← Chapters

အခန်း (၆၁၄)

Vol. 41 Ch. 614

အခန်း (၆၁၄)

Vol. 41 Ch. 614

ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် ယှဉ်ပြိုင်ကြသူ ၅၀၀ မှ ၆၀၀ နီးပါးခန့် ရှိသည်။ ထို ၅၀၀ မှ ၆၀၀ နီးပါးခန့်သည် ဒုတိယမြောက်အကျော့အတွက် စတင်ကာ တည်နေရာထဲတွင် ရပ်လျက်ရှိနေကြသည်။

ဤတစ်ကြိမ် ပါဝင်ယှဉ်ပြိုင်မှုမှာတော့ ရိုးရှင်းလွန်းလှ၏။ သတ်မှတ်ထားသော ကျင့်ကြံခြင်းနည်းစနစ်အား သတ်မှတ်ထားသည့် အချိန်အတိုင်းအတာတစ်ခုတွင် နားလည်အောင် ပြုလုပ်ရန်ဖြစ်၏။

တချို့သော ကျင့်ကြံသူများသည် ပင်ကိုယ်စွမ်းရည်နှင့်နားလည်နိုင်မှု အားကောင်းကြသောကြောင့် ကျင့်ကြံခြင်းနည်းစနစ်အား သေသေချာချာ မှတ်သားထားနိုင်ကြသည်။

ပြိုင်စံရှားဂိုဏ်းမှ ပံ့ပိုးပေးထားသော ကျင့်ကြံခြင်းနည်းစနစ်များသည် အဆင့်မြင့်နည်းစနစ်များ ဖြစ်ပုံမပေါ်ပေ။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်း နည်းစနစ်သည် ယခုထက် အဆပေါင်းများစွာ ပိုမို၍အားကောင်းနေမည်မှာ ကျိန်းသေလှ၏။

“အံ့အားသင့်စရာ မဟုတ်ဘူး၊ ဒါက အလားအလာနဲ့ပတ်သက်ရင် ထိပ်ဆုံး ၃ခုရှိတဲ့ ဂိုဏ်းတစ်ခုပဲ” ကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်၏။

“စမ်းသပ်ဖို့အတွက် ထုတ်သုံးထားတဲ့ ကျင့်ကြံခြင်းနည်းစနစ်တောင်မှ ဒီလောက်အားကောင်းလွန်းတယ်”

တစ်စုံတစ်ယောက်သည် ကံကောင်း၍ ဂိုဏ်းတပည့်ဖြစ်မည်ဆိုလျှင် လေ့ကျင့်ရမည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များသည် ပိုမို၍ အဆင့်မြင့်မားနေပေလိမ့်မည်။ ထို့ကြောင့် ဂိုဏ်းတပည့်ဖြစ်ရန် ပါဝင်ယှဉ်ပြိုင်နေကြသောသူများ အားလုံးသည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ရန် စိတ်ဆန္ဒများ ဆထက်ထမ်းပိုး တိုးတက်လာခဲ့ကြသည်။

သူတို့သည် ကျင့်ကြံခြင်းနည်းစနစ်ကို အကောင်းမွန်ဆုံးနားလည်လာစေရန် ကျားကုတ်ကျားခဲ ကြိုးစားကြတော့၏။

လေးနာရီလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ဒုတိယမြောက်စမ်းသပ်မှုသည် ပြီးဆုံးသွားခဲ့၏။ ကျင့်ကြံခြင်းနည်းစနစ်ကို နားလည်သွားသောကြောင့် အောင်မြင်ခဲ့သည့်လူအရေအတွက်သည် ၂၀၀ကျော်ခန့်သာ ရှိနေ၏။

ကျန့်ရာသည် တပည့်များအား အဆင့်သတ်မှတ်ခြင်းနှင့် ဝင်ရောက်ခွင့်ရရန် ဆုံးဖြတ်ခြင်းတာဝန်များအား ယူထားသည်။

ဒင်.. ဒင်...။

အဓိကဟောခန်းထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် သတိပေးသံများကို ကြားနေရ၏။

တပည့်များ၏အရေအတွက်သည် ၁၀၂၂၁ အထိ တိုးသွားခဲ့ပြီး ဂိုဏ်းစုဆောင်းမှတ်သည်လည်း ၃၂၁၁ အထိသို့ ရောက်ရှိသွားခဲ့၏။

လူ ၄၀၀၀ မှ ၅၀၀၀ နီးပါးရှိသည့်အထဲတွင် လူ ၂၂၀ ကျော်သည်သာ တပည့်အဖြစ် လက်ခံရရှိခဲ့၏။ ထို့ကြောင့် ရရှိသည့်အချိုးအစားသည် နည်းပါးသည်ဟု ဆိုရမည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်ထဲတွင်တော့ မထားချေ။ ဤကဲ့သို့ စမ်းသပ်မှုများကို ကျော်ဖြတ်လာခဲ့သော တပည့်အသစ်များသည် ပိုမို၍ ပျိုးထောင်ရလွယ်ကူသောကြောင့် သူ့အနေနှင့် အသုံးပြုရမည့် အရင်းအမြစ်များလည်း နည်းပါးပေလိမ့်မည်။

နောက်တစ်ရက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် လစဉ်လတိုင်း၏ ပထမဆုံးရက်တွင် ဂိုဏ်း၏တံခါးကို ဖွင့်ပေးထားမည်ဖြစ်ပြီး တပည့်အသစ်များ လက်ခံမည်ဟု ကြေညာခဲ့၏။ စမ်းသပ်မှုကို အောင်မြင်သည့်သူများသည် တပည့်များဖြစ်လာကြပေလိမ့်မည်။

ထို့အပြင် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတွင်းပြိုင်ပွဲအား ကျင်းပရန် ကြေညာထားသည်။ ဂိုဏ်းတွင်းပြိုင်ပွဲတွင် ဗိုလ်စွဲသည့်သူများသည် အတွင်းစည်းတပည့်များ ဖြစ်လာကြပေလိမ့်မည်။

ထုံးစံအတိုင်းပင်.. ပြိုင်ပွဲတွင် အဆင့်များ ခွဲခြားထားသည်။ တခြားသော တပည့်များအားလုံးသည်လည်း ပိုမိုတိုးတက်အောင် ကြိုးစားကြတော့သည်။

၎င်းတို့သည် ဂိုဏ်း၏တာဝန်များကို ပြည့်စုံအောင် ပြုလုပ်ပြီး ရရှိခဲ့သော အမှတ်များနှင့် သိုင်းအရင်းအမြစ်များကို လဲလှယ်ကြသည်။ ဥပမာအားဖြင့် ချီစုစည်းခြင်းဆေးရည်နှင့် ချီစုစည်းခြင်းဆေးလုံးများပင် ဖြစ်တော့၏။

ဂိုဏ်းသားသစ်ခေါ်ယူသည့် သတိပေးချက်သည် အရှေ့တောင်ရန်ကျူးရှိ သိုင်းကျင့်ကြံသူများ အားလုံး၏နားထဲသို့ ရောက်ရှိသွားကြသည်။

ကျင့်ကြံသူများ အနေဖြင့် ဂိုဏ်းထဲသို့ဝင်ခွင့်ရရန်အတွက် ထိုကဲ့သို့ စမ်းသပ်မှုများကို ကျော်ဖြတ်ရသည် ဆိုသည်မှာ သာမန်ပင်ဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် လစဉ်လတိုင်း တပည့်များခေါ်ယူမည့် အစီအစဉ်ကို‌ ကြေညာခဲ့၏။ ဤအရာသည် အနည်းငယ် လွန်လွန်းလှ၏။ သို့ပေမဲ့ မတတ်နိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချုပ်ကျွင်းသည် အထူးလက်ရွေးစင်တပည့်များအား လိုချင်မိနေ၏။ ထိုမှသာလျှင် သူ၏ဂိုဏ်းသည် အမြန်ဆန်ဆုံးအနေနှင့် ပိုမို၍အားကောင်းလာပေလိမ့်မည်။

……

မတူညီသည့် နည်းလမ်းမျိုးစုံနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် အရင်ကထက်ပိုမို၍ တက်ကြွလာကြသည်။

တချို့သော တပည့်များသည် ကျင့်ကြံနေကြပြီး တချို့သော တပည့်များမှာတော့ ဂိုဏ်းတာဝန်ခွဲဝေဆောင်ထဲသို့ ဝင်ရောက်၍ တာဝန်များကို‌ ပြည့်စုံအောင် ပြုလုပ်လျက်ရှိနေကြ၏။

ကျန့်ရာနှင့် နင်ညီအစ်ကိုတို့သည်လည်း အချိန်ရရင်ရသလို အတန်းများကို ဖွင့်လှစ်ကာ သင်ကြားပေးနေကြ၏။ အကြီးအကဲဝေသည် ဆေးခန်းမဆောင်မှ အဖွဲ့သားများကို ဦးဆောင်၍ ဆေးပင်များကို စိုက်ပျိုးလျက်ရှိနေသည်။ အကြီးအကဲကျန့်မှာတော့ အစီအရင်ဆရာများကို ပြုစုပျိုးထောင်လျက်ရှိနေသည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အားစွမ်းအင်များကို ဖြန့်ကြက်၍ တစ်ဂိုဏ်းလုံးဆီသို့ ကြည့်ရှုလိုက်သည်။ အားလုံး အလုပ်ရှုပ်နေသည်ကို မြင်ရသည့်နောက်မှာတော့ သူသည် အလွန်တရာ စိတ်ချမ်းသာမိလေသည်။

သူ ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့သည်မှာ နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ မည်သူမျှမရှိဘဲ သူတစ်ယောက်တည်းသာ ထီးထီးရှိနေသော ဂိုဏ်းတစ်ခုသည် လက်ရှိအခြေအနေမှာတော့ တပည့်ပေါင်းများစွာနှင့် စည်ကားလျက်ရှိနေသည်။ ဤအရာသည် သူ့အား အလွန်တရာ စိတ်ချမ်းသာမှု ရရှိစေ၏။

“ချင်းယန်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တပည့်တွေ များလာပြီဆိုတော့ ငါတို့ ဂိုဏ်းအဆောက်အဦးတွေကို ပိုပြီးတော့ ချဲ့ထွင်မှဖြစ်မယ်”

လီချင်းယန်၏ အဆင့်မြှင့်တင်ပြောင်းလဲပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အဆောက်အဦးများသည် တပည့်တစ်သောင်းမှ နှစ်သောင်းနီးပါးအထိ နေထိုင်၍ရနေသည်။ သို့ပေမဲ့ ဤကဲ့သို့ တပည့်များ များပြားလာသည်နှင့်အမျှ နေထိုင်ရမှုပုံစံသည် ပိုမို၍ကျဉ်းမြောင်းလာ၏။ သံမဏိအရိုးတောင်တွင်လည်း ပိုမို၍ချဲ့ထွင်ရန် လိုအပ်နေသေးသည်။

“ဂိုဏ်းချုပ်” လီချင်းယန်က ပြောလိုက်သည်။

“ကျွန်တော်…. ပုံစံတွေအများကြီး ဆွဲထားပြီးပြီ၊ ခဏစောင့်ပါအုံး”

“ယူလိုက်”

ကျွင်းချောင်ရှောင်းသည် ဟောခန်း၏အမိုးပေါ်မှ ခုန်ချကာ ပြောလိုက်၏။ “ငါ့ကိုပေး၊ ငါကြည့်ကြည့်လိုက်မယ်”

အဓိကဟောခန်းထဲသို့ ဝင်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် လက်ကို ယမ်းခါကာ သိုလှောင်လက်စွပ် ထဲရှိ ဒီဇိုင်းပုံစံငယ်များအား ထုတ်ပေးလိုက်တော့သည်။ အားသည့်အချိန်တိုင်း သူ သေချာဆွဲထားသော အဆောက်အဦ ဒီဇိုင်းများ ဖြစ်ပြီး အမျိုးအစားပေါင်း နှစ်ဆယ်ကျော်ပင် ရှိနေ၏။

“ငါ ဒါကို ယူလိုက်မယ်” ကျွင်းချောင်ရှောင်းသည် စာရွက်တစ်ခုကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။

ဤအရာသည် အလွန်တရာကြီးမားပြီး အလွန်တရာလည်းရှုပ်ထွေးလှသော ဒီဇိုင်းတစ်ခုဖြစ်ကာ လီချင်းယန်ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်၏။

ဂိုဏ်းတစ်ခုဖြစ်လာပြီဆိုမှတော့ ပိုမိုကြီးမားပြီး ခန့်ညားမှဖြစ်ပေလိမ့်မည်။ သို့ပေမဲ့‌ ကုန်ကျမည့်စရိတ်တွေက အလွန်တရာကြီးမားလွန်းနေသည်။

“ဒီမှာ”

ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်တစ်ကွင်းအား လှမ်း၍ပစ်ပေးကာ ပြောလိုက်သည်။ “ဒီထဲမှာ ငွေဆယ်သန်းတိတိရှိတယ်၊ အကောင်းဆုံးအရာတွေကို ရွေးပြီးတော့ ဈေးအကြီးဆုံးပစ္စည်းတွေသုံးပြီး ဆောက်လိုက်တော့”

“ကောင်းပါပြီ ဂိုဏ်းချုပ်”

လီချင်းယန်သည် ပိုက်ဆံများကို ယူဆောင်ကာ စတင်၍ လှုပ်ရှားတော့သည်။ ဤတစ်ကြိမ်မှာတော့ သူသည် ဂိုဏ်းအားချဲ့ထွင်ရန် အပြင်ဘက်မှ လက်သမားများအား မခေါ်တော့ချေ။ ဤအစား သူ၏ဂိုဏ်းတူညီလေးများအား ခေါ်ဆောင်လာခဲ့တော့သည်။

သိုင်းစစ်သူကြီးနှင့် သိုင်းဘုရင်အဆင့် ကျင့်ကြံသူများသည် အိမ်တစ်လုံးကို တည်ဆောက်သည့်အရာတွင် အခြားသော သာမန်လူများထက် ပိုမို၍မြန်ဆန်မည်ဆိုသည်မှာ သံသယရှိစရာ မလိုပေ။

ဝမ်းအနည်းရဆုံးသူမှာတော့ တောဝက်ရိုင်းလေးပဲ ဖြစ်တော့သည်။ ဆေးဥယျာဉ်‌ဆောင်သည် ဆက်စပ်ချဲ့ထွင်နေသည်ဖြစ်သောကြောင့် သူအနေနှင့် အနားရသည့်အခွင့်အရေးပင် သိပ်မရှိချေ။ ဆက်တိုက်ဆိုသလိုပင် မြေဩဇာများ ပိုမိုအားကောင်းစေရန် မြေဓာတ်သဘာဝများကို ထုတ်လွှတ်နေရ၏။

ထို့အတူပဲ ဤကောင်လေးသည်လည်း အနည်းငယ်ပြောင်းလဲလာခဲ့သည်။ ခန္ဓာကိုယ်သည် ပိုမို၍ ကြီးမားရှည်လျားလာသလို ကြွက်သားအမြှောင်းမြှောင်းနှင့် ပိုမို၍လှပလာ၏။ နဂါးလေးကဲ့သို့ အသွင်ပြောင်းလဲခြင်းတော့ မဟုတ်နိုင်ပေ။

“သူက ဘာမျိုးရိုးလဲ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။

ဤအကောင်သည် တစ်ခါတစ်ရံတွင် ဝက်နှင့်တူသည်။ တစ်ခါတစ်ရံတွင် အလုံးစုံမတူချေ။

စနစ်က ပြောလိုက်သည်။ “မြေဓာတ်သဘာဝရှိတယ်ဆိုတော့ သာမန်သားရဲတော့ မဟုတ်ဘူး၊ ပုံရိပ်ယောင်သားရဲ အစစ်အမှန်ပဲ၊ တနေ့မှာတော့ အသွင်ပြောင်းလာနိုင်တယ်လေ”

“ဟုတ်ပါပြီ”

ကျွင်းချောင်ရှောင်းသည် ဤကောင်လေး အသွင်ပြောင်းလဲလာမည့်နေ့ကို မျှော်လင့်လျက်ရှိနေ၏။

အု.. အု..။

ထိုအချိန်မှာပဲ တောဝက်ရိုင်းလေးသည် မြေပေါ်သို့ အသာလဲလျောင်းလိုက်၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုယမ်းခါပြီး နဂါးစိမ်းလခြမ်းဓားမော့ချီကို ဆင့်ခေါ်လိုက်တော့သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ “မင်းထပ်ပြီး သေချင်ယောင်ဆောင်နေမယ်ဆိုရင် ငါ ချက်ချင်းသတ်ပစ်လိုက်မယ်”

ဝှစ်..။

တောဝက်ရိုင်းလေး၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး အင်တိုက်အားတိုက်ဖြင့် အလုပ်ကိုဆက်လက်ပြုလုပ်တော့သည်။

….

ဂီး..။

ကောင်းကင်ဘုံကျောင်း၏အထက်မှာတော့ လင်းယုန်ငှက်ကြီး၏အော်သံသည် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာတော့သည်။ ပြီးသည့်နောက်မှာတော့ လင်းယုန်ငှက်ကြီးသည် ကောင်းကင်ဘုံကျောင်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

“ဒါက ဆရာကျွင်းပဲ”

တပည့်များအားလုံးသည် အားကျသလို လှမ်းကြည့်လိုက်မိကြ၏။ သူတို့အားလုံး၏အကြည့်အောက်မှာပဲ ကျွင်းချောင်ရှောင်းသည် နေကာမျက်မှန်ကြီးကိုတပ်၍ အဓိကဟောခန်းဆီသို့ လျှောက်ဝင်သွားသည်။

ဤတစ်ကြိမ်တွင် သူလာရောက်လည်ပတ်ရသည့် ရည်ရွယ်ချက်မှာ တစ်ခုတည်းသာလျှင် ရှိသည်။ သူ့အား တိတ်တဆိတ်ကာကွယ်ရန် စေလွှတ်လိုက်သည့် ကျောင်းအုပ်ကြီးအား လာရောက်၍ ကျေးဇူးတင်စကားပြောခြင်းပင်ဖြစ်၏။

“ကျောင်းအုပ်ကြီး စစ်တု”

ထိုင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မည်သည့်စကားကိုမှ မပြောသေးဘဲ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှစ်ပုလင်းအား စားပွဲပေါ်တင်လိုက်၏။ “မကြာသေးခင်က လာရောက်ကူညီတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ်၊ ဒါကြောင့် လေးစားမှုအရ ဒီခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးတွေကို ပေးချင်ပါတယ်”

“ဒါ….. အိုက်မိသားစုက ရောင်းတဲ့ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးတွေလား” စစ်တုဟောင်ယွင်သည် အံ့အားသင့်စွာဖြင့် မေးလိုက်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “အမှန်ပါပဲ”

“ဂိုဏ်းချုပ်ကျွင်းက ကျုပ်တို့ကျောင်းရဲ့ ဂုဏ်ပြုခံဆရာတစ်ယောက်လေ၊ ဒီတော့ ပြဿနာရောက်နေတဲ့အချိန်မှာ လာကူညီရမှာက သဘာဝပဲ မဟုတ်လား”

စစ်တုဟောင်ယွင်သည် ဤသို့ပြောလိုက်သည်ဆိုသော်လည်း ဆေးပုလင်းအား အသာသိမ်းဆည်းထားလိုက်၏။ သူ့အနေနှင့် မငြင်းပယ်ချေ။

ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ စကားပြောပြီးသည့်နောက်မှာတော့ ဂိုဏ်းအသိအမှတ်ပြုဗဟိုဆီသို့ ဆက်လက်ကာ သွားလိုက်၏။ ပြီးနောက် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှစ်ပုလင်းအား လက်ဆောင်ပေးပြီး တော်ဝင်မြို့၏ မြို့တော်ဝန်မူ ဆီသို့ ဆက်လက်ကာ သွားပြန်သည်။

မူချန်းဟုန်သည် ဤတစ်ကြိမ်မှာတော့ အလွန်တရာ ဖော်ရွေလျက်ရှိနေသည်။ အထူးသဖြင့် စားပွဲများကိုပင် ပြင်ဆင်ပြီး ကျွင်းချောင်ရှောင်းအား ပြုံး၍ကြည့်နေတော့သည်။

“မြို့တော်ဝန်မူ”

ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏။ “အခုတလော ကျုပ်က ဂိုဏ်းကိစ္စတွေနဲ့ အလုပ်များနေတယ်လေ၊ ဒီတော့ အရင်သွားလိုက်ပါအုံးမယ်”

မြို့တော်ဝန်မူ သည် သူ့အား လူကိုယ်တိုင်ထွက်၍ လိုက်ပို့တော့သည်။

…….

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းဆီသို့ လှမ်းဝင်လိုက်၏။ ထိုအချိန်မှာပဲ ရီရှင်းချန် သည် ရောက်ရှိလာကာ ပြောလိုက်၏။

“ဂိုဏ်းချုပ်၊ ကျုပ် သူရဲကောင်းစာရင်းမှာရှိတဲ့ ပါရမီရှင်တွေကို သွားပြီးစိန်ခေါ်ချင်တယ်”

ပါရမီရှင်များအား စိန်ခေါ်ခွင့် ရရှိပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်းသွားရောက် မစိန်ခေါ်ခဲ့ချေ။ ထိုအစား ဂိုဏ်းတွင်းတွင် နေထိုင်၍ ကျင့်ကြံနေခဲ့သည်။ လက်ရှိအခြေအနေမှာတော့ သူသည် သိုင်းဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည့်အတွက် အချိန်ရောက်လာသည်ဟုဆိုရမည်။

“ဂိုဏ်းချုပ်၊ ကျွန်တော်လည်း သွားမယ်” ရှောင်ကျီက ပြောလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကောင်းပြီ၊ သွားကြတော့”

ပြီးသည့်နောက်မှာတော့ ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် ညစာစားပြီးသည့်နောက်မှာတော့‌ ပြိုင်စံရှားဂိုဏ်းမှ ထွက်ခွာသွားခဲ့ကြတော့သည်။

သိုင်းလောကကြီးတစ်ခုလုံးသည် ပိုမို၍ ရှုပ်ထွေးလာတော့မည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ညအင်ပါယာသည် သေမျိုးစာရင်းတွင်ရှိသော ပါရမီရှင်များအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် စိန်ခေါ်သွားတော့မည်ဖြစ်၏။

“ဂျူနီယာ ညီလေး”

လမ်းမှာတော့ ရှောင်ကျီက ပြောလိုက်သည်။ “ငါတို့ ဘယ်ကို သွားကြမလဲ”

ရီရှင်းချန် က ပြောလိုက်၏။ “အရင်ဆုံး အနီးစပ်ဆုံးရှိတဲ့ မြို့ကို သွားမယ်၊ ပြီးတော့ သေမျိုးစာရင်းမှာရှိတဲ့ ပါရမီရှင်တွေကို စိန်ခေါ်ကြတာပေါ့”

……

အနောက်မြောက် ဟယ်ကျူုး …. ချင်မိသားစု။

ဘန်း…။

အလွန်တရာ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ နှစ်ပေါင်းတစ်ရာနီးပါး စတင်တည်ထောင်ခဲ့သော အိမ်တော်ကြီးတစ်ခု၏ဂိတ်တံခါးသည် ပျက်စီးသွားခဲ့၏။

ဂိတ်တံခါးအား စောင့်ကြပ်လျက်ရှိသော များပြားလှသည့် အစေခံများသည်လည်း ဆိုးရွားလှသည့် ပုံပန်းသွင်ပြင်များနှင့် မြေပေါ်တွင် လဲလျက်ရှိနေတော့သည်။

ရှောင်ကျီသည် ဆွံ့အသွားမိ၏။

ဂျူနီယာညီလေးရီ၊ ငါတို့က ဒီကို စိန်ခေါ်ဖို့ လာတာလေ၊ အိမ်တော်ကြီးတစ်ခုလုံးကို ဖျက်စီးဖို့လာတာ မဟုတ်ဘူး။

All Chapters