မင်းတမင်လုပ်တာပဲ
Vol. 006 Ch. 576
အစပိုင်းတွင် ဟွာရှုံသည် သူတို့စိတ်ပျက်သွားမည်ဟု ထင်ထားသော်လည်း ရှီမာယူယူ၏ မျက်လုံးများ သည် တည်ငြိမ်မှုရှိနေသည်။
“မင်းမကြောက်ဘူးလား”
ရှီမာယူယူ မဲ့ပြုံးပြုံးလိုက်သည် “ကြောက်တယ်ဆိုတာထက် မသိချင်ဘူးလားလို့မေးရမှာ၊ ငါ့ကို ဘယ် ခေါ်သွားမလို့လဲ”
“မင်းအဲဒီကိုရောက်ရင် သိမှာပါ” ဟွာရှုံသည် ထိုစကားပြောပြီးနောက် ဘာမှထပ်မပြောတောပေ။ သူ သည် သူမအား ဆွဲကိုင်ကာ အရှိန်မြှင့်ပြီး ပျံသန်းသွားလိုက်သည်။ သူသည် အားလုံးထက် အားနည်းခြင်းမရှိပေ။
အနည်းဆုံးတော့ ရှီမာယူယူသည် သူ့ပြိုင်ဘက်မဟုတ်ပေ။ သူသည် သူမကို မလှုပ်ရှားနိုင်အောင်လုပ် ထားသဖြင့် သူမသည် လှုပ်မရပေ။
ထိုအချိန်တွင် သူတို့သည် တိုက်ပွဲမြေပြင်မှ ဖြတ်သွားလေသည်။ ဟာစွန်သည် သူမနောက်လိုက်ခဲ့ သော်လည်း လိုက်မမှီခဲ့ပေ။ ရှီမာယူယူသည် သူ့မျက်လုံးကိုကြည့်ပြီး စာချုပ်နေရာတွင် သိမ်းလိုက်လေသည်။
ကွာဝေးသော နေရာရောက်သောအခါ စာချုပ်နေရာမှ ချက်ချင်းပင် ပြန်ထုတ်လိုက်သည်။
နတ်ဆိုးမျိုးနွယ်နှင့် တိုက်ခိုက်နေသော ဝူလင်းယူသည် ရှီမာယူယူကို ဖမ်းသွားသည်ကို မြင်သည်နှင့် ချက်ချင်းပင် အလောတကြီးလိုက်လေသည်။ သူသည် သူ့ပတ်လည်တွင်ရှိသော သူများကို ဘေးသို့ တွန်းဖယ် ပြီး နောက်မှလိုက်လေသည်။
သို့သော် နတ်ဆိုးမျိုးနွယ်များကြောင့် နှောင့်နှေးသွားပြီး ဟွာရှုံ၏ အမြန်နှုန်းကို သူ လိုက်မမှီခဲ့ပေ။
ဖန်ကျိရှင်းသည်လည်း နောက်မှလိုက်ချင်သော်လည်း နတ်ဆိုးမျိုးနွယ်များ၏ အရေအတွက်မှာ များလွန်း နေသည်။ ဝူလင်းယူသွားသည်နှင့် သူတို့၏ တိုက်ပွဲအင်အား လျော့သွားမည်ဖြစ်သည်။ သူသည်လည်း တိုက်ပွဲမှ ထွက်ခွာရန်မဖြစ်သဖြင့် ဘေချင်းနှင့် အကြီးအကဲနှစ်ယောက်ကို လိုက်ခိုင်းရလေသည်။
နောက်ထပ် နတ်ဆိုးမျိုးနွယ်အဖွဲ့သည်လည်း ရောက်လာကာ တိုက်ပွဲတွင်ဝင်တိုက်သည်ကို ရှီမာယူယူ မြင်လိုက်သောအခါ ဖန်ကျိရှင်းတို့ ရှုံးတော့မည့် အလားအလာမြင်နေရသည်။ သူမသည် လက်ထဲတွင်ကိုင်ထား သော ပစ္စည်းကို သတိရလိုက်သောအခါ ခန္ဓာကိုယ်သည် အကြောသေနေသော်လည်း လက်ကတော့ လှုပ်လို့ရ နေသေးသည်။ သူမသည် လျင်မြန်စွာပင် ဝိဉာဉ်စွမ်းအင်ထည့်ပြီး လက်ဖဝါးကို ဖြန့်လိုက်ကာ သံမဏိလုံးကျသွား အောင် လုပ်လိုက်သည်။
သနားစရာကောင်းသော နတ်ဆိုးမျိုးနွယ်များသည် ထိုပစ္စည်းကျလာသည်ကို မြင်သဖြင့် မော့ကြည့်ကြ လေသည်။ သံမဏိလုံးကျလာသည်ကို မြင်သော်လည်း ဘာမှ မစဉ်းစားမိပေ။ ထိုပစ္စည်းသည် မြေပြင်ကိုထိလိုက် သည် နှင့် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို ဖောက်ကွဲပစ်မည်ဟု ဘယ်သူထင်ထားမှာလဲ။
ဟွာရှုံသည် ထိုအဖြစ်အပျက်ကြောင့် မှင်တက်သွားပြီး လေထဲတွင် မူးဝေနေလေသည်။ သူသည် ရှီမာ ယူယူနှင့်အတူ မြေပြင်သို့ကျလုနီးပါးဖြစ်သွားသော်လည်း ပြန်ထိန်းလိုက်နိုင်သဖြင့် နှစ်ယောက်လုံးသည် မြေပြင် နှင့် အနည်းငယ်ကွာဝေးသောနေရာတွင် ပြန်ဆယ်လိုက်နိုင်သောကြောင့် သေခြင်းမှလွတ်မြောက်သွားလေ သည်။
“မင်းကလူကောင်းမဟုတ်ဘူးပဲ” သူမ လုပ်လိုက်သည့်အရာကို ဟွာရှုံတွေ့သောအခါ နှုတ်ခမ်းထောင့် များသည် ပြုံးသွားပြီး အပြစ်တင်လိုက်သည်။
“ဘာလဲ မင်းမျိုးနွယ်တွေ ဒဏ်ရာရသွားတော့ ရင်နာနေတာလား” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသိနေတာလား” ဟွာရှုံသည် အံ့သြသွားသည်။
“ဒါပေါ့”
“ဒါဆို ဘာလို့ ငါနဲ့လိုက်ခဲ့တာလဲ” ဟွာရှုံသည် ပျာယာခတ်နေသည်။ သူမအား အမိန့်ကြောင့် ဖမ်းလာရ သော်လည်း သူမသာ အားထုတ်လိုက်ပါက သူနှင့် တိုက်ခိုက်နိုင်သည်ဖြစ်ကြောင်းကို သူအခုမှပင် သိသွားသည်။
“ငါက မင်းနဲ့လိုက်ချင်တယ်ဆိုတာဘာပြောတာလဲ” သူမ ပြောလိုက်သည် “ပထမအနေနဲ့ အဲတုန်းက ငါ့ ဆရာနဲ့ တခြားသူတွေကို စိုးရိမ်နေခဲ့တာ၊ အဲတော့ ငါမင်းကို သိသိ မသိသိ မင်းလာမှာပဲ၊ ဒုတိယအနေနဲ့ မင်းက သန်မာတယ် ငါခုခံရင်တောင် အသုံးမဝင်ဘူး၊ တတိယအနေနဲ့ မင်းလိုနတ်ဆိုးက ဘာလို့လူသားတွေနဲ့ ပူးကပ် နေရတာကို ကြိုက်တာလဲ မင်းငါ့ကို ဘာလို့ဖမ်းချင်တာလဲ”
သူမ တည်ငြိမ်စွာပြောကာ သူမသည် အဖမ်းခံရသည့်ပုံစံမျိုး ဖြစ်မနေပေ။
ငှက်လေးသည် ဂဠုန်များ၏ ဘုရင်ဖြစ်သည်ဆိုသည့်အချက်ကို ရှုံအိုက်ရန်မှလွဲပြီး မည်သူမှမသိပေ။ ထို့ကြောင့် သူတို့သည် ငှက်မျိုးနွယ်ကို ခြိမ်းခြောက်ရန်အတွက် ထိုအချက်ကိုအသုံးချပြီး မခြိမ်းခြောက်နိုင်ပေ။
ထို့ကြောင့်ပင် သူ သူမကို ဖမ်းခေါ်လာရသည့်အကြောင်းအရင်းကို မသိပေ။
ဟွာရှုံသည် တိတ်နေကာ သူမအား သယ်သွားပြီး မနားတမ်းပျံသန်းလေသည်။ ဝူလင်းယူသည် အနောက်မှ လိုက်လာသည်။ သူတို့နှစ်ယောက်နှင့် နီးနေသည်ကို မြင်ရသော်လည်း မမှီသေးပေ။
အနီရောင်သွေးလောကနှင့် နီးနီးလာသည်ကို ရှီမာယူယူမြင်သောအခါ မသေချာစွာ မေးလိုက်သည် “မင်း ငါ့ကို နတ်ဆိုးလောကကို ခေါ်သွားမလို့လား”
ဟွာရှုံသည် ပြန်မဖြေပဲ သူမကို နတ်ဆိုးလောကအပြင်ဘက်သို့ ခေါ်သွားလေသည်။ သူသည် အပြာ ရောင် ရတနာတစ်ခုကိုထုတ်လိုက်သည်နှင့် လူတစ်ရပ်စာရှိသော အပေါက်သည် နံရံပေါ်တွင် ပေါ်လာလေ သည်။
ဝူလင်းယူနှင့် ဗျိုင်းမျိုးနွယ်မှ အကြီးအကဲ ၄ ၅ဦးသည် အလျင်စလိုလာလိုက်ကြသော်လည်း အပေါက် ပိတ်သွားပြီဖြစ်သည်။
ရှီမာယူယူ အနောက်လှည့်ကြည့်ရာ သူမနောက်ကို လူတစ်ချို့လိုက်လာသည်ကို တွေ့ရသည်။ အကြီးအကဲများ နီးနီးလိုက်လာသည်ကို တွေ့သည်နှင့် ဟွာရှုံသတိမထားမိသည့်အချိန်တွင် အတွေးတစ်ချက်နှင့် ပင် သူတို့ကို ဝိဉာဉ်စေတီအတွင်းထည့်လိုက်သည်။
ဟွာရှုံသည် အနောက်မှ လှုပ်ရှားမှုကို ခံစားမိသဖြင့် လှည့်ကြည့်ရာ ဝူလင်းယူတစ်ယောက်သာ သူမ နောက်လိုက်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက်တွင် သူသည် နောက်အပေါက်တစ်ခုဖွင့်ရန် ခက်ခဲနေသည်။ ဟွာရှုံသည် ထိုနေရာတွင် နှောင့် နှေးနေသဖြင့် သူထွက်လာသည်နှင့် သူတို့နှစ်ယောက်သည် အနည်းငယ်သာကွာဝေးတော့သည်။
“ပညာရှိစံအိမ်တော်က မြင့်မြတ်သော သားတော်၊ မင်း နတ်ဆိုးမျိုးနွယ်အထိ ငါ့တို့နောက်ကို လိုက်နိုင် မယ်လို့ ထင်မထားဘူး” ဟွာရှုံသည် ရှီမာယူယူကို ကိုင်ထားရင်းနှင့် ဝူလင်းယူအား အေးစက်စွာကြည့်လိုက် သည်။
အထက်လူကြီးများသည် ဝူလင်းယူအား ခေါ်လာရန်မပြောသဖြင့် သူနှင့်မျက်နှာချင်းဆိုင်လိုက်သည့် အခါ ဟွာရှုံသည် မျက်နှာထားတင်းသွားလေသည်။
“မင်းက ငါ့ဂျူနီယာညီကို နတ်ဆိုးမျိုးနွယ်ကို သွားတဲ့လမ်းကိုခေါ်သွားမှတော့ ငါက နောက်ကလိုက်ရ တော့တာပေါ့” ဝူလင်းယူသည် ပြောလိုက်သည်။
“မင်းအခုဖြတ်လာတဲ့ အတားအတီးက ဝင်ဖို့လွယ်ပေမယ့် ထွက်ဖို့ခက်တယ်ဆိုတာ သိလား၊ ခက်တယ် ဆိုတာထက်တောင် ပိုသေးတယ်” ဟွာရှုံပြုံးလိုက်သည်။ ထိုအပြုံးသည် အလွန်ပင် မှောင်မိုက်နေသည်။
“အဟွတ် အဟွတ် အဲဒါက…” ရှီမာယူယူသည် ရုတ်တရက်စကားပြောလိုက်ကာ သူတို့နှစ်ယောက်ကို နှောင့်ယှက်လိုက်သည်။ “အရင်ဆုံး ငါ့ကိုအောက်ချပေးပါလား၊ ဒီလိုကြီးဖြစ်နေတာ သက်တောင့်သက်သာ မဖြစ် ဘူး”
ထိုအချိန်မှပင် ဟွာရှုံသည် သူမလက်မောင်းကို ခရီးဆောင်အိတ်သဖွယ်ကိုင်ထားသည်ကို သတိရသွား တော့သည်။ သူနာခံရမည့်အမိန့်မှာ ထိုလူကို ဘေးကင်းစွာဖြင့် ခေါ်လာရင်ဖြစ်ပြီး ရှီမာယူယူကို ဆံပင်မွေးပင် ထိ ခိုင်အောင် လုပ်မရပေ။ ထိုအကြောင်းအားတွေးမိသည်နှင့် သူ သူမကို အောက်ချပေးလိုက်သည်။
ရှီမာယူယူ မတ်တပ်ရပ်လိုက်သည်နှင့် ဟွာရှုံအား ဒေါသဖြင့် ကြည့်လိုက်ပြီး သူမ ဗိုက်အားပွတ်လိုက် သည်။ ဒီလိုပုံစံနဲ့ သူမကို ခေါ်လာတာက လုံးဝကို သက်တောင့်သက်သာမဖြစ်ဘူး။
သူမ အဝတ်များကို ဖြန့်လိုက်ပြီး ပြောလေသည် “အခု ငါတို့နတ်ဆိုးလောကထဲရောက်နေပြီ ငါ့ကို ဒီနေရာကိုဘာလို့ ခေါ်လာတာလဲဆိုတာပြောပြ”
“မင်းအဲနေရာကို ရောက်ရင်သိမှာပါ” ဟွာရှုံ ပြောလေသည်။
“ဒါပေမဲ့ မင်းငါ့ကိုမပြောရင် ဘယ်သွားရမလဲမသိဘူး” ရှီမာယူယူသည် ပြောလိုက်သည်။
“ဘာလို့အဲလိုပြောတာလဲ”
“ဘာလို့လဲဆိုတော့ မင်းလဲကျတော့မှာမို့လို့” ရှီမာယူယူသည် သူ့အား သွားဖြဲပြလိုက်သည်။
ဟွာရှုံသည် တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သော်လည်း မူးဝေမှုကို ခံစားမိလိုက်သည်။ သူသည် သူမ အား အံ့သြစွာကြည့်လိုက်သည်။
“မင်းဘာလုပ်လိုက်တာလဲ”
“ဘာမှမဟုတ်ပါဘူး မင်းငါ့ကိုချလိုက်တုန်းက အဆိပ်နည်းနည်းပေးလိုက်တာပါ” ရှီမာယူယူသည် အဆိပ်ခတ်လိုက်သည်မှာ ပုံမှန်အလုပ်တစ်ခုလိုပင် ပေါ့ပါး စွာ ပြောလေသည်။
သို့သော် ဟွာရှုံသည် မယုံကြည်စွာဖြင့် မျက်လုံးပြူးကာ သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီးပြောလေသည် “ငါ က နတ်ဆိုးမျိုးနွယ်က မျိုးနွယ်ဝင်ပဲ၊ ဘယ်လိုလုပ် မင်းအဆိပ်က ငါ့အပေါ်သက်ရောက်မှာလဲ”
“အဲဒါဆိုရင် နတ်ဆိုးမျိုးနွယ်ကို အကျိုးသက်ရောက်တဲ့ အဆိပ်ရှိတယ်ဆိုတာ ပြောနေတာပဲ”
ဟွာရှုံ သတိမေ့မသွားခင်တွင် ရှီမာယူယူ၏ အပြုံးကိုမြင်လိုက်သည်။ သူမသည် နတ်ဆိုးမျိုးနွယ်မှ လူ ဟုတ် မဟုတ်ကို သိချင်သွားသည်။ မဟုတ်ရင် နတ်ဆိုးမျိုးနွယ်ကို သက်ရောက်စေတဲ့ အဆိပ်ကို သူမ ဘယ်လို သိမှာလဲ။
သူမ ဟွာရှုံမေ့မြောသွားသည်ကို ကြည့်ပြီးနောက် သူ့အပေါ်နင်းကာ ဗျစ်တောက်ဗျစ်တောက် ပြောလေ သည် “ဒီသခင်လေးက လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေတာလား၊ ငါ့ကို ဖမ်းပြီး အကြောသေအောင် လုပ်ရဲ သေးတယ်”
ဘေးတွင်ရပ်နေသော ဝူလင်းယူသည် သူမ ကြိမ်းမောင်းနေသည်ကို အနည်းငယ်စိမ်းသလိုခံစားရသည်။ တစ်ခါက သူ သူမကို ဖမ်းလာစဉ်ကလည်း ထိုအတိုင်းဖြစ်မည့်ပုံပင်။ တစ်နေ့ကို သူမသည် သူ့ကိုပါ သတိမေ့ အောင်လုပ်ပြီး ရိုက်မည့်နေ့ ဘယ်တော့ရောက်လာမလဲဆိုသည်ကို သိချင်မိသည်။
သူ ခေတ္တမျှစဉ်းစားလိုက်ရာ ထိုသို့ဖြစ်နိုင်ချေမှာ များပြားသည်ဟု ရုတ်တရက်ခံစားရသည်။
သူ သတိပြန်မဝင်ခင် ရှီမာယူယူသည် ရုတ်တရက်လှည့်ပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည် “စီနီယာ အစ်ကို ဒါ တမင်လုပ်တာမလား”
“ငါက ဘာကိုတမင်လုပ်ရမှာလဲ” ဝူလင်းယူသည် လှပပြီး ဆွဲဆောင်မှုရှိသော တိုင်းပြည်ကိုကြည့်လိုက် သည်။ ဒါက နတ်ဆိုးလောကလား။ ရှေးဟောင်းကမ္ဘာဦးနယ်မြေတွေနဲ့ ကွာတာပဲ။
ရှီမာယူူသည် သူ့အပေါ်တွင် ရပ်လိုက်ပြီးအော်လေသည် “အစ်ကိုက တမင်း နတ်ဆိုးလောကို ကျွန်တော့် ကို ခေါ်လာတာမလား”