← Chapters

အခန်း (၆၁၂)

Vol. 41 Ch. 612

အခန်း (၆၁၂)

Vol. 41 Ch. 612

ညသို့ ရောက်ရှိလာခဲ့သည်။ သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင်တော့ မီးတောက်များ တောက်လောင်လျက်ရှိပြီး အရာအားလုံးသည် ထိန်ထိန်လင်းလျက်ရှိ၏။ အကြီးအကဲဝေနှင့် အကြီးအကဲကျန့်တို့သည် မတူညီသည့်နေရာများ တွင် ထိုင်လျက်ရှိနေပြီး ၎င်းတို့၏လက်ထဲတွင် အကင်ချောင်းများကို ကိုင်ထားကြသည်။ ၎င်းတို့၏ လက်များမှာတော့ အနည်းငယ် တုန်ရင်လျက်ရှိနေ၏။ ၎င်းတို့၏ နှုတ်ခမ်းထောင့်များသည်လည်း တဆတ်ဆတ် တုန်ရင်နေသည်။

တခြား အကြောင်းအရာမရှိချေ။ ၎င်းတို့သည် အကင်ကင်နေခြင်းပင်ဖြစ်၏။ ပြောနေစရာပင်မလိုချေ။ ထိုကင်ထားသော အသားများ အားလုံးသည် အလွန်တရာ စားကောင်းပြီး အတွင်းထဲထိ ကျက်သောကြောင့် ဝါး၍လည်းအလွန်ကောင်း၏။ အဘယ်ကြောင့်ဆိုသော် ထိပ်နေရာတွင် ဂိုဏ်းချုပ်သည် ထိုင်လျက်ရှိပြီး တစ်ခါ တစ်ရံ နတ်ဘုရားအဆင့်မီးတောက်ကို ထုတ်လွှင့်ကာ တစ်ခါတစ်ရံ သူတော်စင်အဆင့် မီးတောက်များကို ထုတ်လွှင့်ပေးနေသောကြောင့်ပင်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် မရှိသလောက် ရှားပါးလွန်းလှသော နတ်မီးခန္ဓာကိုယ်ကို အသုံးပြု၍ ဂိုဏ်းချုပ် သည် မီးမွှေးလျက်ရှိသည်။ ဂိုဏ်း၏ အကြီးအကဲများမှာတော့ အသားချောင်းများကို ကိုင်၍ ကင်နေရ၏။ ဤမြင်ကွင်းသည် အလွန်တရာ ဆန်းကြယ်လွန်းနေသည်။

ရှောင်ကျီသည် စနိုက်ပါရိုင်ဖယ်အား အသုံးပြု၍ တိရစ္ဆာန်များကို ပစ်ခတ်ခဲ့သည်ဆိုသည်မှာ ဘာမှ မပြောလောက်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဂိုဏ်းချုပ် သည် ပိုမို၍ ကြမ်းတမ်းလွန်း၏။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်က အော်လိုက်၏။ “အမွှေးမှုန့် နည်းနည်းဖြူးလိုက်အုံး”

“ကောင်းပြီ … ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်ဆိုသည့် ဂုဏ်သိက္ခာကို အသာဘေးဖယ်ထားသည်။ တပည့်များအတွက် အကင် ကင်နိုင်ရန် မီးမွှေးပေးသည့်အပြင် အကင်ကင်ရာတွင် လိုအပ်သော ကိစ္စများအားလုံးကိုလည်း ဘေးတစ်ဖက်မှ ကူညီလုပ်ကိုင်ပေးနေသည်။

အဘယ်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် ပျော်ရွှင်မှုကြောင့်ပင်ဖြစ်သည်။

မူလ ပုံစံအနေအထားသို့ ပြန်လည်ရောက်ရှိသွားသော နဂါးလေးသည် စားပွဲ၏ ဘေးနားတွင် မတ်တပ်ရပ်နေသည်။ သူ၏ မျက်လုံးထဲတွင်တော့ အနီရောင်မီးတောက်များ တောက်လောင်လျက်ရှိပြီး ဒေါသထွက်နေ၏။

“သွားစို့”

လူသားပုံစံပြောင်းလဲထားသော ရှောင်မိုရှန်းသည် ဖန်ခွက်ကို ကိုင်ကာ မျက်လုံးအပြူးသားနှင့် ပြောလိုက်၏။ “မသွားပါဘူး”

နဂါးလေးသည် လေးလေးနက်နက် ပြောလိုက်သည်။

“ငါက ဒီရက်ပိုင်းအတွင်းမှာ ငါ့ရဲ့တိုက်ခိုက်မှုပုံစံကို အသက်သွင်းခဲ့တာမဟုတ်ရင် မင်းကို ဆိုးဆိုးရွားရွား ရိုက်နှက် ပစ်တယ်ဆိုတာ ယုံလား”

ဟမ့်

ရှောင်မိုရှန်းက ပြောလိုက်သည်။ “ဒီဘုရင်မက နောက်ဆုံးအကြိမ်တုန်းက နင်နဲ့ဖြစ်ခဲ့တဲ့ကိစ္စကို မရှင်းခဲ့ရသေးဘူး”

နဂါးလေးသည် နှာခေါင်းရှုံ့လိုက်၏။ “ဘာလဲ၊ ထပ်ပြီးတော့ တိုက်ခိုက်ချင်သေးတာလား”

“နင့်ကို ကြောက်ရမှာလား”

ရှောင်မိုရှန်းသည် ဒေါသများ ထွက်သွားသည်။ နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် အချိန် ကြာမြင့်စွာ စူးစိုက်ကြည့်နေသည်။ နဂါးလေးသည် စားပွဲခုံဘေးနားဆီသို့ အသာခုန်ပြီးတော့ ဂုဏ်ယူစွာ ပြောလိုက်၏။

“ငါပြန်ကောင်းအောင် ခဏစောင့်လိုက်အုံး။ ဒါဆိုရင် မင်းဘယ်လောက် အားနည်းတယ်ဆိုတာ သိအောင်လုပ်ပြမယ်”

သူ၏ သခင် မီးလောင်ကျွမ်းမှုများကို ဝင်ရောက်ကူညီရင်းနှင့် သူသည် အလွန်တရာ ပင်ပန်းနွမ်းနယ်နေသည်။ သို့ပေမဲ့ ကြီးမားသည့် အကျိုးကျေးဇူးကိုလည်း ရရှိခဲ့သည်။ အားအင် အဆင့်တင်မက မီးတောက်ထိန်းချုပ်မှု အပိုင်းတွင်လည်း ပိုမို၍ အားကောင်းလာခဲ့သည်။

လီချင်းယန်နှင့် တခြားသောသူများ အားလုံးမှာတော့ နှုတ်ခမ်းများ တုန်ယင်နေကြသည်။ ရှောင်မိုရှန်းသည် လူသားတစ်ယောက် မဟုတ်သော်လည်း အလွန်တရာ ချစ်ဖို့ကောင်းလွန်းလှ၏။ နဂါးလေး မှာတော့ တစ်ချက်ကလေးမှ ဂရုမစိုက်ဘဲ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုလျက်ရှိနေ၏။

ယောက်ျားဘသား နဂါးလေးပါလား။

.............

သန်းခေါင်အချိန်သို့ ရောက်ရှိချိန်မှာတော့ အကင်စားသုံးမှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ တပည့်များသည် နောက်နေ့ အိပ်ရာမှ နိုးထချိန်မှာတော့ ထုံးစံအတိုင်း ဆက်လက်ကာ ကျင့်ကြံကြတော့သည်။ မီးခန္ဓာကိုယ်ကို ဖြစ်တည်ခဲ့ပြီးသော ကျွင်းချောင်ရှောင်းမှာတော့ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲကို ဝင်ရောက်ကျင့်ကြံတော့ သည်။ သူသည် ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို ကျင့်ကြံပြီးသည့်နောက် မီးဓာတ်သဘာဝများကို စုပ်ယူရန် အရင်ကထက် အဆပေါင်းများစွာ မြန်ဆန်လာကြောင်းကို သတိပြုမိလိုက်၏။ ဆိုးရွားသည်မှာ သူ၏အဆင့်သည် ပိတ်မိနေခြင်းပင်ဖြစ်သည်။ သူမည်မျှပင် စွမ်းအင်များကို စုပ်ယူသည်ဆိုဆို သူ၏ စိတ်ဝိညာဉ်အမြူတေမှာတော့ ပြောင်းလဲမသွားခဲ့ချေ။

“တကယ်ဆိုရင် ငါ အရင်ကထက် ပိုပြီး အားကောင်းနေပြီ”

ကျွင်းချောင်ရှောင်းသည် အလွန်တရာတော့ စိတ်ကျေနပ်မိသေး၏။ သူသည် မတ်တပ်ထရပ်ပြီး အဓိက ဟောခန်း ဆီသို့ ပြန်လာရင်း စဉ်းစားနေမိသည်။ “အဆင့်မြင့်စတိုးထဲမှာရှိတဲ့ တခြားပစ္စည်းတွေကို ဝယ်ရင်ကောင်းမလား”

ဒီတစ်ကြိမ်မှာတော့ သူသည် ဆင်နဂါး လက်ဝါးရိုက်ချက်အား မျက်စိကျလျက်ရှိသည်။ လက်ရှိအချိန်တွင် သူသည် အထူးခန္ဓာကိုယ်အမျိုးအစားတစ်ခုကို ထပ်မံပိုင်ဆိုင်ခဲ့ပြီဖြစ်သောကြောင့် အလွန်တရာ အားကောင်းလှသော သိုင်းနည်းစနစ်နဲ့ တွဲဖက်အသုံးပြုချင်စိတ် ပေါက်နေသည်။ သံဆိုတာ ပူတုန်းထုမှ ပိုမို၍ မာကျောမည် မဟုတ်လား။

“မဖြစ်သေးဘူး၊ မဖြစ်သေးဘူး”

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ရှင်းယောင်က သိုင်းနည်းစနစ်တွေကို ဖန်တီးနေတယ်၊ ဒီတော့ စကြဝဠာ စည်းကိုးခုလက်ဝါးနဲ့ လဲလှယ်ဖို့ အချိန် အနည်းငယ်ပဲ လိုတော့တယ်၊ ဒီတော့ သိုင်းနည်းစနစ်တစ်ခုခုကို ဝယ်ယူဖို့ ဂိုဏ်းစုဆောင်းမှတ်တစ်သောင်းကို အသုံးပြုတာ ဖြန်းတီးရာ ကျလွန်းတယ်”

အဓိက အကြောင်းအရာသည် ဂိုဏ်းစုဆောင်းမှတ်များ နည်းပါးနေခြင်းသာဖြစ်သည်။ သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ရှစ်သောင်း၊ တစ်သိန်းလောက်ရှိသည်ဆိုပါက ကျိန်းသေပေါက် သိုင်းနည်းစနစ်များကို ဝယ်ယူမိပေလိမ့်မည်။

အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆင်နဂါးလက်ဝါးရိုက်ချက်ကို မဝယ်တော့ပဲ ထိုအစား စက်အတောင်ပံဆိုသည့်အရာအား မျက်စိကျသွား၏။ ဤအရာသည် ဝတ်ဆင်ထားပြီးသည့်နောက်မှာတော့ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်သည်ဆိုသည့် အချက်သည် သူ့အား စိတ်လှုပ်ရှားမိစေ၏။

“ပျံသန်းမှု”

ဤအရာသည် သိုင်းပညာရှင်များကို မဆိုထားနှင့် သာမန်လူများပင်လျှင် ပြုလုပ်ချင်သည့်အရာဖြစ်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကလက်နက်ပစ္စည်းတစ်ခုနဲ့ ဆင်တူတယ်၊ အနာဂတ်မှာ ငါက သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိ သွားရင် ဒါကို အသုံးပြုဖို့မလိုဘူး၊ ဒါပေမဲ့ တပည့်တွေကိုပေးပြီး Iron Man လိုအသွင်ပြောင်းခိုင်းလို့ရတယ်”

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်တစ်သောင်းအား အသုံးပြု၍ စက်အတောင်ပံအား ဝယ်ယူလိုက်သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၉၉၁ / ၂၀၀၀၀”

သူ့အနေနှင့် အထူးတာဝန်ငါးကို အောင်မြင်ပြီးသည့်နောက်မှာတော့ ပစ္စည်းနှစ်မျိုးကို ဝယ်ယူရန် ဂိုဏ်းစုဆောင်း မှတ်များကို ဆုလာဘ်အဖြစ် ရရှိခဲ့၏။ မည်သို့ပင်ဆိုဆို ဤအရာများကို ဝယ်ယူခြင်းအားဖြင့် သူ့အနေနှင့် ပိုမို အားကောင်းလာခဲ့၏။ စက်အတောင်ပံဆိုသည်မှာ လက်အိတ်တစ်ခုနှင့် ဆင်တူလှ၏။ အလွန်တရာ အားကောင်း လှသော အော်ရာများ ထွက်ပေါ်လျက်ရှိပြီး အဆင့်မြင့်ကျောက်ရိုင်းများနှင့် ဖန်တီးပြုလုပ်ထားပုံပေါ်သည်။

ဝှစ် …..။

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်နှင့်ဆက်သွယ်လိုက်ချိန်မှာတော့ သူ၏ညာဘက်လက်သည် အလင်းတန်း များနှင့် ပြည့်နှက်သွားပြီး သံပုံသဏ္ဍာန် လက်အိတ်တစ်ခု ဖြစ်တည်လာ၏။ စက်အတောင်ပံတွင် ပုံစံသုံးမျိုးရှိ၏။ ပထမဦးဆုံးပုံစံသည် ပျံသန်းရန်အတွက်ဖြစ်ပြီး ဒုတိယပုံစံသည် တိုက်ခိုက်ရန်အတွက်ဖြစ်၏။ တတိယပုံစံမှာတော့ ခုခံရန်ပင်ဖြစ်တော့သည်။ အသက်သွင်းပြီးသည့်နောက်မှာတော့ တစ်မျိုးချင်းစီကို အသုံးပြုနိုင်သလို များပြားလှ သည့် နည်းလမ်းများနှင့် ပူးတွဲအသုံးပြုနိုင်၏။

“ကောင်းကင်ဘုံ”

စုရှောင်မိုသည် ဟောခန်းထဲမှာ ဖြတ်သွားချိန်မှာတော့ အလွန်တရာတောက်ပလှသော ငွေရောင်လက်အိတ်ကို မြင်လိုက်၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒါက ဘာကြီးလဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လက်အိတ်ပေါ့ကွာ”

ပြောပြီးသည့်နောက်မှာတော့ သူသည် အပြင်ဘက်သို့ ထွက်ခွာလိုက်၏။ ပြီးနောက် ပျံသန်းမှုပုံစံကို အသက်သွင်း လိုက်၏။

ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း ဖျောင်း

ချက်ချင်းဆိုသလိုပဲ လက်အိတ်ဆီမှ အလင်းတန်းများသည် ပေါ်လာပြီးနောက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ဝှစ်

ပြီးသည့်နောက်မှာတော့ ငွေရောင်အတောင်ပံနှစ်ခုသည် သူ၏နောက်တွင် ပေါ်လာသည်။ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပေါ်တွင် စတီးပုံစံဝတ်စုံတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။

“အရမ်းမိုက်တယ်”

စုရှောင်မိုသည် ဆွံ့အသွားမိ၏။ ဤအရာသည် အထူးချပ်ဝတ်တစ်ခုဖြစ်သည်ဟု စဉ်းစားမိလိုက်၏။ အလွန်တရာ လေးလံလှသော စတီးချပ်ဝတ်ကြီးကို ဝတ်ဆင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ တစ်လှမ်းချင်းသွားလိုက်၏။ သူ၏နောက်ဘက်မှာရှိသည် အတောင်ပံသည်တော့ အလင်းတန်းများနှင့် စူးရှနေ၏။ ပြီးသည့်နောက်မှာ သူ၏ခြေထောက်သည် လေထဲသို့ လွှင့်မျောလာသည်။

“ဂိုဏ်းချုပ် လေထဲရောက်နေပြီဟေ့”

တပည့်များသည် ထိုအရာကိုမြင်တော့ အလန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ ကျွင်းချောင်ရှောင်းသည် သူ၏ ဟန်ချက်ကို အတတ်နိုင်ဆုံး ထိန်းထားရ၏။ မကြာမီမှာပဲ သူသည်တည်နေရာအမြင့်ဆီသို့ ပျံသန်းရောက်ရှိသွား၏။ သူ၏ ခန္ဓာကိုယ်သည်လည်း လေထဲတွင်ရှိသည့် အရှိန်အဟုန်ကို နားလည်အသားကျသွားမိသည်။

လောကအဆောင်ကို အသုံးပြုပြီးသည့်နောက် သူသည် တည်နေရာကို ဖြတ်သန်းကာ သွားရှိခဲ့ဖူး၏။ ထို့ကြောင့် သူသည် လေထဲတွင် ပျံသန်းရသည့် အရသာကို တွေ့ကြုံခံစားဖူး၏။

“သွားရအောင်”

ဝှစ်

စက်အတောင်ပံများသည် စွမ်းအင်များနှင့် ပြည့်နှက်လာပြီးသည့်နောက် ချက်ချင်းဆိုသလို အလင်းတန်းများဖြင့် ပြောင်းလဲကာ အဆုံးမဲ့ကောင်းကင်ကြီးထဲသို့ ပျံသန်းသွားလာစေသည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ သည် အလွန်တရာ ဆွံ့အသွားကြသည်။ ဂိုဏ်းချုပ်၏အဆင့်သည် သိုင်းနယ်မြေအဆင့်ဆီသို့ ရောက်ရှိခဲ့သည် မဟုတ်ပေ။ သို့ပေမဲ့ ပျံသန်းနိုင်နေ၏။ ထူးဆန်းလှသည့် အတောင်ပံကြောင့်ပင် ဖြစ်နိုင်၏။

ဝှစ် ဝှစ်

ထူးဆန်းသည့်အလင်းတန်းများသည် ကောင်းကင်တစ်ခုလုံးကို ဖြတ်သန်းသွားပြီး ကျွင်းချောင်ရှောင်းမှာတော့ သူ၏ ဟန်ချက်ကို မနည်းကြိုးစားကာ ကြီးမားလှသည့် ငှက်ကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်ထဲတွင် လွတ်လွတ် လပ်လပ်နှင့် ပျံသန်းလျက်ရှိနေသည်။

“တိုက်ပွဲပုံစံ”

ဖျောင်း ဖျောင်း

ပျံသန်းလျက်ရှိသော ကျွင်းချောင်ရှောင်း၏ လက်ကောက်ဝတ်တွင် ထူဆန်းသည့်အလင်းတန်းများ ထပ်မံဖြစ်တည် လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အားအင်များနှင့် ပြည့်နှက်လာ၏။ ပြီးသည့်နောက် ညာဘက်လက်ကို ဆန့်ထုတ်လိုက်ချိန်မှာတော့ အလွန်တရာကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာတော့သည်။

ဘုန်း

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးအား ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးရှိ တပည့်များသည် ကြားလိုက်ရ၏။ မြေပြင် တစ်ခုလုံးသည် တုန်ခါသွားပြီး အနီးနားတွင်ရှိသော ချင်းယန်မြို့နှင့် ဟွာရန်မြို့တွင်တောင်မှ တုန်ခါမှုကို ခံစား မိလိုက်ကြသည်။ ကျွင်းချောင်ရှောင်း၏ ညာဘက်လက်သီးသည် ဤကဲ့သို့သော ပေါက်ကွဲမှုမျိုးကို ဖြစ်ပေါ်နိုင်သည့် အားအင်မျိုးကို ထုတ်ဖော်နိုင်လေ၏။

ဝှစ် ဝှစ်

လေပြင်းများ ပြင်းပြင်းထန်ထန် တိုက်ခတ်လာခဲ့သည်။

ဘုန်း

ကောင်းကင်ပေါ်မှ လိုက်၍ ကြည့်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းအား ဗဟိုပြု၍ ဆယ်မိုင်ပတ်ချာလည်ရှိသော တည်နေရာတစ်ခုလုံးသည် ဖုန်တထောင်းထောင်းနှင့် ဖြစ်သွားတော့သည်။ လက်သီးချက်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် သူ၏တောင်ပံများကို ထိန်းချုပ်၍ လေထဲသို့ ထပ်မံ ပျံသန်းလိုက်သည်။

“ကောင်းကင်ဘုံ”

“ဂိုဏ်းချုပ်က သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီလား”

“ဒါပေမဲ့ သိုင်းအုပ်စိုးသူရဲ့ အော်ရာမျိုးကို ငါမရဘူး၊ ဘယ်လိုဖြစ်ရတာလဲ”

ပြိုင်စံရှားဂိုဏ်းတပည့်များသည် အံ့အားသင့်မိနေကြ၏။

ဝှစ်

တိုက်ပွဲပုံစံကို စမ်းသပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ အောက်သို့ ဆင်းသက်လာသည်။ ပြီးနောက် ဘုန်း ဆိုသောအသံနှင့်အတူ သူသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဆင်းသက် လိုက်သည်။

တထောင်းထောင်းထနေသော ဖုန်မှုန့်များသည် ပြန်လည်ငြိမ်သက်သွားတော့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မှာတော့ ပြောင်းပြန် ဖြစ်လျက်ရှိပြီး ဦးခေါင်းသည် မြေပြင်ထဲသို့ စိုက်ဝင်လျက်ရှိသည်။ သူသည် ပြုတ်ကျလာသည့်အရှိန်ကို မထိန်းချုပ်နိုင်သောကြောင့် ဟန်ကျပန်ကျနှင့် ပြန်လည် မကျဆင်းလာဘဲ ဦးခေါင်းတစ်ခုလုံး မြေမျိုသလို ဖြစ်သွားခြင်းပင်။

All Chapters