ကျေးဇူးတင်ခြင်း
Vol. 17 Ch. 241
ကျောက်ဟီဘို သည် အစောကြီးကတည်းက ဟင်းလျာများကို မှာကြားခဲ့ပြီး လင်းဖန် ထိုင်ပြီးနောက် မွှေးကြိုင်သော ဟင်းများကို တစ်ခုပြီးတစ်ခုကျွေးလေသည်။(မှတ်ချက်ဟင်းကြိုမှာပြီးအောက်ထပ်မှာလင်းဖန်ကိုစောင့်နေတာပါ)
ဒါပေမယ့် လင်းဖန်ရှေ့မှာ ဟင်းပွဲတွေက မနေ့ကလောက် စျေးမကြီးပေ။
သို့သော် လင်းဖန်သည်စျေးကြီး၊မကြီးကိုဂရုမစိုက်ဘဲမွှေးကြိုင်သောဟင်းပွဲရဲ့အနံ့ကို ညင်သာစွာ ရှူသွင်းလိုက်ပြီးစတင်စားတော့သည်။
ထိုအချိန်တွင် ကျောက်ဟီဘိုက “လီဂိုယောင်ကမစ္စတာလင်းအကြောင်းငါ့ကို မကြာခဏပြောဖူးပေမယ့် ကံမကောင်းစွာဖြင့်ငါမစ္စတာလင်းနဲ့တွေ့ခွင့်မရခဲ့ဘူး”
“မနက်ကလဲဟန်စီဒီနဲ့ ညှိနှိုင်းဖို့ အလျင်စလိုနေတာကြောင့်မစ္စတာလင်းနဲ့ စကားစမြည်ပြောဖို့ အချိန်မရှိခဲ့ဘူး... အဲဒါက ကျတော့ကိုစိတ်မကောင်းဖြစ်စေမိတယ်”
“အခုတော့မစ္စတာလင်းနဲ့စကားပြောဖို့အခွင့်အရေးရပြီ!”
လင်းဖန်သည် ကျောက်ဟီဘိုကသူ့ကိုယ်စိတ်ကျေနပ်အောင် ကြိုးစားနေကြောင်း သူ့စိတ်ထဲတွင် သိနေသည်။
တစ်ဖက်သားက ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုလဲသူ မှန်းဆပြီးသား ဖြစ်သည်။
လင်းဖန်က”မန်နေဂျာ ကျောက်က ယဉ်ကျေးလွန်းနေပါပြီ” လို့ ပြုံးပြုံးလေး ပြောလိုက်သည်။
“ဒါက ပါးစပ်ကထွက်သလိုပြောတာမဟုတ်ပါဘူးနှလုံးသားထဲကလာတဲ့စကားတွေပါ” ကျောက်ဟီဘို က ပြောနေရင်း သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး “ဒါကမစ္စတာလင်းကိုကျေးဇူးတင်တဲ့အနေနဲ့တစ်ခွက်သောက်ပါရစေ”
ထို့နောက် ဖန်ခွက်ထဲရှိ ဝိုင်ကို တိုက်ရိုကမော့်သောက်လိုက်သည်။
သူသောက်တာကိုမြင်တော့လင်းဖန်နဲ့ လီဂိုယောင်တို့လည်း လိုက်သောက်လိုက်ကြသည်။
ကျောက်ဟီဘိုက ဒါကိုမြင်လိုက်တာကြောင့်ပိုပိုပြီးဝမ်းသာလာပြီး “ညှိနှိုင်းမှုအကြောင်းပြောရင် မစ္စတာလင်းကို တကယ်ကျေးဇူးတင်မိတယ်။ မူလက ကျွန်တော်တို့ရဲ့ ချင်ကောင်း ကုမ္ပဏီက ချန်နယ်ရောင်းချမှုကို ရယူချင်တယ်ဆိုရင်တော့ အခက်အခဲရှိနိုင်တယ်။”
“ဒါပေမယ့် မစ္စတာလင်းကြောင့်ပဲရှောင်နမ်ဧရိယာတစ်ခုလုံးမှာအထွေထွေကိုယ်စားလှယ်ဖြစ်အောင် ငါတို့ကို လုပ်ပေးခဲ့တယ်။ဒါကြောင့်မစ္စတာလင်းကိုကျေးဇူးအထူတင်ပါတယ်”
ကျောက်ဟီဘိုသည် ဒီအကြောင်းပြောရင်းစိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာတစ်ခုလုံးသည်အနည်းငယ်နီမြန်းလာခဲ့သည်။
ဟန်စီဒီ၏ ရေမွှေးနှင့် ပန်းအနှစ်သာရများ ကျော်ကြားမှုကြောင့် ရှောင်နမ်၏ အထွေထွေအေးဂျင့်(ကိုယ်စားလှယ်)ဖြစ်လာပြီးနောက် ချင်ကောင်း ကုမ္ပဏီမှ ရရှိမည့် ကြီးမားသောအမြတ်အစွန်းများနှင့် ကုမ္ပဏီက သူ့ကိုယ် ချီးကျူးသည့် မြင်ကွင်းကိုကျောက်ဟီဘိုကတွေးမိလိုက်သည်။
ဒါကိုတွေးပြီး ကျောက်ဟီဘို က သူ့ဖန်ခွက်ကို ထပ်မြှောက်လိုက်ပြီး “မစ္စလင်း၊ ငါမင်းကို ထပ်ပြီးကျေးဇူးတင်ပါတယ်!”
စကားပြောပြီးနောက် ဝိုင်တစ်ခွက်ကို ပါးစပ်ထဲသို့လောင်းထည့်လိုက်ပြန်သည်။
ထို့နောက် သုံးယောက်သား သောက်လိုက််၊စားလိုက်နှင့် စကားစမြည်ပြောနေကြသည်။
ထိုအချိန်တွင် လီဂိုယောင်က ရုတ်တရက် “လင်းဖန် ၊ ဟန်စီဒီကုမ္ပဏီ ဥက္ကဌ ကို မင်းသိတာလား ၊ မင်းနာမည် ပြောလိုက်တာနဲ့ သူက ငါတို့ ကုမ္ပဏီကို ရှောင်နမ် ဧရိယာရဲ့ အထွေထွေ အေးဂျင့် အဖြစ်ခန့်အပ်လိုက်တယ်..”
ကျောက်ဟီဘို သည် ထိုစကားကိုကြားသောအခါ၊ သူ့ပုံစံက အနည်းငယ်ပြောင်းကာလင်းဖန်ပြောမည့်အဖြေကိုသေချာအာရုံစိုက်လိုက်လေသည်။
သေချာသည်ကတော့ သူသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန်သိချင်နေတယ်ဆိုတာပင်ဖြစ်သည်။
လင်းဖန် က “ဟုတ်တယ် ငါသိပါတယ်”
“သူမက မင်းရဲ့ကုမ္ပဏီကို ရှောင်နမ်ရဲ့ အထွေထွေအေးဂျင့်ဖြစ်လာစေတာလဲ ငါက ဟန်စီဒီရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်လို့ဖြစ်မယ်”
ဤစကားထွက်လာသည်နှင့် တပြိုင်နက် ကျောက်ဟီဘို နှင့် လီဂိုယောင်တို့နှစ်ယောက်စလုံး ရုတ်တရက် အေးခဲသွားလေသည်။
ဟန်စီဒီရဲ့အကြီးဆုံး ရှယ်ယာရှင်?
အကယ်၍ ၎င်းသည် ဟန်စီဒီ၏ အဓိကရှယ်ယာရှင်အဟောင်းဖြစ်ခဲ့လျှင် ဘညမှသိပ်မဟုတ်ပေ။ သို့သော် ဟန်စီဒီ၏ လက်ရှိရှယ်ယာရှင်အတွက်ဆိုရင်တော့မယုံနိုင်စရာဖြစ်လိမ့်မည်ဖြစ်သည်။(မှတ်ချက်ဟန်စီဒီကတိုးတက်လာသည်နှင့်ရှယ်ယာတွေကလဲတိုးတက်လာတာပါ။အရင်ကဟန်စီဒီရှယ်ယာစျေးကယခုမတိုးတက်ပါ)
အကြီးဆုံးရှယ်ယာရှင်?
လင်းဖန်သည် အံ့အားသင့်နေသော နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီးနောက်သူက”ငါဗိုက်ပြည့်ပြီးမို့ငါထွက်သွားတော့မယ်” လို့ပြောလိုက်သည်။
စကားပြောပြီးတော့ သူသည်ထပြီး အခန်းထဲကနေ ထွက်လာလိုက်သည်။
ထိုအချိန်မှကျောက်ဟီဘိုနှင့် လီဂိုယောင်တို့သည်သတိပြန်ဝင်လာတော့သည်။
ဝေးသွားသော လင်းဖန်ကိုကြည့်ရင်းသူတို့သည်လဲထကာ ငွေရှင်းကောင်တာဆီသို့ လျှောက်သွားကြသည်။
“ဟယ်လို၊ ငါတို့ငွေရှင်းဖို့ ပါ” ကျောက်ဟီဘို က ပြောလိုက်သည်။
ကောင်တာရှိအလှလေးက ပြုံးပြီးပြောလိုက်သည်။ “မစ္စတာမင်းကငါတို့ သူဌေးနဲ့အတူတူစားတာကြောင့်ဘေလ်(ငွေ)ပေးစရာ မလိုပါဘူး”
“မင်းရဲ့သူဌေး?” ကျောက်ဟီဘို အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ့မျက်လုံးတွေပြူးသွားပြီး “မင်းဆိုလိုတာက... မစ္စတာလင်းက...?”
“ဟုတ်တယ်” အလှလေးကပြန်ဖြေလိုက်သည်။
ဒါကိုကြားပြီးနောက်ကျောက်ဟီဘိုနှင့် လီဂိုယောင်တို့သည်ထပ်မံ အံသြသွားပြန်သည်။
ဟန်စီဒီ၏ အကြီးဆုံးရှယ်ယာရှင်။
အင်ပါယာဟိုတယ်ပိုင်ရှင်။
ဒါ... ဒီအထောက်အထားတွေထဲက တစ်ခုကပင် လူတွေကသူ့ကို လေးစားဖို့လုံလောက်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင်၎င်းသည် အသက်နှစ်ဆယ်ကျော်သာရှိသေးသော လူငယ်တစ်ဦးဖြစ်သည်။
ဒါဟာ ရိုးရိုးရှင်းရှင်း စိတ်ကူးယဉ်လို့ မရတဲ့ဟာပင်ဖြစ်သည်။
သို့သော် သူတို့မသိခဲ့ကြသည်မှာ ဤအရာသည် လင်းဖန်၏ များပြားလှသော ပိုင်ဆိုင်မှုများထဲမှသေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာဖြစ်တယ်ဆိုတာပင်ဖြစ်သည်။
ပိုင်ဆိုင်မှုတွေအားလုံးကိုသာသိရင် သူတို့ဘယ်လိုဖြစ်မလဲမသိပေ။
ခဏအကြာတွင် ကျောက်က ခက်ခက်ခဲခဲ မေးလိုက်သည် “လီဂိုယောင်.... မစ္စတာလင်းက ဘာလိုလူလဲ...”
“ငါ... ငါလဲမသိဘူး...” လီဂိုယောင်က ပြန်ပြောပြောလိုက်သည်။
…………
အခန်းထဲကထွက်ပြီးနောက်လင်းဖန် ဟာ အင်ပါယာဟိုတယ်ကနေမထွက်သွားခဲ့ပေ။
ယင်းအစား၊ သူ့အတွက် အထူးပြင်ဆင်ထားသည့် အင်ပါယာဟိုတယ်၏အပေါ်ဆုံးထပ်ရှိသမ္မတအိမ်တော်(ဟိုတယ်တွေမှာအကောင်းဆုံးအခန်း)သို့သူသွားလိုက်သည်။
အစားစာတွေကိုစားသောက်ပြီးနောက် လင်းဖန်သည် နူးညံ့သောကုတင်ကြီးပေါ်တွင် လှဲလျောင်းရင်ဒီနေ့က အလွန်သာယာပျော်ရွှင်ဖွယ်ကောင်းသည်ဟု ခံစားရသည်။
“ဒင်!”
ထိုအချိန်တွင် သူ့လက်ကိုင်ဖုန်းသည် အနည်းငယ်တုန်ခါသွားလေသည်။
12:00!
အနီရောင် စာအိတ်တွေ ပေါ်လာတော့သည်။
“ဒင်း! ဂုဏ်ယူပါတယ် မင်း 5 ယွမ် ရခဲ့သည်”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 999 ယွမ် ရရှိသည်။”
…………
“ဒင်း၊ ဂုဏ်ယူပါတယ် မင်းမှာ ယွမ် 10,000 ရသည်။”
“ဒင်း၊ ဂုဏ်ယူပါတယ် မင်း 3 ယွမ် ရခဲ့သည်။’’
ယနေ့စာအိတ်နီဖွင့်ရာတွင်လင်းဖန်စုစုပေါင်း ၄၀,၂၁၁ ယွမ် ရရှိခဲ့သည်။
ထိုအချိန်တွင်ကျယ်လောင်သော ဖုန်းအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချမ်ရီရီ၏ဖုန်းခေါ်ဆိုမှု ပင့ဖြစ်သည်။
“နေ့လည်စာအတူတူစားဖို့အားလား” ချမ်ရီရီက မေးလိုက်သည်။
“မင်းနောက်ကျနေပြီလို့ငါပြောပါရစေ၊ ငါ အထက်တန်းကအတန်းဖော် လီဂိုယောင်နဲ့ အတူထမင်းစားပြီးသွားပြီ” လင်းဖန်က ပြောလိုက်သည်။
ချမ်ရီရီက “အင်း ငါကမကြာသေးခင်က အလုပ်အရမ်းများနေတာကြောင့် မင်းနဲ့အတူစားဖို့မအားဘူး”
လင်းဖန် က “ရပါတယ်၊ ဒါပေမယ့် အရမ်းကြီးအပင်ပန်းခံပြီးအလုပ်မလုပ်ပါနဲ့၊အားလုံးထက် မင်းက အရေးကြီးဆုံးပဲ”
ခေတ္တနားပြီးနောက် သူက “စကားမစပ်၊ မင်းက ရှောင်နမ် ဧရိယာမှာရှိတဲ့ လိုင်းရောင်းရငွေအားလုံးကို ငါ့အတန်းဖော်နဲ့ သူတို့ရဲ့ကုမ္ပဏီကို ပေးလိုက်တာ အဆင်ပြေရဲ့လား”(လိုင်းရောင်းငွေဆိုတာကကိုစားလှယ်အေးဂျင့်တွေကဟန်စီဒီကနေပုံမှန်စျေးနှုန်းနဲ့ဝယ်ပြီးအမြတ်တင်တာကိုပြောတာပါ၊ပုံမှန်ဆိုပေမဲ့ဟန်စီဒီကလဲအမြတ်တင်ထားပါတယ်)
လင်းဖန်သည် ချမ်ရီရီ က အလွန်ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း သိသောကြောင့်ဖြစ်သည်။
နိုင်ငံတကာထိပ်တန်းရေမွှေးနှင့် အလှကုန်များကို သူမကအမြဲဖန်တီးချင်ခဲ့သည်။
လင်းဖန်သည် သူ့မျက်နှာကြောင့် ချမ်ရီရီ၏ အသက်မွေးဝမ်းကြောင်းကို အနှောင့်အယှက်မပေးချင်ပေ။
လင်းဖန်သည်အတန်းဖော်ထက်သူ့ ချစ်သူကပို၍အရေးကြီးလေသည်။
ချမ်ရီရီက ပြုံးတဲ့လေသံနဲ့”စိတ်မပူပါနဲ့၊ ငါအရင်ကတည်းက ဒေသဆိုင်ရာ အထွေထွေ အေးဂျင့်အနည်းငယ်ကို ခေါ်ဖို့ကိုစီစဉ်ထားပြီး သားပါ”
“ချင်ကောင်းသည် ရှောင်နမ် ဧရိယာ(မြို့)တွင် အလွန်ကောင်းမွန်သော သြဇာအာဏာရှိပြီး ၎င်းတို့ကို အထွေထွေအေးဂျင့်အဖြစ် ခန့်အပ်ခြင်းသည် ငါ့အတွက်တောင်အကျိုးရှိသေးတယ်”
“နက်သိသလား? ငါ့ရဲ့ဟန်စီဒီထုတ်ကုန်များသည် နိုင်ငံတစ်ဝှမ်းတွင် အတော်လေးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့တယ်။အခုဟန်စီဒီကဆက်လက်တိုးတက်နေတယ်။ ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်ဖြစ်လာဖို့ကမကြခင်ဖြစ်လာမှာ သေချာသည်။”
ကုမ္ပဏီ၏အရေးကိစ္စများကို ပြောသည့်အခါတိုင်းချမ်ရီရီသည် စကားကိုအဆုံးမသတ်နိုင်တော့ပေ။သူမ၏လေသံမှာလဲအလွန်စိတ်လှုပ်ရှားနေလေသည်။
ဒါကိုကြားတော့ လင်းဖန်ကလဲ သူ့မျက်နှာထက်တွင်အပြုံးတစ်ခုပေည်လာလေသည်။
သူတို့နှစ်ယောက် ခဏလောက် စကားစမြည်ပြောပြီးနောက်ဖုန်းချလိုက်သည်။
ဖုန်းချပြီးနောက်လင်းဖန်သည်ကုတင်ပေါ်တွင်အိပ့်ပျော်သွားလေသည်။
…………
လင်းဖန်သည် အိပ့်ရာထပြီးဖုန်းကို ကောက်ကိုင်လိုက်သောအခါ ညနေလေးနာရီထိုးနေပြီဖြစ်သည်။
လင်းဖန်သည်ဒီဒီမမောင်းသေးဘဲကုတင်ပေါ်တွင် လှဲကာ လက်ကိုင်ဖုန်းဖြင့် ကစားနေလေသည်။
ဗိုက်ဆာတဲ့အခါ အိပ်ယာဘေးက ဖုန်းကို ကောက်ကိုင်လိုက်ပြီး အရသာရှိတဲ့ ဟင်းများကိုဝန်ထမ်းကို မှာလိုက်သည်။
ခဏအကြာတွင်ဝန်ထမ်းသည်အရသာရှိလှသောဟင်းများကိုလာ၍ချပေးပြီနောက်ပြမ်ထွက်သွားလေသည်။
လင်းဖန်သည်ဟင်းများကိုစားပြီးနောက် ခဏလောက် အနားယူလိုက်သည်။
အနယူရင်းကြည့်လိုက်တော့ ... ကောင်းကင်ကြီးသည် မှောင်မိုက်လ်ု့နေပြီဆိုတာကိုတွေ့လိုက်သည်။
လင်းဖန်သည် အောက်ထပ်သို့ဆင်းပြီးသူ့ကားကိုမောင်းထုတ်ကာဒီဒီထံမှ ရံဖန်ရံခါ အမှာများကိုယူပြီးအေးအေးဆေးဆေး မောင်းနှင်နေလေသည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး