← Chapters

သတင်းများ

Vol. 006 Ch. 571

သတင်းများ

Vol. 006 Ch. 571

ရှီမာယူယူနှင့်အဖွဲ့သည် တစ်နေ့လုံးပျံသန်းပြီးနောက် ထူထဲသော အဖြူရောင်မြူခိုးများကို ဖြတ်ပြီး နောက်တွင် ဆင်းသက်လိုက်သည်။

“ဒီနေရာက သွေးလှိုဏ်ဂူမှာ တစ်ခုတည်းသော ခြောက်သွေ့တဲ့နေရာပဲ၊ ဒါကိုဖြတ်ပြီးရင် နတ်ဆိုး လောက ကိုရောက်သွားပြီ” ဝူလင်းယူသည် သူမအားရှင်းပြလေသည်။

ရှီမာယူယူသည် ကျယ်ဝန်းသော နယ်မြေအား အကဲခတ်လိုက်ရာ ထူးဆန်းမှုတစ်စုံတစ်ရာ မတွေ့မိပေ။

“ဆရာက တကယ်ပဲဒီနေရာမှာလား” သူမ စိုးရိမ်မိသည်။ တိုက်ပွဲဖြစ်ရာမှ ပျက်စီးမှုများသည် နေရာတိုင်း တွင်ရှိနေသည်။ တချို့နေရာများသည် လှောင်ကျွမ်းနေတုန်းပင်။ ထိုသည်မှာ တိုက်ပွဲဖြစ်ထားသည်မှာ မကြာ သေးဟု ပြောနေသလိုပင်။

“ယူယူ ရှင်းလေးရဲ့ ရောင်ဝါကိုအာရုံခံလို့ရလား” ရှန်ဂျင်း မေးလိုက်သည်။

ရှီမာယူယူ မျက်လုံးမှိတ်ပြီး ခေတ္တမျှ အာရုံခံလိုက်သည်။ သူမ အမူအရာပြောင်းသွားသည်။

“ဘာဖြစ်လို့လဲ ရှင်းလေး အန္တရာယ်တွေ့နေတာလား” ရှန်ဂျင်းသည် စိုးရိမ်စွာ မေးလေသည်။

“ဆရာ့ရောင်ဝါက ထူးဆန်းနေတယ် တစ်ခါတစ်လေ သန်မာပြီး တစ်ခါတစ်လေ အားနည်းနေတယ်၊ အာရုံပြတ်သွားတဲ့အခါလည်းရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “ဆရာဒီမှာရှိတာသေချာတယ်၊ အန္တရာယ်နဲ့ တွေ့နေတာဖြစ်နိုင်တယ်”

“အဘွားတို့ဘာလုပ်ကြမလဲ သွေးလွှမ်းနယ်မြေက အရမ်းကြီးတယ်၊ ရှင်းလေးကို ဘယ်သွားရှာရမှာလဲ” ရှန်ဂျင်း ပြောလေသည်။

“ကျွန်တော်တို့ ဆရာကို မြန်မြန်ရှာရမယ်” ရှီမာယူယူ စိုးရိမ်စွာ ပြောလေသည် “အခုသူ့လက်ရှိ အခြေ အနေနဲ့ဆိုရင် ထပ်ပြီးမတောင့်ခံနိုင်တော့မှာ စိုးတယ်”

“ဒီသွေးလွှမ်းနယ်မြေက သွေးဂူထဲမှာ တစ်ခုတည်းသော မြေရှိတဲ့နေရာပဲ၊ တိုင်းပြည် တစ်ပြည်လောက် မကြီးပေမယ့် လူတစ်ယောက်ကို ခဏလေးနဲ့ရှာဖို့ကခက်တယ်” ဖန်လျုန်ပြောလေသည်။

“ဒါဆို ဘာစောင့်နေကြတာလဲ မြန်မြန်လူခွဲပြီး ညီလေးကိုရှာကြမယ်လေ” ဖန်ကျိယန်သည် အားလုံးကို နှိုးဆော်လိုက်သည်။

“မရဘူး” ဖန်မိသားစုအကြီးအကဲက ငြင်းပယ်လိုက်သည် “ငါတို့ဒီရောက်နေပြီဆိုတော့ လူစုခွဲလို့မရဘူး”

“ဘာလို့လဲ”

“လူခွဲလိုက်ရင် အရမ်းအန္တရာယ်များတယ်”

“အန္တရာယ်များတယ်ဆိုရင်တော် ကြိုးစားကြည့်ရမှာပဲ၊ အန္တရာယ်များတယ်စကား ကျွန်တော့်ကိုလာ မပြောနဲ့ ကျွန်တော်တို့်က ညီလေးကိုကယ်ချင်ကြတယ်မလား” အားလုံးသည် ထိုနေရာသို့ လာပြီးနောက်တွင် ဘာကြောင့် ပြောင်းလဲသွားသည်ကို ဖန်ကျိယန် နားမလည်တော့ပေ။

“ယန်လေး သားက ဒီသွေးဂူကိုအရင်က မလာဖူးလို့၊ ဒီလိုနေရာက ဘယ်လိုလဲဆိုတာ သားမသိသေးဘူး အမေတို့သာ လူစုခွဲလိုက်ရင် ဘာမှမဖြစ်ပဲ ပြန်သွားလို့ရပါ့မလားဆိုတာ မသေချာဘူး” ရှန်ဂျင်းသည် ရှင်းပြလေ သည်။

“ဒီမှာတော့ ငါတို့ အသေအချာ သတိထားရမယ်၊ မဟုတ်ရင် သခင်လေးရှင်းကို မကယ်နိုင်ရုံတင်မကပဲ ငါတို့်အသက်တွေတောင် အန္တရာယ်ရှိနိုင်တယ်” အကြီးအကဲသည် တည်ငြိမ်စွာ ပြောလေသည်။

ဖန်ကျိယန်သည် ဖန်ကျိရှင်းအား အလောတကြီးသွားရှာချင်သော်လည်း ခွင့်ပြုချက်မရှိပဲ မလုပ်ဆောင်ရဲ ပေ။ သူ့မိဘများကပင် ထိုနေရာသည် အန္တရာယ်ရှိသည်ဟု ပြောထားသည်။ သူက ဘယ်လိုလုပ် တစ်ယောက် တည်း လှုပ်ရှားရဲမှာလဲ။

“ဒါပေမဲ့ အဖေ ညီလေးက အန္တရာယ်ရှိနေတာလေ၊ ကျွန်တော်တို့ အခုရှာမရရင်တော့…”

ဖန်လျုန် သက်ပြင်းချလိုက်သည် “အစတုန်းက ငါလည်း ရှင်းလေးဒီမှာ မရှိဖို့ကို ဆုတောင်းခဲ့တာ၊ အဲတော့ ဆင်းပြီးတာနဲ့ ပြန်တက်မယ်ပေါ့၊ ဒါပေမဲ့ သူက ဒီမှာတကယ်ရှိနေခဲ့တယ်၊ အခုတော့ သူ့ကို ငါတို့အတူ စုပြီး ရှာရမယ့်ပုံပဲ”

“ဒါဆိုလည်း သွားရအောင်လေ” တခြားအကြီးအကဲက ပြောလိုက်သည်။

ရှီမာယူယူသည် ဖန်ကျိယန်အား မကြည်သော်လည်း သူသည် ဆရာ့ကို အလွန်စိတ်ပူနေခြင်းဖြစ်သည်။ သူ့ကို မကျေနပ်သော်လည်း အပြည့်အဝ မုန်းတီးခြင်းမျိုးမဟုတ်ပေ။ အခုအရေးအကြီးဆုံးမှာ ဆရာ့ကို ရှာရန် ဖြစ် သည်။ ဖန်မိသားစုတွင် အစီအစဉ်မရှိထားသဖြင့် သူမ သွားကာပြောလိုက်သည် “ကျွန်တော့်မှာနည်းလမ်းရှိတယ် ဒါပေမဲ့ ကျွန်တော်အရင် စမ်းကြည့်ဦးမယ်၊ ဒါပေမဲ့ အဲဒါ ရာနှုန်းပြည့်အသုံးဝင်ပါ့မလားတော့ အာမခံနိုင်ဘူး”

“ဘာနည်းလမ်းလဲ”

ရှီမာယူယူသည် ပျားတစ်ကောင်ထုတ်လိုက်သည်။ ဖန်မိသားစုသည် ယုံကြည်မှုမရှိပေ။ ပျားတစ်ကောင် က လူတစ်ယောက်ကို ရှာပေးနိုင်မှာလား။

ဗျိုင်းမျိုးနွယ်မှ အကြီးအကဲမှားသည် သူမ နည်းလမ်းအား ဇဝေဇဝါဖြစ်သော်လည်း သူမသည် ထိုနေရာ သို့ လာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် အခြေအနေကို မသိသေးသည်ဟု တွေးလိုက်သည်။

“သခင်လေးက ဆရာ့ကို အနံ့နဲ့ ရှာမလို့လား၊ သွေးဂူက သွေးအနံ့တွေနဲ့ ပြည့်နေတာ၊ လူတစ်ယောက်ကို ရှာဖို့ ခက်တယ်”

ရှီမာယူယူသည် ပျားကိုလွှတ်လိုက်သည်။ ပျားသည် အတောင်ပံခတ်ကာ အရှေ့သို့ပျံသွားလေသည်။ မကြာမီတွင် ပျားသည် အားလုံးမျက်စိရှေ့ရောက်လာသည်။

“ဒါက..” ဖန်မိသားစု ကိုယ်ရံတော်သည် ပျား၏ အရှိန်ကို စမ်းသပ်ပြီးနောက် ပျား၏ မျိုးစိတ်ကို တွက် ချက်လိုက်သည်။ ဒီလောက် အရှိန်နှုန်းနဲ့ဆိုရင် နတ်ဆိုးတွေရဲ့ လက်မှ လွတ်မြောက်ရန်မခက်နိုင်ပေ။

အားလုံးသည် ပျား၏ အရှိနှုန်းကို အံ့အားသင့်နေချိန်တွင် နောက်ပျားတစ်ကောင်သည် သူတို့ဆီမှ ပျံ ထွက်သွားလေသည်။ ပျားပေါင်း ၁သောင်းကျော်သည် ဦးတည်ရာ ဘက်မျိုးစုံသို့ ပျံသွားကြလေသည်။ အားလုံး သည် ထိုမြင်ကွင်းကြောင့် ကြက်သေသေနေကြလေသည်။

“ယူယူ ဒါက…” ဖန်လျုန်သည် ပျားပိုင်ရှင်ကို မေးချင်သော်လည်း သူမ ပခုံးပေါ်မှ လက်ဖဝါးအရွယ်အစား ရှိသော ပျားကို မြင်သောအခါ အံ့သြသွားလေသည်။ “ဒါက ဒါက နီရဲပျားဘုရင်မ မလား”

ဖန်မိသားစုသည် သူ၏ အံ့အားသင့်သော အသံကြောင့်ပင် ကြည့်လိုက်ရာ နီရဲပျားဘုရင်မကို မြင်လိုက်ရ လေသည်။

“နီရဲပျားတွေရဲ့ အားက မကောင်းပေမယ့် လူရှာတဲ့နေရာမှာ တကယ်တော်တယ်၊ ဆရာဘယ်မှာ ရှိနေ နေ၊ ပျားတွေသာတွေ့သွားရင် နီရဲပျားဘုရင်မက သတင်းကြားမှာပဲ၊ အဲအချိန်ကျရင် ကျွန်တော်တို့ အဲနေရာကို သွားလိုက်ရုံပဲ”

“တကယ်ပဲ နီရဲပျားဘုရင်မပဲ” ဖန်မိသားစု အကြီးအကဲသည် နီရဲပျားဘုရင်မအားတွေ့သည်နှင့် စိတ်လှုပ်ရှားစွာ ပြေးလာလေသည်။

“သခင်လေးရှီမာ နီရဲပျားဘုရင်မကို ဘယ်ကရှာတွေ့လာတာလဲ”

“ယိလင်းတိုင်းပြည်ကပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် အဲနေရာက ရှာတွေ့ခဲ့ပေမယ့် သူက ဒီကောင်းကင်နဲ့ မြေကြီးမှာ တစ်ကောင်တည်းရှိတာဖြစ်နိုင်တယ်”

“တကယ်ကို တစ်ကောင်တည်းရှိတာပဲ၊ နီရဲပျားဘုရင်မ မပြောနဲ့ သာမန် နီရဲပျားတောင်မှ ကမ္ဘာဦး နယ်မြေတွေမှာ အရမ်းရှားတယ်” ထိုအကြီးအကဲသည် ယုံကြည်မှုအပြည့်ဖြင့် ပြောလေသည်။

သူသည် သူ့ဘဝတွင် နီရဲပျားဘုရင်မကို မျက်မြင်တွေ့ရမည်မဟုတ်ဟု ထင်ထားခဲ့သည်။ သူသည် ဒီနေ့ တွင် ပျားများစွာကို တွေ့ရသည့်အပြင် နီရဲပျားဘုရင်မကိုပါ တွေ့ခဲ့ရသည်။ သူ့ဘဝတွင် နောင်တရစရာမရှိဟု ခံစားမိလေသည်။

နီရဲပျားဘုရင်မသည် အဝေးသို့ ကြည့်နေက သူတို့အား မကြည့်နေပေ။

ယူယူကို ဆိုးဆိုးဝါးဝါး ဆက်ဆံရဲတယ်ဟုတ်လား။ သူတို့ကို အာရုံမစိုက်တော့ဘူး။

“သတင်းရဖို့ ဘယ်လောက်ကြာဦးမှာလဲ” ဖန်ကျိယန် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ သူမသည် အာမမခံနိုင်ပေ။

ကံကောင်းစွာပင် ဖန်ကျိယန်သည် အလောကြီးနေသော်လည်း သူမကို အပြစ်မတင်ပဲ လက်သီးဆုပ် ကာ အဝေးသို့ ကြည့်နေလေသည်။

တစ်မိနစ် တစ်စက္ကန့်ကုန်ဆုံးသွားတိုင်းတွင် ရှီမာယူယူ၏ နှလုံးသည် စိုးရိမ်မှုဖြင့် လောင်ကျွမ်းမည့် မတတ်ပင်။ သူမသည် ဖန်ကျိရှင်းသတင်းကို မကြားရပေ။ သို့သော် သူမလွှတ်လိုက်သော် ပျားများမှာလည်း အများအပြား သေဆုံးကုန်သည်ဟု ကြားရသည်။ နေ့တစ်ဝက်အကြာတွင် သူမ ပခုံးပေါ်မှနီရဲပျားဘုရင်မသည် လှုပ်ရှားလာကာ သူမအား အခုလေးတင်လက်ခံရသော သတင်းကိုပြောလေသည်။

“ကျွန်တော်တို့ ဆရာ့ကိုတွေ့ပြီ ဒါပေမဲ့ သူတို့က နတ်ဆိုးအဖွဲ့ရဲ့ ထောင်ချောက်ကို မိထားတယ်၊ ကျွန်တော်တို့ သူ့ကို မြန်မြန်သွားကယ်မှရမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ဟာစွန်ပေါ်တွယ်တက်ကာ ဖန်ကျိရှင်းရှိရာ ဘက်သို့ ဦးဆောင်သွားလေသည်။

ဖန်မိသားစုနှင့် ဗျိုင်းမျိုးနွယ် အကြီးအကဲများသည် ချက်ချင်းပင် တုန့်ပြန်လာ နောက်မှ လိုက်လာကြလေ သည်။

သွေးလိုဏ်ဂူအတွင်းထဲတွင်… ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့သည် လျော့တိလျော့ရဲ ဖြစ်နေသော တည်ဆောက်မှုကို ကြည့်ပြီး အပြင်ဘက်တွင် ရှိသော နတ်ဆိုးအုပ်စုအား ကြည့်လိုက်သည်။ သူတို့သည် တစ်ယောက်မျက်လုံးမှ တစ်ယောက် ပင်ပန်းမှုကို မြင်လိုက်ရသည်။

“ရွှီး ရွှီး”

နတ်ဆိုးများသည် တည်ဆောက်မှုကို ဖျက်မည်အလုပ်တွင် ပျားတစ်စုသည် ပျံလာလေသည်။ ထိုပျား များ နတ်ဆိုးများနှင့် နီးလာချိန်တွင် သူတို့သည် ပုံမှန်ပျားများအဖြစ်မှ နီရဲပျားများအဖြစ်ပြောင်းကာ နတ်ဆိုးများ ကို တိုခိုက်လေသည်။

တည်ဆောက်မှုထဲမှ လူနှစ်ယောက်သည် ပျားများလာသည့် နေရာကို သိချင်မိသည်။ သူတို့သည် အသက်ရှုချိန်ရလိုက်သည့်အတွက် ထိုပျားများကို ကျေးဇူးတင်မိလေသည်။

ဖန်ကျိရှင်းသည် တည်ဆောက်မှုကျောက်တုံးများကို အလျင်အမြန်ထုတ်လိုက်ပြီး နေရာပေါင်းစုံကို ပစ်လိုက်ကာ ပျက်ဆီးတော့မည့် တည်ဆောက်မှုကို ကာကွယ်ရေးတည်ဆောက်မှု အသွင်ပြောင်းလေသည်။

All Chapters