တကယ်ပဲသူပဲ
Vol. 006 Ch. 573
ဟော့ဘာဝူချန်းသည် အလွန်အံ့သြနေရာမှ သတိပြန်ဝင်လာသည်။ သူသည် လှည့်ကြည့်ရာ ဖန်ကျိရှင်း ပြုံးနေသည်ကို တွေ့လိုက်ရသည်။ သူသည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားကာ တိုက်ပွဲကွင်းအပြင်ဘက် တွင် ရှိနေသော လူကိုကြည့်နေသည်။
သူသည် ဖန်ကျိရှင်းနှင့် အရင်းနှီးဆုံးလူဖြစ်သည်။ သူသည် အမြဲတမ်းပြုံးနေသယောက်ရှိသော်လည်း အမှန်တကယ်ပြုံးနေသည်မှာ ရှားပါးသည်။ အခုတော့ သူသည် ပျော်ရွှင်မှုကြောင့် အားရပါးရပြုံးနေသည်မှာ အလွန့်အလွန်ပင် ရှားပါးသည်။
“သူက အဲကလေးလား” ဟော့ဘာဝူချန်း မေးလိုက်သည်။
“ဟုတ်တယ်”
“သူက အသက်၂၀ကျော်ပဲရှိသေးတယ် ဒါပေမဲ့ ဒီတိုင်းပြည်ကိုရောက်အောင် လာခဲ့တယ် သူဘယ်လို များ ဒီကိုလာခဲ့တာလဲ” ဟော့ဘာဝူချန်းသည် သိချင်စိတ်ဖြင့် ပြောလေသည် “သူ့ဘေးကလူက အရမ်းရင်းနှီးနေ သလိုပဲ အင်..”
“ပညာရှိစံအိမ်တော်က မြင့်မြတ်တဲ့သားတော်ပဲ ရင်းနှီးနေမှာပေါ့” ဖန်ကျိရှင်း ပြောလိုက်သည်။
“သူတို့နှစ်ယောက်က ဘယ်လိုဖြစ်လို့ အတူရှိနေတာလဲ၊ ပညာရှိစံအိမ်တော်ကလူတစ်ယောက်က ယိလင်းတိုင်းပြည်ကိုသွားရင်းနဲ့ သူ့အရည်အချင်းကို သတိထားမိပြီး ပညာရှိစံအိမ်တော်ကို ခေါ်သွားချင်လို့လား” ဟော့ဘာဝူချန်းသည် မှန်းဆလိုက်သည်။
ဖန်မျိုးနွယ်သည် ပုံမှန်အားဖြင့် ယိလင်းတိုင်းပြည်သို့ မသွားသော်လည်း ပညာရှိစံအိမ်တော်သည် သွား လေ့ရှိသည်။ အကြောင်းမှာ ပညာရှိစံအိမ်တော်သည် အနိမ့်ပိုင်းတိုင်းပြည်များတွင် အိမ်တော်အခွဲများရှိခြင်း ကြောင့်ဖြစ်သည်။ သူတို့သည် ရှီမာယူယူကို သတိထားမိနိုင်ခြေ အခွင့်အရေးပိုများသည်။
ထို့အပြင် သူမသည် ဝူလင်းယူနှင့် နီးနီးကပ်ကပ်တွင် ရပ်နေသည်။ ဆိုလိုသည်မှာ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးသည့်ပုံပေါ်သည်။ မြင့်မြတ်သောသားတော်နှင့် ရင်းနှီးသည့်သူ မရှိ သောကြောင့်ပင်။
သူထိုအကြောင်းကို တွေးလိုက်သောအခါ ဖန်ကျိရှင်းသည် သူ့တပည့်ကို ပညာရှိစံအိမ်တော်မှ ခေါ်သွား မည်ကို စိုးရိမ်လျက်ရှိသည်။ ဖန်မျိုးနွယ်နှင့် ပညာရှိစံအိမ်တော်တို့သည် ရန်ငြိုးရှိကြသည်။
နတ်ဆိုးမျိုးနွယ်သည် တိုက်ခိုက်ရာမှ တပ်ဆုပ်ရင်း အော်သွားကြလေသည်။
ရှီမာယူယူသည် သူတို့ပြောစကားများကို နားလည်သည်။ သူတို့ပြောသည်မှာ သူတို့ပြိုင်ဘက်မှာ သန်မာ သဖြင့် အားလုံးကို တပ်ဆုပ်ခိုင်းခြင်းဖြစ်သည်။
သို့သော် ဖန်ကျိရှင်းကို သူတို့ဝိုင်းထားသည်ကို ဖန်မျိုးနွယ်များ မြင်ပြီး သူတို့ကို တပ်ဆုပ်ခွင့်မပေးပေ။ သူတို့သည် အသက်ပြောင်းများစွာကို လက်လွတ်စပယ် သတ်ပစ်ခဲ့သည်။
နောက်ဆုံးတွင် နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးစစ်သူကြီးနှစ်ယောက်တို့သာ သွေးနီလောကမှ ထွက်ပြေး နိုင်ခဲ့လေသည်။ တခြားသော နတ်ဆိုးမျိုးနွယ်ဝင်များသည် ဖန်မျိုးနွယ်နှင့် သုံးယွမ်ဗျိုင်းမျိုးနွယ်မှ အကြီးအကဲများ ၏ သတ်ခြင်းကိုခံလိုက်ရလေသည်။
ရှီမာယူယူသည် တိုက်ပွဲပြီးသည်အထိ စောင့်ကြည့်နေရာ ဟာစွန်ကို သူမအနားသို့ ပျံလာခိုင်းလိုက် သည်။ သူမသည် အလောင်းများအဝေးတွင်ရပ်ပြီး ဖန်ကျိရှင်းနှင့် ဖန်လျုန်တို့ စကားပြောနေသည်ကို စောင့်ကြည့် နေလိုက်သည်။
“ရှင်းလေး ဘယ်လိုလဲ” ရှန်ဂျင်းသည် ပိန်လီနေသော ဖန်ကျိရှင်းကို ကြည့်ပြီး ပြီးခဲ့သည့်နှစ်များသည် သူ့ အတွက် ဘယ်လိုများဖြစ်ခဲ့သလဲဆိုသည်ကို မတွေးနိုင်တော့ပေ။
“ဝူချန်း ဒီနေရာမှာ ရှင်းလေးနဲ့ ဘာလုပ်နေတာလဲ” ဖန်လျုန်သည် ဟော့ဘာဝူချန်းကို မြင်သောအခါ သူတို့နှစ်ယောက်အတွက် ဆေးများထုတ်ပေးလိုက်သည်။
“ပြောရမှာတော့ရှည်တယ်၊ ကျွန်တော်တို့် ပြန်တဲ့အထိတော့ စောင့်ပေးကြပါ အဲအချိန်ကျရင် ဦးလေးနဲ့ အဒေါ်နဲ့ကို အားလုံးပြောပြမယ်” ဟော့ဘာဝူချန်းပြောလေသည်။
“ဟုတ်တယ် ဟုတ်တယ် အရင် ဒဏ်ရာတွေကို ကုလိုက်ဦး” ဖန်ကျိယန် ပြောလေသည်။
ဖန်ကျိရှင်းသည် ဆေးယူပြီးစားလိုက်ပြီးနောက် အလောင်းများကို ကျော်ဖြတ်ကာ ရှီမာယူယူရှေ့သို့ သွားလိုက်သည်။
“ဆရာ ကျွန်တော်လာပြီ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည်။
ဖန်ကျိရှင်းသည် လက်ဆန့်ပြီး ရှီမာယူယူ၏ မျက်နှာကို ကိုင်လိုက်ပြီး ဝမ်းသာစွာပြောလေသည် “မင်းက တော့ တကယ်ပဲ ဆရာမျှော်မှန်းချက်ထက် သာလွန်နေတယ်၊ ဆရာ… အရမ်းပျော်တယ်..”
ပြောပြီးနောက်တွင် သူ့ကိုယ်သည် ရှီမာယူယူဘက်သို့ လဲကျကာ မေ့မြောသွားလေသည်။
“ဆရာ ဆရာ” ရှီမာယူယူ သူ့ကို ပွေ့ထားပြီး သူမ နှစ်ကြိမ်မျှ အော်ခေါ်သော်လည်း တုန့်ပြန်မှုမရှိကြောင်း ကို တွေ့လိုက်ရသည်။ သူမ လက်ဆန့်ထုတ်ကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
သူတို့ဘေးတွင် ရပ်နေသော ဝူလင်းယူသည် သူမ ကိုယ်ပေါ်တွင် မမှီစေလိုသဖြင့် ဖန်ကျိရှင်းကို ဘေးသို့ သယ်သွားလေသည်။
ဖန်လျုန်နှင့် တခြားသူများသည် အလျင်စလိုပြေးလာရာ ဝူလင်းယူသည် သူ့ကို ပွေ့ထားသည်ကို မြင် လိုက်ရသည်။ သူတို့ဘယ်လောက်တောင် ရင်းနှီးလဲဆိုသည်ကို သူတို့သိချင်မိကြသည်။ မဟုတ်လျှင် ခေါင်းမှ ခြေ အဆုံး ညစ်ပတ်ပေရေနေသော လူတစ်ယောက်ကို မြင့်မြတ်သော သားတော်က ဘယ်လိုလုပ် ပွေ့ထားမှာလဲ။
သူမ ခန္ဓာကိုယ်ပေါ်သို့ တခြားယောက်ျားလေး မှီခြင်းကို အလိုမရှိသည်ကိုပင် သူသိသည်။
“ယူယူ ရှင်းလေး ဘယ်လိုနေလဲ”
ရှီမာယူယူသည် သူ့လက်ကိုယူပြီး စစ်ကြည့်ပြီးနောက် ပြောလေသည် “ဆရာ့ခန္ဓာကိုယ်က အရမ်းအား သုံးထားရတယ်၊ အခုသူ အနားယူရလိမ့်မယ်၊ သူ့ခန္ဓာကိုယ်က အနားယူဖို့အချိန်ကို မရှိခဲ့ဘူး၊ အရမ်းကြီးတော့ မဟုတ်ဘူး၊ အဘိုးပေးလိုက်တဲ့ ဆေးနဲ့ဆိုရင်ကို သူ ဖြေးဖြေးပြန်ကောင်းလာမှာပါ”
သူမ ပြောပြီးသည်နှင့် ဟော့ဘာဝူချန်းသည်လည်း မေ့မြောသွားလေသည်။ ဖန်ကျိယန်သည် သူ့အနီး တွင် ရှိနေလို့သာ ဖမ်းလိုက်နိုင်ခြင်းဖြစ်သည်။
“ဒီနေရာက နတ်ဆိုးမျိုးနွယ်နဲ့ အရမ်းနီးနေတယ်၊ ဒီနေရာကထွက်ပြီးမှ ပြောကြတာပေါ့” ဖန်လျုန် အမိန့် ပေးလေသည်။
သည်လိုနှင့် သူတို့သည် သတိမေ့နေသော ယောက်ျားနှစ်ယောက်ကို မိစ္ဆာပျံပေါ်တင်ကာ ပျံထွက်သွား ကြလေသည်။ ရှီမာယူယူသည် နီရဲပျားအသေများကို ကြည့်ကာ လက်ဝေ့လိုက်ပြီး သူတို့ကို ဝိဉာဉ်စေတီအတွင်း ခေါ်သွားလေသည်။ အပြင်ပိုင်းမြင်ရသော်လူများသည် နီရဲပျားများကို ဖယ်ရှားလိုက်ပြီဟု ထင်ကြမည်။
“ယူယူ မင်းမှာ ပျားတွေအဲလောက်များတာ သူတို့ကို ပုံမှန်ဆိုရင် ဘယ်မှာသိမ်းလဲ” ဖန်ကျိယန်သည် သိချင်စိတ်ဖြင့် မေးလေသည်။
“နီရဲပျားဘုရင်မက သူမ နီရဲပျားတွေနဲ့ စာချုပ်ရှိတယ် အဲတော့ သူတို့ရဲ့ စာချုပ်နေရာကြီးတစ်ခုရှိတယ်” ရှီမာယူယူသည် အရင်ကတည်းက စဉ်းစားထားသော အကြောင်းပြချက်ကို ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် သူတို့က နီရဲပျားဘုရင်မရဲ့ လက်အောက်မှာဆိုတော့ အဲနေရာကိုတော့ မေးစရာမလိုတော့ဘူးမလား”
ထင်ထားသည့်အတိုင်းပင် လမ်းကြောင်းပြောင်းလိုက်သဖြင့် ဖန်မျိုးနွယ်ဝင်များသည် ထပ်ပြီးမမေးတော့ ပေ။ သူတို့သည် သူမ ပခုံးပေါ်မှ နီရဲပျားဘုရင်မကိုသာ ဆက်ကြည့်နေကြသည်။
“ကျွန်တော်တို့ အခုဘယ်သွားကြမလဲ” သူမသည် ထိုအကြည့်များကို လျစ်လျူရှုပြီးနောက် စကားလမ်း ကြောင်းလွှဲလိုက်လေသည်။
“လူသားမျိုးနွယ်တွေ နေတဲ့နေရာပေါ့”
“ဒီမှာတကယ်ပဲ လူသားမျိုးနွယ်တွေနေတဲ့နေရာရှိတာလား” ရှီမာယူယူသည် အံ့သြစွာ ပြောလေသည်။
“ရှိတာပေါ့ လူသားမျိုးနွယ်တွေက ဒီနေရာကို အစောင့်ထားပြီး နတ်ဆိုးမျိုးနွယ်သာ သွေးဂူကိုဖြတ်လာ ရင် လူသားမျိုးနွယ်တွေရှိတဲ့ တိုင်းပြည်ကို အပြေးသတင်းပို့ရမယ်လေ” ဖန်လျုန်ပြောလေသည် “အဲဒါကြောင့် ဒီ နေရာမှာ နေတဲ့ လူသားတွေရှိတယ်၊ အခုလိုမျိုးနတ်ဆိုးမျိုးနွယ်နဲ့ တွေ့ရင် တိုက်ခိုက်ကြတာပဲ၊ သူတို့သာ မတိုက် ရင် အနည်းဆုံးတော့ သူတို့လာတဲ့လမ်းကို သိရတယ်”
“ဒီနေ့ ကျွန်ောတ်တို့တိုက်ခဲ့တဲ့ပွဲမှာ ကျွန်တော်တို့နဲ့သာ မတွေ့ရင် သူတို့အဲနေရာက ဖောက်လာမှာစိုးရ တယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမပြောစကားကို ကြားပြီးနောက် ရှန်ဂျင်းနှင့် တခြားသူများသည် အမူအရာများပြောင်းသွားကြလေ သည်။ သူတို့သည် လူနေထိုင်သောနေရာကို တွေ့ရပြီဖြစ်သော်လည်း ဖန်လျုန်သည် ဦးတည်ရာဘက်ပြောင်း ခိုင်းလေသည်။
“ဘာဖြစ်လို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“သွေးနယ်မြေက ကြီးလွန်းလို့ ဧရိယာအမျိုးမျိုးခွဲထားတယ်၊ ဧရိယာတိုင်းမှာ ကိုယ့်လူနဲ့ကိုယ် ကင်း လှည့်တာတွေရှိတယ်” ဝူလင်းယူ သူမကိုရှင်းပြလေသည်။
ရှီမာယူယူ နားလည်လိုက်သည်။ ဧရိယာတိုင်းတွင် ကင်းလှည့်သူများရှိသဖြင့် ဖန်ကျိရှင်းတို့ ထိုနေရာ တွင် ပိတ်မိနေသည်ကို ထိုနေရာမှလူများ သိပြီးဖြစ်လိမ့်မည်။ သို့သော် သူတို့သည် မကယ်ခဲ့ပေ။ ဆိုလိုသည်မှာ ထိုလူများတွင် တမင်ရည်ရွက်ချက်ရှိ၍ ဖြစ်မည်။ သူတို့သည် ဖန်ကျိရှင်းတို့ကို တမင် မသိချင်ယောင်ဆောင်ကာ မကယ်ခဲ့ပေ။ သူတို့သည် ဖန်ကျိရှင်းတို့ ထိုနေရာတွင် ပိတ်မိနေသည်ကို ဝမ်းသာခြင်းမှာ ဖြစ်နိုင်ချေများသည်။
ဆိုလိုသည်မှာ ထိုနေရာတွင် စခန်းချထားသော လူများသည် ဖန်မျိုးနွယ်နှင့် ရန်ငြိုးရှိ၍ ဖြစ်မည်။
ထို့ကြောင့်ပင် သူတို့သည် ထိုလူများကို မရှာတော့ပ အနားရှိ ဧရိယာသို့ အလောတကြီးသွားလိုက်သည်။
ထိုဧရိယာကို တာဝန်ယူထားသူမှာ ဖန်လျုန်၏ မိတ်ဆွေဟောင်း ရှုံအိုက်ရန်ဖြစ်သည်။ သူတို့ရောက် သည် ဟုကြားသည်နှင့် သူသည် လာနှုတ်ဆက်လေသည်။
“လျုန်လေး ဒီကိုဘာလာလုပ်တာလဲ” ရှုံအိုက်ရန်သည် ဖန်လျုန်အားမြင်သောအခါ ကျယ်လောင်စွာ အော်လေသည်။
သူ ဖန်လျုန်ကို နှုတ်ဆက်သည့်ပုံကို ရှီမာယူယူကြားသောအခါ ခေါင်းငုံ့ပြီး ရီမိလေသည်။
ဖန်လျုန်သည် ထိုနှုတ်ဆက်မှုကို အသားကျနေပြီဖြစ်ကာ ပြောလိုက်သည် “ငါ့သားကို လာရှာတာ၊ အသေးစိတ်ကို နောက်မှပြောပြမယ်၊ သူတို့အခု ဒဏ်ရာရထားတယ်၊ အဲတော့ သူတို့နားဖို့ နေရာလိုနေတယ်”
“ဒါဆို ငါနဲ့လိုက်ခဲ့” ရှုံအိုက်ရန်သည် ဦးဆောင်သွားလေသည်။ သူသည် အစောင့်များကို ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့ကို သယ်သွားခိုင်းကာ အိမ်အလွတ်ဆီသို့ ခေါ်သွားလေသည်။
ရှီမာယူယူသည်လည်း လိုက်သွားကာ ဖန်ကျိရှင်း၏ အခြေအနေကို စောင့်ကြည့်ချင်သော်လည်း ရုတ်တရက်ပင် ပုံမှန်မဟုတ်သော ရောင်ဝါကို ခံစားလိုက်ရသည်။ နတ်ဆိုးလက်ပတ်အတွင်းမှ လှုပ်ရှားမှုမရှိ သည်မှာ အတော်ကြာပြီဖြစ်သည်။