အခန်း (၆၀၀)
Vol. 40 Ch. 600
ဒုန်း ….. ဒုန်း။
ချင်းယန်နိုင်ငံ၏ တည်နေရာတစ်ခုလုံးမှာတော့ မြေပြင်များသည် တုန်ခါလျက်ရှိ၏။
များပြားလှသော ကျင့်ကြံသူများအားလုံးသည် ထိတ်လန့်တုန်လှုပ်မိကြသည်။
သူတို့အားလုံးသည် ကောလဟာလများအားလုံးကို ကြားဖူးခဲ့ပြီးဖြစ်၏။
မည်သို့သော ကောလဟာလများနည်း။
ဂိုဏ်းတရာ လူသစ်စုဆောင်းပွဲတုန်းက ကျွင်းချောင်ရှောင်းသည် အလိုင် နိုင်ငံရှိ ဂိုဏ်းကြီးတစ်ခုဆီမှ ဆင်းသက်လာခြင်းအကြောင်းကို ပြောဆိုခဲ့ဖူးသည်။
ပထမတုန်းက လူများသည် လေးလေးနက်နက် မထားခဲ့ဘူးချေ။ ယခု ရုတ်တရက်ဆိုသလိုပဲ သူ၏ ဘိုးဘေးများဆီမှ ရုတ်တရက် ငှားရမ်း အသုံးပြုလိုက်သော ကြောက်မက်ဖွယ်ရာ အားအင်အဆင့် ကို ထုတ်ဖော်ပြသနေသောကြောင့် ဤအရာသည် အစစ်အမှန်ပဲ ဖြစ်နေသည်လား။
ပထမတစ်ကြိမ်က မယုံကြည်ကြသော လူများအားလုံးသည် လက်ရှိအချိန်မှာတော့ နှစ်နှစ်ကာကာ နှင့် ယုံကြည်မိကြသည်။
ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တရာ အားကောင်းလှသော ကျင့်ကြံခြင်း အဆင့်ကို ရောက်ရှိသွားပြီး သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူကိုပင် ဆိုးဆိုးရွားရွားဖြစ်အောင် ရိုက်နှက်လျက်ရှိသည်။ သူတို့ မယုံချင်လည်း မရပေ။
ဂိုဏ်းအတွင်းတွင် ရှိနေသော ရီရှင်းချန်သည် ဂိုဏ်းချုပ်တစ်ယောက် အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးအား အနိုင်ကျင့်တိုက်ခိုက်နေသည်ကို မြင်ရချိန်မှာတော့ ဂိုဏ်းသည် အထက်နယ်မြေဆီသို့ ဆင်းသက်လာသည်ဖြစ်ကြောင်းကို ပိုမို၍ သေချာ သွားခဲ့၏။
ဟယ်ဝူတီမှာလည်း အလွန်တရာစိတ်လှုပ်ရှားလျက်ရှိသည်။ ဤကဲ့သို့ သိုင်းနယ်မြေတစ်ယောက်၏ အားအင်များကို ရုတ်တရက် ရရှိသွားခဲ့သည်ဆိုသည်မှာ သက်တန့်ရောင် သူတော်စင်ချန်ထားခဲ့သည့် အထူး မှော်စွမ်းအားများပင် ဖြစ်ပေလိမ့်မည်။
သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ရောက်ရှိပြီး သံမဏိအရိုးဂိုဏ်းသားများအဖြစ် ဖြစ်တည်ခဲ့ရခြင်းသည် နတ်ဘုရားများမှ ပေးအပ်သည့် ကောင်းချီးပင် ဖြစ်လိမ့်မည်။
ဤနှစ်ယောက်သည် မျှော်လင့်ချက်မဲ့နေပြီဖြစ်၏။
…......
ဘုန်း
တွင်းနက်ကြီးထဲတွင် အလွန်တရာ များပြားလှသော စွမ်းအင်လှိုင်းများဖြစ်တည်နေသည်။
တည်နေရာတစ်ခုလုံးတွင် ဖုန်များ တစ်ထောင်းထောင်းထ၍ ကောင်းကင်ပေါ်ထိပင် ပျံ့လွင့်နေ၏။ ပြောရမည်ဆိုလျှင် အရာအားလုံးသည် ရှင်းလင်းပြီး ဖြစ်နေ၏။
အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် မြေကြီးထဲသို့ပင် ချိုင့်ဝင်လျက်ရှိပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး သည် သွေးအလိမ်းလိမ်းနှင့် ဖြစ်နေသည်။
သူသည် သတိလစ် မေ့မျောလုမတတ်ဖြစ်နေ၏။
ဆိုးရွားလွန်းသည် ။ အလွန်တရာ ဆိုးရွားလွန်းနေသည်။
အအေးနန်းတော်၏ အကြီးအကဲကြီးသည် သိုင်းနယ်မြေ ကျင့်ကြံသူတစ်ယောက် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုအပ်သော လူတစ်ယောက်ဖြစ်သည်။
သို့ပေမဲ့ ကျင့်ကြံခြင်း အဆင့် ရုတ်တရက်ကြီးမြင့်တက်သွားခဲ့သော ကျွင်းချောင်ရှောင်း၏ ရှေ့မှာတော့ သူသည် သနားဖွယ်ရာ ကျင့်ကြံသူတစ်ယောက်လိုပင် ဖြစ်နေလေ၏။
ပြောရမည်ဆိုလျှင် သူသည် အဆင့်ကြီးတစ်ဆင့်ထက်မက နှစ်ဆင့်နီးပါးပင် ခုန်တက်သွားခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် အဆင့်ကိုး ဓားနှင့် သိုင်းဘုရင် အဆင့်သာရှိသေးသူ တစ်ယောက်ဖြစ်၏
သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်နှင့် မရီဒန် အမြူတေများ အားလုံးသည် အလွန်တရာ အားကောင်းလှသည့် အလားအလာကို ပိုင်ဆိုင်သူ ဖြစ်သောကြောင့် သိုင်းအုပ်စိုးသူ အဆင့်ကို မတိုးတက်ဘဲနှင့် သိုင်းနယ်မြေအဆင့်သို့ တိုက်ရိုက်တိုးတက်သွားခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ မည်မျှအားကောင်းလှသည်ဆိုဆို မကြာခင်တွင် အရာအားလုံး ပျက်စီးသွား၍ ဘေးထွက်ဆိုးကျိုးကို ခံစားရမှာပင်ဖြစ်သည်။
ရွှီ
ကျွင်းချောင်ရှောင်းသည် တည်နေရာကို ဖြတ်သန်းပြီး ကြီးမားလှသော တွင်းကြီး၏ အပြင်ဘက်သို့ ခုန်တက်လိုက်သည်။
"အမှိုက်"
အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် သတိရှိနေတုန်းပင် ဖြစ်သည်။ သို့ပေမဲ့ သူ့အနေနှင့် ပြန်လည်ပြောဆိုရန် အားအင်ပင် မရှိချေ။ အားနည်းစွာဖြင့် နာကျင်လှသည့် ခံစားချက်များကို အောင့်အီးသည့်ခံစွာ မြေပြင်ပေါ်တွင် လှဲနေရ၏။
ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့အား လှည့်ပတ်နေပြီး တွင်း၏အပေါ်ဘက်ဆီသို့ ဆွဲတင်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ "ကျုပ်တပည့်က ရေခဲအင်ပါယာရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်တယ်ဆိုတာကို မသိဘူးလား။ အဆင်ခြင်မဲ့ ဒီနေရာကို လာရအောင် ခင်ဗျားက ရူးနေလို့လား"
"ရေခဲနန်းတော်ရဲ့ ဆက်ခံသူ ဟုတ်လား"
အအေးနန်းတော်ဘိုးဘေး အကြီးအကဲ၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဟန်ပန်များ ပေါ်ထွက်လာသည်။
သူ၏ မျက်လုံးကို ကြည့်လိုက်မည်ဆိုလျှင် လုချင်းချင်းတစ်ယောက် ရေခဲအင်ပါယာ၏ ဆက်ခံသူ ဖြစ်ကြောင်း မသိရှိခဲ့သေးသည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်း နားလည်လိုက်မိ၏။
ဤသည်မှာ အမှန်ပင် ဖြစ်သည်။ အအေးနန်းတော်၏ အကြီးအကဲသည် ဤကိစ္စနှင့် ပတ်သက်၍ မသိရှိသေးချေ။
သူ၏ ဂိုဏ်းသည် ကြီးမားသည့် အန္တရာယ်ကို ခံစားခဲ့ရကြောင်း သိရှိလိုက်ရသည့်အချိန်မှာတော့ သူသည် အလွန်ဒေါသထွက်သွား၏။ ထို့ကြောင့် တစ်ခြား ဘာကိုမှ မသိတော့ဘဲ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြေးလာခဲ့ခြင်းပင် ဖြစ်၏။
အအေးနန်းတော် သခင် သည် ဤကိစ္စကို မသိရှိပေဘူးလား။
ဤကဲ့သို့သော လုချင်းချင်း၏ ကိစ္စများ ဖြစ်ပေါ်ခဲ့သည့် အချိန်တွင် အအေးနန်းတော်၏ နန်းတော်သခင်သည် အဓိက ဟောခန်းကြီးကို ကာကွယ်ရန် အတွက် ခန္ဓာကိုယ်ကို အသုံးပြုကာ ကြိုးစား ခုခံခဲ့ရသည်။ နောက်ဆုံးမှာတော့ သူသည် စွမ်းအင်မဲ့စွာဖြင့် မြေပေါ်တွင် လဲလှောင်းနေ၏။
လုချင်းချင်း တစ်ယောက် ရေခဲအင်ပါယာ၏ ကျောက်စိမ်းများကို ပြသခဲ့သည်ကို သူ သိကို မသိရှိခဲ့ပေ။
ပို၍ ဆိုးရွားသည်မှာလည်း တစ်ခြားသော ဂိုဏ်းချုပ်ရှစ်ယောက်တို့သည်လည်း သူ့အား မပြောပြခဲ့ပေ။
ထို့ကြောင့် အအေးနန်းတော်၏ နန်းတော်သခင်သည် ဒဏ်ရာများ သက်သာလာသည့်အချိန်မှာတော့ ချက်ချင်းပဲ အဆုံးမဲ့တဲ့ ရေခဲပင်လယ်ဆီသို့ ဦးတည်၍ ဘိုးဘေးအကြီးအကဲကို သွားရောက်ကာ တိုင်ကြားခဲ့ခြင်းပင် ဖြစ်တော့သည်။
....
အရှေ့မြောက်ဘက် လုကျိုး ပြည်နယ် ….။
အဆင့်လေးဂိုဏ်း၏ ဂိုဏ်းချုပ် ရှစ်ယောက်တို့သည် အတူတကွ ထိုင်၍ ရေနွေး သောက်လျက်ရှိနေကြ၏။
ရွမ်လင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ပြောလိုက်သည်။ "အအေးနန်းတော်ရဲ့ ဘိုးဘေးအကြီးအကဲကြီးက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ဖြစ်သွားလိမ့်မယ်လို့ ထင်ကို မထင်ထားခဲ့ဘူး။သူက ဘာမှန်းတောင် မသိဘဲနဲ့ အရှေ့တောင်ရန်ကျုးဆီကို သွားခဲ့တာပဲ။ပြိုင်စံရှား ဂိုဏ်းတော့ ကောင်းကောင်းကြီး ဒုက္ခရောက်တော့မယ်နဲ့တူတယ်။ဒီလိုဆိုရင် လုကျိုးပြည်နယ်ကို လာပြီးပြသနာလာရှာတဲ့ သူတွေက ကြီးမားတဲ့ ပေးဆပ်မှုကိုပေးဆပ်ရလိမ့်မယ်ဆိုတာကို ကျန်တဲ့ သူတွေအားလုံး သိသွားကြတာပေါ့"
"ကံကောင်းလို့ ငါတို့ ရေခဲအင်ပါယာရဲ့ ဆက်ခံသူ အကြောင်း သူ့ကို မပြောလိုက်ရဘူး။မဟုတ်ရင် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ ဖြစ်လာပြီဆိုရင်တောင်မှ အအေးနန်းတော်ရဲ့ ဘိုးဘေးကြီးက ပြသနာသွားရှာဖို့ သတ္တိရှိမှာ မဟုတ်ဘူး။သူ ဒီကိစ္စကို မနှေးနဲ့ မမြန်ဆိုသလို သိသွားပါလိမ့်မယ်။ဒါပေမဲ့ လုပ်ပြီးတဲ့ အရာကို ပြန်ပြင်လို့ မရဘူးလေ။ ငါတို့ အေးအေးဆေးဆေး ထိုင်ပြီး ပွဲကြည့်ရမယ်။လာလာ ရေနွေးသောက်ကြရအောင်"
အရှေ့တောင်ရန်ကျုးတွင်ရှိသော အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသာ ၎င်းတို့ ပြောနေသည့် စကားများကို ကြားရပါက ကျိန်းသေပေါက် သွေးအန်ပေလိမ့်မည်။
၎င်းတို့အားလုံးသည် အအေးနန်းတော်အား အသုံးချစရာ တစ်ခုဟု စဉ်းစားခဲ့ကြ၏။
………
"ရောင်းရင်း"
ကျွင်းချောင်ရှောင်းသည် အအေးနန်းတော်၏ ဘိုးဘေး အကြီးအကဲကို လှမ်းဆွဲကာ အေးစက်စက် ပြောလိုက်သည်။ "ဒီကို ရောက်နေပြီဆိုမှတော့ ပြန်သွားလို့ မရတော့ဘူး။ပြိုင်စံရှား ဂိုဏ်းမှာ ကျေးကျွန်တစ်ယောက် လိုအပ်နေတယ်။ဒီမှာနေပြီး ခြံဝန်းကို သန့်ရှင်းရေး လုပ်ဖို့ပြင်တော့"
မူချန်းဟုန် ၏ အပြုံးများသည် အေးခဲသွားသည်။
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်အား ပြိုင်စံရှားဂိုဏ်း၏ ခြံဝန်းကို သန့်ရှင်းစေချင်သည်။ ဘိုးဘေးအကြီးအကဲ၏ ဂုဏ်သိက္ခာအား တိုက်ရိုက် စော်ကားခြင်းပင် ဖြစ်တော့သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ခါတည်း မသက်ပစ်ခဲ့ခြင်းသည်ကပင် သက်ညှာပေးခဲ့ခြင်း ဖြစ်၏။
ထိုသူသည် ဂိုဏ်း၏ အကာအကွယ်အစီအရင်အား ဖျက်ဆီးပြီး နဂါးလေးကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်သည် သာမန်တစ်ယောက် မဟုတ်ပေ။ သူ့အနေနှင့် အသက်ရှင်လျက် ထိန်းသိမ်းထားချင်သည်ဆိုလျှင် ကျိန်းသေပေါက် အလုံးစုံ ထိန်းချုပ်ခွင့်ကို ပိုင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။
အဟမ်း ….။
ဘန်း ……။
ကျွင်းချောင်ရှောင်း၏ လက်ညိုးများသည် အအေးနန်းတော် ဘိုးဘေးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ လှုပ်ရှားရောက်ရှိသွားပြီးသည့်နောက်မှာ ၎င်း၏ မရီဒန် ဆယ်နှစ်ခု လုံးကို စည်းခတ်လိုက်တော့သည်။
"ဂိုဏ်းချုပ်"
"ဒီလောက်နဲ့ မလုံခြုံသေးဘူး။အဲလူရဲ့ အရင်းအမြစ်ကို ဆွဲထုတ်မှ ဖြစ်မယ်။"
"ဆွဲထုတ်လို့ ရလား" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
အကြီးအကဲဝေက ပြောလိုက်၏။ "သိုင်းနယ်မြေကျင့်ကြံသူရဲ့ အဆင့်အရ စိတ်ဝိညာဉ် စွမ်းအင်တွေကို အသုံးပြုပြီး ကျင့်ကြံသူ ခန္ဓာကိုယ်ထဲက ဝိညာဉ်အရင်းအမြစ်ကို ဆွဲထုတ်ဖို့ ဆိုတာ လွယ်ကူတယ်လေ။"
"ဒါဆိုရင် ကျုပ် စမ်းကြည့်လိုက်မယ်"
ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ် စွမ်းအင်များသည် လှုပ်ရှားသွား၏။ သူ၏စွမ်းအင်များသည် အအေးနန်းတော် ဘိုးဘေးကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးသည့်နောက်မှာတော့ တိုက်ရိုက်ဆိုသလိုပဲ ဝိညာဉ် အရင်းအမြစ် အား ဆွဲထုတ်တော့သည်။
ဤနည်းလမ်းသည် အတင်းဖောက်ဖျက်ပြုလုပ်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် အအေးနန်းတော် ဘိုးဘေးကြီး၏ မျက်နှာသည် ရှုံ့မဲ့သွားကြပြီး ချွေးသီးချွေးပေါက်များပင် ကျဆင်းလာသည်။
အထူးသဖြင့် ဝိညာဉ်အရင်းအမြစ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သူသည် နာကျင်စွာဖြင့် အော်ဟစ်နေရတော့သည်။ "မဟုတ်သေးဘူး …. မဟုတ်ဘူး …. မလုပ်နဲ့"
သူ၏ စိတ်ဝိညာဉ် ပင်လယ်သည် ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။
အလွန်တရာ အားကောင်းလှသည့် သက်ရောက်မှုများသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ကျရောက်နေပြီး သူသည် ချက်ချင်းဆိုသလိုပဲ မေ့မျောသွားတော့သည်။
ဝိညာဉ်အမြစ်အား တိုက်ရိုက်ဆွဲထုတ်ခံရခြင်းပင် ဖြစ်သည်။ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှအောင် နာကျင်လွန်းလှ၏။
လက်ရှိ အချိန်တွေမှာတော့ အအေးနန်းတော်၏ ဘိုးဘေး အကြီးအကဲကြီးသည် ကျွင်းချောင်ရှောင်း၏ လက်အတွင်းသို့ ကျရောက်နေပြီဖြစ်သည်။
ဤအရာသည် အမှန်ပင် ဖြစ်တော့၏။
အကြီးအကဲဝေသည် ဤကိစ္စနှင့် ပတ်သက်၍ ပြောဆိုညွှန်ပြသည့်နေရာတွင် ကျွမ်းကျင်သူတစ်ယောက်ပင် ဖြစ်လို့နေ၏။
မူချန်းဟုန်သည် တုန်လှုပ်သွားမိသည်။
တစ်ခြားသူရဲ့ ဝိညာဉ်အရင်းအမြစ်ကို အတင်း ဆွဲထုတ်တာ။ဒါကြောင့် သိုင်းနယ်မြေကျင့်ကြံသူတွေက အရမ်းကြောက်ဖို့ကောင်းတာလို ပြောကြတာပဲ။
ဝှစ်
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ သတိလစ်မေ့မျောနေသော ဘိုးဘေးအကြီးအကဲကြီးအား ဂိုဏ်း၏ ကွင်းပြင်ဆီသို့ လှမ်းပစ်လိုက်သည်။
"သူ့ကို ချုပ်ထားလိုက်"
"ကောင်းပါပြီ"
စုရှောင်မိုနှင့် လီဖေးတို့သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ပြေးသွားကြပြီး အဘိုးကြီးအား ဆွဲယူကာ အချုပ်ထဲသို့ ခေါ်သွားကြတော့သည်။
အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် အလွန်တရာ ကြီးမားလှသော အရှိန်အဝါဖြင့် ရောက်ရှိလာခဲ့သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဆိုးရွားလှသည့် အခြေအနေဖြင့် အချုပ်ထဲ ရောက်ရှိသွားခဲ့၏။
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်သည် အလွန်တရာ ဆိုးရွားစွာ ဆက်ဆံခံနေရသည်ဟု ပြောရမည်ဖြစ်သည်။ အရာအားလုံးသည် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာရှိ ကောင်းကင်ကြီးကို လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ "နောက်ထပ်ရင်ဆိုင်ဖို့ လာတဲ့ ပိုးဖလံလေး လေးကောင်ရှိသေးတယ်"
ဝှစ်။
ပြောပြီးပြီးချင်းမှာပဲ သူသည် လေထုထဲမှ ပျောက်ကွယ်သွားလိုက်တော့သည်။
မူချန်ဟုန်နှင့် အရှေ့တောင်ရန်ကျူးဆီမှ ဂိုဏ်းနယ်မြေများ အားလုံးသည် ထိုအချင်းအရာကို ကြည့်၍ မနာလိုပင် ဖြစ်မိသွားကြသည်။
သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်၏ အားအင်သည် ၎င်းတို့ နှိုင်းတု၍ ရနိုင်သည့် အရာမျိုး မဟုတ်ပေ။ ထို့အပြင် တည်နေရာစွမ်းအင်ကို အသုံးပြုသည့်နေရာတွင်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ဝုန်း။
ဥပမာအားဖြင့် လက်ရှိ ကျွင်းချောင်ရှောင်း၏ တည်နေရာ လှုပ်ရှား ဖြတ်သန်းသွားလာပုံကို ကြည့်ရှုလိုက်သည်နှင့် သိသာလှသည်။
"နေအုံး"
ကျွင်းချောင်ရှောင်းသည် မည်သည့်နေရာကို သွားနေသနည်း။
မူချန်းဟုန်သည် သူ၏ စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်လွှတ်ကာ မိုင်တစ်ထောင် အဝေးဆီသို့ လှမ်းကြည့်လိုက်၏။
ဤနေရာမှာတော့ သိုင်းအုပ်စိုးသူ လေးယောက်တို့သည် အားရပါးရ ပြေးလာသည်ကို မြင်လိုက်ရသည်။ သူသည် ခေါင်းကို ယမ်းခါကာ ပြောလိုက်သည်။ "ဒီလူတွေကတော့ နာပြီပဲ"
သူ ပြောပြောပြီးချင်းမှာပဲ တည်နေရာတစ်ခုလုံးသည် တုန်ခါသွား၏။
ကျွင်းချောင်ရှောင်းသည် လေဟာနယ်ကို ဖြတ်သန်းပြီးသည့်နောက် ထိုသူများ၏ ရှေ့သို့ ရောက်ရှိသွားသည်။ "ကြိုဆိုပါတယ်"