← Chapters

ရွှေရောင်စာအိတ်ဖွင့်ခြင်း

Vol. 17 Ch. 244

ရွှေရောင်စာအိတ်ဖွင့်ခြင်း

Vol. 17 Ch. 244

လင်းဖန် သည် ဒန်ကျန်ဟိုင်၏ အတွေးများကို မသိပေ။

ယခုအချိန်တွင် သူသည် ပန်လုံဗီလာဆီသို့ အမြန်ဆုံးအရှိန်ဖြင့် ဦးတည်မောင်းနေလေသည်။

တံခါးနားရှိ လုံခြုံရေးအစောင့်များသည် လင်းဖန်ကိုမြင်ပြီးနောက် ထုံးစံအတိုင်း စစ်သားတစ်ဦးကဲ့သို့ မတ်တပ်ရပ်ကာ “မင်္ဂလာပါ မစ္စတာလင်း!”ဟုနှုတ်ဆက်လိုက်ကြသည်။

လင်းဖန်သည်ခေါင်းညိတ်ပြပြီး အိမ်ထဲသို့ အမြန်လျှောက်သွားလိုက်သည်။

ထို့နောက်တွင် သူသည် စနစ်ကို အာရုံစိုက်လိုက်သည်။

လင်းဖန်သည် စနစ်အတွင်းမှ တောက်ပနေသော ရွှေရောင်အလင်းတန်းများ ပါရှိသည့် စာအိတ်အနီများကို ကြည့်ကာ “ရွှေရောင်စာအိတ်ငါးလုံး၊ ဘာတွေရမလဲဆိုတာ ကြည့်ပါရစေ!”

“ရွှေရောင်စာအိတ်၅ခုစလုံးကိုဖွင့်မယ်”

【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည်မျှဝေ ကူပွန်ကို ရရှိခဲ့ပါသည်။

သင်ပိုင်ဆိုင်သောရှယ်ယာများကို နှစ်ဆတိုးနိုင်ပါသည်။ ပိုင်ဆိုင်မှုပိုများခြင်းသည်သင့်ကို ပိုမို၍ ချစ်စရာကောင်းပြီး ကျက်သရေကိုပြသမည်ဖြစ်သည်။ 】

【ဒင်း! ဂုဏ်ယူပါတယ်၊ Rolls-Royce Phantoms ၁၀ ကားကို ရရှိခဲ့ပါသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် လီချမ် မျိုးစေ့ 1 အိတ်ကို ရရှိခဲ့ပါသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 5 သန်း လက်ခံရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 5 သန်း လက်ခံရရှိသည်။ 】

လင်းဖန်သည် ယွမ် ၅ သန်း နှစ်ခုကို တိုက်ရိုက် လျစ်လျူရှုလိုက်သည်။

Rolls-Royce Phantoms ၁၀ ကား။

သိရန် Rolls-Royce Phantom တစ်ခုစီ၏စျေးနှုန်းသည် 10 သန်းကျော်ဖြစ်ပြီး 10စီးသည် သန်း100ကျော်ဖြစ်သည်။

မျှဝေကူပွန်။

လင်းဖန်သည် ယခုအခါ တွင်ရန်ရှီဂရု၊ချူကောင်းဂရု၊ ရှောင်ဝူလက်ကားစီးတီးနှင့် အခြားကုမ္ပဏီများတွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၎င်းတို့အားလုံးသည် စျေးကွက်တန်ဖိုး ဘီလီယံနှင့်ချီ၍ရှိသည်။

ကုမ္ပဏီတစ်ခုအတွက် မျှဝေကူပွန်ကို အသုံးပြုလိုက်သည်နှင့် လင်းဖန် သည် ကုမ္ပဏီကို 100% ချက်ချင်းထိန်းချုပ်နိုင်မည်ဖြစ်သည်။

သူ၏ပိုင်ဆိုင်မှုများသည် ဘီလီယံဆယ်ဂဏန်းအထိ တိုးလာလိမ့်မည်ဖြစ်သည်။

သို့သော်လည်း လင်းဖန်သည် အဆိုပါကုမ္ပဏီများကို အသုံးပြုရန် မရည်ရွယ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် lv၊ ဗစ်အုပ်စု၊ အဲ၊ ပန်ကူအစရှိသည့် စူပါကုမ္ပဏီများတွင် ရှယ်ယာ 5% ကို ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။

ထိုကုမ္ပဏီများ၏ စျေးကွက်တန်ဖိုးသည် တစ်ထရီလျံ သို့မဟုတ် တစ်ထရီလျံကျော်နီးပါးရှိသည်။

အထူးသဖြင့် အဲနှင့်ပန်ကူတို့သည် စျေးကွက်တန်ဖိုး 5 ထရီလျံရှိသော စူပါဘီလူးကြီးများဖြစ်သည်။

ဒီကုမ္ပဏီတစ်ခုခုကိုမျှဝေကူပွန်ကို အသုံးပြုပါကလင်းဖန်သည် အသုံးပြုလိုက်သည့်ကုမ္ပဏီ၏ ရှယ်ယာ 10% ကို ပိုင်ဆိုင်မည်ဖြစ်ပြီး သူ၏ပိုင်ဆိုင်မှုများသည် ဘီလျံနှင့်ချီ ချက်ခြင်းတိုးလာမည်ဖြစ်သည်။

သေချာတာကတော့ ဒါဟာ အလွန်ကြောက်စရာကောင်းတဲ့ နံပါတ်တစ်ခုဆိုတာပင်ဖြစ်သည်။

လင်းဖန်သည် lv နှင့် ဗစ်ဂရုတို့ကို ပထမဆုံး ဖယ်ထုတ်လိုက်သည်။

ပထမဦးစွာ၊ ၎င်းတို့၏စျေးကွက်တန်ဖိုးသည်အတော်လေးနိမ့်သောကြောင့်ဖြစ်သည်။ရှယ်ယာနှစ်ဆတိုးသည့်မျှဝေကူပွန်များကိုအသုံးပြုခြင်းသည်အလွန်တွက်ချေကိုက်မည်မဟုတ်ပေ။

နောက်တစ်ချက်ကတော့ ဒီကုမ္ပဏီသုံးခုက အဝတ်အစား၊ အိတ်တွေ၊ ကားတွေနဲ့ ဆက်ဆံတဲ့ ကုမ္ပဏီတွေဖြစ်သည်။ဒီအရာတွေကိုလင်းဖန်က လုံးဝ မချို့တဲပေ။

ပြီးတော့ အဲ နှင့် ပန်ကူ တို့သည် တရုတ်နိုင်ငံ၏ ဘစ်မစ် ကုမ္ပဏီမှဖြစ်ကြောင်း လင်းဖန်သိရှိခဲ့သည်။

ဒါပေမယ့် သူတို့ရဲ့ အစုရှယ်ယာ အများစုဟာ နိုင်ငံခြားသားတွေ လက်ထဲမှာပဲရှိ​သည်။

လင်ဖန်းသည် မျှဝေမှုကွန်ပူကိုသုံးလိုက်ပါကသူ့ကိုအနည်းနဲ့အများနဲ့တော့အာရုံစိုက်လာမည်ဖြစ်သည်။

လင်းဖန်သည် အနည်းငယ်စဉ်းစားပြီးနောက် နောက်ဆုံးတွင် ရွေးချယ်မှုတစ်ခုကိုပြုလိုက်လိုက်သည်။

【ဒင်း! ပန်ကူကို မျှဝေကူပွန်ကို သင်အသုံးပြုပါသလား။ 】

“ဟုတ်တယ်!”

【ဒင်း! အောင်မြင်စွာအသုံးပြုပြီး ပန်ကူဂရု၏ စုစုပေါင်းရှယ်ယာ 10% ကို သင်ပိုင်ဆိုင်ထားပါသည်။ 】

လင်းဖန်တွင်ယွမ် ဘီလီယံ 250 တိုးလာပြန်သည်။

ဒါကိုကြည့်ပြီးလင်းဖန်ကအနည်းငယ်ပြုံးလိုက်လေသည်။

ထို့နောက် သူသည် ဝိညာဉ်ရေးလက်ဖက်ခြောက်စေ့များကို အာရုံစိုက်လာသည်။

【လီချမ်လက်ဖက်မျိုးစေ့-လီချမ်မျိုးစေ့သည်လျင်မြန်စွာ ကြီးထွားနိုင်သည်။ ၎င်းမှထုတ်လုပ်သော လက်ဖက်ရည်သည် ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ လူကို လန်းဆန်းစေပြီးအသက်ကို ရှည်စေသည်။ 】

ဒါကိုကြည့်ပြီးလင်းဖန်၏ မျက်လုံးများ ချက်ချင်း တောက်ပလာတော့သည်။

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ စိတ်ကို လန်းဆန်းစေပြီး အသက်ကို ရှည်စေသည်။ဒါကသေချာပေါက်နတ်လက်ဖက်ရည်၏ အမည်သည်သာလျှင်ဒါနဲ့ သေချာပေါက် သင့်လျော်သည်။

လင်းဖန်သည် သူ့ခေါင်းကို မြှောက်လိုက်သောအခါ အစေ့တစ်ထုပ် သူ့ရှေ့တွင် ပေါ်လာလေသည်။

သိသာပါတယ်... ဒါက လီချမ် မျိုးစေ့ဆိုတာ။

ပြီးတော့ ပြတင်းပေါက်အပြင်ဘက်အဝေးရှိနေရာတွင်Rolls-Royce Phantoms တွေ တန်းစီလို့နေသည်။

ထို့နောက်လင်းဖန်သည် အကောင့်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။

“အကောင့်ဝင်မယ်”

【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 10 သန်း ရရှိသည်။ 】

...

ယနေ့ညတွင် လင်းဖန်သည် သက်တောင့်သက်သာ အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့ နေရောင်သည်ကောင်းကင်တွင်ဖြည်းညှင်းစွာ ထွက်လာပြီးနောက် အပြင်ဘက်တွင် ကျယ်လောင်သော အသံတစ်ခု ကလဲထွက်ပေါ်လာခဲ့သည်။

ပန်လုံဗီလာ၏ တံခါးဝတွင်ဆောက်လုပ်ရေးလုပ်သား အများအပြား ရောက်ရှိလို့နေသည်။

လင်းဖန်သည် အသံကိုကြားပြီးနောက်သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

သူက ဖုန်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်တော့ အရင်အတိုင်းပဲစခရင်ပေါ်မှာ စာသားမက်ဆေ့ချ်တစ်ခု ကိုတွေ့လိုက်သည်။

“၀:၀၀ နာရီ၊ တရုတ်ဘဏ်ကနေယွမ် ၃,၆၅၀,၀၀၀ ရရှိသည်။”

တံခါးဖွင့်လိုက်တော့ လုံခြုံရေးအစောင့်နှစ်ယောက် ကရောက်လို့နေသည်။

“မစ္စတာလင်း၊ ဆောက်လုပ်ရေးအလုပ်သမားတစ်စုကမစ္စတာလင်းက လာခိုင်းလို့တော့ ပြောတယ်” လုံခြုံရေးဝန်ထမ်းက ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြပြီး “ဟုတ်တယ်ဘညငါသူဆို့ကိုလာ​ခိုင်တာ​တာဒါကြောင့်သူတို့ကိုဝင်လာခိုင်းလိုက်ပါ...”

“ကောင်းပြီ။” လုံခြုံရေးအစောင့်က ဘာမှထပ်မမေးတော့ဘဲ ဆောက်လုပ်ရေးလုပ်သားများကို ဝင်ခွင့်ပြုလိုက်သည်။

သူတို့ထဲတွင် ရှေ့ဆုံးမှာဦးဆောင်သည့်လူမှာ လင်းဖန် ၏ ဖန်လုံလုံခြုံရေးကုမ္ပဏီ မန်နေဂျာ ဝမ်လီပင်ဖြစ်သည်။

“မစ္စတာ လင်းမင်္ဂလာပါ’’ ဝမ်လီက “ဒီလူတွေအားလုံးက ဆောက်လုပ်ရေး အလုပ်သမားတွေကြားမှာအကောင်းတစ်ကအကောင်းဆုံးလူတွေချည်းပဲ၊ နံရံတွေဆောက်တာ၊ ကြွေပြားခင်းတာ...... သူတို့မသိတာ ဘာမှမရှိဘူး...”

လင်းဖန်က “သူတို့ အိမ်ကိုရောဖျက်တတ်လား။”

“ဖျက်တက်ပါ!” ဝမ်လီက မဆိုင်းမတွ ပြောလိုက်သည်။

“ကောင်းပြီ၊ မင်း ငါ့အတွက် နောက်ဆုံးအိမ်ကြီးကို ဖြိုချပေးပါ” လင်းဖန်က အဝေးကို ညွှန်ပြပြီးပြောလိုက်သည်။

ဒီစကားထွက်လာတာနဲ့တပြိုင်နက် ဝမ်လီ၊ ဆောက်လုပ်ရေးအလုပ်သမားတွေနဲ့ မနီးမဝေးမှာ ရပ်နေတဲ့ လုံခြုံရေးအစောင့်တွေအားလုံး အံ့အားသင့်သွားကြသည်။

ဗီလာကို ဖြိုချတာလား။

နန်းတော်လို အိမ်ကြီးတစ်လုံးကို ဖြိုချမှာလား။

ဝမ်လီနှင့် အလုပ်သမားများ၏အမူအရာကိုမြင်သောအခါ လင်းဖန်မျက်မှောင်ကြုတ်လိုက်ပြီး”ဘာလို့လဲ၊ ငါ မဖျက်ဆီးတတ်ဘူးလား”

ဒီအချိန်မှဝမ်လီကသတိပြန်ဝင်လာပြီးသူ”မဟုတ်ပါဘူး ဖျက်ဆီးတတ်ပါတယ်၊ကျနော်တို့အခုချက်ချင်းသွားလုပ်လ်ုက်ပါတော့မယ်!”

“အုတ်၊ ဘိလပ်မြေ၊ စကျင်ကျောက်၊ ပရိဘောဂ စသည့်အရာအားလုံးကို ဖယ်ရှားပြီး နေရာလွတ်တစ်ခုသာ ချန်ခဲ့ဖို့ သတိရပါ။” လင်းဖန်က ပြောသည်။

ဝမ်လီက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး “မစ္စတာ လင်း၊ စိတ်ချပါ၊ မင်းအတွက် အပြီးအပိုင် ဖယ်ပေးပါလိမ့်မယ်!”

လုံခြုံရေးအစောင့်များသည် အလုပ်သမားအုပ်စုကြီး၏ နောက်ကျောကို ကြည့်ကပြီး လည်ချောင်းများ အနည်းငယ် ခြောက်သွားသည်ဟု ခံစားလိုက်ရသည်။

နောက်ဆုံးတော့ လုံခြုံရေးအစောင့်တစ်ယောက်ကမနေနိုင်ဘဲ “လင်း...မစ္စတာလင်း၊ မင်း အဲဒီအိမ်ကြီးကို ဖြိုချပစ်ချင်တာလား” လို့ မေးလိုက်သည်။

“ဟုတ်တယ် ငါဟိုမှာ လက်ဖက်ပင် စိုက်ချင်လို့လေ ဒီနားမှာ လက်ဖက်စိုက်တာ တော်တော်ကောင်းတယ်လို့ငါထင်တယ်” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။

လုံခြုံရေးအစောင့်တွေက လင်းဖန်ပြောတာကို ကြားတော့ ချက်ချင်း ထိတ်လန့်သွားတော့သည်။

သိရန်ယခုဖျိုဖျက်သည့်အိမ်သည်အနည်းဆုံး နှစ်ဘီလီယံကနေ သုံးဘီလီယံတန်တဲ့ ပန်းလုံဗီလာကအိမ်ဖြစ်သည်။

အနည်းဆုံး ယွမ်နှစ်ဘီလီယံမှ သုံးဘီလီယံတန်သော အိမ်ကြီးတစ်လုံးကို ဖြိုချပြီးလက်ဖက်ပင်စိုက်မလို့လား?

ဒါ…

ဒါ…

ဒါကချမ်းသာတဲ့ကမ္ဘာများလား။

လင်းဖန်သည် အတွေးလွန်နေသော လုံခြုံရေးအစောင့်ကို သဘာဝအတိုင်း လျစ်လျူရှုလိုက်သည်၊သူသည် မနေ့ညက ရရှိခဲ့သော Rolls-Royce Phantom ထဲသို့ ဝင်သွားပြီး အရှိန်မြှင့်စက်ကို နင်းကာ အဝေးသို့ မောင်းသွားလိုက်သည်။

Rolls-Royce Phantom (ကား)တွင် 6.7l, v12 အင်ဂျင်ပါရှိပြီး မြင်းကောင်ရေ 571 ကောင်အား ထုတ်လွှတ်နိုင်ပြီး ၎င်း၏အရှိန်နှင့် တုံ့ပြန်မှုမှာလုံးဝမနှေးပေ။

လင်းဖန်သည် ကီလိုမီတာအနည်းငယ်အကွာရှိ ကြယ်နှစ်ပွင့် မီရန်စားသောက်ဆိုင်တွင်ငါးဥမုန့်၊ ပုဇွန်ပန်ကိတ်၊ ပူတင်း၊ နွားနို့တို့ကို မှာယူလိုက်ပြီးစားလိုက်လေသည်။

သူသည်2780 ယွမ် ဖြင့်ရိုးရှင်းသော နံနက်စာစားပြီးနောက်တွင် သူသည် ရက်အနည်းငယ်မျှမသွားခဲ့သောကျန်ပေ့တက္ကသိုလ်ဆီသို့ Rolls-Royce Phantom(ကား) ကို မောင်းကာသွားလိုက်လေသည်။

မနက်တစ်ပိုင်းလာပါမယ်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters