← Chapters

အခန်း (၅၉၆)

Vol. 40 Ch. 596

အခန်း (၅၉၆)

Vol. 40 Ch. 596

လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာက မိုးတွေရွာပြီး သက်တန့်တွေပေါ်နေသည့်အချိန် မူမိသားစု၏ အနောက်ဘက် ခြံဝန်း ထဲ၌ ယောက်ျားလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။ သူသည် ကိုယ်လုပ်တော်တစ်ယောက်ဆီမှ မွေးဖွားခြင်းကို ခံရသည့် ကလေးလေးတစ်ယောက်ဖြစ်သည်မို့ အဖေနှင့် မိသားစု၏ ချစ်မြတ်နိုးခြင်းကို မခံခဲ့ရချေ။ တလောကလုံး၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်ဟုပင် သတ်မှတ်နိုင်၏။ ထိုသို့ ဘာထူးခြားမှုမှမရှိသော သာမန် ကလေး လေးတစ်ယောက်သည် နှစ်ပေါင်းတစ်ရာ ကြာပြီးသည့်နောက်မှာတော့ သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်နိုင်ခဲ့သည် သာမက ကြီးမားလှသည့် မူ မိသားစုတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။ ကောင်းကင်ဘုံမြို့၏ မြို့တော်ဝန်ပင် ဖြစ်လာခဲ့သည်။

ဟုတ်ပေသည်။ ဤလူသည် မင်းသမီးလေး ကြာပန်းနီ၏ အဖေဖြစ်သော မူချန်းဟုန်ပင်ဖြစ်သည်။ သူသည် ရည်မှန်းချက်ကြီးမားလှသော ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ ထို့အပြင် စီမံခန့်ခွဲမှုတွင်လည်း တော်လွန်းလှ၏။ သူ၏စီမံခန့်ခွဲမှုတွင် ကောင်းကင်ဘုံမြို့ သည် မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့သည်သာမက အားအင်အဆင့်သည်လည်း တရိပ်ရိပ်နှင့် ထိုးတက်ခဲ့၏။

နောက်ဆုံးမှာတော့ တော်ဝင်မြို့တစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသည်။ သူ သက်လတ်ပိုင်းအရွယ်သို့ ရောက်ရှိချိန် တွင် တခြားသောကိစ္စရပ်များကို စိတ်မဝင်စားတော့ပဲ သိုင်းပညာအပေါ်တွင်သာ မိမိကိုယ်ကိုယ် နှစ်မြှုပ်ကာ အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိရန် ကြိုးစားတော့၏။

မူချန်းဟုန်သည် အလွန်တရာအားကောင်း လှသော စွမ်းအင်များနှင့် ချမ်းသာမှုကို ပိုင်ဆိုင်သည်ဆိုသော်လည်း အမျိုးသမီးတစ်ယောက်သာ ရှိခဲ့၏။ သူ့အနေနှင့် ကိုယ်လုပ်တော်များ မပြောနှင့်၊ လူယုံပင်လျှင် မရှိချေ။

ထိုသို့သော အပြစ်အနာအဆာမရှိလှသည့် လူတစ်ယောက်သည် အရက်မူးအချိန်တွင် သူ့သမီး ယခုအချိန်အထိ လက်ထပ်မရတော့စေသည့် စကားတစ်ခွန်းကို ပြောဆိုခဲ့မိ၏။

သူ့အနေနှင့် တခြားခွဲခြမ်းပေးစရာ ကလေးလည်း မရှိသောကြောင့် နိုင်ငံရေး၊ စီမံခန့်ခွဲရေးမှ နှုတ်ထွက်၍ ကိစ္စအားလုံးကို မူဟုန်လင်ဆီသို့ လက်လွှဲပေးထား၏။ သူ၏ သမီးသည် သူ၏အမွေကို ဆက်ခံကာ တော်ဝင်မြို့အား ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်မည်ဟု သူမျှော်လင့်မိခဲ့သည်။

တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးသည့်နောက် ပထမဦးဆုံး သူတွေးတောသည့်အရာသည် အရှေ့တောင်ရန်ကျူး တစ်ခုလုံး အေးချမ်းရဲ့လားဆိုသည့် အရာပင်ဖြစ်တော့၏။ ဤအရာသည် သူ့အနေနှင့် အချိန်အတော်ကြာသည် အထိ တံခါးပိတ်ကျင့်ကြံခဲ့သည့်အကြောင်း ပြသနေ၏။

“အဖေ”

မူဟုန်လင်က ပြောလိုက်၏။ “မအေးချမ်းပါဘူး”

“မအေးချမ်းဘူး ဟုတ်လား”

မူချန်းဟုန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါဆိုရင် ကျန်းယန်နိုင်ငံရဲ့ ကျိုးချောင်ချင်း စစ်မက်ကျူးကျော်နေပြန်ပြီလား”

သူသည်မြို့တော်ဝန်တစ်ယောက်ဖြစ်နေသည်မှာ အံ့အားသင့်စရာမရှိပေ။ တံခါးပိတ်မကျင့်ကြံစဉ်တည်းက ကျန်းယန် နိုင်ငံ၏ အုပ်ချုပ်သူသည် သူ၏ပိုင်နက်တည်နေရာတစ်ခုတည်းနှင့် ကျေနပ်နေသည့် သူတစ်ယောက် မဟုတ်မှန်း အစောကြီးကတည်းက စနည်းနာသိရှိခဲ့ပြီးဖြစ်သည်။

“အဖေ”

မူဟုန်လင်သည် မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်၏။ “နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားဂိုဏ်းတို့က အရှေ့တောင်ရန်ကျူးဆီကို သိုင်းအုပ်စိုးသူ လေးယောက် စေလွှတ်လိုက်တယ်လို့ သတင်းရထားတယ်”

“နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း ဟုတ်လား”

မူချန်းဟုန်သည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “ဒီမိစ္ဆာဂိုဏ်းနှစ်ခုက အရှေ့တောင်ရန်ကျူးနဲ့ ဘာရန်ငြှိုးမှ မရှိဘူးလေ၊ ဘာလို့ ငါတို့ဆီကို ကျင့်ကြံသူတွေ စေလွှတ် ရတာလဲ”

“ဘာလို့လဲဆိုတော့”

မူဟုန်လင်သည် ခဏလောက်ရပ်တန့်ကာ ပြောလိုက်၏။ “အဖေ... ဒါက ဇာတ်လမ်းရှည်ကြီးပဲ၊ ဖြည်းဖြည်းချင်း ပြောပြမှ ဖြစ်မယ်”

သူမသည် ကျွင်းချောင်ရှောင်းနှင့်ပတ်သက်သည့် အရာအားလုံးကို ပြောပြရန် လိုအပ်နေ၏။ ထို့ပြင် ပြိုင်စံရှားဂိုဏ်း အကြောင်းရောပါ။ သို့ပေမဲ့ စကားလုံးတစ်လုံး၊ နှစ်လုံးနှင့် ပြောပြလို့ရသည့်အရာမဟုတ်ပေ။ တကယ်တော့ ကျွင်းချောင်ရှောင်း၏အကြောင်း ပြောပြရမည်ဆိုလျှင် တခမ်းတနားနှင့် ပြောစရာတွေက အများကြီး ရှိလို့နေသည်။

ရွှီး

မူချန်းဟုန်သည် လက်ကိုမြှောက်လိုက်သည့်အချိန်မှာတော့ စွမ်းအင်တချို့သည် တည်နေရာကို ပိုင်းဖြတ်သွားပုံ ပေါ်၏။ ကောင်းကင်ဘုံကျောင်းတွင် တည်ရှိနေသော မူဟုန်လင်သည် လေထု၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ ပြီးနောက် တည်နေရာထဲ၌ ပျောက်ကွယ်ပြီး မြို့တော်ဝန်အိမ်တော်၏ အဓိကဟောခန်းထဲတွင် ပေါ်လာတော့ သည်။

“တည်နေရာရွေ့ပြောင်းခြင်း” စစ်တုဟောင်ယွင်၏ မျက်လုံးများသည် မနာလိုမှုများနှင့် ပြည့်နှက်သွား၏။ သူသည် သိုင်းအုပ်စိုးသူ ထိပ်ဆုံး ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဖြစ်သို့ ရောက်ရှိရန်အတွက်တော့ အနည်းငယ်လိုအပ်နေသေး၏။ သူ့အနေနှင့် ဤကဲ့သို့သော တည်နေရာရွေ့ပြောင်းခြင်း စွမ်းအင်မျိုးကို ပိုင်ဆိုင်ရရန် အလွန်တရာ ခက်ခဲလျက်ရှိနေသည်။

.........

“ဘာလဲ”

မြို့တော်ဝန်၏ အဓိကဟောခန်းထဲမှာတော့ မူချန်းဟုန်သည် ပြိုင်စံရှားဂိုဏ်းနှင့် ကျွင်းချောင်ရှောင်း အကြောင်းကို သူ့သမီးဆီမှ ကြားရချိန်မှာတော့ မျက်လုံးများတွင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်လာသည်။ အထူးသဖြင့် ဓားနှင့်သိုင်းဘုရင်ဆိုသော စကားကို ကြားလိုက်ရချိန်မှာဖြစ်သည်။ သူအရက်မူး၍ လျှောက်ကာ ကြွားဝါးပြောဆိုခဲ့သော စကားများသည် တစ်နေ့တွင် အမှန်တကယ်ဖြစ်လာမည်ဟု ဘယ်တုန်းကမှ မထင်မှတ်မိ ခဲ့ချေ။

“သမီး”

သူသည် မူဟုန်လင်ကို မေးမြန်းနေရင်းက ရပ်တန့်ကာ ပြန်လည်မေးမြန်းလိုက်သည်။ “ဒီကလေးက အသက်နှစ်ဆယ် မကျော်သေးဘူးဆိုတာ သေချာရဲ့လား”

“သေချာပါတယ်”

“သူ့ရဲ့အသွင်အပြင်ကကော”

“ဂိုဏ်းချုပ်ကျွင်းက ရဲရင့်တယ်၊ ပြတ်သားတယ်၊ ပြီးတော့ ပါရမီလည်း ရှိတယ်”

ကျွင်းချောင်ရှောင်းသည် အမှန်တကယ်ပင် အရည်အချင်းရှိလှသူဖြစ်သည်။ ဒီအပြင် ကြည့်၍လည်း ကောင်းလှသည်။ မူဟုန်လင်သည် ထိုအရာနှင့် ပတ်သက်၍ ဝန်ခံရပေလိမ့်မည်။

“သူ့ရဲ့အမူအကျင့်ကကော”

မူချန်းဟုန်က မေးလိုက်၏။ သူ့အနေနှင့် မည်မျှအားကောင်းသနည်း။ ဂိုဏ်းသည် မည်ကဲ့သို့ အဆင့်တိုးတက်လာခဲ့ သည်ကိုမမေးမြန်းချေ။ သို့ပေမဲ့ အသွင်အပြင်နှင့် အမူအကျင့်ကို မေးမြန်းလျက်ရှိသည်။

မူဟုန်လင်သည် တစ်စုံတစ်ခုကို ချက်ချင်းပဲ နားလည်သွား၏။ ထို့ကြောင့် သူမသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “အဖေ… ဘာတွေတွေးနေတာလဲ”

ဟား ဟား ဟား ဟား

သူ့သမီး၏ ရှက်ရွံ့နေပုံကို မြင်ရချိန်မှာတော့ မူချန်းဟုန်သည် စားပွဲကို ရိုက်ကာ ရယ်လိုက်၏။ “အဖေက ချင်းယန်နိုင်ငံကို သွားပြီးတော့ တင်တောင်းဖို့အတွက် ခန်းဝင်ပစ္စည်းတွေ ပြင်ဆင်ရမယ်”

မူဟုန်လင်သည် ဆွံ့အသွား၏။ “အဖေ... ယောကျ်ားလေးတစ်ယောက်ကို မိန်းကလေးတစ်ယောက်က တင်တောင်းဖို့ လိုအပ်လို့လား”

“သမီး”

မူချန်းဟုန်သည် လေးလေးနက်နက် ပြောလိုက်၏။ “ခြေနှစ်ချောင်းနဲ့ လူတစ်ယောက်ကို ရှာဖို့ လွယ်ကူတယ်ဆိုပေမဲ့ ခြေသုံးချောင်း ဖားပြုတ်ကိုရှာဖို့ ခက်တယ်လေ၊ သမီးရဲ့ ဘဝတစ်ခုလုံး ပျော်ရွှင်မှုရဖို့အတွက် အဖေတို့ဘက်ကစပြီး တောင်းဆိုရမယ်ဆိုရင်လည်း ကိစ္စမရှိဘူး”

“အဖေ”

မူဟုန်လင်သည် မျက်မှောင်ကုတ်သွားသည်။ “အခု သမီးလေးလေးနက်နက် ပြောနေတာနော်”

ဟား ဟား ဟား ဟား

မူချန်းဟုန်သည် ရယ်လိုက်၏။

“ငါ့သမီး ဒီလိုရှက်နေတယ်ဆိုတာ ရှားပါးတာပဲ၊ ပြီးတော့ ကျွင်းချောင်ရှောင်းဆိုတဲ့ ကောင်လေးက ငါတို့ မူမိသားစု ရဲ့သမက် ဖြစ်ကို ဖြစ်ရမယ်”

မူဟုန်လင်သည် ငိုချင်သွားမိ၏။

တကယ်တမ်းမှာတော့ မြို့တော်ဝန်၏ စိတ်ထဲတွင် အလွန်တရာ စိတ်အား တက်ကြွနေသည်ကို သူမ မသိရှိချေ။ လက်ရှိအခြေအနေမှာတော့ သူသည် ခြေသုံးချောင်းဖားပြုတ်နှင့် တွေ့ဆုံ နေရပြီဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့်လွယ်လွယ်ကူကူနှင့် လက်လွှတ်ပေးရမည်နည်း။

ကျွင်းချောင်ရှောင်း - “အုံးဂွမ် အုံးဂွမ် အုံးဂွမ်”

.......

“အရှေ့အလယ်ပိုင်းရဲ့ အဆင့်လေးဂိုဏ်း ငါးဂိုဏ်းကို ဒီကောင်လေးက ရိုက်နှက်ခဲ့တယ် ဟုတ်လား”

ကျွင်းချောင်ရှောင်း လတ်တလောပြုလုပ်ခဲ့သည်များကို ကြားသိပြီးနောက်မှာတော့ မူချန်းဟုန်သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြေးသွားပြီး လက်ဆွဲနှုတ်ဆက်ချင်စိတ်ပင် ပေါက်မိသွား၏။ “ငါ့ရဲ့ သမက်ကောင်းလေး ကောင်းကောင်းအလုပ်လုပ်ခဲ့တာပဲ။”

“ပြီးတော့ ရှိသေးတယ်”

“ရှိသေးတယ် ဟုတ်လား၊ ဒါဆိုရင် မြန်မြန်ပြော”

မူဟုန်လင်သည် အရှေ့မြောက်လုကျိုးပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ပြောဆိုခဲ့၏။ အတွေ့အကြုံ တော်တော်များများ ရှိနှင့်နေပြီးသော မြို့တော်ဝန်မူသည် အအေးနန်းတော်တစ်ခုလုံး ဖျက်ဆီးခံရလုမတတ် ဖြစ်သွားသည်ကို ကြားလိုက်ရချိန်မှာတော့ မျက်မှောင်ပင် ကုတ်မိသွား၏။ “ဒါကတော့ တကယ့်ကို တစောက်ကန်း လုပ်တာပဲ”

သူ့အနေနှင့် လူများကို ခေါ်ဆောင်သွားပြီး တခြားပြည်နယ်တွင် လက်ရည်စမ်းမှုများကို သွားရောက်ပြုလုပ်ခဲ့ဖူး၏။ သို့ပေမဲ့ မမော်ကြွားနိုင်ပဲ ပွဲတိုင်းရှုံးနိမ့်ကာ ပြန်လာခဲ့ဖူး၏။

“ဒီကိစ္စကနတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းနဲ့ ဘာဆိုင်လို့လဲ”

မူချန်းဟုန်သည် ဇဝေဇဝါ ဖြစ်မိနေ၏။

မူဟုန်လင်က ပြောလိုက်သည်။ “မနေ့ကတုန်းက ဂိုဏ်းချုပ်ကျွင်းက အရှေ့တောင်ရန်ကျူးမှာရှိတဲ့ အဲဂိုဏ်းနှစ်ခုရဲ့ ဂိုဏ်းခွဲတွေ အကုန်လုံးကို ဖျက်ဆီး ခဲ့တယ်လေ”

မူချန်းဟုန်သည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဒီကောင်လေးက တကယ်ပဲ ငါကိုယ်တိုင်တောင် မလုပ်ရဲတဲ့အရာတွေကို လုပ်ရဲတာပဲ”

ကောင်းကင်ဘုံမြို့အား တော်ဝင်မြို့တော်အဖြစ် အသိအမှတ်ပြုခံရသည့်အချိန်တွင် ပြည်နယ်ထဲတွင်ရှိသော အဓိကမိစ္ဆာဂိုဏ်းများ၏ ဂိုဏ်းခွဲများကို ရှင်းလင်းပစ်ရန် စဉ်းစားခဲ့ဖူး၏။ သို့ပေမဲ့ သူသည် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် တတိယအဆင့် မိစ္ဆာဂိုဏ်းများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် လုံလောက်သည့်အားအင် မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်ကောင်းကို ရောက်ရှိရန် စောင့်စား နေခဲ့၏။

သူတံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်အချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းနယ်မြေသို့ရောက်ရှိရန် ခြေလှမ်းတစ်ဝက်သာ လိုတော့၏။ မြို့တော်ဝန်မူသည် သူအရင်က ကြံစည်ခဲ့သော အရာများကို ပြုလုပ်ရန် စိတ်ကူး အပြည့်အဝရှိနေသေး၏။ မည်သူက ထင်မှတ်မိနေမည်နည်း။ ကျွင်းချောင်ရှောင်း ဟုခေါ်သော လူငယ်လေးသည် သူ့ထက် ခြေတစ်လှမ်းဦး၍နေသည်။

ဟား ဟား ဟား ဟား

မူချန်းဟုန်သည် အားရပါးရ အော်ရယ်လိုက်၏။ “သူ့ရဲ့ အမူအကျင့်နဲ့ ပုံစံကတော့ တကယ့်ကို ကောင်းတယ်၊ ဘာလို့ ငါ့ရဲ့သားမက် မဖြစ်ရမှာလဲ”

“အဖေ”

မူဟုန်လင်က ပြောလိုက်သည်။ “သမီးတို့ အလုပ်ကိစ္စအကြောင်း ပြောနေတာနော်”

မူချန်းဟုန်သည် ပြန်ထိုင်လိုက်ပြီးနောက် ပြောလိုက်သည်။ “သမီး အနာဂတ်ပျော်ရွှင်မှုကိစ္စဆိုတာက တခြားကိစ္စတွေထက် ပိုပြီး အရေးကြီးတယ်”

မိဘတစ်ယောက်အနေဖြင့် အဘယ်ကြောင့် သူ့ကလေး၏အနာဂတ်ကို မတွေးဘဲနေမည်နည်း။

မြို့တော်ဝန်သည် သေသေချာချာ စဉ်းစားကြည့်သည့်အချိန်မှာတော့ မည်သည့် မှားယွင်းမှုမှ မရှိချေ။ မူဟုန်လင်သည်လည်း သူ့အဖေ၏ ဆန္ဒများနှင့်ပတ်သက်၍ စိတ်မဆိုးနိုင်ချေ။ သူမက ပြောလိုက်သည်။ “အဲဒီ အဆင့်သုံးမိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းက သိုင်းအုပ်စိုးသူထိပ်ဆုံးအဆင့် ကျင့်ကြံသူလေးယောက်ကိုလွှတ်လိုက်တယ်၊ သူတို့ကို ဘယ်လိုမျိုးရင်ဆိုင်ရမယ်လို့ စီစဉ်ထားလဲ”

“ပြောနေစရာမလိုဘူး”

မူချင်းဟုန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ထရပ်လိုက်သည်။ သူ၏ မျက်လုံးများသည် အေးစက်ကာ ကြမ်းတမ်းနေ၏။ “အရှေ့တောင်ရန်ကျူးထဲက ကျင့်ကြံသူတစ်ယောက်ရဲ့ ဆံခြည်တစ်မျှင်ကို ထိရင်တောင်မှ ငါကသူတို့ကို အဆ တစ်ရာပိုပြီး ပေးဆပ်ခိုင်းမယ်”

“ဟမ်”

ထိုအချိန်မှာပဲ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကြည့်လိုက်သည့်နောက် ကောင်းကင်ယံပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်တည်လာသည်ကို မြင်လိုက်ရ၏။ အလင်းတန်းတစ်ခုသည် အလွန်တရာ မြန်ဆန်သော နှုန်းဖြင့် ထိုနေရာမှ ထွက်ပေါ်လာသည်။ ထိုသူမှ ထုတ်လွှတ်လိုက်သော အရှိန်အဟုန်များသည် သူနှင့်ပင် နှိုင်းယှဉ်၍ ရ၏။ ထိုသူသည် ချင်းယန်မြို့သို့ ဦးတည်လာခြင်းပင်ဖြစ်သည်။

နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းတို့က သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်လိုက်တာ မဟုတ်ဘဲ သိုင်းနယ်မြေအဆင့်ကို ခြေလှမ်းတစ်ဝက်သာလိုတော့သည့် လူတစ်ယောက်ကို စေလွှတ်လိုက်ခြင်း ဖြစ်နိုင်၏။

ဝှစ်

မူချန်းဟုန်၏ ပုံရိပ်သည် ပျောက်ကွယ်သွားတော့သည်။ ပြီးနောက် သူသည် တော်ဝင်မြို့၏အပြင်ဘက် ကောင်းကင်ယံတွင် ပေါ်လာတော့သည်။ သူ၏ လှုပ်ရှားမှုသည် အလွန်တရာ မြန်ဆန်လွန်းသောကြောင့် သာမန် မျက်စိနှင့်ပင် လိုက်ကြည့်ရန် အလွန်တရာ ခက်ခဲလွန်းလှသည်။

All Chapters