အခန်း (၆၀၂)
Vol. 41 Ch. 602
နဂါးလေးသည် အဆင်ပြေလျက်ရှိ၏။ သို့ပေမဲ့ ဒဏ်ရာများကြောင့် သူသည် ခဏတာ မေ့မျောလျက်ရှိနေသည်။
အရာအားလုံးသည် အဆင်ပြေလျက်ရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လုပ်စရာရှိသည်များကို လုပ်ရန် စဉ်းစားလိုက်၏။
စိတ်ဝိညာဉ်အမြုတေနှစ်ခုထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် ထူးခြားလှသည့် စွမ်းအင်များနှင့် ဆီးလ်ခတ်ခြင်းကို ခံခဲ့ရသည်။ ဤအရာသည် လောကအဆောင်ကို ချိုးဖြတ်ပြီးသည့်နောက် ပေးဆပ်ရသည့် တန်ကြေးပင်ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဘေးထွက်ဆိုးကျိုးက တစ်နှစ်တောင်ကြာမှာ၊ ငါ ဘယ်လိုဆက်ပြီး အသက်ရှင်ရမလဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့အဆင့်ကိုပဲ ဖိနှိပ်ထားတာလေ၊ ဒီတော့ ဆက်ပြီးတော့ လေ့ကျင့်လို့တော့ ရပါတယ်”
“ဒါတော့ ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ပြုံးကာ ပြောလိုက်၏။ “ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်ရမယ်”
သတိလစ်မေ့မျောနေသော နဂါးလေးကို ကြည့်ကာ သူပြောလိုက်၏။ “သူက လက်သည်းငါးခု တရုတ် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲခဲ့တယ်၊ ဒါက နဂါးလေးရဲ့ အစစ်အမှန် ပုံပန်းသွင်ပြင်လား”
သူ၏ ခန့်မှန်းတွက်ချက်မှုသည် လွဲမှားခဲ့သည်။ မီးနဂါးတစ်ကောင်ဖြစ်လာလိမ့်မည်ဟု သူ အစဉ်အမြဲ တွေးမိသည်။ သို့ပေမဲ့ ကွာခြားသွားသည်မှာ အစစ်အမှန်နဂါးတစ်ကောင် ဖြစ်လို့နေ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူက မီးနဂါးဥကို ယူမလာဘဲ နဂါးဥကို ယူလာတာလည်း ဖြစ်နိုင်တယ်”
“နဂါးလေးက ဒီလောက်အားတွေ တဖြည်းဖြည်းနဲ့ တိုးလာတယ်ဆိုတာ အသွင်ပြောင်းလဲလာလို့ ဖြစ်ရမယ်” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။
စနစ်က ပြောလိုက်သည်။ “ဒါက သန္ဓေပြောင်းတာနဲ့လည်း သက်ဆိုင်တယ်”
“ငါ သူ့ကို သားဖောက်ခဲ့တဲ့ အချိန်တုန်းက သလင်းအမြုတေတွေ အများကြီးထည့်ထားခဲ့တာလေ၊ ကုန်ရကျိုးနပ်တယ် ဆိုရမှာပေ့ါ”
ဟူး…
အိပ်ရာပေါ်သို့ လဲလျောင်းပြီးသည့်နောက်မှာတော့ သူသည် အိပ်ရန်စဉ်းစားလိုက်မိသည်။
…..
နောက်တစ်ရက်မှာတော့ သူပြန်လည်နိုးထလာသည်။ သူ၏ကျင့်ကြံခြင်းများသည် ဖိနှိပ်ခံထားရဆဲဖြစ်၏။ မနေ့ကထက် အနည်းငယ် စိတ်အားတက်ကြွမှုရှိသည်ကသာ ပိုလာ၏။ ကျန်တာကတော့ ထုံးစံအတိုင်းပဲဖြစ်သည်။
အတွင်းခြံဝန်းမှသည် အပြင်ခြံဝန်းရှိ တပည့်များအားလုံးသည် ဂိုဏ်းချုပ်မှာ မနေ့ကတုန်းကကဲ့သို့ ဝံ့ကြွားသည့် အမူအရာများ မရှိတော့သည်ကို မြင်လိုက်ရ၏။ ဂိုဏ်းချုပ်သည် သာမန်လူတစ်ယောက်ကဲ့သို့ပင်ဖြစ်၏။
၎င်း၏ကျင့်ကြံခြင်း မရှိတော့သောကြောင့် ကျွင်းချောင်ရှောင်းသည် သာမန်လူတစ်ယောက်နှင့် မခြားနားတော့ပေ။
“ဂိုဏ်းချုပ်”
အဓိကဟောခန်းဆီသို့ ရောက်ရှိလာပြီးပြီးချင်းမှာပဲ လီချင်းယန်သည် စိတ်လက်ပူပင်စွာဖြင့် မေးလိုက်၏။
“အဆင်ပြေရဲ့လား”
“ပြေတာပေါ့”
ဂိုဏ်းချုပ်ကျွင်းသည် ပြုံးကာပြောလိုက်၏။ “အမိန့်ပေးလိုက် တပည့်တွေကို..၊ ဇွဲကောင်းကောင်းနဲ့ ကျင့်ကြံကြပါလို့”
“ဟုတ်ကဲ့” လီချင်းယန် ပြန်ပြောလိုက်သည်။
ပြီးနောက် ကျွင်းချောင်ရှောင်းသည် လီလိုရှုကိုခေါ်၍ သတင်းအချက်အလက်များ စုစည်းရန်နှင့် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူရသည့်နေရာတွင် အာရုံစိုက်ရန် မှာကြားခဲ့သည်။ ပြီးနောက် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ဆီသို့ သွားလိုက်တော့သည်။
ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို အသက်သွင်းပြီးသည့်နောက်မှာတော့ သူသည် ကောင်းကင်နှင့် မြေကြီးတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ခန္ဓာကိုယ်အတွင်း လှည့်ပတ်၍ ရနေသော်လည်း စိတ်ဝိညာဉ်အမြူတေ ထဲသို့ မသိမ်းဆည်းနိုင်ပေ။
ဤအရာသည် စိတ်ဝိညာဉ်အမြုတေအား တစ်စုံတစ်ခုသော အားအင်ဖြင့် စည်း ခတ်ခံခဲ့ရသောကြောင့်ပင်ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် သာမန်လူတစ်ယောက်ကဲ့သို့ ဖိနှိပ်ခံထားရ၏။ သူသည် စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်ဖော်၍ မရချေ။
ဤအရာလည်း ကောင်းသည့်အရာပင်ဖြစ်သည်။ သူ့အနေနှင့် ပြဿနာပတ်၍ ရှာလို့မရတော့ချေ။ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားရန်သာ ရှိတော့သည်။
………
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့..
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲတွင် ကျင့်ကြံနေတုန်း သတိပေးသံတစ်ခုကို ကြားလိုက်ရသည်။
“ဒင်.. လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံစေခဲ့သည်၊ (လောက၏ကျော်ကြားခြင်း) ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ ကို ရရှိသည်”
“ဒင်… ဂိုဏ်းစုဆောင်းမှတ် ၁၄၉၉၀/၂၀၀၀၀”
“ဒင်… လက်ခံသူသည် ဖုံးကွယ်ထားသော တာဝန်၊ (လောက၏ကျော်ကြားခြင်း) ကို ပြည့်စုံစေခဲ့သည့်အတွက် ဂုဏ်ယူပါသည်”
“ဖုံးကွယ်ထားသည့် တာဝန် ပြည့်စုံစေသည့်အတွက် အတွေ့အကြုံအဆောင်တစ်ခု ၊ အထူးအဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည် ၅ပုလင်း နှင့် အချိန် - တည်နေရာ လျှို့ဝှက်နယ်မြေကို ဝယ်ယူခွင့်ပဲ ရရှိသည်”
“ဒင်… လက်ခံသူသည် ဖုံးကွယ်ထားသည့် တာဝန်ဖြစ်သည့် ဂုဏ်သိက္ခာကြီးမားခြင်း၊ ဖုံးကွယ်ထားသည့်တာဝန်ကို ပြည့်စုံစေတဲ့အတွက် ဂုဏ်ယူပါသည်၊ နာမည်ကျော်ကြားခြင်း ဘွဲ့ထူးအား ရရှိ၏”
…..
ဤအတောအတွင်းမှာတော့ ပြိုင်စံရှားဂိုဏ်း၏သတင်းသည် တည်နေရာတစ်ခုလုံးသို့ ပြန့်နှံ့လျက်ရှိသည်။
“အခုချိန်မှာ တာဝန်တွေ ပြည့်စုံပြီးရင် အတွေ့အကြုံအဆောင်တွေ ရရှိဖို့ အခွင့်အလမ်းက ပိုပြီးတော့ များလာတာပဲ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
အတိတ်တုန်းကဆိုလျှင် သူသည် ဖုံးကွယ်ထားသော တာဝန်နှင့် သီးခြားတာဝန်များကို ပြည့်စုံသည်ဆိုလျှင်တောင်မှ ပင်ကိုစွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်းကိုသာ ဆုလာဘ်အဖြစ် ရရှိခဲ့၏။
စနစ်က ပြောလိုက်သည်။ “‘ဒါက ပြိုင်စံရှားဂိုဏ်းက Version 2.0 ဖြစ်နေလို့လေ”
“အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် အတွေ့အကြုံအဆောင်အား ချိုးဖြတ်ရန်အတွက် အလျင်မလိုချေ။ အဲ့အစား ဝယ်ယူနိုင်သည့် ပစ္စည်းစာရင်းများကို နှိပ်ကြည့်လိုက်သည့် အချိန်မှာတော့.. အချိန်-တည်နေရာ လျှို့ဝှက်နယ်မြေ ဆိုသည့်အရာကို မြင်လိုက်ရ၏။
ပစ္စည်းအမျိုးအစား - အချိန် - တည်နေရာ လျှို့ဝှက်နယ်မြေ။
မိတ်ဆက် - အထူးလျှို့ဝှက်သည့် နယ်မြေတစ်ခုဖြစ်ပြီး စကြဝဠာကြီး၏ သီးခြားတည်နေရာတစ်ခုအဖြစ် ပိုင်းခြားထားသော နယ်မြေတစ်ခုဖြစ်သည်။
အကျိုးသက်ရောက်မှု - အတွင်း၌ အချိန်သွားလာမှု ပိုမိုမြန်ဆန်လာပြီး သာမန်ထက်ပို၍ ကျင့်ကြံရာတွင် မြန်ဆန်နိုင်၏။
အကျိုးသက်ရောက်မှု - ဂိုဏ်းအတွင်းရှိ တပည့်များအားလုံးသည် စိတ်ရှိတိုင်း ဝင်နိုင်၏။ မည်သည့် အဆင့်ကန့်သတ်ချက်မှ မရှိချေ။
အကျိုးမသက်ရောက်မှု - အချိန်၏ မြန်ဆန်မှုအောက်တွင်မှ တစ်စုံတစ်ယောက်၏သက်တမ်းသည် အစစ်အမှန် ကုန်ခမ်း၏။
အဆင့် - စဦးအဆင့် လျှို့ဝှက်နယ်မြေ။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀။
“အချိန်ကို မြန်စေတာလား”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ “ဒါက မရိုးရှင်းဘူးပဲ”
စနစ်က ပြောလိုက်သည်။ “အဆင့်မြင့်စတိုးဆီကနေ Refresh လုပ်မှ ရနိုင်မယ့်အရာလိုတယ်၊ ဒါကို ဝယ်ယူဖို့အတွက် ကြယ်ဆယ်ပွင့်အဆင့် အာမခံတယ်”
“ဒါက နည်းနည်းဈေးကြီးလွန်းတယ်” ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။
စနစ်က ပြောလိုက်သည်။ “အချိန်မြန်ဆန်မှုနှုန်းအောက်မှာ တပည့်တွေရဲ့ ကျင့်ကြံရေးအဆင့်က ပိုပြီးတော့ မြန်ဆန်လာလိမ့်မယ်၊ ဈေးကြီးတယ်ဆိုရင်တောင်မှ ထိုက်တန်တယ်လို့ ပြောရမယ်”
“ငါလည်း ဒါကို တွေးနေတာပဲ”
ကျွင်းချောင်ရှောင်းသည် အချိန် - တည်နေရာ လျှို့ဝှက်နယ်မြေကို ချက်ချင်းမဝယ်ချေ။ အဲအစား သူယူနိုင်သည့် ပစ္စည်းများစာရင်းကို ဆက်လက်ကာ ကြည့်ရှုလိုက်၏။
……..
ဖောက်..
ပြီးနောက် သူသည် အတွေ့အကြုံအဆောင်အား ချိုးဖျက်လိုက်တော့သည်။
ကျွင်းချောင်ရှောင်းသည် အောင်မြင်စွာနှင့် သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ဝင်ရောက်သွားတော့သည်။ သို့ပေမဲ့ စိတ်ဝိညာဉ်အမြုတေသည် စည်းခတ်ခြင်း ခံထားရသောကြောင့် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ထွက်ပေါ်မလာချေ။
ပြောရမည်ဆိုလျှင် သာမန်တော့ ဆန်လွန်းလှ၏။ ထို့အပြင် ဆိုးရွားလွန်းနေသေးသည်။
အဆင့်ချိုးဖျက်ပြီးသည့်နောက်မှာတော့ သူသည် အားအင်အဆင့်ကို ထုတ်ဖော်၍ မရနိုင်ချေ။ ထို့ကြောင့် မည်မျှအားကောင်းသွားခဲ့သည်ဆိုသည်ကို စမ်းသပ်၍လည်း မဖြစ်နိုင်တော့ပေ။
ဤအရာသည် နှိပ်စက်ခြင်းတစ်မျိုးကဲ့သို့ပင်။ အစောကတည်းက သိမည်ဆိုပါက သူသည် စက်အတောင်ပံ ဆိုသည့်အရာသာ ဝယ်ယူမိပေလိမ့်မည်။
ကျွင်းချောင်ရှောင်း နောင်တရနေတုန်းမှာပဲ သူ၏နားထဲသို့ စနစ်ဆီမှ အသံတစ်ခု ပေါ်ထွက်လာသည်။
“ဒင်… လက်ခံသူသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီဖြစ်သောကြောင့် လိုအပ်ချက်များနှင့် ကိုက်ညီသွားသည်။ အထူးတာဝန် စတင်သည်။”
အမ်..
ကျွင်းချောင်ရှောင်း နည်းနည်း ဇဝေဇဝါ ဖြစ်သွားမိသည်။ သူသည် စနစ်ကို မြန်မြန်ဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ တကယ်ပဲ အထူးတာဝန်နှစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။
“ချီးတဲ့မှ…၊ ဓားနှင့်သိုင်းဘုရင် ထိပ်ဆုံးအဆင့်ကို နှစ်ခုပေါင်းပြီး ရောက်သွားတယ်ဆိုတော့ အထူးတာဝန်ကလည်း နှစ်ခုပေါ်လာတာဖြစ်မယ်”
…….
အတိတ်တုန်းကဆိုလျှင် အဆင့်တစ်ခု၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသည်ဆိုပါက အထူးတာဝန်သည် အသက်ဝင်ခဲ့သည်။ ယခု ကျွင်းချောင်ရှောင်းသည် ဓားနှင့်သိုင်းဘုရင်နှစ်ခု၏ သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် မထင်မှတ်ထားလောက်အောင်ပဲ အထူးတာဝန်နှစ်ခုသည် အသက်ဝင်လာခဲ့၏။
သူသည် ပထမတာဝန်အား နှိပ်ကြည့်လိုက်၏။
အထူးတာဝန် - (၅)
တာဝန်အသေးစိတ် - နှစ်ဝက်အတွင်း ဂိုဏ်း၏တပည့်များသည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်သို့ ချိုးဖျက်ရောက်ရှိရန်-၊ ၁၉/၅၀၀ ၊ သိုင်းဘုရင် - ၃/၅၀၀ ၊ အကြီးအကဲများသည် သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ချိုးဖျက်ရောက်ရှိရန် - ၀ ။
ကျရှုံးမှု - အချိန်အကန့်အသတ်အတွင်း မရောက်ရှိလျှင် တာဝန်ကျရှုံးသည်။
ဆုလာဘ် - ?????
“သိုင်းဘုရင် ၅၀ ဟုတ်လား.. ၊ ပြီးတော့ သိုင်းဘုရင်ထိပ်ဆုံးတစ်ယောက် ဟုတ်လား..”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ဒီတာဝန်က နည်းနည်းတော့ ခက်တယ်”
သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်သို့ ချိုးဖျက်ရောက်ရှိဖို့ဆိုသည်မှာ မခက်ခဲချေ။ ထို့အပြင် များပြားလှသော အရင်းအမြစ်များ၏ အကူအညီကြောင့် တပည့်များသည် လွယ်လွယ်ကူကူဖြင့် ရောက်ရှိနိုင်၏။
သို့ပေမဲ့ သိုင်းဘုရင် ၅၀ ဆိုသည်မှာတော့ အနည်းငယ် ခက်လွန်းလေသည်။ လီချင်းယန်နှင့် အခြားသူများသည် သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်။ သို့ပေမဲ့ အတွင်းစည်းတပည့်မှာ ၂၀သာ ရှိသည်။ ကျန်သည့် လူ၃၀က မည်သူများ ဖြစ်နေမည်နည်း။
ထို့အပြင် ကြည့်ရသည်မှာ အကြီးအကဲများအနေနှင့် သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာ မဖြစ်နိုင်ပုံပေါ်သည်။
နင်ညီအစ်ကိုများသည် သိုင်းဘုရင် အဆင့်၅ ကျင့်ကြံသူများ ဖြစ်ကြပြီး ခြောက်လအတွင်း ထိပ်ဆုံးအဆင့် ရောက်ရှိဖို့ဆိုလျှင် ၎င်းတို့အနေနှင့် တစ်လကို အဆင့်တစ်ခုတက်မှ ဖြစ်ပေလိမ့်မည်။
“နေအုံး”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိ၏။ “အကြီးအကဲဝေ စိုက်ပျိုးတဲ့ ဆေးပင်တွေဟာ နှစ်ဝက်အတွင်းမှာ ရင့်မှည့်လာမှာပဲ၊ ဒါဆိုရင် သိုင်းဘုရင်ဆေးလုံးကို သန့်စင်လို့ရတယ်၊ ဒါဆိုရင် အဆင်ပြေနိုင်တာပဲ”
ဤနည်းလမ်းနှင့် သူသည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့် တပည့်များအားလုံးကို ဆေးလုံးများ တိုက်ကျွေး၍ သိုင်းဘုရင်အဆင့်သို့ တွန်းပို့နိုင်လိမ့်မည်။
“ဒီထက်ပိုပြီး မြန်မြန် အဆင့်ချိုးဖျက်ချင်တယ်ဆိုရင် လက်ခံသူအနေနဲ့ တည်နေရာနဲ့အချိန် လျှို့ဝှက်နယ်မြေကို ဝယ်မှဖြစ်မယ်” စနစ်က ပြောလိုက်၏။
“ဒါ ဟုတ်တယ်” ကျွင်းချောင်ရှောင်းလည်း တွေးလိုက်မိသည်။
လက်ရှိအရင်းအမြစ်များအရဆိုလျှင် နှစ်ဝက်အတွင်း ဤတာဝန်ကို ပြည့်စုံရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။ အဆင့်မြင့်မားသော ကျင့်ကြံခြင်းအရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်မှသာလျှင် အောင်မြင်မှုနှုန်းသည် တိုးလာတော့မှာဖြစ်သည်။
ပြောနေစရာမလိုပင်။ အထူးတာဝန်ဆိုသည်မှာ ကျိန်သေပေါက် ဖုံးကွယ်ထားသော တာဝန်များ ရှိနေပေလိမ့်မည်။ တပည့်များသည် လိုအပ်ချက်နှင့်ကိုက်ညီပါက သူ့အနေနှင့် များပြားလှသော ဆုလာဘ်များကို ရက်ရက်ရောရာ ရရှိမှာဖြစ်၏။
“အချိန်နဲ့တည်နေရာ လျှို့ဝှက်နယ်မြေကို ဝယ်မှဖြစ်မယ်”
ကျွင်းချောင်ရှောင်းသည် စနစ်၏မြင်ကွင်းဆီသို့ ပြန်လည်သွားလိုက်ပြီးသည့်နောက် ဒုတိယတာဝန်ကို နှိပ်ကြည့်လိုက်၏။
အထူးတာဝန် - (၆)
တာဝန်၏အသေးစိတ် - သုံးနှစ်တာ ကတိစကားသည် ရောက်ရှိတော့မည်ဖြစ်သည်။ ဤအချိန်တွင် လက်ခံသူသည် တပည့်များကို ခေါ်ယူ၍ လိုင်လီနတ်ဂိုဏ်းကို သွားရောက်စိန်ခေါ်ရန်ဖြစ်သည်။ ထို့အပြင် တပည့်ရှောင်ကျီ၏ ဆုံးရှုံးခဲ့သော ဂုဏ်သိက္ခာများ ပြန်လည်ရရှိရန် ကူညီပေးရမည်။
တာဝန်ကျရှုံးမှု - သတ်မှတ်ထားသော နေ့ရက်အတွင်း မရောက်ရှိခြင်း သို့မဟုတ် လိုင်လီနတ်ဂိုဏ်းအား ရှုံးနိမ့်ခြင်း။
ဆုလာဘ် - ??????
ကျွင်းချောင်ရှောင်းသည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “ဒီအထူးတာဝန်က တကယ့်ကို ရှောင်ကျီရဲ့ကတိစကားနဲ့ ပတ်သက်နေတာပဲ”