အခန်း (၆၀၅)
Vol. 41 Ch. 605
နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတို့သည် သဘာဝစိတ်ဝိညာဉ် ကျောက်တုံး နှစ်သိန်းအား အသုံးပြု၍ ကျွင်းချောင်ရှောင်းအား ပေးအပ်ကာ သူတို့၏ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူလေးယောက်တို့ကို ပြန်လည် ရွေးယူသွားခဲ့ရသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ၎င်းတို့၏ စိတ်ဝိညာဉ် အရင်းအမြစ်များကို ပြန်လည်မပေးအပ်သေးပေ။ ထိန်းသိမ်းထားတုန်းပင် ရှိသေး၏။
အဘယ့်ကြောင့် ထိန်းသိမ်းထားရသနည်းဆိုသော် အနာဂတ်တွင် အသုံးဝင်နိုင်သောကြောင့် ဖြစ်onf။
သိုင်းအုပ်စိုးသူ လေးယောက်တို့သည်လည်း ၎င်းတို့၏ ဝိညာဉ်များ ပြန်မရသေးကြောင်းကို မှတ်မိကြ၏။ သို့ပေမဲ့ ပြန်၍ မပြောရဲချေ။
ထို့အပြင် သူတို့၏ အသက်များသည် တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသည်မဟုတ်လား။ တစ်ဖက်လူသည် သူတို့အား အချိန်မရွေး သတ်ဖြတ်ပစ်၍ ရနေသည်။
"တပည့်တွေ အားလုံးကို ဒီစိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း ပေးလိုက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ အဆင့်ချိုးဖြတ်နိုင်မယ်နဲ့တူတယ်"
ကျွင်းချောင်ရှောင်းသည် အထူးတာဝန်များအား နှစ်ဝက်အတွင်းပြည့်စုံစေဖို့ အတွက် ကပ်စေးနည်း မနေချေ။
သို့ပေမဲ့ စိတ်ဝိညာဉ် ကျောက်တုံးများအား တပည့်အများကြီးကို ဖြန့်ဝေ ပေးအပ်မည်ဆိုလျှင်တောင်မှ လူတစ်ယောက်လျှင် စိတ်ဝိညာဉ် ကျောက်တုံး နှစ်ဆယ်သာ ရရှိလိမ့်မည်။
သူတို့သာ စိတ်ဝိညာဉ် ကျောက်တုံးကို အသုံးပြု၍ ကျင့်ကြံခြင်းကို တိုးမြှင့်ဖို့ အတင်းကြိုးစားမည် ဆိုလျှင်တောင် အကုန်အကျများပေလိမ့်မည်။ ထိုသို့သော အရာကို ပထမ နှင့် ဒုတိယ အဆင့် ဂိုဏ်းများပင်လျှင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
အချိန်နှင့် တည်နေရာလျို့ဝှက်နယ်မြေ ပေါ်ပေါက်လာသည်နှင့် အတူ စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်တို့၏ ပေါင်းစပ်မှု အောက်မှာတော့ တပည့်များအားလုံးသည် ပိုမို၍ အားကောင်းလာကြသည်။
"ကောင်လေးတို့ မင်းတို့ နှစ်ဝက်အတွင်း အဆင့် ချိုးဖြတ်ချင်သလို ချိုးဖြတ်ကြစမ်း"
သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် လေးယောက်တို့သည် သူတို့၏ လွတ်လပ်မှုကိုရရှိသွားကြသည် ဆိုသော်လည်း အအေးနန်းတော်မှ ဘိုးဘေး အကြီးအကဲကြီးမှာတော့ အလွန်ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိနေသည်။
လက်ရှိအခြေအနေတွင် သူသည် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာခဲ့သည်ဖြစ်သော်လည်း ၎င်း၏ အားနည်းနေသည့် ခန္ဓာကိုယ်ကို အသုံးပြုကာ ပြိုင်စံရှား ဂိုဏ်းအတွင်း သစ်ရွက်များကောက်ခြင်း ၊ ဖုန်များ လှည်းခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်နေရ၏။
သူ၏ မရီဒန် ဆယ့်နှစ်ခုသည် စည်းခတ်ခြင်း ခံထားရပြီး ဒုက္ခတ တစ်ယောက်လိုပင် ဖြစ်နေတော့သည်။
သူ၏ ဝိညာဉ် အရင်းအမြစ်ကိုလည်း ထိန်းချုပ်ထားခဲ့သည်ဖြစ်သောကြောင့် အသက်မသေချင်လျှင် အစေခံပြုလုပ်ဖို့ လမ်းသာ ရှိတော့၏။ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ဤကဲ့သို့ ဆိုးရွားလှသည့် အခြေအနေမျိုးသို့ ကျရောက်နေ၏။ သနားဖို့ ကောင်းလှပေသည်။
……...
အချိန်နှင့် တည်နေရာလျို့ဝှက် နယ်မြေထဲသို့ ဝင်ရောက် နေကြသော တပည့်များအားလုံးသည် စိတ်ဝိညာဉ် စုစည်းခြင်း အစီအရင်ထဲတွင် ဆက်လက်ကာ လေ့ကျင့်ကြ၏။ သူတို့သည် နည်းနည်းလေးမှ အချိန်ကို မဖြုန်းကျချေ။
လျို့ဝှက်နယ်မြေထဲသို့ မဝင်ရသေးသော တပည့်များ အားလုံးသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဝင်ပြီး လေ့ကျင့်လျက်ရှိနေကြသည်။
ကျန့်ရာနှင့် နင် ညီအစ်ကိုတို့သည် တစ်ခြားသော အာရုံစူးစိုက်စရာ ကိစ္စများအားလုံးကို ဖယ်ရှား၍ ဖြစ်နိုင်သမျှ အမြန်ဆုံး သိုင်းဘုရင် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန် အတွက် ကျင့်ကြံခြင်း ပေါ်တွင် အာရုံစိုက် လေ့ကျင့်ကြ၏။
ပြိုင်စံရှားဂိုဏ်း၏ အဓိက လုပ်ငန်းစဉ်သည် ပိုမို အားကောင်းစေရန် အတွက် အပြင်းအထန် ကျားကုတ်ကျားခဲ ကြိုးစားခြင်းပင် ဖြစ်တော့သည်။
အထူးတာဝန်ရှိသည်မို့ ကျင့်ကြံခြင်းအဆင့်ပိတ်မိလျက်ရှိသော ကျွင်းချောင်ရှောင်းသည် ဂိုဏ်းကို စီမံခန့်ခွဲခြင်းနှင့် သိုင်းနည်းစနစ်များကို နားလည်ရန်အတွက်သာ ကြိုးစားတော့၏။
အပြင်ဘက်တွင်တော့ များပြားလှသော ကျင့်ကြံသူများ အားလုံးသည် သူနှင့် ပြိုင်စံရှားဂိုဏ်းအကြောင်းကို လက်ရှိအချိန်တွင် အပြင်းအထန် ဆွေးနွေးနေကြတုန်းပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းအနေနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအား အနိုင်ယူခဲ့သည်ဆိုသည်ကို သိရှိပြီးသည့်နောက်မှာတော့ ဂိုဏ်းကြီးများ တော်တော်များများသည် အံ့အားသင့်နေမိကြသည်။ သို့ပေမဲ့ ၎င်းတို့သည် ပြိုင်စံရှား ဂိုဏ်းအနေနှင့် ရှေးယခင်ထဲက ဆင်းသက်လာသော ရှေးဂိုဏ်းကြီးတစ်ခု ဖြစ်သည်ဆိုသည့် အကြောင်းအား ပိုမို၍ စိတ်ဝင်စားမိနေကြ၏။
လူတစ်ချို့ ဆိုလျှင် သမိုင်းဝင်မှတ်တမ်းများကို လှန်လှောရင်းစတင်ကာ ရှာဖွေနေကြသည်။ သို့ပေမဲ့ မည်သည့် မှတ်တမ်းမှတ်ရာမှ ရှာမတွေ့ကြပေ။
ဤအရာသည် ပြိုင်စံရှားဂိုဏ်း အကြောင်းနှင့် ပတ်သက်၍ ဆန်းကြယ်လှသည့် မြုပ်ကွက်တစ်ခုလိုပင် ဖြစ်နေကြသည်။ ဤဂိုဏ်းသည် ရှေးယခင်ကတည်းက ဆင်းသက်လာသည့် ရှေးဂိုဏ်းကြီး ဖြစ်သည် မဖြစ်သည်ဆိုသည်မှာ မသေချာပေ။ သို့ပေမဲ့ မည်သူကမှ သွား၍ ရန်မပြုရဲချေ။
အဘယ့်ကြောင့်ဆိုသော် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူကိုတောင် အနိုင်ရရှိထားသူ ဖြစ်သောကြောင့် ကျိန်းသေပေါက် အားကောင်းပေလိမ့်မည်။
နတ်ဆိုးမိစ္ဆာဂိုဏ်း နှင့် သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတို့မှာ ၎င်းတို့၏ နာကျင်မှုများကို မြိုချရင်း သိုသိုသိပ်သိပ် နေထိုင်လျက် ရှိနေကြသည်။
အတုန်လှုပ်ဆုံးသော လူများမှာတော့ အရှေ့မြောက် လုကျိုး အရပ်တွင် ရှိသော ဂိုဏ်းများပင် ဖြစ်တော့သည်။
အအေးနန်းတော်၏ ဘိုးဘေး အကြီးအကဲကြီးသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် အဖြစ်သို့ ရောက်ရှိခဲ့သည်။ ထိုသတင်းအား ရွှမ်လင်း ဂိုဏ်းချုပ်နှင့် တစ်ခြားသော သူများအားလုံး တို့သည် သိရှိပြီးသည့်နောက်မှာတော့ ပထမဦးဆုံး အံ့အားသင့်မိနေကြ၏။
သူတို့၏ စဦးအဆင့်အစီအစဉ်သည် ပြိုင်စံရှား ဂိုဏ်းအား အားရပါးရ လှောင်ရယ်ရန်ဖြစ်သည်။ သို့ပေမဲ့ သူတို့ မထင်မှတ်ထားသည့် ရလာဒ်မျိုး ဖြစ်ပေါ်လာခဲ့သည်။
ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူတို့ရှစ်ယောက်နှင့် တိုက်ခိုက်ခဲ့စဉ်က တစ်ချက်ကလေးမှ ကြောက်ရွံ့ဟန် မပြခဲ့ချေ။ ဤအရာသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော ဝှက်ဖဲတစ်ခု ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
နတ်ဘုရားများကို ကျေးဇူးတင်ရပေလိမ့်မည်။
ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသော အမျိုးသမီး ထွက်လာခြင်းကြောင့်သာ ဖြစ်၏။ သူမသာ ပေါ်မလာပါက ကျွင်းချောင်ရှောင်းသည် အလွန်တရာ ဒေါသထွက်၍ ၎င်း၏ ဝှက်ဖဲကို အသုံးပြုလိမ့်မည်။
ထိုသို့ဆိုလျှင် သူတို့နှင့် အတူ သူတို့၏ ဂိုဏ်းများပါကျိန်းသေပေါက် ပြသနာတက်ပြီဖြစ်၏။
ကျောက်စိမ်းပြား အကြောင်းကို ပြောရမည်ဆိုလျှင် လုချင်းချင်း အကြောင်းကို ပြောရပေလိမ့်မည်။
သူမသည် အဆုံးမဲ့ အအေးပင်လယ်ထဲတွင်ရှိသည့်အချိန် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ ဘိုးဘေးအကြီးအကဲကြီး ထွက်ခွာသွားကြောင်းကို အာရုံခံမိ၏။ ထို့ကြောင့် သူမ၏ ဂိုဏ်းပြသနာတက်သည်ကို သိရှိလိုက်ရသောကြောင့် လျှင်လျှင်မြန်မြန်နှင့် ပြန်လာခဲ့တော့သည်။
သို့ပေမဲ့ လမ်းတစ်ဝက်သို့ ရောက်ချိန်မှာတော့ သူမ၏ ဂိုဏ်းချုပ်သည် တစ်ဖက်လူအား အနိုင်ယူတိုက်ခိုက်နိုင်ခဲ့သည်ဆိုသော သတင်းအား ကြားရှိလိုက်ရသည်။
ဂိုဏ်းချုပ်သည် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်ပေလား။ လုချင်းချင်း၏ မျက်လုံးများသည် အံ့အားသင့်မှုများ နှင့် ပြည့်နက်သွားရ၏။
သေချာစဉ်းစားပြီးသည့်နောက်မှာတော့ သူမသည် အရှေ့မြောက် လုကျိုးပြည့့် ပြန်လာကာ ဆက်လက်ကျင့်ကြံတော့သည်။
ရေခဲအင်ပါယာ၏ ကျောက်စိမ်းပြားကို သူမ ရှင်းရှင်းလင်းခင်း သေသေချာချာ ပြသခဲ့ပြီးဖြစ်သည်။
သို့ပေမဲ့ လုကျိုးရှိ ဂိုဏ်းများသည် သူမ၏ ဂိုဏ်းအား ပြသနာသွား၍ ရှာရဲခြင်းသည် သူမ၌ လုံလောက်သည့် အားအင် မရှိသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ အချိန်အတိုင်းအတာ တစ်ခုအထိ ရယူပြီးသည့်နောက်တွင် သင်ခန်းစာပေးရန် သူမ တေးမှတ်ထားလိုက်၏။
မည်မျှ အချိန်ကြာမည်ဆိုသည်ကိုတော့ လုချင်းချင်းတစ်ယောက် မသေချာသေးပေ။
အဘယ့်ကြောင့်ဆိုသော် ရေခဲအင်ပါယာ၏ အမွေအနှစ်များ အကြောင်းကို သူမ လုံးဝ နားမလည်သေးသောကြောင့် ဖြစ်သည်။
သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်းအား ရန်ပြုခဲ့သော လူများအားလုံးကို ဘယ်တော့မှ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ သူမ တွင်စွမ်းအင်များ ရှိလာပြီဆိုပါက ရေခဲအင်ပါယာ၏ အောက်တွင် ရှိသော ဂိုဏ်းများကို ပြန်လည်စုစည်းပြီး အပြစ်ပေးသင့်သည့် လူများအားလုံးကို အပြစ် ပေးရပေလိမ့်မည်။
….
တစ်လကြာပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ အလုံးစုံသော အားအင်များသည် ကြီးကြီးမားမား တိုးတက် သွားသည်။
ကျွင်းချောင်ရှောင်းသည် စနစ်အား ဖွင့်ကြည့်လိုက်သည့် အချိန်မှာတော့ အထူးတာဝန် (၅) တွင် ရှိသော သိုင်းစစ်သူကြီး အရေအတွက်သည် ၂၀၀ အထိ ရောက်ရှိသွားခဲ့၏။
သို့ပေမဲ့ သိုင်းဘုရင် ထိပ်ဆုံးအဆင့် အရေအတွက်မှာတော့ မပြောင်းလဲကြချေ။
လီချင်းယန် ၊ ရှောင်ကျီနှင့် တစ်ခြားသော သူများသည် ရီရှင်းချန်နှင့် ခြားနားကြသည်။ သူတို့အနေနှင့် အချိန်မြန်ဆန်လှသည့် နယ်မြေထဲသို့ ဝင်ရောက်ခွင့် ရှိသည်ဆိုလျှင်တောင်မှ သိုင်းဘုရင် အဆင့်သို့ ဝင်ရောက်ရန် အတွက် ခက်ခဲနေသေးသည်။
ကျွင်းချောင်ရှောင်းမှာ စိတ်မပူသေးချေ။ သူ၏ အထင်အရဆိုလျှင် ငါးလတောင် ကျန်ရှိနေသေး၏။ ဤအတောအတွင်း အဆင့်ချိုးဖြတ်နိုင်ဖို့ ဆိုသည်မှာ ပြသနာမဟုတ်နိုင်ပေ။
ငါးလမပြည့်ခင်မှာဘဲ လီချင်းယန်နှင့် တစ်ခြားသောသူများသည် အချိန်တည်နေရာ နယ်မြေထဲမှာ ကျင့်ကြံရင်း အပြင်ဘက်သို့ အထုတ်ခံလိုက်ရတော့၏။ ထို့အတူ သူတို့အားလုံးသည် မကြာခင်မှာပဲ သိုင်းဘုရင် အဆင့်သို့ အောင်မြင်စွာ ချိုးဖြတ် ရောက်ရှိသွားကြတော့၏။
သူတို့သည် ရီရှင်းချန်ကဲ့သို့ အရင်ဘဝက အတွေ့အကြုံနှင့် သိုင်းတာအိုများကို မပိုင်ဆိုင်ကြပေ။ ထို့အပြင် ထိုက်ရွှမ် ကျမ်းလိုမျိုး ကျင့်ကြံခြင်း နည်းစနစ်အားလည်း မပိုင်ဆိုင်ပေ။
ထိုသို့ဆိုလျှင်တောင်မှ မြန်မြန်ဆန်ဆန် သိုင်းဘုရင် အဆင့်သို့ ရောက်ရှိနိုင်သည်မှာ အလွန်တရာ ထူးချွန်သောကြောင့်ပင် ဖြစ်သည်။
ဒင် … ဒင်
ထိုနေ့မှာတော့ သတိပေးသံများသည် ကျွင်းချောင်ရှောင်း ၏ ဦးခေါင်းထဲ၌ တစ်ဒေါင်ဒေါင် မြည်လျက်ရှိသည်။
အထူးတာဝန် (၅) ၏ သိုင်းဘုရင်အဆင့် ကျင့်ကြံသူများသည် ရှစ်ယောက် အထိ တိုးတက်သွားခဲ့ပြီဖြစ်၏။ အဆင့်ချိုးဖြတ်သွားခဲ့သူမှာ လီချင်းယန် ၊ ရှောင်ကျီ ၊ စုရှောင်မို၊ လီဖေးနှင့် ထျန်းချီတို့ ပင် ဖြစ်၏။
ထိုသို့ဆိုလျှင် အရင်တုန်းက အဆင့်ကျော်ဖြတ်ခဲ့သည့် သူများမှာ ရီရှင်းချန်နှင့် ကျိုးဟုန်တို့ ဖြစ်သည်။ ထိုနှစ်ယောက်အပြင် တစ်ခြားတစ်ယောက်မှာ မည်သူ ဖြစ်နေသနည်း။
ပြောနေစရာ မလိုပေ။ ကျိန်းသေပေါက် ၎င်းတို့၏ တပည့်အကြီးဆုံး လုချင်းချင်းသာပင်လျှင် ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ သူမသည် လုကျိုး ပြည်နယ်ထဲသို့ သွားရောက် လေ့ကျင့်ခဲ့ရင်း သိုင်းဘုရင် အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ပုံပေါ်သည်။
ဤအရာသည်လည်း နားလည် လက်ခံသင့်နိုင်သည့် အရာပင် ဖြစ်တော့သည်။ ထို့အပြင် သူမသည် ထိုက်ရွှန် အအေးနှလုံးသားကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြုပြီး အအေး ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်၏။ ထို့ကြောင့် ကျင့်ကြံမှုအပေါ် နားလည်မှုသည် ရီရှင်းချန်ထက် မည်သို့မှ အားမနည်းချေ။
ဒုတိယသို့ ရောက်ရှိချိန်မှာတော့ ကောင်းကင်ဘုံကျောင်းမှ တစ်ဆင့် ဝင်ရောက်လာကြသော ပါရမီရှင်များသည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။
ထိုသူများကြောင့် ဂိုဏ်း၏ တာဝန်နှင့် လိုအပ်ချက် သိုင်းစစ်သူကြီး အဆင့် အရေအတွက် သည် ၂၀၀ မှ ၃၈၉ အထိ ပြောင်းလဲခဲ့သည်။
ဤနှုန်းအရဆိုလျှင် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် အယောက် ၅၀၀ သည် နောက်လဆိုလျှင် ပြည့်ဝသွားမှာ ဖြစ်၏။
ထင်မှတ်ထားသည့် အတိုင်းပင် သုံးလမြောက်သည့် အချိန်မှာတော့ လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ကြသော တပည့်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် အဆင့် ချိုးဖြတ်နိုင်ခဲ့ကြပြီး သိုင်းစစ်သူကြီး အရေအတွက်သည်လည်း ၃၈၉ မှသည် ၆၀၀ အထိသို့ ရောက်ရှိသွားခဲ့သည်။
အကန့်အသတ် နှစ်ဝက်ဆိုသည့် တာဝန်သည် သုံးလအတွင်း ပြည့်မြှောက်သွားခဲ့ပြီဖြစ်၏။ သံသယရှိစရာမလိုအောင်ပဲ အလွန် စိတ်ချမ်းသာစရာ ကိစ္စပင် ဖြစ်နေတော့၏။
ကျွင်းချောင်ရှောင်း၏ တစ်နှစ် ဘေးထွက် ဆိုးကျိုးသည်လည်း အချိန်ကာလတိုတစ်ခုအတွင်းတွင် ပြန်လည်၍ ပြည့်ဝသွားခဲ့ပြီဖြစ်သည်။ သူ၏ သိုင်းဘုရင် ထိပ်ဆုံးအဆင့်သည် ပြန်လည် ရရှိလာခဲ့ပြီဖြစ်ပြီး မရီဒန်ထဲသို့ စိတ်ဝိညာဉ် စွမ်းအင်များ တိုးဝင်လာသည့် ခံစားချက်ကို ရရှိနေသည်။
"ဂိုဏ်းချုပ်"
ရှန်ကွမ်းရှင်းရောင်သည် ခန်းမအတွင်းသို့ လျှောက်ဝင်လာပြီးနောက် ပင်ပန်းကြီးစွာဖြင့် ပြောလိုက်၏။ "ကျွန်မက ကျင့်ကြံခြင်း နည်းစနစ် တော်တော်များများကို ဖန်တီးထားတယ်။ကျေးဇူးပြုပြီး ကြည့်ပေးပါအုံး"
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း နည်းစနစ် များအား ဖန်တီးရန် အစောကတည်းက သူမကို တာဝန်ပေးခဲ့ပြီးဖြစ်သည်။ သူမသည် ဖြစ်နိုင်သမျှ ကျင့်ကြံခြင်း နည်းစနစ်များကို ဖန်တီးခဲ့သည်။
"ဘယ်လောက်တောင်များလဲ"
"၅၀၀ ကနေ ၆၀၀ အထိ ရှိပါတယ်"
"အဲလောက်များတာလား" ကျွင်းချောင်ရှောင်းသည် မတ်တပ် ထရပ်လိုက်မိ၏။
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ သုံးလ လုံးလုံး ကျွန်မက မကျင့်ကြံဘူးလေ။ လျို့ဝှက်နယ်မြေထဲကို လာတုန်းကလည်း ကျင့်ကြံခြင်းတွေကို ဖန်တီးနေခဲ့တာ။”
“အံ့အားသင့်စရာပဲ အံ့အားသင့်စရာပဲ" ကျွင်းချောင်ရှောင်းသည် အလွန်တရာ အံ့အားသင့်မိနေ၏။
သူမသည် အချိန်ကာလတိုအတွင်း များပြားလှသည့် ကျင့်ကြံခြင်း နည်းစနစ်များကို ဖန်တီးခဲ့၏။ သူမ၏ သိုင်းတာအို အပေါ် နားလည်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ရှန်ကွမ်းရှင်းရောင် ဖန်တီးခဲ့သော ကျင့်ကြံခြင်း နည်းစနစ် အားလုံးသည် စဦးအဆင့်ဟုသာ သတ်မှတ်၍ ရသည်။ မပြည့်စုံလှချေ။
ကျွင်းချောင်ရှောင်းမှာတော့ အသိအမြင်အဆောင်များကို အသုံးပြု၍ ထို မပြည့်စုံသည့် အရာများကို ပြည့်စုံသွားအောင် ပြုပြင်ပြောင်းလဲတော့သည်။
ပြောရမည်ဆိုလျှင် ပြည့်စုံသွားသည့် ကျင့်ကြံခြင်း နည်းစနစ်များ ဖြစ်သည်ဆိုလျှင်တောင် တကယ်တမ်း ကျင့်ကြံဖို့ ထိုက်တန်သည့် နည်းစနစ်များတော့ မဟုတ်ပေ။ ၎င်းနည်းစနစ် တို့၏ အဆင့်များသည် နိမ့်ကျလွန်း၏။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် သုတေသန ဆက်လက်၍ ဖန်တီး ပြုလုပ်နေရသနည်း။
ပြောရမည်ဆိုလျှင် လုံလောက်သည့် အရေအတွက်ထိ ရောက်အောင် ဖန်တီးနေရခြင်းပင် ဖြစ်သည်။
အရေအတွက် ပြည့်ဝသွားပြီဆိုလျှင် ကျင့်ကြံခြင်း နည်းစနစ် ခန်းမဆောင်ထဲတွင် ရှိသော ကျင့်ကြံခြင်း နည်းစနစ်များနှင့် လဲလှယ်၍ ရနိုင်သည် မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း နည်းစနစ် ခန်းမဆောင် ကို ဖွင့်၍ ကြည့်လိုက်ချိန်မှာတော့ ဓာတ်ငါးပါး ကောင်းကင် နည်းစနစ်ကို ရရှိရန် အတွက် အရေအတွက်သည် ခုနစ်ရာကျော်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သံသယဖြစ်စရာမလိုအောင်ပင် ၉၉၈ ခု အရေအတွက် သည် အလွန်တရာ နီးကပ်နေပြီဖြစ်၏။
များပြားလှသော ကျင့်ကြံခြင်း နည်းစနစ်များ ရှိနေသည်။ ထိုအရာအားလုံးသည် ရှန်ကွမ်းရှင်းရောင် ဖန်တီးခဲ့သော အရာများ ဖြစ်ကြသလို နတ်ဆိုးမိစ္တာဂိုဏ်းနှင့် သတ်ဖြတ်ခြင်း နတ်ဘုရား ကျောင်းတို့၏ ဋ္ဌာနခွဲများမှ ရယူခဲ့သော အရာများ ပါဝင်သည်။
"ရှင်းရောင်"
ကျွင်းချောင်ရှောင်းသည် အားပေးလိုက်၏။ “ဆက်ပြီးတော့ ပြင်းပြင်းထန်ထန် ဖန်တီးထား။ကျင့်ကြံခြင်း နည်းစနစ်တစ်ရာကျော်ကို နောက်လအတွင်း ဖန်တီးနိုင်ရန် ကောင်းမယ်။”
ရှန်ကွမ်းရှင်းရောင်သည် ခေါင်းညိတ်လိုက်၏။
ဂိုဏ်းချုပ်ကျွင်းသည် ဤမိန်းကလေးအား ကျင့်ကြံခြင်းနှင့် ပတ်သက်လျှင် ရူးသွပ်နေသလားဟုပင် ထင်မှတ်မှားမိ၏။ သို့ပေမဲ့ နောက်ဆုံးမှာတော့ သူ့အတွက် အလွန်တရာ အသုံးဝင်သည့် လူတစ်ယောက် ဖြစ်နေမှန်း သိရှိလိုက်ရတော့သည်။
ပြောရမည်ဆိုလျှင် ဂိုဏ်း၌ ဦးနှောက် အကောင်းဆုံးသောလူမှာ ရှန်ကွမ်းရှင်းရောင် ပင် ဖြစ်လို့နေသည်။
“ဂိုဏ်းချုပ်”
တစ်ရက်မှာတော့ လီချင်းယန်သည် ရောက်ရှိလာ၏။ “ကောင်းကင်ဘုံမြို့ရဲ့ မြို့တော်ဝန်က ဒီကို လာလည်ပါတယ်”
“သူ့ကို အထဲကို ခေါ်လိုက်လေ”
မကြာခင်မှာပဲ မူချန်းဟုန်သည် အဓိက ဟောခန်းထဲသို့ သူ့သမီး မူဟုန်လင် နှင့် အတူ လျှောက်ဝင်လာသည်။
မူချန်းဟုန် သည် လိုရင်းကို တည့်တည့်ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်း … ခင်ဗျားတို့ ပြိုင်စံရှား ဂိုဏ်းက တပည့်မလိုအပ်ဘူးလား။ကျုပ်သမီးက ခင်ဗျားရဲ့ တပည့်ဖြစ်ချင်နေတယ်”