အရှေ့မှာ မြေခွေး၊ အနောက်မှာ ကျား
Vol. 006 Ch. 572
တည်ဆောက်မှုသည် အားအနည်းငယ်ထပ်ဖြည့်လိုက်သဖြင့် အတားအဆီး၏ လှိုင်းများပြန်အသက်ဝင် လာကာ သူတို့အား ပြန်ဝန်းရံထားလေသည်။ သူတို့ဘေးမှ နတ်ဆိုးမျိုးနွယ်မှ ၂ယောက်ကိုသတ်ပြီးနောက် ဟော့ဘာဝူချန်းသည် မြေပေါ်သို့ ထိုင်ချလိုက်လေသည်။
ဟော့ဘာဝူချန်းသည် ကျောက်စိမ်းပုလင်းထုတ်ကာ သွန်လိုက်သော်လည်း ဆေးတစ်လုံးမှ မထွက်လာ ပေ။ သူသည် လစ်ဟာနေသော ပုလင်းကိုကြည့်ကာ ဘေးသို့ ပစ်လိုက်လေသည်။
“ပျားတွေက သွေးဂူထဲမှာ ဘာလာလုပ်ကြတာလဲ” သူသည် မျိုသိပ်ကာ သူ့လက်မောင်းမှ ဒဏ်ရာ အသစ်ကို ကြည့်လိုက်သည်။ သူသည် ဖန်ကျိရှင်း၏ အဝတ်ကို ဆုတ်ဖြဲကာ ပါးစပ်ဖြင့် နောက်လက်တစ်ဖက်ကို ချည်လိုက်လေသည်။
ဖန်ကျိရှင်းသည် သူ့အင်္ကျိကိုကြည့်လိုက်ရာ အဝတ်ပြဲနေသည်ကို မြင်ပြီးနောက် သူ့ကိုကြည့်လိုက်သည် “ငါ့ အင်္ကျိတွေကို မဖြဲဖို့ ဘယ်လောက်တောင် ပြောရမှာလဲ”
ဟော့ဘာဝူချန်းသည် ထုံးစံအတိုင်း အင်္ကျိကို ထုံးလိုက်ကာ ပြုံးပြီး “မင်းအင်္ကျိက ဖြဲဖို့လွယ်လို့ဆိုတာ ဘယ်လောက်တောင် ပြောရမှာလဲ”
ဖန်ကျိရှင်းသည် သူ့အကျင့်ကိုသိသောကြောင့် သူ့ကို ထပ်ဂရုမစိုက်တော့ပေ။ သူသည် ဘေးတွင် ထိုင် ကာ အပြင်တွင်ရှိသော ပျားများ နတ်ဆိုးများနှင့် တိုက်နေသည်ကို ကြည့်နေလေသည်။ ထိုပျားများ၏ အသေ ကောင်များကို တွေ့သောအခါ သူ့မျက်လုံးတွင် မယုံကြည်ခြင်းများ တောက်ပလာသည်။
“ဝူချန်း အဒီပျားတွေက… သူတို့တိုက်ခိုက်မှုစွမ်းရည်က အားကောင်းနေတယ်.. နီရဲပျားတွေများလား”
“နီရဲပျားတွေဟုတ်လား သူတို့က ရှိသေးလို့လား” ဟော့ဘာဝူချန်းသည် အစပိုင်းက သူနောက်နေသည် ဟု ထင်ထားသော်လည်း မြေပေါ်တွင် သေဆုံးနေသော ပျားများကိုတွေ့သောအခါ စကားပင်ဆက်မပြောနိုင်ကာ “သေစမ်း သူတို့က တကယ်ပဲ နီရဲပျားတွေမဟုတ်လောက်ဘူးမလား”
ဖန်ကျိရှင်းသည် တည်ဆောက်မှုဘေးလာကာ နတ်ဆိုးမျိုးနွယ် သတိမထားမိချိန်တွင် သေဆုံးနေသော နီရဲပျားကို ဆွဲယူလိုက်သည်။ သူနှင့် ဟော့ဘာဝူချန်းတို့သည် ကြည့်ပြီးနောက် တစ်ယောက်နှင့် တစ်ယောက် အံ့သြစွာ ကြည့်လိုက်ကြသည်။
ပျောက်သွားတာကြာနေပြီဖြစ်တဲ့ နီရဲပျားက ဒီမှာ ပေါ်လာမယ်လို့ ဘယ်သူထင်မှာလဲ။ သူတို့ ဘာကြောင့် သူ့ကို လာကယ်တာလဲဆိုတာကို သိချင်မိသည်။ သို့သော် တခြားသော နီရဲပျားများလည်းလာမည် ဆိုပါက သူတို့သည် ထောင်ချောက်ကို ဖျက်ရန် ဖြစ်နိုင်သည်။
“အဲတော့ ငါတို့ဒီမှာပဲ သေစရာမလိုတော့ဘူးပေါ့” ဟော့ဘာဝူချန်းသည် ပြုံးပြီးပြောလေသည်။
“မသိနိုင်ဘူးလေ” ဖန်ကျိရှင်း၏ မျက်လုံးတွင် မျှော်လင့်ချက်များ လက်လာသည်။ သူတို့သည် ထိုနေရာမှ ထွက်ပြေးရန် ဖြစ်နိုင်သည်။
ဟော့ဘာဝူချန်းနှင့် သူသည် ဒီသွေးဂူထဲမှာ လည်နေခဲ့တာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ သူတို့သာ ထိုနေရာတွင် ပိတ်မနေခဲ့ပါက တိုက်ပွဲဖြစ်မည်ဖြစ်သည်။ သူတို့သည် ဆေးကုန်သွားသည်မှာ ကြာနေပြီဖြစ်ကာ ဒဏ်ရာအဟောင်းများ ကျက်သွားခဲ့ပြီး ဒဏ်ရာအသစ်များ ရခဲ့သည်။ သူတို့သည် သေလမ်းကိုလျှောက်နေကြသူ များ ဖြစ်ကြသည်။
“ငါထွက်နိုင်တာနဲ့ သူ့ကို ပွဲကောင်းကောင်းပြပေးလိုက်မယ်” ဟော့ဘာဝူချန်းသည် မုန်းတီးစွာ ပြော လိုက် လေသည်။
“အင်း” ဖန်ကျိရှင်းသည် ဘာမှမပြောပေ။ အတူကြီးပြင်းလာသော ဟော့ဘာဝူချန်း၏ အသက်ရှုပုံကို ကြည့်ရုံနှင့်ပင် ဒေါသထွက်နေသည်ကို သိသည်။
“ဟုတ်သားပဲ မင်းခုနကပြောတာလေ… ဒီကို ဘယ်သူမှမလာနိုင်ဘူးဆို” ဟော့ဘာဝူချန်းသည် အစောကဖြစ်သွားသော ဖန်ကျိရှင်း၏ တုန့်ပြန်မှုကို တွေးလိုက်သည်။ ထိုအချိန်က သူ့ကို မေးရန်အချိန်မရှိခဲ့ သော်လည်း သူ သိချင်စိတ်ထပ်ဖြစ်လာသည်။
“အခုမင်းပြောမှပဲ မင်းလည်းအဲလူကိုသိလောက်တယ်” ဖန်ကျိရှင်းပြေလာိုက်သည် “မင်းနဲ့ ငါမတွေ့ခင် ငါ ယိလင်းတိုင်းပြည်ကို သွားခဲ့တာမှတ်မိလား”
“မှတ်မိတယ် မင်းပြောဖူးတယ်” ဟော့ဘာဝူချန်း ပြောလိုက်သည်။
“ဒါဆို ဒီကို ဘယ်သူရောက်နေလဲဆိုတာ သိမှာပဲ” ဖန်ကျိရှင်း ပြောလိုက်သည်။
“မင်းအတွက် ပြေးလာမယ့်လူက အဲလူပဲရှိတာလေ၊ ဒါပေမဲ့ သူမက ဘယ်လိုလုပ်ဒီကိုရောက်လာမှာလဲ” ဟော့ဘာဝူချန်းသည် ပြောလိုက်လေသည်။ ထို့နောက်တွင် သူတစ်စုံတစ်ရာကို စဉ်းစားမိပြီး မျက်နှာဖျော့တော့ စွာ ပြောလေသည် “မင်းပြောနေတာ သူတို့ရဲ့ ကလေးတော့မဟုတ်ဘူးမလား၊ မင်း သူတို့ကလေးကို သွားတွေ့ တာလား”
“အင်း”
“မဖြစ်နိုင်ဘူး မင်းက သူတို့ကလေးကို သွားကြည့်တယ်၊ မင်း… တကယ်ပဲ.. သူမအတွက်နဲ့…” ဟော့ဘာ ဝူချန်းသည် သူ့အား ငတုံးဆိုသည့်ကြည့်နှင့်ကြည့်ပြီးနောက် သူထင်ထားသည်နှင့် တလွဲဖြစ်နေလေသည် “မင်း ပြောတာက သူတို့ကလေးလား”
“ဟုတ်တယ်” ဖန်ကျိရှင်း ပြောလိုက်သည် “သူတို့ကလေး ကောင်းကောင်းရှိနေလားလို့ ငါကြည့်ချင်လို့ ပါ၊ ဒါပေမဲ့ သူအဲဒီကိုရောက်သွားတော့ မကောင်းသတင်းတွေကြားရမယ်လို့ ထင်မထားဘူး၊ ဒါပေမဲ့ အဲဒါတွေက ကောလဟလတွေပါ ပြီးတော့ သူက အရမ်းအရည်အချင်းရှိတဲ့ကလေးပဲ၊ မဟုတ်သေးဘူး သူ့အရည်အချင်းက ငါ့ထက်သာတယ်လို့ ပြောရမယ်”
“အဲလောက်တောင် သန်မာတာလား” ဟော့ဘာချန်းသည် အံ့သြသွားသော်လည်း ချက်ချင်းပင်ပြုံးကာ “ဟုတ်တာပေါ့ သူ့မိဘတွေက အရည်အချင်းရှိမှတော့ သူက မရှိပဲနေမလား၊ အဲတော့ သူ့ရောင်ဝါကို အခုခံစား မိတာလား”
“ငါယိလင်းတိုင်းပြည်ကထွက်လာတော့ ငါ့ဝိဉာဉ်ပုံတူကို သူ့ထဲထည့်ထားပေးခဲ့တယ်၊ အခု ငါ့ဝိဉာဉ်ကို ငါ အာရုံခံမိတယ်” ဖန်ကျိရှင်းသည်လည်း ဇဝေဇဝါဖြစ်ကာ ပြောလေသည် “ငါက သူ့ဆီမှာပဲ ထားခဲ့တာ တခြားလူ ဆီမှာ ရှိတာမဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ဝိဉာဉ်ပုံတူကို ခံစားမိတာက အရမ်းကို နီးနေတယ် သွေးဂူထဲမှာပဲ ရှိနေသလို မျိုးပဲ ဒါပေမဲ့ မင်းဒါလည်းသိထားဦး၊ သူက အခုမှ အသက် ၂၀ကျော်ပဲရှိသေးတယ်၊ ငါ ယိလင်းကနေထွက်လာ တာ ၁၀နှစ်ကျော်ပဲရှိသေးတာ အဲအချိန်အတွင်းကို သူဘယ်လိုလုပ် ရှေးဟောင်းကမ္ဘာဦးနယ်မြေကို ဒီလောက် မြန်မြန် လာနိုင်မှာလဲ၊ အထူးသဖြင့် ဒီလိုအန္တရာယ်များတဲ့နေရာကိုလေ၊ အဲဒါကြောင့် သူမဖြစ်နိုင်ဘူးလို့ ငါပြော တာ”
“သူ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါတို့ဒီကနေထွက်တာနဲ့ တစ်ခါလောက်ရှာကြည့်တာပေါ့” ဟော့ဘာ ဝူချန်း ပြောလေသည် “ငါတို့ဒီနေရာကို မလာချင်ခဲ့ပေမယ့် ငါတို့ဒီရောက်နော ဘယ်နနှစ်ကြာနေပြီလဲဆိုတာ ဘုရားပဲသိတော့မယ်”
ဖန်ကျိရှင်းသည် အပြင်ဘက်သို့ ကြည့်လိုက်သည်။ ထူထဲသော အဖြူရောင်တိမ်တိုက်များမရှိတော့ သည်မှာ ကြာပြီဖြစ်ကာ နီရဲသော သွေးလောကသာဖြစ်နေခဲ့သည်။ သူတို့ဖြတ်ကျော်လာပြီးသည်နှင့် သူတို့သည် နတ်ဆိုးလောက နယ်မြေထဲသို့ ဝင်ပြီးဖြစ်လေသည်။
“နီရဲပျားတွေက ကြာကြာတောင့်မခံနိုင်ဘူးထင်တယ်” ဟော့ဘာဝူချန်းသည် မတ်တပ်ရပ်ကာ “နီရဲပျား တွေက ငါတို့ကို လာကယ်တယ်ဆိုတဲ့ ငါတို့အတွေးက မှားနေတာဖြစ်မယ်”
“သူတို့ အဲလောက်ကြာအောင် တောင့်ခံနိုင်တာ တော်တယ်” ဖန်ကျိရှင်းသည် အနောက်သို့ ပြန်ရပ်ကာ ပြောလေသည်။
“ကျိရှင်း ကြည့်လိုက်” ဟော့ဘာဝူချန်းသည် အော်လိုက်လေသည်။
ဖန်ကျိရှင်းသည် လှည့်ကြည့်ရာ အနီရောင်ပြည့်နေသော နေရာမှ အနက်ရောင် အစက်များသည် အုပ်စု လိုက် လာသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာသည် ပိုပြီး လေးနက်သွားသည်။
“နတ်ဆိုး စစ်သူကြီးတွေအများကြီးထင်တယ်၊ ခေါင်းဆောင်က နတ်ဆိုး ဧကရာဇ်ပဲ၊ ငါတို့တော့ ကံ မကောင်းတော့ဘူး၊ ဒီနေ့ပဲ အသက်ပြုတ်သွားလောက်တယ်” ဟော့ဘာဝူချန်းသည် ခါးသီးစွာ ပြုံးလိုက်သည်။
နီရဲပျားများသည် နတ်ဆိုးမျိုးနွယ်အကုန် သတ်လိုက်နိုင်သည်မဟုတ်ပေ။ အခု သူတို့သေသွားပါက နတ်ဆိုးများသည် သူတို့၏ ကာကွယ်ရေးတည်ဆောက်မှုကို လာတိုက်ခိုက်မည်ဖြစ်သည်။ ရုန်းရင်းဆန်ခတ် ဖြစ် နေသည့်အပြင် နတ်ဆိုးစစ်သူကြီးများနှင့် နတ်ဆိုးဧကရာဇ်တို့သည် နီးနီးလာရာ အရှေ့တွင် မြေခွေး အနောက် တွင် ကျားရှိသည့် အခြေအနေဖြစ်နေလေသည်။
သူတို့သည် အလွန်ပင်ပန်းနေကာ အစောကကုန်ဆုံးထားသော စွမ်းအင်များကို ဖြည့်ရမည့်အချိန်ဖြစ် သော်လည်း ထိုအချိန်တိုအတွင်းတွင် မဖြစ်နိုင်ပေ။ ထို့အပြင် သူတို့နှစ်ယောက်သည် ဒဏ်ရာများဖြင့် ပြည့်နေရာ တိုက်ပွဲဝင်ရန် အင်အားမရှိတော့ပေ။
“သေမယ်ဆိုရင်တောင် သူသေကိုယ်သေပဲ”
“အိုခေ”
သူတို့သည် နတ်ဆိုးအဖွဲ့များ နီးနီးလာသည်ကို ကြည့်ပြီးနောက် သူတို့ တည်ဆောက်မှုကို ပြိုင်ဘက်မှ ဖျက်ဆီးလိုက်သည်နှင့် သူတို့အသက် သေဆုံးတော့မည်ကို သိနေသည်။
နတ်ဆိုးမျိုးနွယ်ဝင်များသည် နီးနီးလာကာ တည်ဆောက်မှုအတွင်းမှ သူတို့ ၂ယောက်ကိုတွေ့သွားလေ သည်။ မပီသသော စကားတချို့ကို ပြောပြီးနောက်တွင် သူတို့ထဲမှ တစ်ယောက်သည် တိုက်ခိုက်ရန် ဟန်ပြင် နေချိန်တွင် သူသည် အကြောသေနေသည်ကို သတိထားမိလိုက်သည်။ သူသည် ဖန်ကျိရှင်းအနောက်ကို ကြည့် လိုက်သည်။
ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့သည် သူတို့အနောက်မှ အသံကြားသဖြင့် သိချင်စိတ်ဖြင့် လှည့်ကြည့် လိုက်သည်။ သူတို့သည် သေတော့မည့်အချိန်အတွင်းကို ရောက်လာမည့်သူကို သိချင်မိသည်။
မိစ္ဆာပျံများနောက်ကျောတွင် ထိုင်ကာ လာနေသော လူများကို မြင်လိုက်ချိန်တွင် ဖန်ကျိရှင်းသည် မျက်လုံးများ စိုလာသည်။
“ကိုယ့်လူတွေ သခင်လေးကို ကယ်တင်ကြ” ဖန်လျုန်သည် သူ့ဘေးမှလူများကို အော်လိုက်ပြီး သူတို့ ပို နီးလာသည်။
ဖန်မျိုးနွယ်မှ ကိုယ်ရံတော်များသည် မိစ္ဆာပျံများမှ ဆင်းပြီး ပျံလာကာ နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်လေ သည်။
“အကြီးအကဲတို့ ခင်ဗျားတို့လည်း သွားသင့်တယ်” ရှီမာယူယူသည် သူတို့အကူအညီလိုကြောင်းကို ညွှန်ကြားခြင်းတစ်ဝက် တောင်းဆို ခြင်းတစ်ဝက်ဖြင့် ပြောလိုက်သည်။
“ကောင်းပါပြီ သခင်လေး”
ထိုအကြီးအကဲများသည်မတ်တပ်ရပ်ကာ လျင်မြန်စွာပင် ပြောင်းလဲလိုက်ကာ နတ်ဆိုးစစ်သူကြီးများနှင့် နတ်ဆိုးဧကရာဇ်များကို တဟုန်တိုး တိုက်လေသည်။ သူတို့သည် ဖန်မျိုးနွယ်မှ ကိုယ်ရံတော်များထက် ပို အားကောင်းသည့် ပုံပင်။
ရှီမာယူယူသည် ဟာစွန်၏ ကျောပေါ်တွင်ထိုင်ကာ တိုက်ပွဲကို အဝေးမှကြည့်နေလေသည်။ ဖန်ကျိရှင်း သည် တည်ဆောက်မှုအတွင်းမှ သူမကို လှမ်းကြည့်နေသည်ကို သူမတွေ့သောအခါ ပြုံးပြီး လက်ရမ်းပြလိုက် လေသည်။