်ခဲ့တယ်လေ။ ကျုပ်တို့က စိတ်ဝိညာဉ် မိုင်းတွင်းကို ကောင်းကောင်းကြီး ကာကွယ်လိုက်နိုင်တယ်။"

"အဲဒီမိုင်းတွင်းက ဘယ်နေရာမှာလဲ"

ကျွင်းချောင်ရှောင်း မေးလိုက်သည်။

"ဒါက"

ဘန်း

အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ ကျည်ဆံသည် ဂိုဏ်းခွဲမှူး၏ ခြေထောက်အား ဖြတ်သန်းသွားတော့သည်။

ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး မြေပေါ်သို့ ဒူးတစ်‌ဖက်ထောက်ကျသွား၏။ သူ၏ မျက်နှာအသွင်အပြင်များသည် အကြီးအကျယ် ပျက်ရွင်းသွား၏။

ကျွင်းချောင်ရှောင်းသည် ကန္တာရလင်းယုန်၏ ပြောင်းဝဆီမှ ထွက်ပေါ်လာသော အငွေ့များအား အသာမှုတ်လိုက်သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ "ကျုပ် မေးခွန်းမေးပြီဆိုရင် ပြည့်ပြည့်စုံစုံ ဖြေမှကြိုက်တယ်။ပြီးတော့ မဖြေလို့ မရဘူး"

"မိစ္ဆာကောင်"

ဂိုဏ်းခွဲမှူးသည် နာကျင်မှုကို အောင့်အီးသည်းခံရင်း သူ၏ နဖူးထက်မှ ချွေးစီးများပင် ကျဆင်းလာ၏။ "ကျွင်းချောင်ရှောင်း …. မင်း င့ါကို သတ်ရဲတယ်ဆိုရင် နတ်ဆိုးမိစ္ဆာဂိုဏ်းရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်"

ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ ကြမ်းရမ်းလှသော လူတစ်ယောက်ဖြစ်သည်။ ယနေ့မှာတော့ သူသည် ဂိုဏ်းချုပ်ကျွင်း၏ လက်ထဲသို့ ကျရောက်နေ၏။ ထို့ကြောင့် အသက်ရှင်လျက် ထွက်ခွာသွားဖို့ ဆိုသည်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

မည်သို့ပင်ဆိုဆို သေရမည်ဆိုမှတော့ အဘယ့်ကြောင့် ယဉ်ကျေးလိမ္မာနေမည်နည်း။

"တကယ်လား"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"ကျုပ်က ပြိုင်စံရှား ဂိုဏ်းအနေနဲ့ နတ်ဆိုးမိစ္ဆာဂိုဏ်းကို ဘယ်လိုဖျက်ဆီးမလဲ ဆိုတာ ကြည့်စေဖို့ ခင်ဗျားကို အသက်ရှင်လျက် ထားချင်သေးတယ်။ ဒါပေမဲ့ …."

ဘန်း

မောင်းခလုတ်ကို ဆွဲလိုက်ပြီးသည့်နောက်မှာတော့ ဂိုဏ်းခွဲမှူး၏ ‌ဦးခေါင်းအား ကျည်ဆံသည် ဖောက်ခွဲသွားတော့သည်။ “ဒါပေမဲ့ ခင်ဗျားက မလိမ္မာတဲ့လူဆိုတော့ မြန်မြန်သေချင်တဲ့ ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့"

ရန်သူများနှင့် ရင်ဆိုင်ရသည့် အချိန်၌ ကျွင်းချောင်ရှောင်းသည် အနည်းငယ်လေးတောင်မှ စိတ်နှလုံးသား ပျော့ပျောင်းမှု မရှိဖူးချေ။

ပို၍ သနားဖို့ ကောင်းသည်မှာ ဂိုဏ်းခွဲမှူးပင်ဖြစ်၏။

မူလအားဖြင့် သူသည် အလွန်တရာ ကြောက်လန့်မိနေ၏။ ထို့နောက် ဟန်ကိုယ့်ဖို့ ဆိုသလို ကျွင်းချောင်ရှောင်းအား အရှိန်တန့်သွားအောင် ခြောက်လန့်ခြင်းပင် ဖြစ်၏။ သို့ပေမဲ့ သူမထင်မှတ်ထားလောက်အောင်ပဲ ကျွင်းချောင်ရှောင်းသည် သူ့အား အချိန်တစ်စက္ကန့်လေးတောင် မပေးဘဲ ဤကဲ့သို့ ပစ်ခတ် သတ်ဖြတ်ခဲ့တော့သည်။

မြစ်ဝါမြစ်ထဲမှာ ကူးခတ်လျက်ရှိသော ၎င်း၏ ဝိညာဉ် သည် ကျိန်းသေပေါက် အော်ဟစ်နေပေလိမ့်မည်။

အစ်ကိုကြီး….. အနည်းဆုံး ဟန်ကိုဖို့ ခြောက်လန့် ပြောဆိုတာကို စောင့်အုံးမှပေါ့။ဘာလို့ ချက်ချင်း သတ်ပစ်ရတာလဲ။

ကျွင်းချောင်ရှောင်းသည် ကန္တာရ လင်းယုန်အား ပြန်သိမ်းပြီး ပြောလိုက်၏။

"နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ ခွန်ဂိုဏ်းတို့ တိုက်ခိုက်ကြတဲ့ စိတ်ဝိညာဉ်မှိုင်းတွင်း ဘယ်နားမှာ ရှိလဲဆိုတာကို စုံစမ်းလိုက်။မြန်လေကောင်းလေပဲ"

"ကောင်းပါပြီ" လီလိုရှုသည် အသံပို့လွှတ်လိုက်၏။

ပြီးနောက် သူမသည် အရှေ့တောင်ရန်ကျူးရှိ မြို့အသီးသီးတွင် ရှိသော သူမ၏ သတင်းအချက်အလက် ဌာနဆီသို့ သတင်းပို့ရန် အမိန့်ပေးလိုက်တော့သည်။

အရှေ့မြောက်ရန်ကျူးတွင် ရှိသော တစ်ချို့များသည် မှားယွင်းစွာ သတင်းပို့မှုကို လုပ်ကောင်း လုပ်လိမ့်မည်။ သို့ပေမဲ့ လက်ရှိ သူတို့၏ ဌာနေ‌ နေရာမှာတော့ မှားယွင်းမှုဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

"သွားကြစို့"

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းခွဲမှူး၏ အလောင်းပေါ်သို့ ခြေနင်းကာဖြင့် ပြန်လည် ထွက်ခွာသွားခဲ့တော့သည်။

သူသည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်သော အချိန်မှာပဲ တပည့်တစ်ယောက်သည် အသာလျှောက်လာပြီးသည့်နောက် ၎င်း၏ ကိုယ်ပေါ်သို့ သို‌းမွှေးအင်္ကျီအား ကောက်ဝတ်ပေးလိုက်သည်။

သူသည် တစ်လက်လက် တောက်ပနေသော နေကာမျက်မှန်အား ဟန်ပါပါဖြင့်တပ်ကာ နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဌာနခွဲဆီမှပြန်လည် ထွက်ခွာသွားတော့၏။

ဟား ဟား ဟား။

နတ်ဆိုးမိစ္ဆာဂိုဏ်း ဋ္ဌာနခွဲ၏ အပြင်ဘက်မှာတော့ ကျန်းတယ်ကျွင်းသည် အရူးတစ်ယောက်ကဲ့သို့ ထူးဆန်းစွာ ရယ်လျက်ရှိသည်။ သူသည် မိုးကြိုးအစီအရင်အား တိုက်ရိုက်ဆိုသလိုပဲ ဖောက်ခွဲအသက်သွင်းလိုက်တော့သည်။

ဝုန်း

ကျယ်လောင်လှသည့် အသံကြီးတစ်ခု ထွက်‌ပေါ်လာပြီးနောက်မှာတော့ အရှေ့တောင်ရန်ကျူး၏ နှစ်ပေါင်းတစ်ရာကျော် နီးပါး တည်ရှိခဲ့သော နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ငှာနခွဲသည် ပျက်စီး ပျောက်ဆုံးသွားခဲ့ရပြီဖြစ်၏။

"မဟုတ်သေးဘူး"

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပြန်လည်ကြည့်လိုက်သည့် နောက်မှာတော့ အဆောက်အဦများ သည် ပျောက်ကွယ်သွားကာ ကြီးမားလှသည့် တွင်းကြီးတစ်ခု ဖြစ်တည်နေသည်ကို မြင်လိုက်ရသည်။

သူသည် ချက်ချင်းဆိုသလိုပဲ ပြိုလဲတော့မလို ဖြစ်သွား၏။ "ငါ ဒီဂိုဏ်းခွဲထဲက ရတနာတွေကို မယူရသေးဘူး‌လေ"

"ဂိုဏ်းချုပ်"

လီချင်းယန်က တီးတိုး‌ပြောလိုက်သည်။ "တပည့်ရောက်ရောက်ချင်း ပထမဦးဆုံး လုပ်တဲ့ အလုပ်က ဂိုဏ်းထဲက ရတနာသိုက်ကို ရှာပြီး ရှိသမျှပစ္စည်းတွေအားလုံး သိုလှောင်လက်စွပ်ထဲ ထည့်လာတာပဲ"

မူလအားဖြင့်စိတ်ဓာတ်ကျလျက်ရှိသော ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူသည် ဒုတိယတပည့်ကြီး၏ ပုခုံးအား အသာပုတ်ကာ စိတ်သက်သာရာ ရသွားသလို ပြောလိုက်၏။ "မင်းက ငါ့ရဲ့ အသဲနှလုံးပဲ”

……....

ဘန်း

သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း၏ ဂိတ်တံခါးကြီးသည် ပွင့်သွားတော့သည်။

များပြားလှသော အဖွဲ့ဝင်များတို့သည် နာကျင်စွာဖြင့် လူးလိမ့်လျက်ရှိ၏။

အကြီးအကဲကျန့်နှင့် အကြီးအကဲဂူတို့သည် ဆွေးနွေးနေရင်းတန်းလန်းမှာပဲ ပွက်လောရိုက်နေသည့် ဆူညံသံများကို ကြားလိုက်ကြရသည်။

ထို့ကြောင့် အဓိက ဟောခန်းထဲမှ အလျင်အမြန် ပြေးထွက်လာကြ၏။ သူတို့၏ မျက်လုံးများတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဓများနှင့် ပြည့်နက်သွားကြ၏။ "ဘယ်သူက လာပြီးတော့ …."

သို့ပေမဲ့ စကားကို ဆုံးအောင် မပြောလိုက်ရချေ။

များပြားလှသည့် တပည့်များကို ခြံရံ၍ ကျွင်းချောင်ရှောင်းသည် အထဲသို‌့ လျှောက်ဝင်လာသည့် အချိန်မှာတော့ ၎င်း၏ အလွန်တရာ အားကောင်းလှသော အော်ရာများကြောင့် ရှိရှိ သမျှသော လူများအားလုံးသည် ထိတ်လန့်တုန်လှုပ်နေကြ၏။

အရှေ့တောင်ရန်ကျူးရှိ နတ်ဆိုးမိစ္တာဂိုဏ်း ဌာနခွဲအား ဖျက်စီးပြီးသည့်နောက်မှာတော့ သူတို့သည် ဤသတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းသို့ ရောက်ရှိလာပြီး တိုက်ခိုက်ကြတော့သည်

သံမဏိအရိုးတောင်ခြေရင်း ရှိ သေခြင်း ရှင်ခြင်း စင်မြင့် တည်နေရာ၌ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်း မှ ရောက်ရှိလာသော အကြီးအကဲပိုင်သည် မောက်မာစွာဖြင့် ပြောခဲ့ဖူးသည်။

“ယနေမှာ သံမဏိအရိုးဂိုဏ်းက ကျင့်ကြံခြင်း လောကထဲကနေ ဖယ်ရှားခံလိုက်ရပြီ။”

ဤစကားသည် ကျွင်းချောင်ရှောင်းအား အလွန်တရာ ဒေါသထွက်စေ၏။ သို့ပေမဲ့ သူတို့ ဂိုဏ်းသည် လုံလောက်သည့် အားအင် မရှိသောကြောင့် ဒေါသကို မြိုသိပ်ထားရုံသာ တတ်နိုင်၏။

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းနှင့် ၎င်း၏ တပည့်များတို့သည် ထိုက်သင့်သည့် အားအင်ကို ပိုင်ဆိုင်နေကြပြီဖြစ်သည်။ ထို့ကြောင့် အတိတ်တွေ ရှိနေသော အကြွေးကို ကျိန်းသေပေါက် ပြန်၍ တောင်းဆိုရပေမည်။

"ဂိုဏ်းချုပ်ကျွင်း"

အကြီးအကဲကျန့် သည် လေးနက်စွာ ပြောလိုက်၏။ "ဒါဘာလုပ်ချင်တာလဲ"

ဘန်း

ရှောင်ကျီသည် သေနတ်မောင်းကို ဆွဲယူလိုက်၏။

ကျည်ဆံသည် လေထဲကို ဖြတ်သန်းပြီးနောက်မှာတော့ ဟောခန်း၏ အဓိက နံရံတွင် ချိတ်ထားသော သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းဟူသည့် ဆိုင်းဘုတ်ကြီးသည် ကျေမွသွားတော့သည်။

"နားမလည်သေးဘူးလား …. ကောင်းပြီ"

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို မြှောက်ကာဖြင့် အမိန့်ပေးလိုက်တော့၏။ "ဖျက်စီးလိုက်ကြတော့"

All Chapters