← Chapters

အခန်း (၆၀၉)

Vol. 41 Ch. 609

အခန်း (၆၀၉)

Vol. 41 Ch. 609

အုန်း… အုန်း.. ။

အဓိကဟောခန်း၏အတွင်းထဲမှာတော့ အလွန်တရာအားကောင်းလှသော သိုင်းဘုရင်တစ်ယောက်၏ အော်ရာသည် ထွက်ပေါ်လာခဲ့သည်။

အပြင်ဘက်တွင် ရှိနေကြသော တပည့်များအားလုံးသည် ဆွံ့အသွားကြ၏။ ထို့ကြောင့် ၎င်းတို့၏ခေါင်းများကို လှည့်ကာကြည့်ရှုလိုက်ကြသည်။

“ကြည့်ရတာ အထဲမှာ ဂိုဏ်းချုပ်နဲ့ ဟောခန်းသခင်လီတို့ ရှိနေတာပဲ၊ ဒီတော့ ဟောခန်းသခင်လီ သိုင်းဘုရင်အဆင့်သို့ ချိုးဖျက်ရောက်ရှိသွားတာနဲ့တူတယ်။”

“ဟောခန်းသခင်လီက နေ့စဉ်နေ့တိုင်း ဂိုဏ်းချုပ်ကို သတင်းပို့တဲ့လုပ်ငန်းကို လုပ်တယ်၊ တိုက်တိုက်ဆိုင်ဆိုင် အထဲကိုဝင်သွားတုန်း အဆင့်ချိုးဖျက်မိတာနဲ့တူတယ်” အားလုံးသည် ဆွေးနွေးလိုက်ကြသည်။

သို့ပေမဲ့ ဤအရာသည် တိုက်ဆိုင်ခြင်းတော့ မဟုတ်ပေ။ တမင်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းပင် ဖြစ်တော့သည်။ ကျွင်းရှောင်ချောင်းသည် သိုင်းဘုရင်ဆေးလုံးကို စမ်းသပ်ရန်အတွက် တစ်စုံတစ်ယောက်ကို လိုအပ်နေသည်။ ထို့ကြောင့် သူသည် ပထမဦးဆုံး လီလိုရှုကို တွေ့ခဲ့မိ၏။

ဤအမျိုးသမီးသည် နေ့စဉ်နေ့တိုင်း ဂိုဏ်းကိစ္စများနှင့် ပတ်သက်၍ အလုပ်ရှုပ်လျက်ရှိနေသည်။ ထို့ကြောင့် သူမ၏ကျင့်ကြံခြင်းအပေါ်တွင် အာရုံမစူးစိုက်နိုင်ချေ။ ထို့ကြောင့် သိုင်းစစ်သူကြီးအဆင့်တွင် ပိတ်မိနေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

ဟုန်း.. ဟုန်း..။

အော်ရာများသည် အချိန်အတော်ကြာ ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ရုတ်သိမ်းသွားကြ၏။

လီချင်းယန်နှင့် အခြားသောသူများ၏ အဆင့်ချိုးဖျက်မှုကို မျက်မြင်ကြုံတွေ့ကြခဲ့သော တပည့်များအားလုံးသည် တစ်စုံတစ်ယောက် သိုင်းဘုရင်အဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ရောက်ရှိသွားခဲ့သည့်အတွက်ကြောင့် နားလည်လိုက်မိ၏။

“ဒါက ဆန်းကြယ်လွန်းတယ်၊ အရမ်းဆန်းကြယ်တာပဲ”

အဓိကဟောခန်းထဲတွင် ရှိနေသော လီလိုရှု၏မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိလာသည်။

ထို့အပြင် အဆင့်ချိုးဖျက်ရောက်ရှိခဲ့ခြင်းမှာလည်း အလွန်တရာရိုးရှင်းလွန်းလှ၏။ သူ့အနေနှင့် ထုံးစံအတိုင်း ဂိုဏ်းချုပ်ဆီသို့ ရောက်လာ၍ သတင်းပေးပို့မည်ကို ပြုလုပ်ခဲ့သည်။ ထိုအချိန်မှာပဲ ဂိုဏ်းချုပ်သည် သူမအား ဆေးလုံးတစ်လုံး ပေးခဲ့သည်။ ထိုဆေးလုံးကို သောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ သိုင်းဘုရင်အဆင့်သို့ ရောက်ရှိသွားသည်။ ဤအရာသည် အိပ်မက်မက်သကဲ့သို့ပင် ခံစားမိနေ၏။

“မဆိုးဘူး၊ မဆိုးဘူး” ကျွင်းရှောင်ချောင်း၏နှုတ်ခမ်းများသည် ကော့တက်သွား၏။

သိုင်းဘုရင်ဆေးလုံး၏အထဲတွင် ပါဝင်သော သိုင်းဘုရင်ဆေးလုံး၏ဘေးထွက်ဆိုးကျိုးသည် တစ်စုံတစ်ယောက်၏သက်တမ်းကို လျော့ကျစေသည်။ သို့ပေမဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်း သိုင်းဘုရင်အဆင့်သို့ ရောက်ရှိသွားစေရန် ကူညီပေးနိုင်၏။

လီလိုရှုကဲ့သို့ သိုင်းဘုရင်ထိပ်ဆုံးအဆင့်တွင် ရောက်ရှိနေတာ အချိန်အတော်ကြာပြီဖြစ်သောသူ တစ်ယောက်အတွက် အလွန်သင့်တော်သည့် ဆေးလုံးပင်ဖြစ်သည်။ သို့ပေမဲ့ သိုင်းဘုရင်ဆေးလုံးကို သောက်သုံးမည်ဆိုလျှင် တစ်စုံတစ်ယောက်၏သက်တမ်းသည် လျော့ကျသွားမည်‌ဖြစ်သည်။

ထို့ကြောင့် သက်တမ်းကုန်ဆုံးခါနီး သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်ကျင့်ကြံသူများအနေနှင့် ဤဆေးလုံးကို သောက်သုံး၍ မဖြစ်နိုင်ချေ။ ဆေးလုံးကို သောက်သုံးမိလျှင် သက်တမ်းနှစ်တစ်ရာ ကုန်ဆုံးတော့မှာဖြစ်သောကြောင့် အဆင့်မတက်ခင်တွင် သေဆုံးသွားနိုင်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတွင်ရှိသော အဖွဲ့ဝင်များမှာတော့ ငယ်ရွယ်ပြီး အားမာန်ပြည့်ဝလှ၏။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးဆိုသည်မှာ တပည့်များအတွက် ဘာမှ မသိသာလှချေ။

…..

“ဒင်.. ဒင်.. ဒင်..”

ရက်အနည်းငယ်အတွင်းမှာပဲ သိုင်းဘုရင်ဆေးလုံး အများအပြားကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ ဆေးလုံးများ လုံလောက်ချိန်မှာတော့ ကျွင်းရှောင်ချောင်းသည် ပြောလိုက်၏။

“ချင်းယန်.. စွေ့ပုကျန့် နဲ့ အခြားသူတွေကို ခေါ်ခဲ့လိုက်”

“ကောင်းပါပြီ”

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ လီထျန်းထျန်း ၊ စွေ့ပုကျန့် ၊ စီမာကျုံတ၊ လင်းချန်ဟန်၊ ဟုန့်လင်၊ ချူရှိုးနန်နှင့် အခြားသောတပည့်များ အားလုံးသည် အဓိကဟောခန်းထဲကို လျှောက်ဝင်လာကြသည်။

ကျွင်းရှောင်ချောင်းသည် ဆေးလုံးများကို ဖြန့်ဝေပေးလိုက်ပြီးနောက် ပြောလိုက်၏။ “သိုင်းလေ့ကျင့်ရေးကွင်းပြင် အပြင်ဘက်ဆီကို သွားလိုက်ကြ”

“ကောင်းပါပြီ”

လီထျန်းထျန်း နှင့် တခြားသောသူများသည် အော်ဟစ်လိုက်ကြ၏။

ချူရှိုးနန်သည် စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်၏။ “ဒါက ဘာဆေးလုံးလဲ။”

“စီနီယာ အစ်ကိုရှု” ဟုန့်လင်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ခြေချိတ်ထိုင်ရင်း တီးတိုးပြောလိုက်၏။ “ဂိုဏ်းချုပ်ပေးတဲ့ ဆေးလုံးဆို အရမ်းအားကောင်းမှာပဲ၊ စဉ်းစားမနေနဲ့ မြန်မြန်သောက်လိုက်”

“ကောင်းပြီ”

ချူရှိုးနန်သည် ဆေးလုံးကို တခါတည်းမျိုချလိုက်၏။ သိုင်းဘုရင်ဆေးလုံးသည် ၎င်း၏ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် တခါတည်း အရည်ပျော်ကျသွားတော့သည်။ ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ စွမ်းအင်များ ပြည့်နှက်လာခဲ့သည်။

“ဒါက..”

လီထျန်းထျန်း နှင့် တခြားသောသူများ၏ အမူအရာများသည်လည်း ပြောင်းလဲသွားကြ၏။

ထိုအချိန်မှာတော့ ၎င်းတို့၏ခန္ဓာကိုယ်သည် အဆုံးအစမဲ့သော စွမ်းအင်များနှင့် ပြည့်နှက်နေသည်ဟု ခံစားမိလိုက်၏။ ၎င်းတို့၏ စိတ်ဝိညာဉ်အမြုတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် ရူးရူးမူးမူးပဲ မြန်ဆန်စွာ အသွင်ပြောင်းလဲလာတော့သည်။ ဤခံစားချက်သည် ဖော်ပြ၍မရနိုင်လောက်အောင်ပင် ကောင်းမွန်သော စိတ်ကျေနပ်မှုကို ရရှိစေ၏။

ဝှစ်.. ဝှစ်.. ဟိုး…။

ချက်ချင်းဆိုသလိုပဲ သိုင်းလေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးတွင် အလွန်တရာဆန်းကြယ်လှသော အော်ရာများသည် ပြည့်နှက်သွားခဲ့သည်။ ဤမြင်ကွင်းသည် ထိတ်လန့်တုန်လှုပ်စရာပင် ကောင်းလွန်းလှ၏။

“သောက်ကျိုးနည်း.. စီနီယာအစ်ကိုတွေက အတူတူစုပြီးတော့ အဆင့်ချိုးဖျက်သွားကြတာပဲ၊ အားလုံးက သိုင်းစစ်သူကြီးအဆင့် ထိပ်ဆုံးကျင့်ကြံသူတွေပဲ၊ တကယ်လို့ အဆင့်ချိုးဖျက်တယ်ဆိုရင် သိုင်းဘုရင်အဆင့်ကို ချိုးဖျက်တာ မဟုတ်လား”

ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် မျက်လုံးပြူးသွားမိကြ၏။

နောက်ဘက်ခြံဝန်းထဲတွင် ကျင့်ကြံနေရင်း သူ၏အဆောင်ဆီသို့ ပြန်လာသော ရီရှင်းချန် ပင်လျှင် နေရာတွင် မတ်မတ်ရပ်၍ ကြက်သေသေနေမိသည်။

ထိုသို့သော လူအများစုပေါင်း၍ အဆင့်ချိုးဖျက်ခြင်းဆိုသည်မှာ အလွန်တရာရှားပါးလွန်းလှသော ကိစ္စပင်ဖြစ်သည်။ ထို့အပြင် သိုင်းတပည့် သို့မဟုတ် သိုင်းဆရာအဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့ခြင်းလည်း မဟုတ်ပေ။ သိုင်းဘုရင်အဆင့် ဖြစ်နေ၏။

“ဟမ်….”

ချင်းယန်မြို့၏ မြို့ရိုးနံရံတွင် ရပ်လျက်ရှိသော မြို့တော်ဝန်ရှဲ့သည် သံမဏိအရိုးတောင်ဆီမှ ထွက်ပေါ်လာသည့် အော်ရာများကို မြင်လိုက်ရသည့်အချိန်မှာတော့ အံ့အားသင့်လျက်ရှိနေ၏။

………

“ခေါင်းဆောင်…. ကြည့်အုံး”

အိုက်မိသားစုထဲမှာတော့ အိုက်ရှန်းကီသည် သူ၏ခေါင်းကိုမော့ကာ ထအော်လိုက်၏။ အိုက်ရှန်းရီ ၊အိုက်ရှန်းဖန်နှင့် အခြားသောအကြီးအကဲများ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ထွက်လျှောက်လာကြသည်။

သံမဏိအရိုးတောင်ပေါ် ကောင်းကင်ထက်တွင် စုစည်းလျက်ရှိသော ဆန်းကြယ်လှသည့်အော်ရာများကို မြင်ရချိန်မှာတော့ သူတို့သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်မိနေ၏။

လီထျန်းထျန်းနှင့် တခြားသောတပည့် ၃၀ တို့သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ထိုင်လျက်ရှိနေကြပြီး အဆင့်ချိုးဖျက်နေကြ၏။ ထို့ကြောင့် ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်ပြောင်းလဲမှုသည် အလွန်တရာကြီးမားသည်ဟု ဆိုရမည်။

ချင်းယန်နိုင်ငံ၏ မြို့ကြီးရှစ်မြို့သည် ဤကဲ့သို့သော‌ ဖြစ်တည်လာမှု၊ ပြောင်းလဲလာမှုကို ရှင်းရှင်းလင်းလင်း မြင်နေရသောကြောင့် အားလုံးက အံ့အားသင့်လျက်ရှိနေသည်။

ထို့အပြင် တောင်ပြာဂိုဏ်းထဲမှာတော့ မာယွင်တန်၊ ဝမ်တုန်လင် နှင့် အခြားသောသူများသည်လည်း ထိုမြင်ကွင်းကို ကြည့်နေကြ၏။

သံမဏိအရိုးတောင်၏ ကောင်းကင်ယံထက်တွင် စုစည်းနေသော အော်ရာများမှာ တစ်စုံတစ်ယောက် သိုင်းဘုရင်အဆင့်သို့ ချိုးဖျက်ရောက်ရှိသွားသည့် အော်ရာမျိုးပင်ဖြစ်သည်။ သို့ပေမဲ့ အဘယ်ကြောင့် ဤမျှသိပ်သည်းပြီး အားကောင်းလွန်းနေသနည်း။

ဖြစ်နိုင်တာက သာမန်ထက်ပိုတဲ့ ကျင့်ကြံသူတစ်ယောက် အဆင့်ချိုးဖျက်တာလား။

ဤကဲ့သို့ မဟုတ်ပေ။ အစစ်အမှန်တရားမှာတော့ လူပေါင်းများစွာ စုစည်း၍ အဆင့်ချိုးဖျက်ခြင်းဖြစ်သည်။

ယနေ့မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်ယံထက်တွင် ဖြစ်တည်နေသော သဘာပတ်ဝန်းကျင်ပြောင်းလဲမှု အော်ရာများကို မြင်ရသည့်အချိန်မှာတော့ ချင်းယန်နိုင်ငံ၏ကျင့်ကြံသူများသည် ကျယ်ကျယ်ပြန့်ပြန့်နှင့် ဆွေးနွေးလျက်ရှိနေကြ၏။

ယနေ့မှာတော့ ပြိုင်စံရှားဂိုဏ်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် လီထျန်းထျန်း၊ ဟုန့်လင်နှင့် တခြားသောတပည့်သုံးဆယ်တို့သည် သိုင်းဘုရင်အဆင့်သို့ ချိုးဖျက်ရောက်ရှိခဲ့ပြီဖြစ်သည်။

ဂိုဏ်းတစ်ခုအနေနှင့် ဤမျှများပြားသော သိုင်းဘုရင်များ တခါတည်း၊ တပြိုင်နက်တည်း အဆင့်ချိုးဖျက်နိုင်ခြင်းဆိုသည်မှာ ဘယ်တုန်းကမှ ဖြစ်ဖူးသည့် ကိစ္စမဟုတ်ချေ။

……..

ဒင်.. ဒင်..။

လီထျန်းထျန်း နှင့် အခြားသောသူများ အားလုံးသည် အဆင့်ချိုးဖျက်ပြီးသည့်နောက်မှာတော့ သတိပေးချက်အသံများ တဒေါင်ဒေါင် သည် ကျွင်းချောင်ရှောင်း၏ ခေါင်းထဲတွင် ထွက်ပေါ်နေလျက်ရှိ၏။ သိုင်းဘုရင်အရေအတွက် လိုအပ်ချက်သည် ၂၅ မှသည် ၅၅ ဆီသို့ တိုးမြှင့်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

လီလိုရှုသည် သိုင်းဘုရင်အဆင့်သို့ ချိုးဖျက်ရောက်ရှိခဲ့သည်ဆိုသော်လည်း သူမသည် ဟောခန်းသခင်ဖြစ်သည်မို့ တပည့်များ၏စာရင်းတွင် မပါဝင်ပေ။ မဟုတ်ပါက ၅၆ယောက် ဖြစ်ပေလိမ့်မည်။

“ကောင်းတယ်” ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။

သိုင်းဘုရင်ဆေးလုံးသည် ဆက်လက်သန့်စင်နေတုန်းပင်ဖြစ်၏။ ထို့ကြောင့် သိုင်းဘုရင်အရေအတွက်သည် ပိုမို၍များပြားလာပေဦးမည်။ သို့ပေမဲ့ အကြီးအကဲများ၏အရေအတွက်မှာတော့ ဝ/၁ ဖြစ်လျက်ရှိနေသေး၏။

သိုင်းဘုရင်အဆင့်သို့ ရောက်ရှိရန်အတွက် သိုင်းဘုရင်ဆေးလုံးကို အသုံးပြု၍ရနိုင်၏။ သို့ပေမဲ့ သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန်ဆိုသည်မှာတော့ ၎င်းတို့ကိုယ်တိုင်ကြိုးစားမှသာ ဖြစ်ပေလိမ့်မည်။

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ လက်ကျန်သိုင်းဘုရင်ဆေးလုံး ၃၉ခုကို သန့်စင်ပြီးဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းထဲသို့ ဝင်ရောက်လာသည့် အချိန်အစဉ်လိုက်အတိုင်း အပြင်စည်းတပည့်များ အားလုံးကို ဖြန့်ဝေပေးလိုက်သည်။

“ထပ်ပြီးဖြစ်လာပြန်ပြီ၊ ပြိုင်စံရှားဂိုဏ်းမှာ ဘယ်သူကထပ်ပြီး အဆင့်ချိုးဖျက်ပြန်ပြီလဲ မသိဘူး၊ ဒါပေမဲ့ ဘာလို့ ဖြစ်ပေါ်လာတဲ့အော်ရာတွေက အရမ်းကိုအားကောင်းလွန်းနေတာလဲ”

တပည့်များစုပေါင်း၍ အဆင့်ချိုးဖျက်ပြီးတိုင်း သံမဏိအရိုးတောင်၏ ကောင်းကင်ယံထက်တွင် ကြီးမားသိပ်သည်းလှသော အော်ရာများ ဖြစ်ပေါ်လျက်ရှိနေတော့သည်။

ပြိုင်စံရှားဂိုဏ်းသည် မည်မျှအားကောင်းလှသနည်း။ ကျွင်းချောင်ရှောင်းအပါအဝင် အကြီးအကဲများ၊ ဟောခန်းသခင်များ၊ တပည့်များအားလုံး စုစုပေါင်းသိုင်းဘုရင် ၉၉ယောက် ရှိနေ၏။

သိုင်းစစ်သူကြီး တပည့်အရေအတွက်သည် တစ်ထောင်နီးပါးရှိပြီး အဆင့် ၆နှင့် အဆင့် ၇ သိုင်းစစ်သူကြီးအရေအတွက်သည် ရေတွက်၍ပင် မရနိုင်ပေ။

ဂိုဏ်းထဲတွင် သိုင်းဆရာကျင့်ကြံသူတစ်ယောက်ကို လိုက်လံရှာဖွေမည်ဆိုလျှင် တစ်ယောက်မှရှိသည်ကို တွေ့ရလိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပြိုင်စံရှားဂိုဏ်းမှတပည့်များသည် အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ကြ၏။

ပြီးနောက် စမ်းသပ်မှုမျှော်စင်နှင့် စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးတို့၏အစွမ်းကြောင့် ၎င်းတို့အားလုံးသည် သိုင်းဘုရင်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ တပည့်သစ်များအတွက်လည်း သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိဖို့ဆိုသည်မှာ ငှက်ပျော်သီး အခွံနွှာစားသည်ကပင် ခက်ခဲပေလိမ့်မည်။

လူတချို့က မေးမြန်းစရာရှိနေသည်။ ကလေးမလေး ရောင်မုန့်ယဉ်အကြောင်းပင် ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ သူမသည် တိမ်ကောင်းကင်နည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက်မှာတော့ သိုင်းစစ်သူကြီးအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့ပြီဖြစ်၏။ သူမ၏ကျင့်ကြံခြင်း အမြန်နှုန်းသည် ဂိုဏ်းတစ်ခုလုံးတွင် ဟယ်ဝူတီ၏ အနောက်၌ လိုက်လျက်ရှိ၏။

ဂိုဏ်းတစ်ခုလုံးအနက် သိုင်းဆရာကျင့်ကြံသူ တစ်ယောက်မှမရှိဆိုသည့်သတင်းသာ အပြင်ဘက်သို့ ပေါက်ကြားသွားပါက အားလုံး အံ့အားသင့်ပေလိမ့်မည်။

အလားအလာနှင့်ပတ်သက်လျှင် ထိပ်ဆုံးသုံးခုထဲတွင်မှ ပထမအဆင့်ဂိုဏ်းပင်ဖြစ်၏။ ဆိုးရွားလှသည်မှာ တပည့်များ၏ အားအင်အဆင့်သည် တိုးတက်လာခဲ့သည်ဖြစ်သော်လည်း ဂိုဏ်းချုပ်ကျွင်း၏ ကျင့်ကြံခြင်းအဆင့်မှာတော့ ဖိနှိပ်ခြင်း ခံထားရ၏။

ထို့အတူ တပည့်များသည်လည်း ၎င်းတို့၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ခြင်းနည်းစနစ် အသုံးပြု၍ သိုင်းဆရာအဆင့်ထဲသို့ လျှော့ချဖုံးကွယ်ထားကြသည်။ ဤအရာသည် သိုသိုသိပ်သိပ်နေခြင်းပင်ဖြစ်သည်။ ကျားကိုစားချင်သောကြောင့် ဝက်ယောင်ဆောင်သည်ဟုလည်း ဆိုနိုင်၏။

အလွန်တရာမောက်မာလှသော ဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းသည်သာ ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိလာပြီး စိန်ခေါ်မည်ဆိုပါက သိုင်းဆရာအဆင့် ကျင့်ကြံသူများ အားလုံးသည် သိုင်းစစ်သူကြီးနှင့် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့မြင်ရထေိတ်လန့်လွန်းသောကြောင့် ဘောင်းဘီထဲ သေးထွက်ကျမည်ကိုပင် စိုးရိမ်ဖွယ်ရာ ရှိသည်။

ဆယ်ရက်ခန့် ကြာပြီးသည့်နောက်မှာတော့…

ဒင်.. ဒင်.. ။

နောက်ထပ်သတိပေးသံသည် သူ၏နားထဲသို့ တိုးဝင်လာ၏။

အထူးတာဝန်ထဲတွင် ပါဝင်သော အကြီးအကဲများ၏ သိုင်းဘုရင် ထိပ်ဆုံးအဆင့် အရေအတွက်သည် ၁/၁ အဖြစ် ပြောင်းလဲသွားတော့သည်။

မည်သို့အဆင့်ချိုးဖျက်ခဲ့သနည်း..။

အဆင့်ချိုးဖျက်ခဲ့သူမှာ နင်တုစွေပင် ဖြစ်တော့သည်။

ဒင်..။

ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ နင်တုရှင်းသည်လည်း သိုင်းဘုရင်ထိပ်ဆုံးအဆင့်အထိသို့ ရောက်ရှိသွားခဲ့၏။ ထို့ကြောင့် ၂/၁ ဖြစ်သွားတော့သည်။

ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်၏။ “သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်၊ သိုင်းဘုရင်အဆင့်၊ သိုင်းဘုရင်ထိပ်ဆုံးအဆင့်၊ အားလုံးက ပြည့်စုံတော့မှာပဲ၊ ငါကတော့ များပြားလှတဲ့ ဆုလာဘ်တွေ ရပြီးတော့ ချမ်းသာတော့မယ်”

အချိန်တွေ ကုန်လွန်သွား၏။

ဂိုဏ်း၏တာဝန်ပြီးဆုံးရန် နောက်ဆုံးနေ့ ၊ နောက်ဆုံးနာရီ အတောအတွင်းမှာပဲ အကြီးအကဲကျန့်သည် ထင်ထားသည့်အတိုင်း သိုင်းဘုရင်ထိပ်ဆုံးအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားခဲ့တော့သည်။

သူသည် အထူးတာဝန်အား ဖွင့်ကြည့်လိုက်၏။

တာဝန်အသေးစိတ်မှာတော့ နှစ်ဝက်အတွင်း ဂိုဏ်း၏တပည့်များသည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်သို့ ချိုးဖျက်ရောက်ရှိခြင်း ၂၁၀၀/၅၀၀ ။ သိုင်းဘုရင်အဆင့်တပည့် ၉၅/၅၀ ။ အကြီးအကဲများသည် သိုင်းဘုရင်အဆင့်ထိပ်ဆုံးဆီသို့ ချိုးဖျက်ရောက်ရှိခြင်း ၃/၁ ။

အဓိကဟောခန်း၏အမိုးပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် နေကာမျက်မှန်ကိုဝတ်၍ စီးကရက်ကိုခဲကာ ပြောလိုက်၏။ “လာစမ်း ငါ့ရဲဆုလာဘ်တွေ၊ လာခဲ့လိုက်တော့”

All Chapters