← Chapters

အခန်း (၆၁၁)

Vol. 41 Ch. 611

အခန်း (၆၁၁)

Vol. 41 Ch. 611

အိပ်မောကျလျက်ရှိသော နဂါးလေးသည် ကျွင်းချောင်ရှောင်း ဒုက္ခရောက်လျက်ရှိသည်ကို နားလည်လိုက်၏။ ထို့ကြောင့် စာကြည့်ခန်းထဲမှတဆင့် အဓိကဟောခန်းထဲဆီသို့ အလျင်အမြန် ေြဤကဲ့သို့သော လုပ်ဆောင်ချက်သည် တစ်စုံတစ်ယောက်အား မျက်ရည်လည်သွားစေနိုင်သည့် လုပ်ဆောင်ချက်ပင် ဖြစ်သည်။ သို့ပေမဲ့ အထဲဆီသို့ တိုးဝင်လာသော နဂါးလေးသည် ရုတ်တရက်ဆိုသလိုပဲ မျက်နှာအမူအရာ ပြောင်းလဲ သွားမိ၏။ သခင့်ဆီမှ ထွက်ပေါ်နေသော မီးဓာတ်များသည် အလွန်တရာ အားကောင်းလွန်း၏။ နာကျင်မှုကို မမျှဝေနိုင်သည့်အပြင် အပူဓာတ်ပင် ပို၍ တိုးပွားသွားကြောင်း သိရှိလိုက်မိ၏။

ဘုတ်

မည်သည့်အရာကိုမှ မစဉ်းစားတော့ဘဲ နဂါးလေးသည် ကျွင်းချောင်ရှောင်းအား တိုက်ရိုက် ဖက်ထားလိုက်တော့၏။

ဟူး …. ဟူး

ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းဆီမှ အလွန်တရာပူပြင်းသော မီးတောက်များ ထွက်ပေါ်လာပြီး သူနှင့် နဂါးလေးတို့အား လွှမ်းခြုံသွားတော့သည်။

“ဒါက”

အကြီးအကဲဝေနှင့် အကြီးအကဲကျန့်တို့သည် မျက်လုံးပြုးသွားမိ၏။ တလက်လက်တောက်ပနေသော မီးတောက် များသည် ကြက်သွေးရောင်မီးတောက်အရောင်များ မဟုတ်ပဲ နက်ပြာရောင်အဖြစ်သို့ ပြောင်းလဲလာတော့သည်။

“ဒါက ကောင်းကင်ပျံမီးတောက် မဟုတ်လား”

ကျန်းတယ်ကျွင်းသည် ထအော်လိုက်မိ၏။ “ဒါက နတ်ဘုရားအဆင့် မီးတောက်လေ”

ဟူး ဟူး

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို ဝိုင်းပတ်လျက်ရှိသော မီးတောက်များသည် ရုတ်တရက် ဆူဝေလာပြီး ခရမ်းရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။

“ဒါ ဒါက”

အကြီးအကဲဝေ မတည်ငြိမ်နိုင်တော့ပေ။

“ခရမ်းရောင်နတ်မီးပါလား”

ဟူး ဟူး

သူပြောပြီးပြီးချင်းမှာပဲ မီးတောက်၏အရောင်သည် ထပ်မံ၍ ပြောင်းလဲသွားသည်။ ပြီးနောက် သာမန်မီးတောက် အရောင်အဖြစ် ထပ်မံဖြစ်ပေါ်လာတော့သည်။ ဒီတစ်ကြိမ်မှာတော့ အလွန်တရာ ပြင်းထန်လွန်း၏။ အဓိက ဟောခန်းတစ်ခုလုံးအား တောက်လောင်တော့မည့်ပုံဖြစ်နေသည်။

ဤအရာသည် မည်သည့်မီးတောက်များ ဖြစ်သည်ကို အကြီးအကဲဝေနှင့် အကြီးအကဲကျန်းတို့ပင် မသိနိုင်ချေ။ သို့ပေမဲ့ စောနက ပြောင်းလဲလိုက်သော နတ်မီးတောက်နှစ်ခု၏ အသွင်အပြင်ကို စဉ်းစားလိုက်ပြီးနောက် နောက်ထပ်ဖြစ်ပေါ်လာသောမီးတောက်သည် သာမန်မဟုတ်သည်မှာ သေချာလှ၏။

“ကြယ်မီးတောက်”

တချိန်လုံး ငြိမ်သက်နေသော မူဟုန်လင်သည် ဝင်၍ ပြောလိုက်၏။ သူမ၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ် နေသော အမူအရာများနှင့် ပြည့်နှက်သွားသည်။ ဤမီးတောက်သုံးခုလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော နတ်ဘုရားမီးတောက်များအဖြစ် အသိအမှတ်ပြုထားကြသည်။ ထိုမီးတောက်များသည် တစ်ခုပြီးတစ်ခု ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှ ပေါ်ထွက်နေသည်။ ဤအရာကို မြင်တွေ့ရသည်မှာ ထိတ်လန့်တုန်လှုပ် ဖွယ်ရာ ကောင်းလွန်းလှ၏။

မည်မျှနာကျင်မည်ဆိုသည်ကို ခန့်မှန်းကြည့်၍ပင် မရချေ။ သာမန်လူတစ်ယောက်သည်သာ ဤကဲ့သို့ နတ်ဘုရားအဆင့် မီးတောက်သုံးခု၏ လောင်ကျွမ်းခြင်းကို ခံရပါက ပြာပင်ကျနေပြီဖြစ်သည်။

ဟူး ဟူး

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ရှိ မီးတောက်များသည် ထပ်မံ၍ ပြောင်းလဲသွားတော့သည်။ အချိန်တိုအတွင်းမှာပဲ မတူညီသည့်အရောင်၊ အပူချိန်များနှင့် မီးတောက်ဆယ်ခု ထပ်မံ၍ ဖြစ်တည်လာသည်။ မူဟုန်လင်သည် ပါးစပ် အဟောင်းသားဖြင့် ဖြစ်မိနေသည်။ သူမသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ “ဒါတွေအကုန်လုံးက သူတော်စင်အဆင့် မီးတောက်တွေ”

နတ်ဘုရားအဆင့် မီးတောက်သုံးခုနှင့် သူတော်စင်အဆင့် မီးတောက်ဆယ်ခု.....

ထိုကဲသို့သော မီးတောက်များသည် ဂိုဏ်းချုပ်ကျွင်း၏ ခန္ဓာကိုယ်မှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ၎င်း၏ ခန္ဓာကိုယ်သည် နတ်မီးတောက်များနှင့် ပြောင်းလဲထားသည့် ခန္ဓာကိုယ်ဖြစ်၏။ ပြောင်းလဲသွားသည်မှာ ထင်ရှားလွန်းလှ၏။ သို့ပေမဲ့ ထိုကဲ့သို့ ပြောင်းလဲသွားရခြင်း၏ လုပ်ဆောင်မှုသည် အလွန်တရာ နာကျင်ပေလိမ့်မည်။ မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ငရဲသို့ ကျရောက်နေသလို အဆုံးမဲ့နှိပ်စက်ခြင်းကို ခံစားနေပေလိမ့်မည်။

အား အား

အဓိကဟောခန်းထဲမှာတော့ သတ်ဖြတ်ခံရသော ဝက်တစ်ကောင်ကဲ့သို့ ချောက်ခြားဖွယ်ရာ အော်ဟစ်သံကြီး ပေါ်ထွက်လျက်ရှိသည်။ အကြီးအကဲဝေနှင့် တခြားသူများအားလုံးသည် အကူအညီမဲ့စွာဖြင့် ကြည့်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် သူတို့သည် ဘာတစ်ခုမှ မလုပ်နိုင်ပေ။ ဂိုဏ်းချုပ်အနေနှင့် ဤကဲ့သို့သော ကပ်ဘေးကြီးမှ မြန်မြန်ဆန်ဆန် ကင်းရှင်းသွားစေဖို့ စိတ်ထဲမှာ ဆုတောင်းရုံသာ တက်နိုင်တော့သည်။

မီးတောက် ဆယ့်သုံးမျိုး၏ နှိပ်စက်ခြင်းကို နှစ်နာရီတိတိ ခံယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အော်သံသည် တဖြည်းဖြည်းနှင့် ငြီးသံအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့ပေမဲ့ သူသည် ပျော်ရွှင်လျက်ရှိနေ၏။

“အကြီးအကဲဝေ... ဂိုဏ်းချုပ်က ထပ်ပြီးမခံနိုင်တော့ဘူးနဲ့တူတယ်”

လီချင်းယန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။

ဝူး ဝူး

လျှိုဝမ်ရှစ်သည် မျက်ရည်ပေါက်ပေါက် ကျလာသည်။ “ဂိုဏ်းချုပ်... ဒီလိုမျိုး ဖြစ်လို့မရဘူး”

ရှောင်ကျီနှင့် တခြားသူများအားလုံးသည်လည်း ရင်ထဲတွင် နာကျင်စွာ ခံစားနေရသည်။ လက်ရှိအခြေအနေမှာတော့ အဓိက ဟောခန်းထဲတွင် ဖြစ်ပေါ်နေသော အလွန်တရာ ပူပြင်းသည့် အပူရှိန်သည် ရုတ်တရက်ကျဆင်းသွားတော့သည်။ သူတို့၏ မြင်ကွင်းထဲတွင် ပထမဦးဆုံး ပေါ်လာသည်က နဂါးလေးပင်ဖြစ်သည်။ နဂါးလေး၏ ခန္ဓာကိုယ်သည် နီရဲတွက်လျက်ရှိပြီး အပူများသည် တစ်လိတ်လိတ်နှင့် တက်နေ၏။

နတ်မီးခန္ဓာကိုယ်ကို ဖွဲ့တည်လျက်ရှိသော ကျွင်းချောင်ရှောင်း နှင့်အတူ မီးတောက်ဆယ့်သုံးမျိုး၏ လောင်ကျွမ်းခြင်း ကို ကြံကြံခံရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ သို့ပေမဲ့ နာကျင်မှုနှင့်အတူ ပျော်ရွှင်မှုများကလည်း လိုက်ပါကပ်ညှိလာတော့သည်။ မီးတောက်ဆယ့်သုံးခု၏ အပူချိန်ကို ခံယူပြီးသည့်နောက်မှာတော့ နဂါးလေးသည် ၎င်း၏ခန္ဓာကိုယ်၊ မရီဒန်နှင့် မီးတောက်ကို ထိန်းချုပ်နိုင်မှုများ အားလုံးသည် ကြီးကြီးမားမား တိုးတက်ပြောင်းလဲ သွားတော့သည်။

ဟား ဟား ဟား ဟား ဟား

သူသည် အကျယ်ကြီး အော်ရယ်လိုက်တော့သည်။

“...” လီချင်းယန်နှင့် တခြားသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ သူတို့သည် ဝမ်းနည်းလျက်ရှိ၏။ သို့ပေမဲ့ နဂါးလေးမှာတော့ အားရပါးရ ထရယ်နေ၏။

“မင်း သခင့်ကို စိတ်မပူဘူးလား၊ ဘယ်လိုဖြစ်လို့ ရယ်နေရတာလဲ”

ဝှစ် ..

နဂါးလေးသည် သူ၏လက်များကို ဆန့်တန်းပြီး အနောက်သို့ အသာဆုတ်လိုက်သည်။

ပြီးနောက် အားလုံး၏ မြင်ကွင်းထဲမှာ ကျွင်းချောင်ရှောင်း ပေါ်လာတော့သည်။ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိသော ဂိုဏ်းချုပ် ကျွင်း၏ ခန္ဓာကိုယ်သည် တစ်ကိုယ်လုံး တုန်ရင်လျက်ရှိ၏။

“ဟား ဟား ဟား ဟား ဟား”

လီချင်းယန် တစ်ခုခုပြောရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာ အားရပါးရ ရယ်လိုက်၏။

“သွားပြီ”

လျှိုဝမ်ရှစ်သည် ကြောက်ရွံ့စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ ဦးနှောက်ကိုပါ မီးလောင်သွားပြီနဲ့ တူတယ်”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ အဓိကဟောခန်းထဲမှ ပြေးထွက်လိုက်သည်။ သူသည် လီချင်းယန်နှင့် တခြားသူများကို ဖြတ်သန်းသွားသည် အချိန်မှာပဲ အလွန်တရာ ပူလောင်လှသော အပူလှိုင်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်အထိပင် ရိုက်ခတ်လာ၏။ အားလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ မြန်မြန်ဆန်ဆန်ပဲ ကာကွယ်လိုက်ရတော့သည်။

ဝှစ် ဝှစ်

သူတို့ အနောက်မှ လိုက်သွားသည့်နောက်မှာတော့ လေ့ကျင့်ရေးကွင်းပြင်တွင် မတ်တပ်ရပ်လျက်ရှိသော ဂိုဏ်းချုပ်ကို မြင်လိုက်ရ၏။ ဂိုဏ်ချုပ်၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် ယမ်းခါလျက်ရှိ၏။ မှော်ပညာနှင့် အဆင့်မြှင့်တင်ထားသော ခေါင်းလိမ်းဆီသည် တလက်လက်တောက်ပနေသော မီးတောက်အောက်တွင် အစွမ်း သက်ရောက်မှု ကင်းလွတ်သွားပုံပေါ်၏။

ဟူး ဟူး

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်လိုက်၏။ သူ၏လက်ငါးချောင်း အထဲတွင် နက်ပြာရောင်မီးတောက်များ ဖြစ်တည်လာသည်။

“ဒါက”

ဝှစ်

ပြီးသည့်နောက် ရုတ်တရက်ဆိုသလိုပဲ သူ၏လက်ဝါးထဲတွင်ရှိသော မီးတောက်များသည် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

ဝှစ်

ပြီးနောက် နောက်ထပ် အရောင်တစ်ခုသို့ ထပ်မံပြောင်းလဲသွားပြန်၏။

ဟူး ဟူး

အားလုံးပြီးသည့်နောက်မှာတော့ သူတော်စင်အဆင့် မီးတောက်ဆယ်ခုတို့သည် ကျွင်းချောင်ရှောင်း၏ လက်ထဲတွင် တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်။ အလွန်တရာလှပလှသော အရောင်များကို ထုတ်ဖော်ပြသလျက်ရှိသည်။

နောက်ဆုံးမှာတော့ အကြီးအကဲဝေသည် တစ်စုံတစ်ခုကို နားလည်သွား၏။ သူအလန့်တကြားဖြင့် ထအော်လိုက် သည်။ “ဒါက ကျိန်းသေပေါက် နတ်မီးခန္ဓာကိုယ်ပဲ”

အကြီးအကဲကျန့်သည် လေးနက်စွာပြောလိုက်၏။

“နတ်ဘုရားမီးတောက်သုံးမျိုးနဲ့ သူတော်စင်မီးတောက် ဆယ်မျိုး၊ ဒါက တကယ့်ကို သမိုင်းမှတ်တမ်းထဲမှာရှိတဲ့ အားအကောင်းဆုံး မီးဓာတ်ခန္ဓာကိုယ်နဲ့ တူညီတဲ့အချက်ပဲ”

လီချင်းယန်၊ ရှောင်ကျီနှင့် အားလုံးတို့သည်လည်း ပျော်ရွှင်သွား၏။ ဂိုဏ်းချုပ်အနေနှင့် အလွန်တရာ အားကောင်း လှသောမီးများ တောက်လောင်ခဲ့ခြင်းအတွက် ပျော်ရွှင်ခြင်း မဟုတ်ပေ။ ဂိုဏ်းချုပ်အဆင်ပြေနေသည်ကို မြင်ရ သောကြောင့် ပျော်ရွှင်သွားကြခြင်းဖြစ်သည်။

အားလုံးထဲတွင် အတုန်လှုပ်ဆုံးမှာ မူဟုန်လင်ပင်ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် မီးဓာတ်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေချိန်မှာတော့ သူမသည် တစ်စုံတစ်ခုကို စဉ်းစားလိုက်မိ၏။

“သမီး... လောကကြီးမှာ မီးဓာတ်ခန္ဓာကိုယ် ကိုးမျိုးရှိတယ်၊ ဒါပေမဲ့ ဒီလောကကြီးနဲ့ သီးခြားခွဲထွက်ခြားနားနေတဲ့ ခန္ဓာကိုယ်တစ်ခုရှိသေးတယ်၊ ဒါက နတ်မီးခန္ဓာကိုယ်ပဲ”

သူမ အဖေ၏ စကားများသည် သူမ၏ နားထဲတွင် တိုးဝင်လျက်ရှိသည်။ လက်ရှိအခြေအနေမှာတော့ လောကကြီးနှင့် ခြားနားလျက်ရှိသော နတ်မီးခန္ဓာကိုယ်ကို သူမ မျက်လုံးနှင့် တွေ့မြင်လျက်ရှိသည်။ ထိုနတ်မီး ခန္ဓာကိုယ်ပိုင်ရှင်သည် သူမ၏ ဂိုဏ်းချုပ်ပင် ဖြစ်နေ၏။

ဟူး ဟူး

လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်လိုလက်ရဖြင့် မီးတောက်များကို ထုတ်လွှင့်လျက် ရှိနေတော့သည်။ အစောထဲက ဖွဲ့တည်ခဲ့သော သူ၏ သပ်ရပ်မီးအပြင် လက်ရှိအချိန်တွင် နတ်ဘုရားမီးတောက် သုံးမျိုးနှင့် သူတော်စင်အဆင့် မီးတောက်ဆယ်မျိုးကို ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံး မီးဓာတ်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားခဲ့သည်။

ဟူး ဟူး

တောက်ပသောမီးတောက်များဖြစ်ပေါ်လာပြီး ချက်ချင်းဆိုသလိုပဲ လေထုထဲတွင် စည်းပုံစံဖြစ်တည်လာသည်။ ပြီးသည့်နောက် မီးတောက်များသည် ပေါက်ကွဲသွားပြီး တည်နေရာတစ်ခုလုံးအား ဆွဲဖြဲလိုက်သလိုပင် ကွဲထွက် သွား၏။

နတ်မီးခန္ဓာကိုယ်၊ ကောင်းကင်နီဓားချက်

ဤနှစ်ခု၏ ပေါင်းစပ်မှုသည် ပုံမှန်တိုက်ခိုက်မှုထက် နှစ်ဆ သို့မဟုတ် သုံးဆ ပိုမို၍ အားကောင်းလာခဲ့သည်။

သိုင်းအုပ်စိုးသူလား၊ အားနာသည်။ သိုင်းအုပ်စိုးသူ အဆင့်လေး သို့မဟုတ် အဆင့်ငါးတို့သည် ကျွင်းချောင်ရှောင်း၏ လက်ရှိခုတ်ပိုင်းချက်ကို ခုခံရဲလိမ့်မည်မဟုတ်ချေ။

ဂိုဏ်းစုဆောင်းမှတ် - တစ်သောင်း

ဤအရာသည် ပေးဆပ်ရသည်ထက် ထိုက်တန်လွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ထဲတွင်ရှိနေသော မီးတောက်များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ဒီနေ့ကနေစပြီးတော့ ငါက မီးဓာတ်ခန္ဓာကိုယ် ကျင့်ကြံသူပဲ”

All Chapters