← Chapters

လုရက်တာလား

Vol. 17 Ch. 242

လုရက်တာလား

Vol. 17 Ch. 242

အရင်ကလင်းဖန်သာမန်ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်သောကြောင့်မနက်မိုးလင်းတာနဲ့အလုပ်သွားညနေအလုပ်ပြန်တဲ့အခါကျရင်ပင်ပန်းလွန်းတာကြောင့်အပြင်မထွက်ဖြစ်ခဲ့ပေ။

ပြီးတော့သူသည်ကျန်ပေ့မှာ နှစ်အနည်းငယ်ကြာနေနေပေမယ့် ကျန်ပေ့မြို့ကို ကောင်းကောင်းမလည်ပတ်ဘူးပေ။

သို့သော် ယနေတွင်ဒီဒီဖွင့်လိုက်သောကြောင့် ကျန်ပေ့မြို့၏ထူးခြားသောအလှကိုခံစားစေခဲ့သည်။

ယခုအချိန်တွင် လင်းဖန်သည် မစ်ရှင်အတွက်ဒီဒီကားမောင်းနေသည်ဟုမပြောဘဲကျန်ပေ့မြို့တွင်ကားပါတ်မောင်းသည်ဟုပြောတာကပိုမှန်သည်။

“ဒင်!”

ထိုအချိန်တွင် လင်းဖန်၏ လက်ကိုင်ဖုန်းသည် အနည်းငယ်တုန်ခါသွားကာ နောက်ထပ် Didi မှာတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူက စတီယာတိုင်ကို လှည့်လိုက်ပြီး ဒီဒီမှာထားသူနေရာသို့တည့်တည့်သွားလိုက်သည်။

ရောက်တာနဲ့ကျောင်းသားဘညကျောင်းသူနျစ်ယောက်သည်ကားထဲသို့ဝင်ထင်လိုင်လေသည်။

“ကျန်ပေ့တက္ကသိုလ်ပို့ပေးပါ” လို့ကောင်လေးက လင်းဖန်အားပြောလိုက်သည်။

ထို့နောက် သူကတိုးတိုးလေးထပ်ပြောလိုက်သည်။- “၁၀ မိနစ်ကျော်သွားရင် အိပ်ဆောင်တံခါးပိတ်တော့မှာမယ်၊အချိန်မမီမှာကြောက်တယ်”

ကောင်မလေးက အနည်းငယ်စိတ်ပူသောအသံဖြင့် “ဒါဆို ငါတို့ ဘာလုပ်ရမလဲ။’’

ကောင်လေးက “မင်းရဲ့ ID(မှတ်ပုံတင်)ကတ် ယူလာတာလား”

ကောင်မလေးက ခေါင်းညိတ်သည်။

ကောင်လေးက “ဒါဆို...အဆင်ပြေပြီ၊နောက်ကျရင်လဲစိတ်မပူနဲ့တော့်၊ငါတို့ဒီနေ့ အပြင်မှာအိပ့်လို့ရတယ်”

ကောင်မလေးက ဘာမှပြန်မဖြေဘဲ ခေါင်းငုံ့ထားလိုက်သည်။

ထိုအချိန်တွင် စကားမပြောရသေးသော လင်းဖန်က “၁၀ မိနစ်လား? စိတ်မပူပါနဲ့၊ မင်းတို့ကိုအရောက်ပို့ပေးမှာပါ!”

မြေပုံကို ဦးစွာ ကြည့်လိုက်ပြီးနောက် အရှိန်မြှင့်စက်ကို နင်းကာ ဖြတ်လမ်း​​​ကနေအမြန်မောင်းသွားလေသည်။

7 မိနစ်အကြာတွင် လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်၏ အိပ်ဆောင်တံခါးသို့ ရောက်ရှိလာခဲ့သည်။

ဒါကိုတွေ့ပြီးယောက်ျားလေး နှင့်ကောင်မလေး တို့နှစ်ယောက်သည်ကားပေါ်ကနေ အမြန်ဆင်းသွားလိုက်သည်။မဆင်းခင်ကောင်လေးကလင်းဖန်ကိုမကြည်မသာကြည့်လိုက်လေသည်။

လင်းဖန်က “သုံးမိနစ်ကျန်သေးတယ်၊ အိပ်ဆောင်ကို ပြန်သွားနော်!”ဟုအော်ပြောလိုက်သည်။

ဒီစကားပြောပြီးတာနဲ့ အရှိန်မြှင့်စက်ကိုနင်းပြီးရှေ့သို့အမြန်မောင်းသွားလေသည်။

လင်းဖန်က ကားမောင်းရင်း”သူ့တို့ကို အိပ်ဖို့ အိပ်ဆောင်ကို အချိန်မီပြန်ပို့ပေးသောကြောင့်အခု သူတို့ငါ့ကို ကျေးဇူးအများကြီးတင်နေမှာ မဟုတ်ဘူးလား?”

ထို့နောက် မစ်ရှင်စနစ်အား ကြည့်လိုက်သည်။

[မစ်ရှင်- အထူး ဒီဒီအမှာစာ ၅ ခု ပြီးမြောက်ရင်ရွှေရောင်စာအိတ် ၅ ခုကို ဆုချမည်ဖြစ်သည်။ တိုးတက်မှု- 4/5 ။ 】

ဒါကိုကြည့်ပြီးလင်းဖန်က သူ့မျက်နှာကို ထူးဆန်းသောအမူအရာတစ်ခုပေါ်လာပြီး “နောက်ထပ် အထူးအော်ဒါ ပြီးသွားတာလား... သူတို့က ငါ့ကိုတကယ်ကျေးဇူးတင်နေပုံပဲ!”

လင်းဖန်သည် ရင်းနှီးသောလမ်းကိုတွေ့တော့သူသည်ကားကိုရပ်ကာအိမ်တံခါးကိုခေါက်လိုက်လေသည်။

“ဒင်ဒေါင်!”

တံခါးဘဲလ်တီးပြီးနောက်ဟန်တီသည်တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

နွေဦးပွဲတော်အပြီးတွင် လင်းဖန်သည် သူမကို ပထမဆုံးအကြိမ်တွေ့တာဖြစ်သည်။

နွေဦးပွဲတော်မတိုင်မီနှင့် နှိုင်းယှဉ်ပါက ဟန်တီ၏အသားအရည်သည် ပိုမိုဖြူဝင်းလာပြီးသူမရဲ့ယုန်နှစ်ကောင်ကလဲပိုကြီးလာသည်ဟုလင်းဖန်ခံစားရသည်။

ထိုအချိန်တွင် ဟန်တီသည် ရေချိုးပြီးခါစထက်သည်။သူမ ဆံပင် အနည်းငယ် စိုနေသေးပြီး အပြင်ဘက်တွင် V-neck(လင်းပင်းမှာvပုံစံပြောရရင်လည်ဝိုင်းနေရာမှာvပုံစံပါ)အင်္ကျီပါးပါးကို ၀တ်ထားသည်ကိုတော့လင်းဖန်သည် ခဏတာ အံ့အားသင့်သွားခဲ့သည်။

ဟန်တီသည် လင်းဖန် ၏အကြည့်ကို သတိပြုမိလိုက်ပြီး”မင်းဘာလို့ ဒီအတိုင်းကြီးရပ်နေတာလဲ၊ မြန်မြန်ဝင်လာတာလေ”

လင်းဖန်က ကမန်းကတန်း အထဲသို့လျှောက်ဝင်သွားလေသည်။

တံခါးကို ပိတ်လိုက်သည်နှင့် သူတို့နှစ်ဦးသည် သံလိုက်ကဲ့သို့တစ်ဦးနှင့်တစ်ဦးစတင်နမ်းကာကုတင်ပေါ်သို့တက်သွားကြသည်။

( ̄ε ̄)

......

ကုတင်ပေါ်တက်ပြီးနောက်သူတို့နှစ်ယောက်သည်ယစ်မူးဖွယ်ကောင်းသောသာယာမှုကိုစတင်ခံစားကြတော့သည်။

........

နောက်တစ်နေ့။

လင်းဖန်နိုးလာသောအခါတွင် မွှေးရနံ့များသည်တစ်အိမ်လုံးတွင်ပျံနှံ့နေပြီဖြစ်သည်။

သူသည် ဖြည်းညှင်းစွာထလိုက်ပြီး မျက်နှာသစ်ပြီးနောက် မနက်စာအဖြစ်ခေါက်ဆွဲ၊ ဖက်ထုပ်ကြော်၊နို့၊ ကြက်ဥစသည်ဖြင့် စားပွဲပေါ် တင်ထားသည်ကိုတွေ့လိုက်ရသည်။

ဟန်တီက ပြုံးလိုက်ပြီး “မင်း ဗိုက်ဆာနေပြီမလား။ မြန်မြန် စားတော့လေ” လို့ပြောလိုက်သည်။

လက်းဖန်က “အင်းပါချစ်လေးရယ်”

စကားပြောပြီးနောက် ခေါက်ဆွဲကို ကောက်ကိုင်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

“ဒါက! အရမ်းစားလို့ကောင်းတာပဲ၊ငါသာဒါကိုမစားဖူးရင်ဒီလောက်ကောင်းတဲ့ဟင်းပွဲရှိမှန်သိမှာတောင်မဟုတ်ဘူး” လင်းဖန်က အော်ပြီးပြောလိုက်သည်။

“အဲလောက်ထိမြောက်စရာမလိုပါဘူး အရသာရှိရင်များများစားလေ။” ဟန်တီ က ဝမ်းသာအားရနဲ့ “ဒီနေ့ခွင့်တင်ထားလား”

“ဟုတ်​တယ်​ ကျွန်​​တော်​ ဒီဒီကား​မောင်း​ဖို့အတွက်ခွင့်ယူထားတာ” ဟုလင်းဖန်က ပြောလိုက်သည်။

“ဟမ်” ဒါကိုကြားတော့ဟန်တီသည်တစ်ခဏမျှ ကြောင်သွားခဲ့သည်။

သူမ မမျှော်လင့်ထားခဲ့ပေ။လင်းဖန်ခွင့်ယူတာကဒီဒီ​မောင်းဖို့ဆိုတာ။

သိရန်လင်းဖန် ဇိမ်ခံကားများစွာနှင့်ငွေကြေးသန်းပေါင်းများစွာလဲရှိသည်။

ဒါတောင်ဒီဒီမောင်းဖို့လိုသေးလား။

လင်းဖနန် က ပြုံးလိုက်ပြီး “ဒီဒီမောင်းတာကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ဟန်တီနင်ရောအဲဒါကို တွေ့ကြုံခံစားချင်လား”

လင်းဖန်ကဟာသမလုပ်သည်ကို မြင်လိုက်ရသဖြင့် ဟန်တီ က ခေါင်းခါကာ “ငါ မကြာသေးမီက မိုးသီးသီအိုရီကို လေ့လာနေတယ်၊ ​​ဒါကြောင့်ငါ့မှာအချိန်မရှိဘူး” ဟု ပြောလိုက်သည်။

ထိုအချိန်တွင် လင်းဖန်သည် သူ့စိတ်ထဲမှာ စူးရှသောအသံကို ရုတ်တရက် မြည်လာလေသည်။

【ဒင်း! “ခေတ်သစ် သင်္ချာအက္ခရာများ၏ အခြေခံ”, “အတိုကောက် သင်္ချာအက္ခရာ”, “အဆင့်မြင့် သင်္ချာအက္ခရာ”, “ညီမျှခြင်းသင်္ချာအက္ခရာ”, “ဂျီသြမေတြီသင်္ချာအက္ခရာ” တို့ကိုဖတ်ပါ။ဖတ်ပြီးရင်သင့်ကို မိုးသီးသီအိုရီသက်သေလုပ်ငန်းစဉ်ကို ဆုချမည်ဖြစ်သည်။ 】

ဒါကိုကြားတော့လင်းဖန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာလေသည်။

ဒါ... မစ်ရှင်စလိုက်တာလား။

ဟန်တီကတစ်ခုခုကို တွေးလိုက်ပြီး မျှော်လင့်တဲ့ လေသံနဲ့ သူမက “မင်း မိုးသီးသီအိုရီကို စိတ်ဝင်စားလား? စိတ်ဂင်စားရင်အတူတူ လေ့လာရအောင်”

လင်းဖန်က ချောင်းဆိုးလိုက်ပြီး “လောလောဆယ်တော့ ငါ ဒီဒီကိုပဲပိုစိတ်ဝင်စားနေသေးတယ်၊ နောက်ကျရင်မိုးသီးသီအိုရီကိုလေ့လာမယ်လေ’’

ဟန်တီက ပြုံးလိုက်ပြီး “ဒါဆို မင်းရဲ့ စကားတွေကို ငါမှတ်ထားမယ်နော်” လို့ပြောလိုက်သည်။

မနက်စာစာပြီးနောက်သူမတို့သည်အချစ်လေ့ကျင်းခန်းကိုမနက်ပိုင်းကြီးလုပ်ကြလေသည်။

.....

ဟန်တီသည် ဒီနေ့မွန်းလွဲပိုင်းမှာ အတန်းရှိသေးသည်။

ထို့ကြောင့် လင်းဖန်နှင့် ဟန်တီတို့သည်နေ့လယ်စာစားပြီးနောက် ဟန်တီသည် ကျန်ပေ့ တက္ကသိုလ်သို့သွားခဲ့သည်။

လင်းဖန်သည် ဒီဒီမမောင်းခင်ခဏတာ အနားယူလိုက်သေးသည်။

ဒီနေ့က မနေ့ကလို ကံမကောင်းပေ။ လူတွေကို အိမ်ပြန်ပို့ပေးတာ ဒါမှမဟုတ် ဟိုတယ်ကို လိုက်ပို့တာမျိုးတွေ ဆက်တိုက်လုပ်နေပေမဲ့အထူးအမှာမရှိပေ။

ညနေပိုင်းအချိန်အထိ လင်းဖန်သည် အထူး ဒီဒီကို မရခဲ့ပေ။

“ဒီနေ့အလုပ်ပြီးအောင်လုပ်ဖို့ မရဘူးလားကွာ?” လင်းဖန်က ရေရွတ်လိုက်သည်။

“ဒင်!”

ထိုအချိန်တွင် သူ၏ လက်ကိုင်ဖုန်း အနည်းငယ် တုန်ခါသွားပြီး နောက်ထပ် ဒီဒီ အမှာတစ်ခု ပေါ်လာခဲ့သည်။

လင်းဖန်သည် စတီယာရင်ကို လှည့်ကာမှာထားသောလူ၏နေရာသို့အမြန်ရောက်ရှိခဲ့သည်။

ကားကိုမြင်ပြီးနောက် အမျိုးသားတစ်ဦးက သူ့လက်နှစ်ဖက်ကို ပွတ်ကာကာ ကားထဲသို့ အမြန်ဝင်လိုက်သည်။

မလှမ်းမကမ်းတွင် သပ်ရပ်သောအ၀တ်အစားဝတ်ထားသော ချောမောလှပသော အမျိုးသမီးတစ်ဦး၏ အသွင်အပြင်ကို လင်းဖန်ကမြင်လိုက်ရသည်။

အကြောင်းတစ်ခုခုကြောင့် အမျိုးသမီး မြင်ခြင်းကြောင့် အမျိုးသားကိုကြည့်ပြီးဒီဇာတ်လမ်းကိုအနည်းငယ်ရင်းနှီးသလိုခံစားလိုက်ရသည်။

အမျိုးသားသည် ကားပေါ်သို့ တက်သွားသောအခါ၊ စုံစမ်းစစ်ဆေးရေးမှူး အမျိုးသမီးသည် သူမ၏ ကိုယ်ပိုင်ကားကို အမြန်မောင်းကာ တိတ်တဆိတ် လိုက်သွားလေသည်။

“မီဖန် သစ်တောဥယျာဉ်။” အမျိုးသားသည် ကားပေါ်တက်ပြီးနောက် အသံကို လျှော့ပြီးပြောလိုက်သည်။

လင်းဖန်သည် ဘာမှဂရုမစိုက်ဘဲ၊ ထုံးစံအတိုင်းအရှိန်မြှင့်စက်ကို နင်းကာ ရှေ့သို့ မောင်းသွားလေသည်။

ကျန်ပေ့မြို့ ဆင်ခြေဖုံးတွင်ရှိသောမီဖန်သစ်တောဥယျာဉ်၊

လိုရာခရီးကို ရောက်ပြီးနောက်၊ ကားပေါ်ရှိအမျိုးသားကပြုံးပြီး “ရပ်တော့!”ဟုပြောလိုက်သည်။

လင်းဖန်သည်သူပြောတဲ့အတိုင်းကားကိုရပ်ပေးလိုက်လေသည်။

ဤအခိုက်အတန့်တွင်အမျိုးသားသည် ရုတ်တရက် ခလုတ်ပါဓားကို ထုတ်လိုက်ပြီး “မင်းမှာရှိတဲ့ပိုက်ဆံအားလုံးကို ပေးပါ” ဟု ပြင်းပြင်းထန်ထန် အော်ပြောလိုက်သည်။

ဒါကိုကြည့်ပြီးလင်းဖန်သည် မကြောက်ရုံသာမက ဆန့်ကျင်ဘက်အဖြစ်သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

လုယက်မှု လား

ဒါက... အထူးအမှာစာလို့ သတ်မှတ်ရမှာ မဟုတ်ဘူးလား။

မနက်ကျတစ်ပိုင်းလာပါမယ်။မနက်စာဖတ်တဲ့သူမရှိသလောက်ပဲ😁။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters