ဖမ်းဆီးခြင်း
Vol. 006 Ch. 575
ဖန်ကျိရှင်းသည် ထိုနှစ်များတွင် သူမကြုံတွေ့ခဲ့ရသည်များကို စိုးရိမ်လျက်ရှိသည်။ ရှီမာယူယူသည် ထိုအတော်အတွင်း ကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုံးပြောပြလေသည်။ သူမသည် စောစီးစွာ သေဆုံးသွား မည်ကို ကြောက်သည်။
အသက် ၂၀ကျော် အံ့ဖွယ်အဆင့်လောက်နှင့် ကမ္ဘာဦးနယ်မြေတွင် ထူးချွန်သည့်အထဲတွင် မပါဝင်ပေ။ ထို့အပြင် ထိုနေရာမှ လူအများသည် ဝိဉာဉ်စွမ်းအင်များဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ ထို့အပြင် အသက် ၂၀ ကျော်နှင့် အံ့ဖွယ်အဆင့်ရောက်သူများမှာ ကမ္ဘာဦးနယ်မြေတွင် ပေါများသည်။ ပတ်ဝန်းကျင်သာ ကွဲပြားသွားပါက အခြေအနေလည်း မတူတော့ပေ။
ကျင့်ကြံသူတစ်ယောက်သည် အထူးသဖြင့် ငယ်ရွယ်သောအချိန်တွင် အနိမ့်ပိုင်းတိုင်းပြည်တွင် အံ့ဖွယ် အဆင့်ရောက်ရန် ကျင့်ကြံရမည်မှာ မလွယ်ကူလှပေ။
ဘေးတွင်နားထောင်နေသော ဟော့ဘာဟန်ပင်လျှင် အံ့သြတုန်လှုပ်သွားလေသည်။ အထူးသဖြင့် သူမ သည် တည်ဆောက်မှုများ၊ ဆေးဖော်စပ်ခြင်းနှင့် ဆေးပညာများတွင် တော်သည်ဟု ကြားလိုက်ချိန်တွင် သူ့ရှေ့ တွင်ရှိသောလူသည် သတ္တဝါကြီးတစ်ကောင်သဖွယ် မြင်မိလေသည်။
ရှီမာယူယူသည် နေ့တစ်ဝက်လောက် ပြောရင်းနေပြီးနောက် ထွက်သွားလိုက်သည်။ သူမ ထွက်လာ သည့်အချိန်တွင်လည်း ဟွာရှုံကိုပြန်တွေ့လေသည်။ သူမဘေးတွင်ရှိသော ဝူလင်းယူသည်လည်း သူ့ကို ကြည့် လိုက်သည်။ သူတို့မျက်လုံးထဲမှ အမူအရာများသည် အလွန်ကွဲပြားသည်။
ဟွာရှုံသည် အလွန်စိတ်လှုပ်ရှားနေကာ သူ့သရုပ်မှန်ပေါ်သွားပါက ဘယ်လိုတုန့်ပြန်ရမည်ကို တွေးနေ လေသည်။ သူတို့သည် ဒီအတိုင်းပင် ထွက်သွားလိမ့်မည် သူ မမျှော်လင့်မိပေ။
ညတွင် ဝူလင်းယူသည် သူ့အခန်းမှ ထွက်လာလိုက်သည်…
ဖန်ကျိရှင်းနှင့် ဟော့ဘာဝူချန်းတို့သည် လျင်မြန်စွာပင် သက်သာလာသည်။ သူတို့ ပြန်သက်သာလာချိန် တွင် သူတို့သည် ကမ္ဘာဦးနယ်မြေသို့ ပြန်မည်ဟု ရှီမာယူယူထင်ထားခဲ့သည်။ သူတို့နေခဲ့လိမ့်မည်ဟု လုံးဝထင် မထားပေ။
“ယူယူ သွေးဂူက အန္တရာယ်များပေမယ့် ဒီနေရာမှာတော့ တည်ဆောက်မှုလုပ်ထားတယ်၊ မင်း အပြင် မထွက်မချင်း ဒီနေရာက လုံခြုံပါတယ်” ရှန်ဂျင်း ရှင်းပြလေသည် “ဒီရက်တွေမှာ နတ်ဆိုးမျိုးနွယ်ရဲ့ လှုပ်ရှားမှု တွေ စိပ်နေတယ်၊ ဘေးကင်းအောင်လုပ်ဖို့ ခက်တယ်၊ လူသားမျိုးနွယ် တစ်ယောက်အနေနဲ့ ငါတို့ ဒီနေရာမှာ နေ ပြီး အခြေအနေကို ကူညီပေးဖို့လိုတယ်”
သွေးဂူတွင် ဧရိယာများပိုင်းခြားထားပြီး ဧရိယာတစ်ခုစီတွင် လူတစ်ယောက်စီက စီမံသည်။ တာဝန်ကျ သူများမှာ အလှည့်ကျဖြစ်ပြီး မိသားစုတစ်ခုသည် ၅နှစ်မှ ၆နှစ်အထိ တာဝန်ယူရသည်။ ဧရိယာတစ်ခုစီတွင် နံပါတ်စဉ်အလိုက် တာဝန်ကျထားပြီး ရာထူးများလည်း ခွဲထားသည်။ သူတို့အချိန်ပြည့်ပါက တာဝန်ကျလူသည် နောက်တစ်ယောက်ကို အနီရောင်ကတ်ပေးပြီး လွှဲပေးရသည်။
ထိုတာဝန်ကျမိသားစုသည် အနီရောင်ကတ်ကိုလက်မခံပါက တိုင်းပြည်၏ ရန်သူဖြစ်သွားပြီး အင်အား ကြီးများ၏ ရန်ငြိုးထားခြင်းခံရသည်။ တာဝတ်ကျမိသားစုများသည် တာဝန်မယူချင်လျှင်လည်း ယူရသည်။ သူတို့ ၏ အင်အား မလုံလောက်ပါက တခြားသူများ၏ အကူအညီကိုယူလို့ရသည်။
မဟုတ်လျှင် ချမ်းသာသော မိသားစုများသည် သူတို့မိသားစုဝင်ကို မပို့ချင်ပါက နေရာအစားထိုးမည့်လူ ကို ခန့်အပ်သည်။
ကမ္ဘာဦးနယ်မြေများတွင် တစ်ဦးတစ်ယောက်နှင့် ရန်ငြိုးရှိပါက သူတို့အိမ်သို့ အနီရောင်ကတ်ပို့လိုက် သည်နှင့် အကောင်းဆုံးလက်စားချေခြင်းဖြစ်သည်။
ရှုန်အိုက်ရန်၏ အဖွဲ့သည် သူတို့တာဝန်ပြီးဆုံးမည့်အချိန်နီးလာကာ လအနည်းငယ်သာ နေရတော့ မည်။ မထင်မှတ်ပဲ နတ်ဆိုးမျိုးနွယ်တွင် တခြားသော အစီအစဉ်များရှိနေခဲ့သည်။ သူတို့သည် ထိုနေရာအား တိုက် ခိုက်ရန် လူများကို ပိုလွှတ်လာသည်။ တစ်ခါတစ်ရံတွင် တချို့သော နတ်ဆိုးများသည် သူတို့အတားအဆီးကို ဖျက်နိုင်ခဲ့သည်။
ထိုကျူးကျော်မှုများ စိပ်လာသောအခါ ရှုန်အိုက်ရန်သည် သူတို့အား မခုခံနိုင်တော့ပေ။ သူတို့သည် အနောက်ဖက် ဧရိယာမှ အဖွဲ့ကို အကူအညီတောင်းရန် လူလွှတ်ထားသည်။ ဖန်မိသားစု အချိန်ကိုက်ပေါ်လာ သောအခါ သူတို့သည် နေခိုင်းပြီး အကူအညီတောင်းလေသည်။
ဖန်မိသားဟုသည် အရင်က ထိုနေရာတွင် တာဝန်ယူဖူးသည်။ ထို့ကြောင့်ပင် ရှန်ဂျင်းနှင့် ဖန်လျုန်သည် ထိုနေရာ၏ အခြေအနေအား ရင်းနှီးနေခြင်းဖြစ်သည်။ အခု သူတို့ မိတ်ဆွေ ဒုက္ခရောက်နေသည်ဟု သိလိုက် သောအခါ သူတို့ ဒီအတိုင်းကြည့်နေနိုင်မလား။
ရှီမာယူယူသည်လည်း ထိုအကြောင်းကို သိသောအခါ စိတ်မကောင်းပေ။ သူတို့သာ အကူအညီလိုပါက ဗျိုင်းမျိုးနွယ်၏ အကြီးအကဲများ ကူညီနိုင်သည်ဟုသာ ပြောနိုင်သည်။
သို့သော် ရှုတ်အိုက်ရန်တို့သည် ထိုအစီအစဉ်အား လက်မခံပေ။ ပြောရမည်ဆိုလျှင် သူတို့သည် ဗျိုင်း မျိုးနွယ်အား ဝင်မပါစေချင်ပေ။ ထို့အပြင် သူတို့သည် ရှီမာယူယူ၏ လုံခြုံရေးအတွက် ထိုနေရာသို့ လိုက်လာခြင်း ဖြစ်သည်။ ဒီနေရာတွင် သူမသာ တစ်စုံတစ်ရာဖြစ်သွားပါက ဂဠုန်ဘုရင်လည်း ထိခိုက်သွားနိုင်သည်။ ထိုအချိန် တွင် ငှက်မျိုးနွယ်တစ်ခုလုံးသည် သူတို့အား စာရင်းလာရှင်းနိုင်သည်။
အစပိုင်းတွင် ရှီမာယူယူသည် နေခဲ့ကာ တိုက်ပွဲများကို ကြည့်ချင်ခဲ့သည်။ သို့သော ထိုရက်များတွင် ဖန်လျုန်တို့အဖွဲ့ထွက်သွားချိန်တွင် သူမကို မပြောခဲ့ပေ။ သူတို့ပြန်လာတိုင်းတွင်လည်း ဒဏ်ရာများရလာခဲ့သည်။ သူမသည် ထိုမျှလောက် သွေးလွှမ်းသောပွဲကို မမြင်ဖူးခဲ့ပေ။
တစ်နေ့တွင် သူမသည် ပုံမှန်အတိုင်းအခန်းအတွင် စာဖတ်နေချိန်တွင် ဝူလင်းယူ ဝင်လာသည်။ သူ သူမကို ပြောဟန်ပြင်နေသော်လည်း တွေဝေနေသည်။
“ဘာလို့လဲ ပြဿနာရှိလို့လား” ရှီမာယူယူသည် စာအုပ်အားချထားလိုက်သည်။ သူမ ခေါင်းမော့ပြီး မေး လိုက်သည်။
ဝူလင်းယူသည် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် “ဒီတစ်ခါကို နတ်ဆိုးမျိုးနွယ်က အများကြီးလွှတ်လိုက် တယ်လို့ အပြင်ကလူတွေပြောတာကြားတယ်၊ တိုက်ပွဲမြေပြင်ကတော့ အမြင်လှမှာမဟုတ်ဘူး မင်းဆရာလည်း လိုက်သွားတယ်”
“ဆရာလည်းလိုက်သွားတယ် ဟုတ်လား” ရှီမာယူယူသည် စာအုပ်ကိုပိတ်လိုက်သည် “ဆရာတို့အဖွဲ့ အခြေအနေအကြောင်းကို သူတို့ ဘာမှမပြောကြဘူးလား”
“မပြောဘူး” ဝူလင်းယူ ပြန်ဖြေလေသည် “ဒါပေမဲ့ ဒီသတင်းကို ဘယ်သူပြောတာလဲသိလား၊ မင်းလည်း သူ့ကိုသိပါတယ်”
“ကျွန်တော်သိတယ်ဟုတ်လား”
“ဟွာရှုံလို့ခေါ်တဲ့ တစ်ယောက်ပဲ”
“ဟင်” ရှီမာယူယူသည် သူမမေးစေ့အားကိုင်ကာ စဉ်းစားလိုက်သည် “သူပြောတာဆိုရင် သတင်းက အမှန်လို့ မသေချာဘူး”
ထိုလူသည် လူသားမဟုတ်သည်ကို သူမနှင့် ဝူလင်းယူတို့ သိသည်။ သူသည် နတ်ဆိုးဖြစ်နိုင်ချေမှာ များ သည်။ သူ ဒီလိုသတင်းကို ပေးတာ ဘာရည်ရွယ်ချက်နဲ့လဲ။
သူတို့သည် အရေးကြီးသည်ဟု မတွေးခင်မှာပင် အစောင့်တစ်ယောက်သည် အပြင်မှပြေးလာပြီး ရှီမာယူယူကို တွေ့ချင်နေသည်။
ရှီမာယူယူသည် ထိုနေရာသို့ လျှောက်လာသော လှုပ်ရှားသံများကြားလိုက်သည်။ ဖန်မိသားစု၏ ကိုယ်ရံတော်သည် သွေးများပေကျံကာ ရောက်လာသည်ကို သူမတွေ့လိုက်သည်။ သူမ အမူအရာပြောင်းသွား ကာ အော်လိုက်သည် “ဘာတွေဖြစ်နေတာလဲ”
“သခင်ကြီးကို နတ်ဆိုးတွေဝိုင်းထားတယ်၊ သူတို့ ကြကြာမခံနိုင်တော့ဘူး၊ ကျွန်တော်က အပြင်ဘက်မှာ ရှိနေခဲ့တာ ဒီကို သွေးလမ်းကနေလာခဲ့ရတာ၊ သခင်လေးရှီမာ သခင်ကြီး၊ သခင်မကြီးနဲ့ သခင်လေးတို့ကို ကယ် ပေးပါ”
“ကျွန်တော့်ဆရာလည်းသွားတာလား”
“ဟုတ်ပါတယ် သခင်လေးဟော့ဘာလည်းသွားပါတယ်” အစောင့်သည် အားမရှိစွာ ပြောလေသည်။ ရုတ်တရက်ပင် သူ့လက်ထဲတွင် ဆေးပုလင်းပေါ်လာသည်။
“မင်းဒီမှာ နားနေလိုက်ဦး” ရှီမာယူယူသည် ဟာစွန်အားဆင့်ခေါ်ကာ တက်လိုက်သည်။ ဝူလင်းယူသည် သူမဘေးတွင် ရပ်လိုက်သည်။
“ကျွန်တော်တို့လည်း လိုက်ချင်တယ် သခင်လေးရှီမာ ကျွန်တော်တို့ကိုပါ ခေါ်သွားပေးပါ” အစောင့်များ သည် ပြေးလာကာ ရှီမာယူယူအား ပြောလေသည်။
ရှီမာယူယူသည် အစောင့်များကို ကြည့်လိုက်ရာ သူတို့လည်းလိုက်မှပင် စိတ်သက်သာရာရမည်ကို ခံစား ရသဖြင့် ခေါင်းညိမ့်လိုက်သည်။ သူမသည် ဟွာရှုံအား တိတ်တဆိတ်ကြည့်လိုက်သည်။
သူမ တိုက်ပွဲမြေပြင်သို့ သွားမည်ဟုဆိုသည်နှင့် ဗျိုင်းမျိုးနွယ်မှ အကြီးအကဲများလည်း အလျင်အမြန် လိုက်လာကြသည်။ သူမသာ တစ်ခုခုဖြစ်သွားပါက သူတို့သည် အသက်ရှင်ရန်မဖြစ်နိုင်ပေ။
ဟာစွန်သည် သူတို့အား တိုက်ပွဲမြေပြင်သို့ ခေါ်ဆောင်သွားလေသည်။ သူ့အရှိန်နှင့် သွားသည်ပင်လျှင် ၂နာရီကြာသည်။ ရှီမာယူယူသည် ဟာစွန်အပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ အမှောင်ထဲတွင် လူသားမျိုးနွယ် မဟုတ်သော ပုံရိပ်များနှင့် ဖန်ကျိရှင်းတို့အဖွဲ့တိုက်ခိုက်နေသည်ကို သူမ မြင်လိုက်ရသည်။ အရေးကြီးသော အခြေအနေဖြစ်ကြောင်းကို သူမ ခံစားမိလိုက်သည်။
“မြန်မြန် ဆရာကိုကယ်ပေးကြပါ” ရှီမာယူယူသည် ဗျိုင်းမျိုးနွယ်အကြီးအကဲများကို ပြောလိုက်သည်။
ဗျိုင်းမျိုးနွယ်၏ အကြီးအကဲများသည် အင်အားကြီးမားကာ ဖန်လျုန်တို့နှင့်ယှဉ်လိုက်လျှင် သူတို့သည် ပို သန်မာသည်။ သူတို့သွားသည်နှင့် ဖန်လျုန်တို့အပေါ်တွင်ရှိသော ဖိအားသည် လျော့ကျသွားသည်။
ရှီမာယူယူသည် ဖက်တီးကျူ၏ သံမဏိအလုံးအသေးကိုထုတ်လိုက်သည်။ သူမသည် အခွင့်ကောင်းကို စောင့်ပြီးနောက် နတ်ဆိုးများဆီသို့ ပစ်လိုက်သည်။ ရုတ်တရက်ပင် သူမလက်မောင်းသည် အဆွဲခံလိုက်ရပြီး သူမ ခါးသည် တစ်စုံတစ်ယောက်၏ လက်တွင် ပါသွားကာ အဖက်ခံလိုက်ရသည်။ သူမသည် ဘေးသို့ ပါသွား လေသည်။
သူမ လှည့်ကြည့်လိုက်ချိန်တွင် ဟွာရှုံ၏ ကြည့်ကောင်းသော မျက်နှာသည် သူမမြင်ကွင်းအတွင်းဝင် လာသည်။