← Chapters

အခန်း (၆၀၁)

Vol. 41 Ch. 601

အခန်း (၆၀၁)

Vol. 41 Ch. 601

ရုတ်တရက်ဆိုသလိုပဲ လူတစ်ယောက်သည် လေထုထဲမှ ထွက်ပေါ်လာပြီး သူတို့သွားရာလမ်းကို တားဆီးလိုက်သည်ကိုမြင်တော့ သိုင်းအုပ်စိုးသူ လေးယောက်တို့သည် ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ဒီအော်ရာ"

ရုတ်တရက်ဆိုသလိုပဲ ထိုသူသည် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေမှန်း သူတို့ သိရှိလိုက်သည်။

"ခင်ဗျား ဘယ်သူလဲ" နတ်ဆိုးမိစ္တာဂိုဏ်းမှ သိုင်းအုပ်စိုးသူတစ်ယောက်သည် လက်သီးကို ဆုပ်ကာ မေးလိုက်သည်။

"ကျွင်းချောင်ရှောင်း"

"ကျွင်းချောင်ရှောင်း ဟုတ်လား။”

“ပြိုင်စံရှား ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"

သိုင်းအုပ်စိုးသူ လေးယောက်တို့၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။

သူတို့ ရောက်ရှိလာသည့်အချိန်တွင် ဤဂိုဏ်းချုပ် သည် ဓားနှင့် သိုင်းဘုရင်တစ်ယောက်ဖြစ်ကြောင်း သူတို့ သိရှိသည်။ သို့ပေမဲ့ အဘယ့်ကြောင့် ပျံသန်းနိုင်စွမ်းရှိနေသနည်း။

သိုင်းအုပ်စိုးသူထဲက တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။ "တကယ်ပဲ ကျွင်းချောင်ရှောင်းလား"

ဝှစ်။

ဂိုဏ်းချုပ်ကျွင်းသည် ပါးပိတ်ရိုက်လိုက်တော့၏။

ပုံစံကို ကြည့်ရသည်မှာ အလွန်တရာ ပျော့ညံ့လှသည်ဆိုသော်လည်း တစ်ဖက်လူ၏ မျက်နှာသည် ဘေးတစ်ဖက်သို့ စောင်းသွားပြီး မြေကြီးထဲသို့ပင် ခေါင်းစိုက်သွားတော့သည်။

ဘုန်း ဘုန်း

မြေကြီးသည် ချိုင့်ဝင်သွားပြီး ကြီးမားလှသော တွင်းကြီးတစ်ခုပင် ဖြစ်သွားတော့သည်။

သိုင်းအုပ်စိုးသူ၏ မျက်နှာသည် ပဲ့ရွဲ့သွားသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်နှင့် ရိုက်မိပြီး ချက်ချင်းပဲ သတိလစ်မေ့မျောသွားတော့၏။

တစ်ခြားသော သိုင်းအုပ်စိုးသူ သုံးယောက်တို့သည် မျက်လုံးများ ပြူးထွက်မတတ် ထိတ်လန့် တုန်လှုပ်မိသွားကြသည်။

သိုင်းအုပ်စိုးသူတစ်ယောက်ကို ချက်ချင်းဆိုသလို မေ့မျောအောင် ရိုက်နှက်ဖို့ ဆိုလျှင် ဤလူသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်လား။

မဟုတ်သေးပေ။ ခုနကလေးတင် တွေ့ရသည်မှာ တည်နေရာအက်ကွဲကြောင်းထဲက ထွက်ခွာလာပုံပေါ်၏။

ထိုအရာသည် တည်နေရာစွမ်းအင် ထိန်းချုပ်နိုင်မှုအား အလွန်ကျွမ်းကျင်သောကြောင့်သာ ဖြစ်မည်။ ဆိုလိုသည်မှာ ဤလူသည် ….

"သိုင်းနယ်မြေ။"

သုံးယောက်လုံးသည် တစ်ပြိုင်နက်တည်း ထအော်လိုက်မိကြသည်။

ဘန်း ဘန်း ဘန်း

ကျွင်းချောင်ရှောင်းသည် အချိန်မဖြုန်းပေ။ သုံးယောက်လုံးကို ပါးပိတ်ရိုက်လိုက်တော့သည်။

သုံးယောက်လုံးသည် အမြှောက်မှ ပစ်လွှတ်လိုက်သော အမြောက်ဆံများကဲ့သို့ပင် ခပ်ဝေးဝေးဆီသို့ လွင့်စင်သွားတော့၏။

သူတို့သည် ဤနေရာသို့ ရောက်ရှိလာသည့် အချိန်တွင် ပြိုင်စံရှား ဂိုဏ်းဆီသို့ သွား၍ စိတ်ဝိညာဉ် ကျောက်တုံးများကို မည်သို့ ပြန်လည်ရယူမည်ဆိုသည်ကို တိုင်ပင် ဆွေးနွေးလာခဲ့သည်။

အထူးသဖြင့် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းက သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူနှစ်ယောက်တို့ပင် ဖြစ်သည်။ ၎င်းတို့သည် နတ်စိုးမိစ္ဆာဂိုဏ်းအား သေသေချာချာ ကူညီမည်ဖြစ်ပြီး စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်မှ ရှစ်ရာခန့် သူတို့အား ပေးအပ်ရန် တောင်းဆိုခဲ့သေး၏။

အဆုံးသတ်မှာတော့ သူတို့သည် သံမဏိအရိုးတောင်ဆီသို့ လာရာလမ်းမှာတင် သတိလစ်မေ့မျောလျက်ရှိနေကြသည်။

အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲ ထက်စာလျှင် သူတို့သည် အနည်းငယ် သက်သာမည်ဟု ပြောရမည်။

ဘုတ် …. ဘုတ်။

သိုင်းအုပ်စိုးသူ လေးယောက်တို့သည် သိုင်းလေ့ကျင်းရေးကွင်းပြင်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားတော့သည်။

၎င်းတို့၏ ဝိညာဉ်အရင်းအမြစ် အားလုံးကို ကျွင်းချောင်ရှောင်းသည် ထိန်းချုပ်သွားခဲ့ပြီဖြစ်သည်။

အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးအပါအဝင်အကောင်းဆုံးသော ကျင့်ကြံသူ ငါးယောက်တို့အား သံမဏိအရိုးဂိုဏ်း၌ ထိန်းသိမ်းထားခဲ့ပြီဖြစ်၏။

"ဂိုဏ်းချုပ်"

အကြီးအကဲဝေသည် အသံပို့လွှတ်လိုက်၏။ "ဒီလူတွေကိုရော ခြံဝန်းကို သန့်ရှင်းခိုင်းမလို့လား"

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "သိုင်းအုပ်စိုးသူ ထိတ်ဆုံးအဆင့်ကျင့်ကြံသူဆိုတာ တကယ့်ကို တန်ဖိုး ကြီးမားတယ်။သူတို့ကို ဖမ်းထားပြီးတော့ မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းကို ငွေနဲ့လာရွေးခိုင်းရမယ်။"

အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးကို ထိန်းချုပ်ခြင်း ဆိုသည်မှာ ဘာမှ ကြီးကျယ်လှသည့် ပြသနာကြီးကြီးမားမား မရှိပေ။

တတိယအဆင့် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းမှာတော့ ခြားနားလွန်းလှ၏။

သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် လေးယောက်ကို သတ်ဖြတ်လိုက်သည် ဆိုပါက တစ်ဖက်လူများသည် သူ့အား အလွတ်မပေးဘဲ လိုက်လံသတ်ဖြတ်ပေလိမ့်မည်။

ထို့ကြောင့် ဤနေရာတွင် ခဏထိန်းသိမ်းထားခြင်းသည် နှစ်ဦးနှစ်ဖက် ပိုမို အဆင်ပြေသည့် နည်းလမ်းပင် ဖြစ်တော့သည်။

အကောင်းဆုံးသော နည်းလမ်းမှာ ထိုသူများနှင့် မိစ္ဆာဂိုဏ်းများ၏ ငွေကြေး၊ အရင်းအမြစ်များကို လဲလှယ်လိုက်ခြင်းပင် ဖြစ်သည်။ သနားစရာကောင်းလှသော မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းပင် ဖြစ်တော့၏။

၎င်းတို့သည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် လေးယောက် ကို စေလွှတ်ပြီး ပြိုင်စံရှားဂိုဏ်း ဆီမှ စိတ်ဝိညာဉ်ကျောက်တုံးများအား ပြန်လည် ရယူနိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သိုင်းအုပ်စိုးသူများကို လက်ဆောင် လာပေးသည်နှင့် ဆင်တူနေသည်။

အကြီးအကဲဝေက ပြောလိုက်သည်။ "သိုင်းအုပ်စိုးသူ ထိပ်ဆုံးဆိုတာ အားအကောင်းဆုံးသူတွေထဲကတစ်ယောက်ပဲ။ နတ်ဆိုးမစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်း နတ်ဘုရား ဂိုဏ်းက သူတို့ကို ငွေကြေးနဲ့ လဲရမယ်ဆိုရင်တောင်မှ ပျော်ပျော်ကြီး လာလဲမှာပဲ။"

"သူတို့ကို ဖမ်းချုပ်ထားလိုက်" ကျွင်းချောင်ရှောင်း ကျယ်လောင်စွာပြောလိုက်သည်။

စုရှောင်မို ၊ လီဖေးနှင့် တစ်ခြားသော သူများသည် ပြေးလာပြီးသည့်နောက် သတိလစ်မေ့မျောနေသော လူလေးယောက်တို့ကို ခေါ်သွားတော့၏။

ပထမတစ်ကြိမ်တွင် သူတို့သည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို ဖမ်းချုပ်ရသည်။ ယခု သိုင်းအုပ်စိုးသူ လေးယောက်တို့အား အချုပ်ထဲသို့ ထပ်မံပို့ ပြန်သည်။ ဤအရာသည် ကြီးကျယ် ခမ်းနားလှသော ခံစားချက်ကို ရရှိစေသည်။

အမှန်ပင် ဖြစ်တော့သည်။

သာမန်ကျင့်ကြံသူများအားလုံးသည် ထိုသို့သော လူများအား ခေါင်းမော့ကာ ကြည့်ခဲ့ရသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် ထိုလူများအား ထောင်ထဲသို့ ထည့်လျက်ရှိ၏။

ဘုတ်

မူချန်းဟုန်သည်လည်း သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ဆင်းလာတော့သည်။

လက်ရှိအခြေအနေတွင် ဂိုဏ်းအကာအကွယ် အစီအရင်သည် ပျက်စီးသွားခဲ့ပြီ ဖြစ်သောကြောင့် မူချန်းဟုန်သည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်လာခွင့် ရနေသည်။

"မြို့တော်ဝန်မူ"

ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ဖြင့် ပြောလိုက်သည်။ "ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ဒီကျွင်းက အရမ်းကို ကျေးဇူးတင်တယ်"

သူသည် လေးလေးနက်နက် နှင့် ပြောလိုက်ခြင်း ဖြစ်သည်။

အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲကြီးသည် ရုတ်တရက်ရောက်ရှိလာသည့် အချိန်တွင် မြို့တော်ဝန်မူ သည်သာ ကူညီခြင်းကို မပြုလုပ်ခဲ့ပါက သူ့အနေနှင့် စတိုးထဲသို့ ဝင်ရန် အချိန်ရှိလိမ့်မည် မဟုတ်ပေ။

မူချန်းဟုန်၏ အကူအညီသာ မရှိလျှင် ပြိုင်စံရှားဂိုဏ်းသည် ကျိန်းသေပေါက် ဒုက္ခတွေ့မှာ သေချာ၏။

မှားယွင်းတွက်ချက်မိခြင်း။

ဤကဲ့သို့သော အခြေအနေမျိုးကို နောက်ဘယ်‌တော့မှ သူ အဖြစ်ခံလိမ့်မည် မဟုတ်ပေ။ သတိထားမှ ဖြစ်ပေလိမ့်မည်။

မူချန်းဟုန်က ပြောလိုက်သည်။ "တကယ်တော့ ကျုပ်လည်း ဘာမှ လုပ်ခဲ့တာမဟုတ်ဘူး။ပြိုင်စံရှား ဂိုဏ်းက ဒုက္ခတွေ့စရာလည်း မရှိပါဘူး။"

သူသည် ကျွင်းချောင်ရှောင်း၏ အဆင့် ရုတ်တရက် တိုးတက်သွားခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ နဂါးလေး အကြောင်းကို ပြောနေခြင်း ဖြစ်သည်။

ထိုအချိန်တုန်းက လက်ဝါးကြီး၏ ရိုက်ချက်အား နဂါးလေးသည် အနှေးနဲ့ အမြန်ဆိုသလိုပဲ ကာကွယ်နိုင်မှာ သေချာ၏။ နဂါးလေးကိုတော့ ကျွင်းချောင်ရှောင်း စွန့်လွှတ်လိုက်ရနိုင်၏။

ကျွင်းချောင်ရှောင်းသည် ထပ်မံကာ ပြောလိုက်၏။ "ကောင်းကင်ဘုံကျောင်းနဲ့ ဂိုဏ်းအသိအမှတ်ပြုဗဟို က တိတ်တဆိတ်လာပြီး ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကောင်းကင်ဘုံကျောင်းနှင့် ဂိုဏ်းအသိအမှတ်ပြု‌ဗဟိုမှ ကျင့်ကြံသူများသည် ကြောင်တောင်တောင်နှင့် ထွက်လာကြသည်။ "ဒီပြသနာကြီးကို မြိုတော်ဝန်မူနဲ့ ဂိုဏ်းချုပ်ကျွင်းတို့ ပူးပေါင်းပြီးဖြေရှင်းခဲ့တာပဲ။ကျုပ်တို့က ဘာမှ မကူညီနိုင်ခဲ့ဘူး ရှက်ရွံ့စရာပဲ။"

သူတို့သည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုအရာမှာ ကောင်းသော ရည်မှန်းချက်ပင် ဖြစ်သည်။ တစ်ဖက်လူများ ကူညီခြင်း ၊ မကူညီခြင်းကို ကျွင်းချောင်ရှောင်း ဂရုမစိုက်ချေ။

သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။

“ပြန်သွားပြီး ခေါင်းဆောင်ကြီး စစ်တုဟောင်ယွင် နဲ့ ဂိုဏ်းအသိအမှတ်ပြုဗဟို က ခန်းမသခင် ရီ တို့ကို ဒီကြင်နာမှုအတွက် ကျွင်းက ကျိန်းသေပေါက် မှတ်ထားမယ်လို့ ပြောပေးပါ။ ပြိုင်စံရှား ဂိုဏ်းရဲ့ အကူအညီကို အနာဂတ်မှာ လိုလာပြီဆိုရင် ဘယ်ကိစ္စမျိုးကို ဖြစ်ဖြစ် လိုက်ပြီး ကူညီပေးပါ့မယ်။"

သူသည် တိကျပြတ်သားလှသော လူတစ်ယောက်ဖြစ်သည်။

သတိလစ်နေသော နဂါးလေးကို ကောက်ချီပြီးသည့်နောက် ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ကျုပ်ရဲ့ ပဋိညာဉ် သားရဲက အနည်းငယ် ဒဏ်ရာရသွားတယ်။ကျေးဇူးပြုပြီး လိုက်မပို့နိုင်တဲ့ အတွက် ခွင့်လွှတ်ပေးပါ..”

မူချန်းဟုန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။ သူသည် ဤနေရာတွင် ဆက်နေချင်သေး၏။

ထားလိုက်ပါတော့ …. အနာဂတ်တွင် အခွင့် အရေး အများအပြားရရှိလာနိုင်သေးသည်။

မူချန်းဟုန်သည် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျုပ် အရင် ထွက်သွားပါတော့မယ်။"

သူနှင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော အဓိက အဖွဲ့ကြီးနှစ်ဖွဲ့မှ ကျင့်ကြံသူများအားလုံးသည် ပျံသန်းထွက်ခွာသွားခဲ့ကြတော့သည်။

မူလအားဖြင့် တိမ်များဖုံးလွှမ်းထားသည့် ပြိုင်စံရှား ဂိုဏ်းသည် ကြည်လင်ပြီး ပြန်လည်လင်းလာတော့၏။

သိုင်းနယ်မြေ အဆင့် ကျင့်ကြံသူ တစ်ယောက် နှင့် မိစ္ဆာဂိုဏ်းများမှ ထိပ်တန်းကျင့်ကြံသူများအား ရင်ဆိုင်ဖြေရှင်းခဲ့သော ကျွင်းချောင်ရှောင်း၏ သတင်းသည် အရှေ့တောင်ရန်ကျူးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့ သည်။

အားလုံး ပြောဆိုနေကြသည်မှာ အအေးနန်းတော်၏ ဘိုးဘေးအား ပြာနှမ်းနေအောင် ရိုက်နှက်ခဲ့သည့် သတင်းပင် ဖြစ်တော့၏။ အားလုံးသော သူများသည် ကျွင်းချောင်ရှောင်း အားကောင်းသည့် အကြောင်းကို တစ်စိတ်ကို တစ်အိတ်လုပ်၍ ပြောဆိုနေကြခြင်းပင် ဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်းက ရှေးဘိုးဘေး‌တွေရဲ့ ဝိညာဉ်ကို ဆင့်ခေါ်တဲ့ နတ်ဘုရား စွမ်းရည် ကို အသုံးပြုခဲ့တာလေ။ဒါကြောင့် သူရဲ့ အဆင့်က သိုင်းနယ်မြေအဆင့် ကျင့်ကြံသူ အဆင့်ကို ရုတ်တရက် တိုးတက်သွားတယ်။”

"အဲလောက်ကြီး အံ့အားသင့်ဖို့ ကောင်းတာလား"

"ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက ဂိုဏ်းချုပ်ကျွင်းက သူ့ရဲ့ ဂိုဏ်းအကြောင်းကို ပြောခဲ့သေးတယ်။ အဲ့ဒါက ကြည့်ရတာ အမှန်ဖြစ်မယ်နဲ့တူတယ်။ သူတို့က ရုတ်တရက်ကြီး အဆင့်မြင့်တက်လာတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ဒီဂိုဏ်းက ရှေးတုန်းတည်းက အမွေအနှစ်တွေကို ပိုင်ဆိုင်ခဲ့တဲ့ ဂိုဏ်းပဲ"

ကျွင်းချောင်ရှောင်း ကြီးကြီးကျယ်ကျယ် လျှောက်၍ ပြောခဲ့သော စကားလုံးများသည် အားလုံး၏ ပြောဆိုဆွေးနွေးစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေခဲ့တော့သည်။

ဤအရာသည်လည်း အကောင်းဆုံးအရာဖြစ်သည်ဟုလည်း ပြောရမည်။ ပြိုင်စံရှားဂိုဏ်း အဘယ့်ကြောင့် ရုတ်တရက်ကြီး တိုးတက်ကာ အဆင့် မြင့်တက်လာသည် နှင့် ပတ်သက်၍ တကူးတက ဖြေရှင်းပေးနေစရာ မလိုတော့ချေ။

ရှေးဘိုးဘေး အမွှေအနှစ်များကို ပိုင်ဆိုင်ခဲ့‌သောကြောင့် ဤသို့ တိုးတက်လာသည်ဟု လူတိုင်းက ထင်ကြသည်။

တစ်ခြားသောသူများသည် ဤအရာနှင့် ပတ်သက်၍ အကြီးအကျယ် ဆွေးနွေးလျက် ရှိနေကြသည်။ ဤဂိုဏ်းသည် ရှေးအချိန်တုန်းက အမွေအနှစ်များကို ပိုင်ဆိုင်ခဲ့သည့် ဂိုဏ်းတစ်ခု တကယ်ပင် ဖြစ်နေသည်လား။

ရှေးယခင်တုန်းက ဆိုသည်သည် အလွန်ပင် နက်ရှိင်းလှ၏။ ကျိန်းသေပေါက် နှစ်ပေါင်းတစ်သောင်းကျော်ကပင် ဖြစ်ပေလိမ့်မည်။

ပြိုင်စံရှား ဂိုဏ်းသည် ထိုကာလတုန်းက တည်ရှိခဲ့‌သော ဂိုဏ်းတစ်ခု၏ အမွေအနှစ်များကို ရယူခဲ့သည်ဆိုလျှင် သမိုင်းမှတ်တမ်း တစ်သောင်းခန့် တည်ရှိခဲ့သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

ထိုခေတ်က ကျင့်ကြံသူများသည် နေလိုလလို တောက်ပကြပြီး အလွန်တရာလည်း အားကောင်းခဲ့ကြသည်။ လက်ရှိ ကျင့်ကြံသူများ လိုက်မီ နိုင်သည့်လူများ မဟုတ်ကြပေ။ ထိုကဲ့သို့ အားကောင်းလှသူများဆီမှ ကျင့်ကြံခြင်း အရင်းအမြစ်များကို အမွေအနှစ် ရရှိခဲ့သော ဂိုဏ်းတစ်ခု ဖြစ်သည်မို့ အချိန်တိုအတွင်း ပိုမိုအားကောင်းလာသည်ဆိုသည်မှာ သံသယ ရှိစရာ မလိုအပ်တော့ပေ။

….....

"သခင်"

စာကြည့်ခန်းထဲ‌တွင်တော့ ရှောင်မိုရှန်းသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ရောက်ရှိလာခဲ့သည်။

အင်း။

ကျွင်းချောင်ရှောင်းသည် ခွက်ကို လှမ်းယူပြီးနောက် သူ၏ လက်များသည် တုန်ခါလျက်ရှိနေသည်။ သူသည် လက်ဖက်ရည်ခွက်တစ်ခွက်ကိုပင် ကောင်းကောင်း မ နိုင်သည့် အားအင် မရှိတော့ချေ။

စောနတုန်းက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တစ်ယောက်အား ပတ်ပတ်စက်စက် ရိုက်နှက်ခဲ့သော မောက်မာလှသည့် ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေအနေတွင် လက်ဖက်ရည်ခွက်တစ်ခုကို မမနိုင်တော့ချေ။ ဤအရာသည် လောကအဆောင် ၏ ဘေးထွက်ဆိုးကျိုးပင် ဖြစ်တော့သည်။

သို့ပေမဲ့ သူသည် စိတ်ဓာတ်မကျပေ။

လောကအဆောင်၏ အားအင်ကို ငှားရမ်းအသုံးပြုခဲ့စဉ်က သူသည် သိုင်းနယ်မြေတစ်ယောက်၏ တိုက်ခိုက်နိုင်မှု ကို အတွေ့အကြုံ ရရှိခဲ့သည်။ ထို့ကြောင့် အကျိုးကျေးဇူးကို ရရှိခဲ့သည်ဟု ဆိုရမည်။

"သခင်"

ရှောင်မိုရှန်းသည် အသိုက်ထဲတွင် လဲလှောင်းနေသော နဂါးလေးအား ကြည့်ကာ ပြောလိုက်သည်။ "ဒီကောင်လေး နိုးလာရင် သခင့်အနေနဲ့ ကောင်းကောင်းဆုံးမသင့်တယ်။"

လက်ဝါးရိုက်ချက်ကြီးကို ကောင်းသော ရည်မှန်းချက်နှင့် ထုတ်ဖော်ခြင်းဖြစ်သည် ဆိုလျှင်တောင်မှ ရလာဒ်အရ ဆိုးရွားစွာ လွင့်စင်ရင်း သတိပါ မေ့မျောခဲ့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကောင်မလေး … မင်းက သူဒဏ်ရာရသွားမှာကို စိတ်ပူနေလို့ ဒီလို ပြောတားလား။တကယ်တော့ ဒီနည်းလမ်းက ကြမ်းတမ်းတယ်ဆိုပေမယ့် ထိရောက်တယ်လို့တော့ ပြောရမယ်။"

ဟမ့်။

ရှောင်မိုရင်၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားတော့သည်။ "သူက ကျွန်မကို အနိုင်ကျင့်ချင်လို့ ၊ ကျွန်မထက်ပိုပြီး အားကောင်းတယ် ဆိုတာကို သိစေချင်လို့ လက်ဝါးရိုက်ချက်ကြီးဆီ ခုန်ဝင်ခဲ့တာလေ ….”

All Chapters