← Chapters

အခန်း (၅၉၇)

Vol. 40 Ch. 597

အခန်း (၅၉၇)

Vol. 40 Ch. 597

ပြိုင်စံရှားဂိုဏ်း ….

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ပျော်ရွှင်စွာ ထိုင်လျက်ရှိပြီး သူ၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်လျက်ရှိသည်။

နတ်ဆိုးမိစ္ဆာဂိုဏ်း၏ စိတ်ဝိညာဉ် မိုင်းတွင်းကို ရှာဖွေတွေ့ရှိပြီးသည့်နောက် သူသည် တစ်ချက်ကလေးမှမတွန့်ဆုတ်ပဲ ရှိသမျှကို အကုန်ယူငင်ခဲ့သည်။ မည်မျှ တိုက်ဆိုင်လိုက်သနည်းဆိုသော် ဤအလယ်အလတ်အဆင့် စိတ်ဝိညာဉ်မိုင်းတွင်း ကုန်သလောက်နီးပါးခန့် ရှိနေပြီဖြစ်၏။ နတ်ဆိုးမိစ္ဆာဂိုဏ်းသည် ထိုအရာများကို စုစည်းလိုက်သည့်အချိန်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းနီးပါး ခန့်ရရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ ဌာနချုပ်ဆီသို့ ပို့လွှတ်ရန် ပြင်ဆင်နေကြသည်။ သို့ပေမဲ့ သူတို့ ဘာမှမလုပ်ရ သေးခင်ပဲ ကျွင်းချောင်ရှောင်းသည် သူ၏လူများကို ဦးစီးကာ ရောက်ရှိလာခဲ့သည်။

ရီရှင်းရီ ဒေါသထွက်မည်ဆိုလျှင်လည်း အံ့အားသင့်စရာတော့မရှိပေ။ ထို့အပြင် ဤအရာသည် သဘာဝ စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းဖြစ်၏။

ချင်းယန်နိုင်ငံဆီသို့ အပြေးအလွှားနှင့် ချီတက်လာခဲ့ကြသော သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်တို့သည် ပြိုင်စံရှားဂိုဏ်းအား ပြဿနာရှာရန် လာခဲ့ကြခြင်း မဟုတ်ပေ။ သူတို့အနေနှင့် ဆုံးရှုံးသွားခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများကို ပြန်လည်ယူဆောင်ချင်၍ ဖြစ်သည်။

“ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ဂိုဏ်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးပြုလိုက်မယ်ဆိုရင် ကျိန်းသေပေါက် ငါတို့ရဲ့အားအင်အဆင့်တွေ တိုးတက်သွားမှာပဲ”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။ ဤမျှ များပြားသော တပည့်များရှိနေသည်မို့ သူ၏တောင်မှ ထွက်သော စိတ်ဝိညာဉ်ကျောက်တုံးများသည် အနည်းငယ် မလုံလောက်ဖြစ်မိနေ၏။ သဘာဝစိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်း ရရှိခဲ့သည်ဆိုခြင်းမှာ အလွန်အမင်းထိုက်တန်သည်ဟု ဆိုရမည်။ ဤတစ်ကြိမ် ရရှိခဲ့သော အတိုးသည် အလွန်တရာများပြားလွန်းလှ၏။

တကယ်တမ်းမှာတော့ ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်း ရရှိခဲ့သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် ထိုအရာများကို အလျင်စလို အသုံးပြုရန် မရှိချေ။ သူ့အနေနှင့် သိုင်းဘုရင် ထိပ်ဆုံးအဆင့်ဆီ ခြေတစ်လှမ်းအကွာသို့ ရောက်ရှိရန် အတွက် အတွေ့အကြုံအဆောင်များကို လိုအပ်နေသည်။ ထိုမှသာလျှင် သူသည် အထူးတာဝန်ကို ပြည့်စုံစေလိမ့်မည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် အလွန်တရာပျော်ရွှင်နေသောစိတ်နှင့် အဓိကဟောခန်းထဲမှ လျှောက်ခဲ့လိုက်သည်။ အကြီးအကဲဝေသည် အပြင်ဘက်မှာ ရပ်လျက်ရှိပြီး အလွန်တရာ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ကောင်းကင် ပေါ်သို့ မော့ကြည့်လိုက်သည်။ “အကြီးအကဲဝေ... ဘာတွေစဉ်းစားနေတာလဲ၊ ရာသီဥတုက ပြောင်းလဲနေတယ်၊ မကြာခင်မိုးရွာတော့မယ် ထင်တယ်”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်ယံတွင်ဖြစ်တည်လာသော တိမ်မဲများကို ကြည့်ရှုလိုက်၏။ အကြီးအကဲဝေ သည် လေးလေးနက်နက် ပြောလိုက်၏။ “ဂိုဏ်းချုပ်... ကျုပ်က မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်”

“ဘယ်လိုမကောင်းတာလဲ” ကျွင်းချောင်ရှောင်း တည့်တည့်မေးလိုက်သည်။

အကြီးအကဲဝေက ပြောလိုက်၏။ “ဂိုဏ်းက လက်ရှိမှာ လိုတာထက်ပိုပြီးတော့ လုပ်ခဲ့တာတွေရှိတယ်လေ၊ ဒီတော့ ကပ်ဘေးကြီး ကျရောက်လာမှာကို စိုးရိမ်မိတယ်”

“အဆင်ပြေပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က အစောကြီးကတည်းက သံမဏိအရိုးတောင်ရဲ့ တောင်ခြေမှာ အကြီးအကဲကျန်းကို အစီအရင်တွေ စီရင် ခိုင်းထားတယ်၊ တစ်စုံတစ်ယောက် ပြဿနာလာရှာရင် သူတို့ပဲ ဒုက္ခရောက်သွားလိမ့်မယ်”

အပြင်ဘက်တွင် လုံလောက်အောင် ပျော်ရွှင်ပြီးပြီဖြစ်သောကြောင့် သူသည် ပြန်ရောက်လာချိန်တွင် ကာကွယ်မှု အကြောင်းကို စဉ်းစားထားခဲ့၏။ အဆင့်သုံးမိစ္ဆာဂိုဏ်းနှစ်ခုသည် ဤကဲ့သို့ သူမောက်မောက်မာမာပြုလုပ်ခဲ့သည် များကို လွယ်လွယ်ကူကူနှင့် လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ဂိုဏ်း၏ အကာအကွယ်အစီအရင်ရှိသည်ဆို သော်လည်း လုံခြုံရေးအကြောင်းပြချက်နှင့် သူသည် ကျန်းတယ်ကျွင်းအား ခေါ်ယူ၍ တောင်ခြေတွင် များပြားလှ သော အစီအရင်များကို စီစဉ်ခိုင်းခဲ့သေး၏။

အကြီးအကဲဝေက ပြောလိုက်သည်။ “ကျန်းတယ်ကျွင်းက ဘာပဲပြောပြော အစီအရင်ဘုရင်တစ်ယောက်ပဲဖြစ်တယ်၊ ရန်သူက ပိုပြီးအားကောင်းလာမယ် ဆိုရင် အစီအစဉ်က ခုခံကာကွယ်နိုင်ဖို့ ပိုပြီး ခက်ခဲလာလိမ့်မယ်၊ ဥပမာအားဖြင့် သိုင်းနယ်မြေကို ခြေတစ်ဝက်လှမ်းပြီးတဲ့ လူတစ်ယောက်ဆိုရင် ဒီအစီအရင်ကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်တယ်”

ကျွင်းချောင်ရှောင်းသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများအကြောင်းကို ကြားခဲ့ဖူး၏။ ပြောရမည်ဆိုလျှင် သိုင်းနယ်မြေနှင့် သိုင်းအုပ်စိုးသူတို့ကြားတွင် အလွန်တရာ ကြီးမားသည့် ခြားနားချက်တစ်ခုရှိနေလေသည်။ သိုင်းနယ်မြေနှင့် သိုင်းအုပ်စိုးသူ နှစ်ခုကြားသည် ဘာမှမဆိုင်သည့် အကြောင်းအရာနှစ်ခုပင်ဖြစ်၏။

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ကျုပ်သိသလောက်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ သိုင်းနယ်မြေ ကျင့်ကြံသူက များများစားစားရှိတာ မဟုတ်ဘူး၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတွေကို နေရာအနှံ့မှာ မမြင်နိုင်ဘူးလေ၊ ဒီလိုအားကောင်းလှတဲ့ ကျင့်ကြံသူတွေက ဘာလို့ ကျုပ်တို့ဆီလို့ ရောက်လာရမှာလဲ"

အကြီးအကဲဝေက ပြောလိုက်၏။ "ဘာပဲပြောပြော စိုးရိမ်ပူပန်မိတာပါပဲ"

"မပူနဲ့"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အဆင်ပြေသွားပါလိမ့်မယ်"

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ ကောင်းကင်ယံ၌ အလွန်တရာကြီးမားလှသော အားအင်ကြီးများသည် စုဖွဲ့လာသည်။ ချက်ချင်း ဆိုသလိုပဲ ကြီးမားလှသည့် လက်ဝါးရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် နှိုင်းယှဉ်၍မရအောင် အားကောင်းလှသည့် အရှိန်အဝါများကို ထုတ်ဖော်ကာ အောက်သို့ ကျဆင်းလာ၏။

ဤသို့ ရုတ်တရက်ဖြစ်ပေါ် လာမှုသည် အကြီးအကဲဝေ၏ အမူအရာများကို ကြီးကြီးမားမား ပြောင်းလဲသွားစေ၏။ သူသည် ကြောက်မက် ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်မိသည့်အချိန်မှာတော့ ရုတ်တရက်ထ၍ အော်လိုက်မိသည်။ "သိုင်းနယ်မြေတစ်ပိုင်း"

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ အပြုံးများသည်လည်း အေးခဲသွားသည်။ အလွန်တရာ အားကောင်းလှသော လက်ဝါးရိုက်ချက်ကြီးသည် သူ၏နှလုံးသားထဲသို့ပင် ကြီးစိုးသွားရ၏။

"အကြီးအကဲဝေ... ခင်ဗျားခန့်မှန်းတာ တကယ်တော်တယ်"

"ကျွင်းချောင်ရှောင်း"

ကောင်းကင်ပေါ်မှာတော့ တည်နေရာတစ်ခုလုံး လှုပ်ခါသွားရလောက်အထိ ဒေါသတကြီးအသံကြီး ထွက်ပေါ်လာ သည်။ "မင်းက အအေးနန်းတော်ကို လာပြီးတိုက်ခိုက်ခဲ့တယ်၊ ဒီနေ့မှာ အဆတစ်ရာ ပြန်ပြီးတော့ ပေးရလိမ့်မယ်"

ဝှစ် ….. ဝှစ်

တိမ်မဲများ လွင့်ပျယ်သွားပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီးသည် အပြင်ဘက် စကြဝဠာထဲဆီမှ ဥက္ကာခဲကြီးတစ်ခု ကျဆင်းလာသကဲ့သို့ ကြီးမားလှသည့် အရှိန်အဝါဖြင့် ဆင်းသက်လာသည်။

ထိုလက်ဝါးရိုက်ချက်ထဲတွင် သတ်ဖြတ်လိုခြင်းအော်ရာများ ပြင်းပြင်းထန်ထန် ပါဝင်နေ၏။

ထိုအချိန်မှာတော့ ချင်းယန်နိုင်ငံရှိ မြို့ရှစ်မြို့တွင်ရှိသော ကျင့်ကြံသူများသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ၏ ဒေါသတကြီး အော်ဟစ်သံနှင့် လက်ဝါးရိုက်ချက်ကြီးကို မည်သည့်နေရာက ကြည့်ကြည့် မြင်နေ၊ ကြားနေရ၏။ သူတို့သည် မျက်နှာပြင်တစ်ခုလုံး ဖြူလျော်သွားသည်အထိ ကြောက်လန့်နေမိ၏။ သူတို့၏ နှလုံးသားများသည် တုန်ယင်နေကြသည်။

"သွားပြီ"

မြို့တော်ဝန်ရှဲ့သည် ထိတ်လန့်တုန်လှုပ်သွား၏။ ဤကြောက်ရွံစရာ လက်ဝါးရိုက်ချက်သာ ကျဆင်းသွားမည် ဆိုပါက ပြိုင်စံရှားဂိုဏ်း မပြောနှင့် သံမဏိအရိုးတောင်တစ်ခုလုံးသည်ပင်လျှင် တစ်စစီ ဖြစ်သွားပေလိမ့်မည်။

ဤအထူးကြမ်းတမ်းထြိုသို့သော ဖိအားအောက်တွင် ကျွင်းချောင်ရှောင်း၏ နှလုံးသားများသည် တုန်ယင်နေမိ၏။ သို့ပေမဲ့ သူသည် မြန်မြန်ဆန်ဆန်ပဲ ဂိုဏ်း၏ အကာအကွယ်အစီအရင်ကို အသက်သွင်းကာ အော်လိုက်၏။ "စိတ်ဝိညာဉ်ချပ်ဝတ်တွေကို အသက်သွင်းကြ"

ချက်ချင်းဆိုသလိုပဲ ပြိုင်စံရှားဂိုဏ်းထဲတွင်ရှိနေသော အတွင်းခြံဝန်းထဲရှိ တပည့်များအားလုံးသည် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ ၎င်းတို့၏ စိတ်ဝိညာဉ်ချပ်ဝတ်များကို ဖွဲ့စည်းလိုက်၏။ သို့ပေမဲ့ သူတို့ အနေနှင့် နက်နက်နဲနဲ နားလည်လိုက်သည်မှာ ကျဆင်းလာသော အားအင်အဆင့်သည် အလွန်တရာ ကြောက်မက် ဖွယ်ကောင်းလွန်းပြီး သူတို့အနေနှင့် ခုခံကာကွယ်သည့်အရာမဟုတ်ကြောင်းပင်။ သူတို့သေဆုံးတော့မည်လား။

လက်ရှိအချိန်တွင် လီချင်းယန်နှင့် တခြားသောသူများ၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုသာ ရှိနေ၏။

“ချီးတဲ့မှ”

စမ်းသပ်မှုမျှော်စင်ဆီမှ လျှောက်ထွက်လာသော ရီချင်းရှန်သည် ကြောက်မက်ဖွယ်ရာကောင်းလှသော ဖိအားကြီးကို ခံစားလိုက်ရချိန်မှာတော့ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ငါသာအရင်ဘဝတုန်းက ကျင့်ကြံခြင်းအဆင့်ကိုပြန်ရရင် ဒီလောက်အားအင်လောက်ကတော့ မျက်လုံးထဲမှာ ထည့်မိမှာမဟုတ်ဘူး”

ကံဆိုးစွာဖြင့် သူသည် အရင်တုန်းက ကျင့်ကြံခြင်းအဆင့်ကို ပြန်မရရှိသေးပေ။ ထို့ကြောင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်၏ သတ်ဖြတ်မှုတိုက်ကွက်အောက်တွင်တော့ ရီချင်းရှန်၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ ဖိအားတွေ ကျဆင်းလာခဲ့သည်။ သူသည် ကျဆင်းလာသည့် လက်ဝါးရိုက်ချက်ကြီးကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေ တော့ရုံသာ တတ်နိုင်ခဲ့၏။

“မကောင်းတော့ဘူး”

ဟယ်ဝူတီ၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွား၏။ သူ့အနေနှင့် သူ၏ကျင့်ကြံဆင့်အကုန်လုံးကို အသုံးပြုကာ ဤစွမ်းအားမြင့်ရန်သူ၏ လက်ချက်အောက်မှ လွတ်မြောက်ရန် ကြိုးစားချင်မိ၏။ သို့ပေမဲ့ မဖြစ်နိုင်ချေ။ သူသည် လက်ရှိတွင် သေမျိုး ကမ္ဘာ၏ သေခြင်း၊ ရှင်ခြင်းဖြစ်ရပ်ကို တွေ့ကြုံခံစားနေရပြီဖြစ်၏။ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

“ချီးတဲ့မှ”

ဝှစ် …. ဝှစ်

ထိုအချိန်မှာပဲ ပြိုင်စံရှားဂိုဏ်း၏ အပြင်ခြံဝန်းတွင်တော့ အလွန်တရာ တောက်ပလွန်းသော မီးတောက်များ ဖြစ်တည်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။ နဂါးလေးသည် သူ၏ ဒုတိယတိုက်ပွဲဝင်ပုံစံကို အသက်သွင်းခဲ့ပြီးဖြစ်သည်။ သူသည် ကြီးမားလှသည့် လူ့ဘီလူကြီးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲလိုက်၏။ သူသည် မြေပြင်ကို ခြေဆောင့်ရင်း ဂိုဏ်းအကာအကွယ်အစီအရင်ဆီသို့ ခုန်လွှားလိုက်၏။ ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ငါ့သခင်ကို ဘယ်သူမှ ထိလို့မရဘူး”

ပြောနေတုန်းမှာပဲ ရှောင်မိုရှန်း သည် ခြေဗလာနှင့် လမ်းလျှောက်လာပြီး နဂါးလေး၏ ရှေ့သို့ ရောက်ရှိလာသည်။ သူမ၏ မျက်လုံးများသည် လေးနက်တည်ကြည်နေ၏။ သူမက ပြောလိုက်သည်။ “ရုပ်ဆိုးတဲ့ကောင်လေး၊ ဒီနေ့မှာ နင်နဲ့ငါ သခင်ကို ဘေးချင်းကပ် ကာကွယ်လိုက်ကြတာပေါ့”

‌ဖောင်း

နဂါးလေးသည် ဤချစ်စရာကောင်းသော ကလေးမလေးအား ဂိုဏ်းအကာအကွယ် အစီအရင်ထဲသို့ ပြန်လည် ရိုက်ထည့်လိုက်၏။ ပြီးနောက် အောက်သို့ကျလာသော လက်ဝါးချက်ကြီးကို မော့ကြည့်လိုက်၏။ သူ၏မျက်လုံး ထဲတွင်တော့ စိတ်ဆုံးဖြတ်ထားသည့် အရိပ်အယောင်များ ထင်ပေါ်လျက်ရှိသည်။ “နားငြီးလိုက်တဲ့ မိန်းမပဲ၊ ကိုယ့်အလုပ်ကိုယ်လုပ်”

အစ်ကိုကြီးနဂါးလေးသည် တကယ့်ကို စစ်မှန်သည့် နဂါးလေးတစ်ကောင်ပင် ဖြစ်တော့၏။

ဝှစ်

ဤအချိန်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသော လက်ဝါးရိုက်ချက်ကြီးသည် ကျဆင်းလာသည်။

နဂါး လေးသည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ရင်း တောက်ပစွာ ပြောလိုက်၏။ ပြီးနောက် ကောင်းကင်ပေါ်သို့ မော့ကြည့်ပြီး မီးတောက်တစ်ခုကဲ့သို့ ထိုးတက်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပဲ အသွင် ပြောင်းပြီးသည့်နောက်မှာတော့ ကြက်သွေးရောင် သားရဲကြီးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲသွားတော့၏။

ဦးချိုသည် ဒရယ်ကဲ့သို့ဖြစ်ပြီး ဦးခေါင်းမှာတော့ ကုလားအုတ်ကဲ့သို့ ဖြစ်၏။ မျက်လုံးများသည် ယုန်မျက်လုံး များဖြစ်၍ လည်ပင်းနှင့်ဝမ်းဗိုက်သည် မြွေတစ်ကောင်ဖြစ်နေသည်။ အကြေးခွံများသည် ငါးကဲ့သို့ဖြစ်ပြီး လက်ဝါး သည် ကျားကဲ့သို့ဖြစ်၏။ နားများမှာတော့ နွား၏နားများဖြစ်သည်။

လေဟာနယ်ထဲဆီသို့ ခြေလှမ်းပြီးသည့်နောက် မှာတော့ သူ၏ခြေလေးချောင်းသည် မီးတောက်များဖြင့် ဖုံးလွှမ်းသွား၏။ သိန်းငှက်ကဲ့သို့ ချွန်ထက်လှသော လက်သည်းများသည် သူ၏ခန္ဓာကိုယ်တွင် ပေါ်လာ၏။ ဤအရာသည် နဂါးတစ်ကောင်ပင် ဖြစ်တော့သည်။ လက်သည်းငါးခုနှင့် နတ်ဘုရားနဂါးပင်ဖြစ်၏။

နဂါးလေး၏ ခန္ဓာကိုယ်အသွင်ပြောင်းသွားသည်ကို မြင်သည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အလုံးစုံဆွံ့အသွားမိသည်။

ဂူး

နဂါးအော်သံသည် ဘုံကိုးပါးကိုပင် တုန်ခါသွားစေ၏။ နဂါးလေးသည် သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးကို လိမ်တွန့်ရင်း အဆုံးမဲ့ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီးဆီသို့ ဦးတည်ကာ သွားနေ၏။

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်း အော်လိုက်၏။ သူ၏မျက်နှာတစ်ခုလုံးသည် တင်းမာခက်ထန်လျက်ရှိသည်။ အောက်သို့ ကျဆင်းလာသော လက်ဝါးရိုက်ချက်ကြီးသည် အလွန်တရာ အားကောင်းလွန်းလှ၏။

နဂါးလေးသည် သူ၏ အကန့်အသတ်ကို အဆုံးစွန်အထိ ထုတ်ဖော်၍ ဝင်ရောက်ကာကွယ်မည်ဆိုလျှင်ပင် ကြက်ဥနှင့် ကျောက်တုံးကို ပစ်ခတ်လိုက်သည်နှင့် ဘာမှမခြားပေ။

“မဖြစ်ဘူး၊ မဖြစ်ဘူး”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် နီရဲလာသည်။ အလွန်တရာ အားကောင်းလှသည့် လေလှိုင်းများ သူ၏ ခန္ဓာကိုယ်ဆီမှ ဖြစ်တည်လာပြီး သူသည် မီတာလေးဆယ်ရှည်သော စည်းဓားမော့ကြီးအား ဆွဲထုတ်လိုက်၏။

ဆွစ်

ကံဆိုးစွာဖြင့် သူသည် စည်းဓားမော့ကြီးကို ကိုင်ဆောင်ရသည် ဆိုလျှင်တောင်မှ အပေါ်စီးမှ ကျဆင်းလာသော လက်ဝါးရိုက်ချက်ကြီးကို ခုခံကာကွယ်ခြင်း မလုပ်နိုင်ပေ။ စည်းဓားမော့ကြီးသည် အလွန်တရာ အားကောင်း လှသည်ဆိုသော်လည်း သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်ရန်အတွက်တော့ အရည်အသွေး မပြည့်မီပေ။ ဤဓားမော့ကြီး အသုံးမဝင်ဟုဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကြီးမားသည့်ဝှက်ဖဲကြီးကို ထုတ်သုံး၍မရဖြစ်နေမည်။

လက်ရှိအခြေအနေမှာတော့ သူ့အနေနှင့် ကျဆင်းလာသော လက်ဝါးရိုက်ချက်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်နေသော နဂါးလေးကိုသာ မျက်လုံးအပြူးသားနှင့် ကြည့်နေရတော့သည်။

ဘုန်း

ဂိုဏ်း၏ အကာအကွယ်အစီအရင်ဆီမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မြေပြင် တည်နေရာတစ်ခုလုံးသည် အရောင်အဆင်းကင်းမဲ့သွားသလိုမျိုး ဖြစ်သွား၏။

ကျွင်းချောင်ရှောင်း၏ နှလုံးသား သည် သွေးစက်စက်ယိုနေ၏။ နဂါးလေးသည် အလွန်တရာအားကောင်းလှသည့် စွမ်းအင်များ၏ အောက်မှာတော့ အားနည်းလှသည့် ပုရွက်ဆိတ် တစ်ကောင်ပင်ဖြစ်တော့သည်။

သံမဏိအရိုးတောင်၏ ကြီးမားလှသော တည်နေရာကြီးသည် ထိခိုက်ပျက်စီးသွား၏။ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်၏ အားအင်အစစ်အမှန်သည် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ အစီအရင်ဆီမှ အလင်းတန်းများ ဖြစ်တည်လာပြီးသည့်နောက် နဂါးလေး သည် သူ၏ မူလအသွင်အပြင်သို့ ပြောင်းလဲသွားပြီး မြေပေါ်တွင် သတိလစ်မေ့မျောနေ၏။

“ချီးပဲ”

ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးနှင့် အော်ဆဲလိုက်သည်။

နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် ဆွံ့အ သွား၏။ အဘယ်ကြောင့်ဆိုသော် ကြမ်းတမ်းစွာဖြင့် ကျဆင်းလာသော စွမ်းအင်များသည် အလုံးစုံပျောက်ကွယ် သွားပြီး အလွန်တရာ ခံ့ညားထည်ဝါလှသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ဂိုဏ်း၏ အကာအကွယ် အစီအရင်ရှေ့တွင် ပေါ်လာတော့သည်။ သူသည် လက်တစ်ဖက်အား လေဟာနယ်ထဲသို့ ကာထားပြီး ခုခံကာကွယ် သည့် ဟန်ပန်မျိုး ပြုလုပ်ထား၏။ သူသည် သံမဏိအရိုးတောင်တစ်ခုလုံးကို ကာကွယ်ပေးထားခြင်းပင်ဖြစ်၏။

“ခွေးကောင်လေး”

မူချန်းဟုန်သည် ခေါင်းကိုလှည့်ကာ ပြောလိုက်၏။ “ငါ သူ့ကိုကယ်ဖို့အတွက် ကန်ချခဲ့ရတယ်၊ ဘာလို့ ငါ့ကို ဆဲရတာလဲ”

ပြီးသည့်နောက်မှာတော့ သူသည် ကောင်းကင်ယံထက်တွင် ရှိနေသော သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်၏။ “ငါ့ရဲ့နယ်မြေထဲမှာ လုပ်ချင်တိုင်းလုပ်ဖို့အတွက် မင်းကို ဘယ်သူက သတ္တိပေးထားတာလဲ”

All Chapters