အခန်း (၆၁၅)
Vol. 41 Ch. 615
နောက်ဆုံး ထုတ်ပြန်လိုက်သော သေမျိုးအဆင့် သူရဲကောင်း၏ အယောက်တစ်ရာမြောက်ပါရမီရှင်သည် ချင်ဝမ်ယု ဟု ခေါ်ပြီး ၎င်းသည် အနောက် မြောက် ဒေသ၏ လဲ့ရန်မြို့တွင် နေထိုင်သူ ဖြစ်သည်။
ရီရှင်းချန်နှင့် ရှောင်ကျီတို့သည် ဟာရီကိန်းဝံပုလွေများအား စီးနင်း၍ အမြန်ဆုံးနှုန်းဖြင့် ခရီးနှင်လာခဲ့၏။
ချင်မိသားစု …။
ချင်မိသားစုသည် လဲ့ရန်မြို့၏ မိသား၏ကြီး လေးခုတွင် အဓိက မိသားစုကြီး ဖြစ်ပြီး ၎င်းတို့၏ အားအင်အဆင့်သည် အဆင့်ခြောက် ဂိုဏ်းတစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရသည်။
ချင်ဝမ်ယုသည် ချင်မိသားစု၏ သွေးမျိုးဆက်တစ်ယောက်ဖြစ်ပြီး လိုအပ်သည့် အရည်အသွေး များစွာကို ရရှိပြီးနောက် ၎င်းသည် သေမျိုးအဆင့် အယောက်တစ်ရာမြောက် ပါရမီရှင် အဖြစ်သို့ ရောက်ရှိခဲ့၏။
ရီရှင်းချန်သည် ချင်မိသားစုဆီသို့ ရောက်ရှိချိန်မှာဝောာ့ ပထမဦးဆုံး စကားကို ပြောခဲ့တော့သည်။ "ကျုပ် ချင်ဝမ်ယုကို စိန်ခေါ်ချင်တယ်။ သူ့ကို ထွက်လာပြီး တိုက်ခိုက်ဖို့ ပြောလိုက်"
"မင်းကိုယ်မင်း ငါတို့ရဲ့ သခင်လေးနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလား။အခု ခေတ် လူငယ်တွေက တကယ်ပဲ သတ္တိကောင်းလာကြတယ်။ ကိုယ့်ကိုယ်ကိုယ် တောင် သတိမပြုမိကြတော့ဘူး။ တစ်ခါတည်း ပါရမီရှင်တွေကို စိန်ခေါ်တော့တာပဲ။ ငါတို့ သခင်လေးကိုစိန်ခေါ်တဲ့ လူတွေက နေ့စဉ်နေတိုင်း ဂိတ်တံခါးရှေ့မှာ တန်းစီနေကြတယ်။မင်းကိုယ်မင်း ဘာထင်နေတာလဲ။သွားစမ်း"
ချင်မိသားစု၏ အစောင့် အရှောက်များသည် အလွန်တရာ မောက်မာကြသည်။
သူတို့သည် အမှန်တကယ်ပဲ ညအင်ပါယာကို ဒေါသထွက်စေခဲ့၏။ ထို့ကြောင့်ပင် ၎င်းတို့သည် ညအင်ပါယာ၏ လက်ချက်ဖြင့် လွင့်စင်၍ မေ့မျောကြကုန်၏။
ချင်မိသားစု၏ ဂိတ်တံခါးသည်လည်း ဖျက်စီး ခံလိုက်ရသည်။
ဤနည်းလမ်းသည် ကြမ်းတမ်းလွန်းသည် ဆိုသော်လည်း အကျိုးသက်ရောက်မှုမှာ အလွန်တရာ ကောင်းမွန်လွန်းလှ၏။
ရွှီ … ရွှီ။
ချက်ချင်းဆိုသလိုပဲ ချင်မိသားစု၏ အတွင်းခြံဝန်းထဲမှ သိုင်းကျင့်ကြံသူ ဆယ်ယောက်ကျော်သည် ထွက်ခွာလာကြသည်။
၎င်းတို့၏ အားအင်အဆင့်သည် သိုင်းစစ်သူကြီး အဆင့် သို့ ရောက်ရှိနေကြပြီး သူတို့အားလုံးသည် အပြင်ဘက်တွင် ရှိနေကြသော လူငယ်နှစ်ယောက်အား လှမ်းကြည့်လိုက်ကြ၏။
ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်သည်။ "ချင်ဝမ်ယုကို ထွက်လာပြီး တိုက်ခိုက်ဖို့ ပြောလိုက်"
"မောက်မာလွန်းတယ်"
ချင်မိသားစု၏ ခေါင်းဆောင်သည် အဓိက ဟောခန်းထဲမှ လျှောက်ထွက်လာပြီးသည့်နောက် ၎င်း၏ သိုင်းစစ်သူကြီးအဆင့် ထိပ်ဆုံး အဆင့် သိုင်းကျင့်ကြံခြင်းကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းပဲ စိတ်ဝိညာဉ် အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်ကို ထုတ်ဖော်လိုက်ချိန်မှာတော့ အလင်းတန်းများသည် ပြေးထွက်လာတော့သည်။
ဘုန်း
ရီရှင်းချန်သည် သူ၏ လက်သီးကို မြှောက်၍ ထိုအလင်းတန်းအား ချိုးဖြတ်လိုက်သည်။
ဘုတ် .. ဘုတ်
ချင်မိသားစု၏ ခေါင်းဆောင်သည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။
သူ၏ မျက်နှာတွင် ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နက်သွားသည်။
မင်း မင်းက သိုင်းဘုရင်တစ်ယောက်လား"
"သိုင်းဘုရင် ဟုတ်လား"
အနီး အနားမှာ ရှိနေကြသော ချင်မိသားစု၏ သိုင်းကျင့်ကြံသူများ အားလုံး၏ မျက်နှာသည် အကြီးအကျယ် ပျက်ရွင်းသွားကြ၏။
ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်သည်။ "ချင်ဝမ်ယုကို ထွက်လာဖို့ ပြောလိုက်။မဟုတ်ရင် ခင်ဗျားတို့ ချင်မိသားစုတစ်ခုလုံးကို ဖျက်စီးပစ်မယ်။"
မောက်မာလွန်းလှသလို ကြမ်းတမ်းလွန်းလှ၏။
ဘေးတစ်ဖက်တွက် ရပ်ကြည့်နေသော ရှောင်ကျီ၏ နှုတ်ခမ်းများသည် တုန်ရင်နေ၏။
ဂျူနီယာညီလေးရီသည် တကယ်ပင် ဂိုဏ်းချုပ်ကဲ့သို့ ပြုမူလျက်ရှိ၏။ ၎င်း၏ စိတ်နေစိတ်ထားသည် အရူးတစ်ယောက်လိုပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် အလွန်တရာ မောက်မာလွန်းလှ၏။ အဘယ့်ကြောင့် ဆိုသော် သူ၏ ဂုဏ်သိက္ခာကို တည်ထောင်ထားချင်သောကြောင့် ဖြစ်သည်။ တစ်ခြားသူများအနေနှင့် ပြိုင်စံရှား ဂိုဏ်းကို လာရောက်၍ ရန်ပြု၍ မရနိုင်ကြောင်းကို သိရှိနားလည်စေရန် အဆုံးထိ မောက်မာထား၏။
ဤအရာသည် မှန်ကန်သည်ဟု ဆိုရမည်။
သို့ပေမဲ့ ကျုပ်တို့၏ ညအင်ပါယာမှာတော့ အလွန်တရာခြားနားလွန်းသည်။ သူသည် အစစ်အမှန် မောက်မာခြင်း ဖြစ်၏။ ဘာအကြောင်းကိစ္စမှ မရှိဘဲနှင့် မောက်မာနေခြင်းပင် ဖြစ်တော့သည်။
စကား အနည်းငယ် ပြောလိုက်သည်ဆိုသည်နှင့် စိတ်မထင်လျှင် တစ်ခါတည်း စားပွဲကို ဆွဲလှန် တိုက်ခိုက်မည့် လူစားမျိုးပင် ဖြစ်၏။
ချင်မိသားစု ခေါင်းဆောင်၏ မျက်နှာသည် ပျက်ရွင်းသွား၏။
ချင်ကလန်အနေနှင့် သိုင်းဘုရင်တစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ရန် မတတ်နိုင်ချေ။
"ရောင်းရင်လေး"
အကြီးအကဲတစ်ယောက်သည် လက်သီးကို ဆုပ်ကာ မေးလိုက်၏။ "ကျုပ်တို့မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်က ခင်ဗျားကို ရန်ပြုခဲ့ဖူးလို့လား။"
"မဟုတ်ပါဘူး"
ရီရှင်းချန်သည် အရည်အချင်းစစ် ပြိုင်ပွဲတွင် ရရှိခဲ့သော သူ၏ ကျောက်စိမ်းပြားအား ထုတ်ဖော်ပြသကာ ပြောလိုက်သည်။ "ဒီကို လာပြီးတော့ အဆင့်တက်ချင်လို့ ပြိုင်တာပါ...."
ချင်မိသားမှ လူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားကြ၏။
သူသည် သိုင်းဘုရင်တစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ အဆင့် သက်မှတ်ချက်တွင် မပါဝင်သေးချေ။ မယုံကြည်စရာကောင်းလွန်းလှသည်။
ဟူး
ရီရှင်းချန်သည် သူ၏ သိုင်းဘုရင် အဆင့်အား အစွမ်းကုန် ထုတ်ဖော်ပြသပြီးသည့် နောက်မှာတော့ သူ၏ အကြည့်များသည်အေးစက်နေ၏။
"ကျုပ် အလျှင်လိုနေတယ်။မြန်မြန် .. အဲကောင်လေးကို ထွက်လာပြီး တိုက်ခိုက်ခိုင်းလိုက်တော့"
မူလအားဖြင့် ချင်ကလန်သည် ချင်ဝမ်ယုတစ်ယောက် ဤနေရာတွင် မရှိကြောင်း လိမ်ညာပြောဆိုရန် စီစဉ်ထား၏။ အဆုံးသတ်မှာတော့ ၎င်းတို့သည် သိုင်းဘုရင်၏ အော်ရာများကို ထိတ်လန့် ကြောက်ရွံ့သော ကြောင့် အလျှင်အမြန်ပဲ တံခါးပိတ် ကျင့်ကြံလျက်ရှိသော ချင်ဝမ်ယုအား ဆွဲထုတ်ခေါ်လာကြသည်။
ဘုန်း … ဘုန်း
သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ စိတ်ဝိညာဉ် အော်ရာများသည် အလွန်အကျွံ ကြမ်းတမ်းစွာ ဖြင့် ပျံ့နှံ့လျက်ရှိသည်။ ရီရှင်းချန်၏ ရိုက်နှက်ခြင်းကို ခံရပြီးသည့်နောက် ချင်ဝမ်ယုသည် အလုံးစုံ မေ့မျောလျက် ရှိနေတော့၏။
"အမှိုက်"
ညအင်ပါယာသည် အသာလှည့်၍ ချင်ကလန်ဆီမှ ထွက်ခွာသွားတော့သည်။
ဟူး
ချင်းကလန်ရှိ အားလုံးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။
ချင်ဝမ်ယုသည် စိန်ခေါ်သူကို ရှုံးနိမ့်ခဲ့သောကြောင့် သေမျိုးအဆင့် ပါရမီရှင်များ စာရင်းမှပင် ထုတ်ပယ် ခံလိုက်ရသည်။ သို့ပေမဲ့ စိတ်ဓာတ်မကျပေ။
အဘယ်ကြောင့်ဆိုသော် ဤကြမ်းတမ်းလှသော လူငယ် ထွက်ခွာသွားခြင်းသည် ချင်ကလန်အတွက် ကောင်းချီးတစ်ခုပင် ဖြစ်သည်။
……....
ဘုန်း။
မြို့တစ်မြို့၏ ကလန်တစ်ခုထဲမှာတော့ ရီရှင်းချန်သည် သူ၏ ပြိုင်ဘက်အား လက်သီးတစ်ချက် ထိုးလွှတ်ကာ လွင့်စင်ကာ ပြုလုပ်ခဲ့တော့သည်။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "အကုန်အမှိုက်တွေပါ့လား"
ပြောပြီးသည့်နောက် လှည့်ထွက်သွားတော့သည်။
ရှောင်ကျီသည် သူ၏ နောက်မှ လိုက်ပါလာပြီး အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
ရီရှင်းချန်သည် ဆက်တိုက်ဆိုသလိုပဲ လူနှစ်ယောက်ကို အနိုင်ယူပြီး သေမျိုးစာရင်း၏ ကိုးဆယ့်ကိုး နေရာသို့ ရောက်ရှိလာခဲ့သည်။
ဆိုလိုသည်မှာ သူ့အနေနှင့် ဤတည်နေရာ တစ်ခုလုံးကို လိုက်လံ၍ စိန်ခေါ်တိုက်ခိုက်မည့်ပုံ ရှိနေ၏။
အဆုံးသတ်မှာတော့ ဂျူနီယာညီလေးရီသည် တစ်ယောက်ချင်းစီတိုင်းကို ပက်ပက်စက်စက် လိုက်လံ တိုက်ခိုက်နေတော့၏။
"ထားလိုက်တော့ ထားလိုက်တော့ …. အနာဂတ်မှာ ငါ့အတွက် အချိန်တွေ အများကြီး ရှိသေးတယ်။ဒီကောင့်ကို အရင်ဆုံး စာရင်းထဲဝင်အောင် ခွင့်ပြုထားလိုက်တာ ကောင်းတယ်"
ဤသို့နှင့် ပင် အစောကြီးတုန်းက သူ၏ အဆင့်ကို တိုးတက်စေရန် စီစဉ်ထားသော ရှောင်ကျီသည် ရီရှင်းချန်၏ နောက်ကို လိုက်၍ တိုက်ပွဲဟူသမျှကို လိုက်လံကြည့်ရှုနေရသည်။
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ သူတို့နှစ်ယောက်သည် နေရာတော်တော်များများသို့ ခရီးထွက်လာပြီးသည့်နောက် ပါရမီရှင် အယောက်နှစ်ဆယ်ကျော်ကို တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ခဲ့၏။
ပြောနေစရာပင် မလိုပေ။
သိုင်းဘုရင် ကျင့်ကြံခြင်း အဆင့်တွင် ရှိနေသော ရီရှင်းချန်သည် ကျန်သည့် သူအားလုံးအား ပက်ပက်စက်စက် ရိုက်နှက်ခဲ့၏။
"မင်း ကြားပြီးပြီးလား။ လက်တလောမှာ အရမ်းကို မောက်မာတဲ့ လူငယ်တစ်ယောက်က သေမျိုးစာရင်းက ပါရမီရှင်တွေကို တစ်ယောက်ချင်းစီ လိုက်ပြီး စိန်ခေါ်နေတယ်တဲ့။ လူနှစ်ဆယ်လောက်က သူ့ကို ရှုံးနိမ့် ပြီးသွားပြီတဲ့။"
"ဟုတ်တယ် ငါကြားတာပေါ့။ဒီကောင်က ပြိုင်စံရှား ဂိုဏ်းကလို့ ကြားတယ်။သူ့နာမည်က ရီရှင်းချန်တဲ့။အခုမှ တိုးတက်ပြီး နာမည်ကြီးလာတဲ့ ဂိုဏ်းက ခေါင်းဆောင်တင်မကဘူး သူ့တပည့်တွေကလည်း အားကောင်းတာပဲ။"
များပြားလှသော ကျင့်ကြံသူများသည် ဆွေးနွေးနေရင်းမှာပဲ လစဉ်လတိုင်း အစဉ်အမြဲ ပြောင်းလဲနေသော စာရင်းအားမည်သို့ ဖြစ်လာမည်ကို စောင့် မျှော် ကြည့်ရှုချင်နေကြ၏။
၎င်းတို့အားလုံးသည် ရီရှင်းချန်တစ်ယောက် မည်သည့် အဆင့်သို့ တက်လှမ်းလာမည်ဆိုသည်ကို သိချင်မိကြသည်။
……....
ပြိုင်စံရှား ဂိုဏ်း
လီလိုရှုသည် အဓိက ဟောခန်းထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်၏။
"ဂိုဏ်းချုပ် သူရဲကောင်းစာရင်းရဲ့ နောက်ဆုံး ထွက်ပေါ်လာတဲ့ စာရင်း အရဆိုရင် ရီရှင်းချန်က သေမျိုးစာရင်းရဲ့ လေးဆယ့်ငါးယောက်မြောက်ကို ရောက်ရှိခဲ့ပြီ။"
ဟင်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "လဝက်အတွင်း ပါရမီရှင်း ငါးဆယ့် ငါးယောက်ကို အနိုင်ယူ ယှဉ်ပြိုင်ခဲ့တာပေါ့။ဒီကောင် တော်တော် မြန်တာပဲ။"
နတ်ဆိုးလင်းယုန်ငှက် သို့မဟုတ် ဟာရီကိန်း ဝံပုလွေဘုရင် ကို သာ ပေးလိုက်မည်ဆိုလျှင် ရီရှင်းချန်အနေနှင့် တစ်ပြည်နယ်နှင့် တစ်ပြည်နယ် ခရီးထွက်ခွာသွားရသည်မှာ ပို၍ မြန်ဆန်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သေမျိုးစာရင်းရှိ ပါရမီရှင်များကို ပိုမို၍ အနိုင်တိုက်ခိုက်နိုင်မှာ ဖြစ်၏။
"ဂိုဏ်းချုပ်"
လီလိုရှုက ပြောလိုက်၏။ "ဒီကောင်လေးက စိန်ခေါ်တဲ့ လူတိုင်းကို ပက်ပက်စက်စက် ရိုက်နှက်ခဲ့တယ်။လူတွေ အကုန်လုံးက သေမလိုတောင် ဖြစ်ကျန်ခဲ့တယ်လေ။ဒီအတိုင်းဆိုရင် ရှိသမျှလူတွေ အားလုံးရဲ့ ဒေါသတွေ စုပြုံပြီး ရောက်လာမှာ စိုးရတယ်"
ကျွင်းချောင်ရှောင်းသည် သဘောတူစွာဖြင့် ပြောလိုက်သည်။
"ကိုယ်က မကျွမ်းကျင်လို့ ခံရတာလေ။ ဒါကို ခံရမှာပေါ့။ တကယ်လို့ သူကိုယ်တိုင် မကျွမ်းကျင်လို့ တစ်ခြားသူရဲ့ ရိုက်နှက်ခြင်း ခံရတယ်ဆိုရင်လည်း ခံရမှာပဲ။ဒါက မျှတတဲ့ တိုက်ပွဲ မဟုတ်လား။"
တပည့်နှင့် ဆရာသည် လိုက်ဖက် ညီလွန်းလှသည်။
……...
"ကောင်းကင်ဘုံ သူရဲကောင်း စာရင်းမှာ တစ်ခါမှ မပါဘူးတဲ့ လူက ထိပ်ဆုံးစာရင်းထဲကို တစ်ခါတည်း တန်းဝင်သွားတယ် ဟုတ်လား။သူ့ရဲ့ အမြန်နှုန်းက သမိုင်းမှာ အမြန်ဆုံးနှုန်းဖြစ်လိမ့်မယ်။"
သူရဲကောင်းစာရင်း၏ နောက်ဆုံး စာရင်း ထွက်ပေါ်လာသည့် အချိန်မှာတော့ ကျင့်ကြံသူများသည် ရီရှင်းချန်၏ အဆင့်ကို မြင်တော့ မျက်လုံး ပြူးသွားကြသည်။
သို့ပေမဲ့ စိန်ခေါ်မှုသည် ဆက်လက်ဖြစ်တည်နေတုန်းပင် ဖြစ်၏။
လဝက်ကြာပြီးသည့်နောက်မှာတော့ နောက်ဆုံး သူရဲကောင်း စာရင်း ထွက်ပေါ်လာတော့သည်။ ရီရှင်းချန်သည် လေးဆယ့် ငါးယောက်မြောက်မှသည် ဒုတိယနေရာဆီသို့ တက်လှမ်းနိုင်ခဲ့သည်။ သူသည် များပြားလှသော နိုင်ငံများနှင့် စီရင်စုများကို ထိတ်လန့်တုန်လှုပ်စေ၏။
"သခင်လေးစွန်းရောက်လာပြီ"
ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်သည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်ကြသည်။
ရှင်းလင်းလှသည့် လမ်းကြီးတစ်ခုထဲမှာတော့ အလွန်တရာ ချောမောလှသော လူငယ်တစ်ယောက်သည် လမ်းလျှောက်လာ၏။ သူသည် အစေခံများခြံရံ၍ လျှောက်လှမ်းလာခြင်းပင် ဖြစ်၏။
"စွန်းဟယ်ယု"
၎င်းသည် စွန်းမိသားစုမှ တိုက်ရိုက် ဆင်းသက်လာခြင်းပင် ဖြစ်တော့သည်။
၎င်းသည် သေမျိုး စာရင်း၏ ပထမနေရာတွင် ရှိနေသော လူလည်း ဖြစ်နေ၏။
အနောက်မြောက် ဟယ်ကျူးတွင် ပါရမီရှင်များ များများ စားစား ရှိလှသည် မဟုတ်ချေ။ သို့ပေမဲ့ စွန်းဟယ်ယုမှာတော့ ပထမနေရာကို တက်လှမ်းနိုင်သည်အထိ ထူးချွန်လှသော ပါရမီကို ပိုင်ဆိုင်သည့် လူငယ် မျိုးဆက် တစ်ယောက်ပင် ဖြစ်တော့သည်။
သူသည် အားလုံးသော သူများ၏ ချီးကျူးမှုခေါင်းမော့ကြည့်ရသည့် တည်ရှိမှုကို ပိုင်ဆိုင်ထားသူလည်း ဖြစ်၏။
"သခင်လေး စွန်းက ချောလိုက်တာ။ သူက ကျိန်းသေပေါက် ရီရှင်းချန်ဆိုတဲ့ လူကို အနိုင်တိုက်နိုင်မှာပဲ။ ဟိုကောင်က အလကားကောင်ပဲ ငါကတော့ သခင်လေး စွန်းဘက်ကနေ လောင်းမယ်"
စွန်းဟယ်ယုရောက်ရှိလာပြီးနောက်မှာတော့ လူများအားလုံးသည် ဆူညံပွက်လောရိုက်သွားကြသည်။ သေမျိုးစာရင်း၏ ပထမနေရာတွင် ရှိနေခဲ့သော သူသည် ဘုရင့်မြို့တွင် အလွန်တရာ ကျော်ကြားလှ၏။
စွန်းဟယ်ယုသည် ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။ "မင်းက ဘာမှန်းမသိတဲ့ အဆင့်ကနေ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်ဆိုတော့ တော်တော်ကြီး တော်တဲ့လူပဲ ဖြစ်ရမယ်။ဒါပေမဲ့ င့ါကို စိန်ခေါ်ခဲ့တဲ့ အတွက် အဆုံးသတ်မှာတော့ မင်းရဲ့ နိုင်ပွဲဆက်တဲ့ အခြေအနေတစ်ခုက ရပ်တန့်သွားလိမ့်မယ်။"
"သူက ဘေတစ်ခြမ်းက ကြည့်ရင်တောင် အရမ်းချောလွန်းအားကြီးတယ်။ ငါဘယ်လိုမှ မနေနိုင်တော့ဘူး"
ဘေးတစ်ဖက်မှ မိန်းကလေးငယ်များသည် စွန်းဟယ်ယု၏ ဘေးတစ်စောင်းပုံစံကို ကြည့်ရင်း မည်သို့မှ မနေနိုင်ဘဲ ထုတ်ဖော်ချီးကျုးကြတော့၏။
တစ်ပြိုင်နက်တည်းမှာပဲ သူတို့သည် ရီရှင်းချန်အား ကြောက်မက်ဖွယ်ရာကောင်းသည့် အကြည့်များဖြင့် စူးစိုက် ကြည့်နေကြသည်။
အဘယ့်ကြောင့် သူတို့ ကြိုက်နှစ်သက်ရသော လူကို စိန်ခေါ်ရဲရသနည်း။ ဤလူသည် ရိုက်နှက်ပစ်ဖို့ ကောင်းသောလူပင် ဖြစ်၏။
လူအုပ်ကြားထဲတွင် ရှိသော ရှောင်ကျီမှာတော့ ခေါင်းကို ခါယမ်းလိုက်သည်။ "ဒီကောင်လေးရဲ့ အားအင်က သာမန်ပဲလေ။ ဂျူနီယာညီလေးရီကတော့ ဒီကောင့်ကို ကောင်းကောင်းရိုက်နှက်မှာသေချာတယ်။ သနားပါတယ်"