← Chapters

အခန်း (၆၀၃)

Vol. 41 Ch. 603

အခန်း (၆၀၃)

Vol. 41 Ch. 603

ပြောရမည်ဆိုလျှင် ရှောင်ကျီနှင့် မုယုံရှင်း တို့၏ သုံးနှစ်တာ သဘောတူညီမှုသည် ကျွင်းချောင်ရှောင်း အစပျိုးခဲ့ခြင်းပင်ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ထိုအရာသည် အထူးတာဝန်တစ်ခု ဖြစ်၍လာခဲ့၏။

ရှောင်ကျီအနေနဲ့ စိန်ခေါ်တိုက်ခိုက်ပြီး ဆုံးရှုံးခဲ့တဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည်ရယူဖို့ တာဝန်က ပြောထားတာ၊ အသေးစိတ်တွေ မပါဘူး၊ ဘယ်လိုသွားပြီး ပြိုင်ရမှာလဲ၊ ဒါက လိုင်လီနတ်ဂိုဏ်းကို သွားပြီးစိန်ခေါ်တာနဲ့ အတူတူပဲ၊ တပည့်တွေနဲ့ သွားတိုက်ခိုက်ပြီး တိုက်ပွဲတွေ နိုင်လာရင် ပြီးပြီမဟုတ်လား၊ လိုင်လီနတ်ဂိုဏ်းက ဒုတိယအဆင့် ဂိုဏ်းတစ်ခုလေ၊ သူတို့ရဲ့တပည့်တွေက အရမ်းအားကောင်းလိမ့်မယ်၊ တိုက်ပွဲက အရမ်းကို ခက်ခဲမယ်ထင်တယ်။

ကျွင်းချောင်ရှောင်းကို မပျော်ရွှင်စေသည့်အရာမှာ သူသည် တစ်နှစ်လုံးလုံး အားနည်းနေလိမ့်မည်ဖြစ်သည်။ သို့ပေမဲ့ ဒုတိယအထူးတာဝန်ကို ပြည့်စုံစေဖို့ဆိုသည်မှာ သုံးနှစ်တာ သဘောတူညီမှုဖြစ်၏။

လက်ရှိအခြေအနေတွင် ရေတွက်ကြည့်မည်ဆိုလျှင် တစ်နှစ်ကျော်လောက် အချိန်ကြာနေသေးသည်။ ထို့ကြောင့် အဆင်ပြေနိုင်သေးသည်။

“မဆိုးဘူးပဲ။”

ကျွင်းချောင်ရှောင်းသည် အပျင်းကြောဆန့်လိုက်မိ၏။ ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ သူ၏အဆင့်သည် အထူးတာဝန်၏ တားဆီးမှုကြောင့် ဆက်၍မတက်နိုင်တော့ချေ။ ထို့ကြောင့် သူ့အနေနှင့် ကျင့်ကြံစရာ မလိုအပ်တော့ချေ။ တာဝန်ကို မည်သို့ပြည့်စုံအောင် ပြုလုပ်ရမည်ဆိုသည်ကို တွေးတောရန်သာ ကျန်တော့၏။

ဝှစ်..။

သူသည် စတိုးအား ဖွင့်၍ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေအား ရွေးချယ်လိုက်သည်။

“ဒင်.. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ဝ အား အသုံးပြု၍ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေတစ်ခုကို ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ။”

“ဒင်.. ဂိုဏ်းစုဆောင်းမှတ် ၄၉၉၀/၂၀၀၀၀”

အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေသည် ဒြပ်ထုကြီးတစ်ခုအဖြစ် တည်ရှိနေသည့်အရာမျိုး မဟုတ်ပေ။ လေဝဲတစ်ခုပုံစံ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ကဲ့သို့ပင် ဖြစ်တော့၏။ သိုလှောင်လက်စွပ်ထဲသို့ ဝင်လိုက်ရသည်နှင့်ပင် ဆင်တူနေသည်။

“ဒါကို ဘယ်လိုအသုံးပြုရမှာလဲ” ကျွင်းချောင်ရှောင်း မေးမြန်းလိုက်သည်။

စနစ်က ပြောလိုက်၏။ “ဒါကို ထုတ်လိုက်၊ ပြီးတော့ သင့်တော်တဲ့ တည်နေရာတစ်ခုမှာ ချထားလိုက်ရုံပဲ”

“နားလည်ပြီ”

ကျွင်းချောင်ရှောင်းသည် တောင်၏အနောက်ဘက်ဆီသို့ ရောက်ရှိလာပြီးသည့်နောက် စမ်းသပ်မှုမျှော်စင် အနားတွင် မတ်တပ်ရပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေကို ဆင့်ခေါ်ကာ ထုတ်လိုက်တော့၏။

ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပင် လှိုင်းတွေ ထသွားပြီးသည့်နောက် အိုးပုံစံ လှိုင်းဝဲဂယက် တစ်ခုသည် ဤတည်နေရာကြီးထဲတွင် ဖြစ်တည်လာသည်။

ထူးခြားသော အလင်းများနှင့် တောက်ပနေပြီး အလွန်တရာ အားကောင်းသော အော်ရာများလည်း စိမ့်ထွက်နေ၏။

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် အနားသို့ရောက်ရှိလာပြီး အံ့အားတသင့်ဖြင့် မေးလိုက်၏။ “ဒါ ဘာကြီးလဲ”

လီချင်းယန်နှင့် တခြားသောသူများသည်လည်း လာကြည့်ကြ၏။

အလွန်တရာ တောက်ပနေ‌သည့် အလင်းများ ထွက်ပေါ်နေသော လေဝဲကြီးကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူတို့အားလုံးသည် ဇဝေဇဝါဖြင့် ပြောဆိုဆွေးနွေးလျက်ရှိနေကြသည်

“ဒါက….” ဟယ်ဝူတီ တုန်လှုပ်သွားသည် “… ဒါက လျှို့ဝှက်နယ်မြေတစ်ခုလား”

သေမျိုးလောက၏အထက်တွင် အဆုံးအစမဲ့သော စကြဝဠာကြီးရှိနေသည်။ ထိုအရာသည် ကောင်းကင်နှင့်မြေကြီး၏ လောကနိယာမ အားလုံးနှင့် သီးခြားဖြစ်တည်သလို တည်ရှိနေသော ထူးဆန်းသည့် လေဝဲပုံသဏ္ဍာန် တည်နေရာတစ်ခုပင်ဖြစ်ရမည်။ ဤသို့သော အရာမျိုးကို လျှို့ဝှက်နယ်မြေဟု ခေါ်ဆိုကြ၏။ ကြွယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဤကဲ့သို့သော တားမြစ်တည်နေရာမျိုး တူညီစွာ ရှိနေသည်လား။

နယ်မြေအသီးသီးတွင် ၎င်းတို့၏ကိုယ်ပိုင်စနစ်နှင့် လောကနိယာမများ ရှိကြသည်။ ၎င်းသော လျှို့ဝှက်နေရာများသည် ထူးခြားသည်သာမက အန္တရာယ်လည်း များလွန်းလှ၏။ ထို့ကြောင့် လူအနည်းငယ်သည်သာ ထိုထဲသို့ ဝင်ရောက်ရဲကြ၏။

ဟယ်ဝူတီ၏ကျင့်ကြံခြင်းအဆင့်သည် အရင်တုန်းက အရမ်းကိုအားကောင်းလွန်းခဲ့၏။ ထို့ကြောင့် သူသည် လျှို့ဝှက်နယ်မြေများထဲသို့ တစ်ယောက်တည်း ဝင်ရောက်ခြင်း သို့မဟုတ် အခြားသူများနှင့်အတူ ဝင်ရောက်ခြင်း ကို ပြုလုပ်ခဲ့ဖူးသည်။

ထိုသို့သော အခြေအနေမျိုးတွင် သူသည် အသက်ဘေးမှ မနည်းပင် ပြန်လည်လွတ်မြောက်အောင် ကြိုးစားခဲ့ရဖူးသည်။ သို့ပေမဲ့‌ များပြားလှသော သဘာဝရတနာများကိုလည်း ရရှိခဲ့ဖူး၏။

“ဒါက အချိန်နဲ့တည်နေရာနယ်မြေပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနေရာထဲကို ဝင်ပြီးရင် အချိန်က မြန်သွားလိမ့်မယ်၊ မင်းတို့ရဲ့ ကျင့်ကြံခြင်းကို ပိုပြီးတိုးတက်အောင် ကူညီပေးနိုင်တဲ့အရာပဲ”

“သောက်ကျိုးနည်း… အဲ့လောက်ကြီးတောင် ဆန်းကြယ်တာလား” အားလုံးသည် ထိတ်လန့်တကြား ထအော်လိုက်မိကြ၏။

ဟယ်ဝူတီသည်လည်း တုန်လှုပ်မိနေသည်။

အချိန်ကိုမြန်စေသည့် လျှို့ဝှက်နယ်မြေဆိုသည်မှာ ၎င်းနေထိုင်ခဲ့ရာ အရင်ဂြိုဟ်တွင် ပေါ်လာသည်ဆိုလျှင်ပင် ကျင့်ကြံသူများအားလုံး ရူးသွပ်စွာဖြင့် လိုချင်လောက်သည့်အရာမျိုး ဖြစ်ပေလိမ့်မည်။

“ဒါကလည်း စီနီယာ သက်တံ့ရောင်သူတော်စင် ချန်ထားခဲ့တဲ့အရာပဲ ဖြစ်ရမယ်။ လျှို့ဝှက်နယ်မြေကြီးတစ်ခုလုံးကို အဆင့်နိမ့်နယ်မြေဆီအထိရောက်အောင် ရွှေ့ပြောင်းလိုက်တယ်ဆိုတော့ သူ့ရဲ့ကျင့်ကြံခြင်းက သာမန်မဟုတ်ဘူး။”

ဟယ်ဝူတီ၏မျက်လုံးထဲတွင်တော့ အလွန်တရာ အံ့ဩသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

“ဂိုဏ်းချုပ်”

သူသည် သတိအပြည့်နှင့်မေးလိုက်၏။ “အထဲမှာ အန္တရယ်တွေ ဘာတွေ ရှိနိုင်တယ် မဟုတ်လား”

“အထဲကို ဝင်မသွားရင် ရှိလား၊ မရှိလား ဘယ်လိုလုပ်သိမှာလဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ဝင်သွားလိုက်တော့”

“……..”

ဟယ်ဝူတီသည် ကြောက်လန့်နေသည်ဆိုပေမဲ့ အားလုံး သူ့ကို ဝိုင်းဝန်းကြည့်ရှုနေသည်ကို မြင်လိုက်ရသည့်နောက်မှာတော့ မိမိကိုယ်ကိုယ် အားတင်းကာ ဝင်သွားဖို့သာ တတ်နိုင်တော့၏။

“ဒါဆိုလည်း အထဲကိုဝင်ပြီးတော့ အရင်ကြည့်လိုက်မယ်”

သူသည် စိတ်ဆုံးဖြတ်ပြီးစွာဖြင့် ရှေ့သို့လှမ်းတက်လိုက်သည်။ သို့ပေမဲ့ သူဝင်ခါနီးမှာပဲ ရီရှင်းချန် သည် သူ့ထက်ခြေတစ်လှမ်းဦးကာ အထဲသို့ဝင်ရောက်သွားလေသည်။

“ဒီလူ…”

ဟယ်ဝူတီသည် ကြိတ်ကာပြောလိုက်မိ၏။ “ဒီမောက်မာလှတဲ့အကောင်ကတော့ အကြောက်အလန့်လည်း ကင်းတာပဲ”

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် သူ၏နောက်မှ နီးနီးကပ်ကပ်လိုက်ပါပြီး အချိန်နှင့်တည်နေရာနယ်မြေထဲသို့ ဝင်လာကြတော့သည်။

“လာ.. အထဲကိုဝင်ပြီး ကြည့်ရအောင်”

ကျွင်းချောင်ရှောင်းသည်လည်း အထဲသို့ ဝင်သွားမိသည်။

ဤအချိန်မြန်ဆန်ခြင်းဆိုသည့် သဘောတရားသည် မည်မျှမှော်ဆန်လိုက်သနည်း။

ဒွီ … ဒွီ…။

ကြည့်ရသည်မှာ အဆုံးအစမဲ့သော တည်နေရာကြီးတစ်ခု ဖြစ်ပုံပေါ်ပြီး ရီရှင်းချန်၊ ဟယ်ဝူတီနှင့် အခြားသောသူများတို့သည် တစ်ယောက်ပြီးတစ်ယောက် အထဲသို့ဝင်သွားကြသည်။

အထဲတွင်ရှိသော တည်နေရာမှာ သီးသန့်ဖြစ်နေပြီး အနည်းငယ် အေးစက်သည်မှလွဲ၍ အခြားသောအန္တရာယ်များ မရှိပေ။

“ဂိုဏ်းချုပ်” စုရှောင်မိုသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။

“ဒီထဲမှာ ဘာမှထူးခြားတာလည်း မရှိဘူး”

“ရှိတယ်”

ဟယ်ဝူတီသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီမှာရှိနေတဲ့အချိန်က မြန်ဆန်နေတယ်၊ အထဲမှာရောက်နေတာမို့ ခံစားလို့မသိနိုင်တာ”

ရီရှင်းချန် သည်လည်း သတိပြုလိုက်မိသည်။ သို့ပေမဲ့ အချိန်မည်မျှမြန်ဆန်နေသနည်း ဆိုသည်ကိုတော့ သူမသိချေ။

“သေချာကြည့်”

လီဖေးသည် အထက်ဆီသို့ လက်ညိုးထိုးပြလိုက်၏။ “စာလုံးတွေ ပေါ်လာပြီ”

ကျွင်းချောင်ရှောင်းနှင့် တခြားသောတပည့်များသည် တပြိုင်နက်တည်း အပေါ်သို့မော့ကြည့်လိုက်ချိန်မှာတော့ တည်နေရာကြီးထဲတွင် စာလုံးများ တဖြည်းဖြည်းပေါ်လာသည်ကို မြင်လိုက်ကြရ၏။

အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေ ။

အချိန်မြန်ဆန်မှုနှုန်း - ၅၀ဆ။

“၅၀ဆ ဟုတ်လား” ဟယ်ဝူတီ၏မျက်လုံးများသည် ပြုတ်ထွက်လုမတတ် ဖြစ်သွားတော့သည်။

ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကိုကုတ်ကာ ပြုံး၍ပြောလိုက်၏။ “ဒီမှာ တနေ့တာ ကျင့်ကြံတာက အပြင်လောကမှာ ရက်၅၀ ကျင့်ကြံတာနဲ့ အတူတူပဲ”

“ဒါ ဟုတ်တယ်” ဟယ်ဝူတီက ပြောလိုက်၏။ သူအနေနှင့် တည်ငြိမ်မှုရရှိရန်ပင် ခက်ခဲနေမိ၏။ သိုင်းကျင့်ကြံသူတစ်ယောက်အတွက် အချိန်၅၀ဆ ပိုမိုမြန်ဆန်ခြင်းဆိုသည်မှာ အလွန်တရာ ထိတ်လန့်စရာကောင်းလွန်းသည့် အရာမျိုးဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရင်း ပြောလိုက်မိ၏။ “ဒါပေမဲ့ နည်းနေသေးတယ်”

“နည်းနေသေးတယ် ဟုတ်လား” ဟယ်ဝူတီ၏နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။

ဂိုဏ်းချုပ်… ဒီအချိန်နဲ့တည်နေရာနယ်မြေက အထက်နယ်မြေမှာ ရှာတွေ့ရင်တောင်မှ ကျိန်းသေပေါက် ဂိုဏ်းကြီးတွေအကုန်လုံး စုပေါင်းပြီးတော့ အားရှိသလောက် တိုက်ခိုက်ရယူကြမယ့် အရာမျိုးပဲ၊ သွေးချောင်းတောင် စီးသွားနိုင်တယ်။

အဆင့်မြင့်ကျင့်ကြံသူများသည် သဘာဝရတနာများကိုသာ မှီခိုသည် မဟုတ်ပေ။ ထို့ကြောင့် ကျင့်ကြံရမည့်အချိန်သည်မှာ ပိုမို၍ အရေးကြီးလာသည်။ အချိန်ကို ဤကဲ့သို့နည်းဖြင့် မြန်ဆန်အောင်ပြုလုပ်နိုင်သည်ဆိုလျှင် ကျင့်ကြံခြင်း အဆင့်သည် ပိုမို၍ မြန်ဆန်တိုးတက် ကောင်းမွန်လာပေလိမ့်မည်။

အချိန်နှင့်တည်နေရာနယ်မြေထဲမှာတော့ အချိန်သည် အဆ၅၀စာ ပိုမိုမြန်ဆန်လျက်ရှိသည်။ ဤနေရာတွင် တစ်နှစ်တာကျင့်ကြံမည်ဆိုပါက အပြင်ဘက်တွင် နှစ်၅၀ ကျင့်ကြံခြင်းနှင့် ဆင်တူလိမ့်မည်။ စဉ်းစားကြည့်ရုံနှင့် ကြက်သီးထလောက်စရာ အရာမျိုးဖြစ်သည်။

ဤနေရာတွင် ကောင်းကင်နှင့်မြေကြီးရှိ ဓာတ်သဘာဝများ မရှိကြပေ။ ဤအရာကို သိရှိလိုက်ပြီးသည့်နောက် ဟယ်ဝူတီ၏ နှလုံးသားများသည် တုန်ခါသွားမိ၏။ အချိန်မြန်ဆန်မှုနှုန်း ၅၀ဆ ပိုမိုတိုးတက်လာသည်ဆိုလျှင်တောင်မှ ကောင်းကင်နှင့်မြေကြီးရှိ ဓာတ်သဘာဝများ မရှိလျှင် အသုံးမဝင်ချေ။

“ဂိုဏ်းချုပ်”

သူသည် ခပ်မြန်မြန်ပြောလိုက်၏။ “ဒီနေရာမှာ လောကရဲ့ဓာတ်သဘာဝတွေ မရှိဘူး၊ ဒီတော့ ကျင့်ကြံမှုအတွက် အသုံးပြုလို့ရမှာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင် အပြင်လောကမှာရှိတဲ့ ဓာတ်သဘာဝတွေကို ဆွဲယူကြတာပေါ့”

ဟယ်ဝူတီ ဆွံ့အသွားမိ၏။ “ဒီနယ်မြေက သူရဲ့လောကနိယာမနဲ့သူ ရှိနေတာလေ၊ အပြင်ဘက်ရဲ့ဓာတ်သဘာဝတွေက အထဲကိုဝင်ပြီး ပေါင်းစပ်လို့ရနိုင်မယ် မထင်ဘူး”

“ရ ၊ မရ စမ်းကြည့်ကြတာပေါ့”

ကျွင်းချောင်ရှောင်းသည် အချိန်တည်နေရာနယ်မြေထဲမှ ထွက်ခွာလိုက်သည်။ အထဲတွင် မိနစ်အနည်းငယ် နေထိုင်ခြင်းသည် အပြင်တွင် စက္ကန့်အနည်းငယ်နေလိုက်ခြင်းနှင့် ဆင်တူ၏။

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ဆီမှ ဓာတ်သဘာဝများ အားလုံးကို ဆွဲယူ၍ သူသည် ပိုက်ကဲ့သို့ အစီအရင်တစ်ခုကို ဖန်တီးကာ အချိန်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ဆွဲသွင်းလိုက်သည်။

အလွန်တရာများပြားလှသော ကောင်းကင်နှင့်မြေကြီးရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ထိုတည်နေရာထဲသို့ ဝင်ရောက်လာသည်။ ပြီးနောက် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမို၍များပြားလာသော လောကဓာတ်သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ထိုနယ်မြေထဲသို့ ဝင်ရောက်လာ၏။

“ဒါက…” ဟယ်ဝူတီ ဆွံ့အသွားမိ၏။

ဤတည်နေရာသည် လွတ်လပ်သော တည်နေရာတစ်ခုဖြစ်သည်။ သို့ပေမဲ့ အဘယ်ကြောင့် အပြင်လောက၏ဓာတ်သဘာဝများ ဝင်ရောက်နိုင်စွမ်းရှိနေသနည်း။

သူသိသလောက်သော စကြဝဠာအတွင်းရှိ နယ်မြေများအားလုံးသည် ၎င်းတို့၏ကိုယ်ပိုင်နိယာမ၊ ဓာတ်သဘာဝများနှင့် ဖွဲ့စည်းထားကြခြင်းဖြစ်သည်။ တခြားသော ဓာတ်သဘာဝများနှင့် ပေါင်းစပ်၍ မရချေ။

“ကောင်းပြီနော်”

ကျွင်းချောင်ရှောင်းသည် လက်ခုပ်ကိုတီးကာ ပြောလိုက်၏။ “စိတ်ဝိညာဉ်စွမ်းအင်ကိစ္စလည်း ဖြည့်ဆည်းပြီးသွားပြီ။ ဒီတော့ မင်းတို့ ဒီနေရာမှာ ကျင့်ကြံနိုင်ပြီ”

“ဂိုဏ်းချုပ်”

စုရှောင်မိုက ပြုံးကာပြောလိုက်သည်။ “ဒီနေရာမှာ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ကို ဖန်တီးလို့ရလား”

ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကိုပုတ်ကာ ပြောလိုက်၏။ “မင်း တကယ်တော်တယ်၊ ဒီမှာ လုပ်လို့ရမယ် ထင်တယ်”

စုရှောင်မို၏စကားသည် သူ့အား သတိပြုမိစေ၏။ ထို့ကြောင့် အလောတကြီးဖြင့် သူသည် ကျန်းတယ်ကျွင်းအား လှမ်းခေါ်ကာပြောလိုက်၏။ “စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ကို ဒီမှာ ဖန်တီးရအောင်”

“ဟမ်” ကျန်းတယ်ကျွင်းသည် ကြောင်သွား၏။ “ဂိုဏ်းချုပ်.. အဲဒါကို ဘယ်လိုလုပ်ရမလဲ ကျုပ် မသိဘူးလေ”

“ခင်ဗျားက အစီအရင်ဘုရင် မဟုတ်ဘူးလား”

“အစီအရင်ဘုရင်တော့ အစီအရင်ဘုရင်ပေါ့၊ ဒါပေမဲ့ ဂိုဏ်းချုပ်လုပ်တဲ့ ဂိုဏ်းအကာအကွယ် အစီအရင်နဲ့ ဒီလိုမျိုး စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်တွေကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး”

အကြီးအကဲကျန်း သည် တပည့်များကို သင်ကြားပြသရင်း အလယ်အလတ် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ကို လေ့လာခဲ့ဖူးသည်။ သို့ပေမဲ့ သူသည် အတွင်းပိုင်းအထိ နိယာမများကို ကြည့်ရှုလိုက်ချိန်မှာတော့ အလွန်တရာ အံ့အားသင့်မိစေသည်။ ရှုပ်ထွေးလွန်းလှလွန်း၏။ ထို့အပြင် ပြည့်စုံလွန်းလှသည်။

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ကျုပ်ဆီမှာ ဆန်းကြယ်ဂိတ်တံခါး ၃၂ လို့ခေါ်တဲ့ လျှို့ဝှက်စာအုပ်ရှိတယ်၊ ဒါကို အရင်လေ့လာလိုက်”

“ဟမ်”

ကျန်းတယ်ကျွင်းသည် ယူ၍ အမှတ်မထင် ဖွင့်ကြည့်လိုက်တော့သည်။

“ဒါ.. ဒါက..” သူ၏အမူအရာများသည် ဆက်တိုက်ပြောင်းလဲလျက်ရှိသည်။ အစီအရင်ကျွမ်းကျင်သူတစ်ယောက်အနေနှင့် သူသည် များများစားစား သုံးသပ်ကြည့်ရှုစရာ မလိုပေ။

များပြားလှသည့် အစီအရင်မျဉ်းကြောင်းများကို‌ မြင်လိုက်သည်ဆိုသည်နှင့် ဤဆန်းကြယ်ဂိတ်တံခါး ၃၂ ဆိုသည်မှာ အစီအရင်နှင့်ပတ်သက်လျှင် အလွန်တရာ ဆန်းကြယ်လှသည့် နည်းစနစ်များကို ဖန်တီး ရေးဆွဲထားသည့်အရာမှန်း သိရှိလိုက်ရတော့သည်။

All Chapters