မစ်ရှင်ပြီးခြင်း
Vol. 17 Ch. 243
အမျိုးသားသည်အစပိုင်းတွင်ရွံဖို့ကောင်းတယ်ဆိုပေမဲ့သူတို့ရောက်သောဓာတ်တိုင်ရှိမီးကတဖျက်ဖျက်ဖြစ်နေသောကြောင့်အမျိုးသားသည်ပို၍စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟုလင်းဖန်ခံစားလိုက်ရသည်။
လက်တစ်ဖက်ခလုတ်ဓားကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကားတွင်ရှိပိုက်ဆံထားသောနေရာကိုရှာလိုက်သည်။
ဒါပေမယ့် ကားထဲမှာ ပိုက်ဆံမပြောနဲ့ စာရွက်တစ်ရွက်တောင် မရှိပေ။
တကယ်တော့ ဒါကလည်း ပုံမှန်ပင်ဖြစ်သည်။
လင်းဖန်၏ Santana (ကား)ကို မကြာသေးမီက ဗစ်ဂရုမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
လင်းဖန်သည် ငွေကိုကားထဲတွင်လုံးဝမသိမ်းဆည်းထားပေ။
ဒါကိုသိတော့အမျိုးသားသည် ကားသော့ကို စိုက်ကြည့်ကာ သူ့မျက်လုံးများ အနည်းငယ် စိတ်လှုပ်ရှားသွားကာ ခလုတ်ဓားကို ကိုင်ပြီး”ကားပေါ်ကနေဆင်းစမ်း!”
လင်းဖန်သည် ကားကို အချိန်အတော်ကြာ မောင်းလာသဖြင့် အနည်းငယ် ပျင်းနေသဖြင့် ကားတံခါးဖွင့်ကာ ဆင်းလာခဲ့သည်။လင်းဖန်ဆင်းတဲ့အခါခလုတ်ဓားကိုကိုင်ထားသောအမျိုးသားကလဲလိုက်ဆင်းလိုက်လေသည်။
သူဆင်းတာကလဲ အပစ်မပြောနိုင်ပေ။သူထိုင်နေတဲ့နေရာကကားမောင်းသည့်နေရာမဟုတ်သောကြောင့်ဆင်းလိုက်ခြင်းဖြင့်သည်။
ခလုတ်ဓားကိုကိုင်အမျိုးသားသည်ကားထဲဝင်မလို့လုပ်သောအခါ......
ထိုအချိန်တွင်၊ Volkswagen ကားသည် အဝေးမှ အလျင်အမြန်လာပြီးနောက်လင်းဖန်တို့နားတွင်ဘလိတ်အုပ်လိုက်သည်။
လှပသောရုပ်သွင်ရှိသည့်အမျိုးသမီးသည် Volkswagen ကားထဲမှ အလျင်အမြန်ပြေးထွက်လာပြီး ခလုတ်ဓားကိုင်ထားသောအမျိုးသားကိုစမတ်ကျွေးပြီးနောက်သူမသည်အမျိုးလက်ကို နောက်ပြန်ဆွဲကာ မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိလိုက်သည်။
ထို့နောက် သူမခါးပတ်လည်ရှိ လက်ထိတ်များကို ထုတ်ကာ ခလုတ်ဓားကိုကိုင်ထားသောအမျိုးသား၏လက်ကို လက်ထိပ်ခတ်လိုက်လေသည်။
သူမ၏ လှုပ်ရှားမှုများသည် အလွန်လျင်မြန်လေပြီးပြေပြစ်လေသည်။
ဒီမြင်ကွင်းကိုလင်းဖန်ကမြင်လိုက်လေသည်။
ထိုအမျိုးသမီးသည် အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ရှိသောငြားသူမသည်အလွန်သန်မာလေသည်။သူမရဲ့ လက်ရာမြောက်သော အသွင်အပြင်နှင့် ရှည်လျားသော အနက်ရောင်ဆံပင်များက လေထဲတွင် လွင့်နေလေသည်။
သူမသည် သာမန်အမျိုးသမီးများကဲ့သို့နူးညံ့သိမ်မွေ့သောအလှနှင့်မတူဘဲ၊ သူမသည် သူရဲကောင်းဆန်သော အလှလေးဖြစ်သည်။
ဒီအခိုက်အတန့်တွင်လင်းဖန်သည် သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ခံစားရသည်... သူမသည် သာမန်မိန်းကလေးမဟုတ်၊ဘဲ၊ကောင်းကင်ပေါ်မှဆင်းသက်လာသောမသေမျိုး စစ်နတ်သမီးလိုခံစားလိုက်ရသည်။
လင်းဖန် သည် အလှလေးကို စူးစမ်းလေ့လာချင်သောကြောင့်အမှန်တရားမျက်လုံးဖြင့်အလှလေးကိုကြည့်လိုက်လေသည်။
[မျက်နှာတန်ဖိုး- 96]
[အနှစ်သက်ဆုံးဘွဲ့- 35]
ထိုအခိုက်အတန့်တွင် လှပသောအမျိုးသမီးသည် ဖြည်းညှင်းစွာ လှည့်၍ လင်းဖန်အား ကြည့်ကာ “ငါကကျန်ပေ့မြို့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ကပါ၊ မင်းက ဘယ်သူလဲ၊ မင်းဘာလို့ သူနဲ့အတူ ရှိနေတာလဲ။ “
လင်းဖန် က “ကျွန်တော် ကဒီဒီမောင်းတယ်လေ၊အမှာတစ်ခုရတော့ သူ့ကို ဒီကိုပို့ပေးပေမဲ့လုယက်ခံရတယ်။”
စုံစမ်းစစ်ဆေးရေးအလှကခေါင်းညိတ်ကာ “ဖြစ်ပျက်ခဲ့တာကို ငါသိပြီးသားပါ။ ဒါပေမယ့် အခု စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သွားဖို့ မင်းကို အနှောင့်အယှက်ပေးရလိမ့်မယ်။ကျေးဇူးပြုပြီးပူးပေါင်းဆောင်ရွက်ပေးပါ”
စုံစမ်းစစ်ဆေးရေးများသည်တစ်ဖက်တည်းပြောသောစကားကို ဘယ်တော့မှမယုံပါပေ။အဖြစ်မှန်ကို ဆုံးဖြတ်ဖို့ တိကျသေချာတဲ့ စစ်ဆေးမှုများကိုလုပ်ရလေသည်။
လင်းဖန်သည် သူတို့၏ လုပ်ငန်းစဉ်ကို နားလည်သောကြောင့် ခေါင်းညိတ်ကာ “ကောင်းပြီ” ဟု ပြောလိုက်သည်။
“ဝီးညော်...ဝီးညော်”
ခဏအကြာတွင် စုံစမ်းရေးယာဉ်တစ်စီးသည် အဝေးမှ မောင်းနှင်လာပြီး ထိပ်ပြောင်လူတစ်ယောက်ကားပေါ်ကနေဆင်းလာလိုက်သည်။
လင်းဖန်သည် စုံစမ်းစစ်ဆေးရေးအလှလေး၏ကားထဲသို့ ဝင်သွားပြီး သူ၏ Santana (ကား)ကို အခြားအမျိုးသား စုံစမ်းစစ်ဆေးမှုကမောင်းထုတ်လာလိုက်သည်။
လင်းဖန်သည်နစ်နစ်နာသူဖြစ်သောကြောင့်သူ့ကို အကျဉ်းသားလိုလုပ်ဖို့ကမသင့်တော်ပေ။
အကယ်၍လင်းဖန်သည် လူဆိုးတစ်ယောက်ဖြစ်လျှင်ပင်အလှလေးစစ်ဆေးမှုးကသူ့ကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားလေသည်။
ဟုတ်ပါတယ်၊ ဒါက သူမကိုယ်သူမယုံကြည်မှုပင်ဖြစ်သည်။
လင်းဖန်သည် အလှလေးကိုအနည်းငယ်
ကြည့်ပြီးနောက်ကားဘေးပတ်ပတ်လည်လည်ကိုကြည့်လိုက်လေသည်။
ကားအတွင်းပိုင်းသည် အလွန်သန့်ရှင်းသပ်ရပ်လေသည်။
ဤအချက်သည် အလှလေး၏ စရိုက်လက္ခဏာနှင့် အလွန်ဆင်တူသည်။(လင်းဖန်ဘယ်လိုသိတာလဲကတော့ကျနော်လဲမသိ😁😁)
လင်းဖန်သည် ID ဓာတ်ပုံကိုကြည့်လိုက်သောအခါ သူကသူမကို စိတ်ထဲတွင်ချီးကျူးလိုက်သည်။ 96 မှတ် အလှလေးဆိုတဲ့အတိုင်းပဲ ID ဓာတ်ပုံမှာတောင်အရမ်းလှတယ်။ပြီးတော့ဝမ်ရို နာမည်ကလည်း ကောင်းတယ်။
ဒီအခိုက်အတန့်တွင်ဝမ်ရို က “မင်း ကြောက်ပုံမပေါ်ဘူး?”
လင်းဖန်က “ဒါကဓားပြတစ်ယောက်ပဲလေ”
ဝမ်ရိုသည် လင်းဖန် ကို လေးလေးနက်နက် စိုက်ကြည့်ကာ ဘာမှမပြောဘဲကားမောင်းသည်ကိုသာအာရုံစိုက်လိုက်သည်။
ခဏအကြာတွင်ရဲစခန်းသို့သူတို့ရောက်လာလေသည်။လင်းဖန်၊ ဝမ်ရို၊ ကပ္ပတိန်မာ နဲ့ တခြားသူတွေက စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ တယောက်ပြီးတယောက် လျှောက်သွားလိုက်ကြသည်။(ရဲစခန်းမှာဌာနတွေရှိပါတယ်။လင်းဖန်ကိုစုံစမ်းစစ်ဆေးရေးဌာနကိုခေါ်သွားတာပါ)
လင်းဖန်ကိုဓားမြတိုင်သောလူထိတ်လန့်တကြားဖြစ်နေပေမဲ့ လင်းဖန်ကတော့ အေးအေးဆေးဆေးပင်ဖြစ်သည်။
ထိုအချိန်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထွားကျိုင်းသော စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒန်ကျန်ဟိုင်သည် အတွင်းထဲမှ ထွက်လာခဲ့သည်။
ဂမ်ရိုနှင့် စုံစမ်းစစ်ဆေးအများအပြားသည် လေးနက်သောပုံစံဖြင့် ရပ်နေကာ “မင်္ဂလာပါ ကပ္ပတိန်”ဟုခေါ်လိုက်လေသည်။
ဒန်ကျန်ဟိုင်ကလဲ ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ကို ဆက်လျှောက်ဖို့ ပြင်လိုက်သည်။
နောက်အခိုက်အတန့်တွင်သူ့မျက်လုံးများကကျုံ့သွားလေသည်။
သူကလင်းဖန်ကို မြင်လို့ပင်ဖြစ်သည်။
ဒန်ကျန်ဟိုင်က “မစ္စတာလင်း!”
လင်းဖန် က “ကပ္ပတိန်ဒန်”
“ဒါ...ဒါက ဘာလိုတွေဖြစ်တာလဲ?” ဒန်ကျန်ဟိုင်က မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ ဒီဒီမောင်းနေတုန်း ဓားထောက်ပြီးလုယက်ခံရတာပါ” လင်းဖန်က ပြန်ဖြေလိုက်သည်။
သူ့လေသံက အသေးအဖွဲကိစ္စတစ်ခုကို ပြောနေသလိုပင်ဖြစ်သည်။
သို့သော်ဒန်ကျန်ဟိုင်၏ နားထဲတွင်တော့မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။
လင်းဖန်က ဘယ်သူလဲ။
အဘိုးကြီး ကျူဝမ်မင်က လင်းဖန်ကိုအရမ်းအလေးပေးလေသည်။
ကျန်ပေ့တက္ကသိုလ်ခေါင်းဆောင်များ နှင့် ကျန်ပေ့မြို့ခေါင်းဆောင်များနှင့်တစ်ခြားခေါင်းဆောင်ပင်လျှင် သူ့ကို လုံးဝ လစ်လျူမရှုဝံ့ပေ။
အခုအဲ့လိုလူကဓားထောက်ပြိးလုယက်ခံရတာလား? !
ဒန်ကျန်ဟိုင် က ထိတ်လန့်တကြားလေသံဖြင့်ပြောလိုက်သည် ။”မစ္စတာလင်း၊ မင်း ဘာမှမဖြစ်ပါဘူးနော်”
လင်းဖန်က ခေါင်းခါလိုက်ပြီး “ဘာမှမဖြစ်ပါဘူး ဝမ်ရို က အဲဒီလူကို အချိန်တိုအတွင်း အနိုင်ယူသွားတယ်လေ”
ဒါကိုကြားဒန်ကျန်ဟိုင်ကသက်ပြင်းချလိုက်ပြီး”ကောင်းတယ်၊အားလုံးဘာမှမဖြစ်ရင်ရပြီ’’ လို့ပြောလိုက်သည်။
ပြီးနောက်သူက ဝမ်ရိုကိုကြည့်ပြီး”မင်းအလုပ်ကိုကောင်းကောင်းလုပ်ခဲ့တာပဲ”
နောက်ဆုံးတွင်သူသည်စုံစမ်းစမ်းဆေးရေးမှူးများကိုကြည့်ပြီး”သူ့ကို ခေါ်သွားပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းပါ။ သူ့ဘဝရဲ့ မကောင်းမှုတွေ အားလုံးကို ရအောင်စစ်ဆေးပါ”
“ဟုတ်ကဲ့ပါ” ရပ်နေတဲ့ စုံစမ်းရေးမှူးတွေက တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။
ဒီစကားကို ကြားတော့ အမျိုးသားဟာ အလွန်ကြောက်လန့်သွားပြီး မြေပြင်ပေါ် သို့လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
လင်းဖန်က “ဒါဆို ငါက စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်းရအုံးမှာလား?”
“မဟုတ်ပါဘူး၊ မလိုတော့ပါဘူး၊အရမ်းနောက်ကျနေပြီဆိုတော့အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါ” ဒန်ကျန်ဝိုင်က ကမန်းကတန်းပြောလိုက်သည်။
လင်းဖန်သည် ဟန်ဆောင်မှုမရှိဘဲ ခေါင်းညိတ်ကာ အပြင်သို့ထွက်ပြီးကားထဲသို့ဝင်သွားလေသည်။
Santana ကားထဲ ရောက်တော့ လင်းဖန်က သူ့စိတ်ထဲမှာ ပြတ်သားတဲ့ သတိပေးသံကို ရုတ်တရက် ကြားလိုက်လေသည်။
【ဒင်း! မစ်ရှင်ပြီးမြောက်ခြင်း၊ အထူး Didi အော်ဒါ ၅ ခု ပြီးမြောက်ရင်ရွှေရောင်စာအိတ် ၅ ခုကို ရရှိမည်။တိုးတက်မှု ၅/၅။ 】
လင်းဖန်သည် ထိုစကားကိုကြားတော့ မပြုံးပဲမနေနိုင်ပေ။
နောက်ဆုံးတော့ မစ်ရှင်ပြီးသွားပြီ။
ရွှေရောင် စာအိတ် ၅ စောင်ဘာတွေရနိုင်မလဲ။
လင်းဖန်၏နှလုံးသားထဲတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လာလေသည်။
ထို့ကြောင့် သူသည် စုံစမ်းရေးတပ်ဖွဲ့၏ ဂိတ်ပေါက်တွင် မရပ်ဘဲ အရှိန်မြှင့်ကာ ရှေ့သို့အမြန်မောင်းသွားလေသည်။
လင်းဖန်၏ Santana(ကား) သည် လမ်းအဆုံးတွင် လုံးဝပျောက်ကွယ်သွားပြီးနောက် ဒန်ကျန်ဟိုင် သည် နောက်သို့လှည့်ကြည့်လိုက်သည်။
သူမျက်နှာက အေးစက်သောအမူအရာဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ လျှောက်သွားလိုက်သည်။
ဒီနေ့တော့ လင်းဖန်ကို ဓားနဲ့ထောက်ပြီးလုယက်သူကိုထိုက်တန်တဲ့ အကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး