← Chapters

မနက်ပိုင်းအတန်းမရှိခြင်း

Vol. 17 Ch. 245

မနက်ပိုင်းအတန်းမရှိခြင်း

Vol. 17 Ch. 245

ကျန်ပေ့မြို့၏မနက်ပိုင်းသည်အလွန်စည်ကားလေသည်။(စည်းကား-ကားတွေများတာကိုပြောတာပါ)

သို့သော် လင်းဖန်သည် နာရီဝက်အတွင်း ကျန်ပေ့တက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူဖြတ်မောင်းသွားသည့်နေရာယာဉ်များသည် မတော်တဆ လင်းဖန်ကားကိုပွတ်မိမည်စိုးရိမ်သောကြောင့် တတ်နိုင်သမျှ ဝေးရာသို့ ဆုတ်သွားခဲ့သည်။

လင်းဖန်သည် Rolls-Royce Phantom(ကား)ပေါ်ကနေဆင်းပြီးနောက် “ဒီကားကထိုင်ရတာလဲသက်သောင့်သက်သာရှိတယ်။အရှိန်လဲမြန်တယ်။ဒီကားကသိပ်မဆိုးဘူးပဲ” လို့ ရေရွတ်လိုက်သည်။

ထို့နောက် လင်းဖန်သည် စာသင်ခန်းဆီသို့ လမ်းလျှောက်လာခဲ့သည်။

သို့သော်သူသည်ဟာသင်ခန်းထဲဝင်လိုက်တာနဲ့စာသင်ခန်းထဲတွင် မည်သူမျှမရှိသည်ကို သူတွေ့လိုက်သည်။

လင်းဖန်သည် သူ့လက်ကိုင်ဖုန်းကို ထုတ်ကာ အိပ်ဆောင်အဖွဲ့အတွင်း မက်ဆေ့ချ်ပို့လိုက်သည်။

လင်းဖန် : ဘာလို့ စာသင်ခန်းထဲမှာ တစ်ယောက်မှ မရှိတာလဲ။

စုရီ: အစ်ကို လင်း မင်းကျောင်းလာပြီလား။ ဒီမနက်ကအတန်းမရှိဘူးလေ။

လင်းဖန်:......

ဒီမက်ဆေ့ကိုမြင်တော့ လင်းဖန်က သူ့မျက်နှာမှာ ကူကယ်ရာမဲ့တဲ့ အမူအရာတစ်ခုပေါ်လာခဲ့သည်။

ဒီနေ့ကျောင်းတက်ချင်လို့ကျောင်းလာပါတယ်ဆိုကမှအတန်းမရှိဘူးတည့်လား။

လင်းဖန်သည် လှည့်၍ စာသင်ခန်းမှ ထွက်သွားလိုက်သည်။ ထို့နောက်သူသည်လမ်းအနည်းငယ်လျှောက်ပြီးနောက်မနီးမဝေးတွင်ရှိသောစာကြည့်တိုက်ကို မြင်လိုက်သည်။သူ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက်စာကြည့်တိုက်စီသို့လျှောက်သွားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ပြီးမြောက်ရန်မစ်ရှင်ရှိနေသေးသည်ကို သတိရမိသောကြောင့် ဖြစ်သည်။

ကျန်ပေ့တက္ကသိုလ်၏ စာကြည့်တိုက်သည် အမြဲတမ်း အချိန်တိုင်းလူများနေလေသည်။

လင်းဖန်သည် အင်ဂျင်နီယာစာအုပ်များထားသောစာအုပ်စင်၊ ဓာတုဗေဒစာအုပ်များထဲသောစာအုပ်စင်၊ လျှပ်စစ်အကြောင်းပါသောစာအုပ်စင်စသည့်တနု့ကို ဖြတ်လျှောက်လာပြီး သင်္ချာစာအုပ်များထားရှိသောစာအုပ်စင်ဆီသို့ သွားလိုက်သည်။

“ခေတ်သစ် သင်္ချာအက္ခရာများ၏ အခြေခံ”, “အတိုကောက် သင်္ချာအက္ခရာ”, “အဆင့်မြင့် သင်္ချာအက္ခရာ”, “ညီမျှခြင်းသင်္ချာအက္ခရာ”, “ဂျီသြမေတြီသင်္ချာအက္ခရာ”

၅ မိနစ်ခန့်အကြာတွင် လင်းဖန်သည် မစ်ရှင်အတွက် လိုအပ်သော စာအုပ်အားလုံးကို ရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် စာအုပ်အထူကြီးငါးအုပ်ကိုကိုင်ကာ အဝေးရှိ ထိုင်ခုံများကိုကြည့်လိုက်တော့အားလုံးကပြည့်နေပြီဖြစ်သည်။

ဒီအချိန်မှာ သူ့ဘေးနားက အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။” မင်း ထိုင်ခုံလိုသေးလား”

လင်းဖန်သည် အသံကြားရာကိုဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

အရပ် ၁၆၇ စင်တီမီတာရှိသော အနက်ရောင်ဆံပင်နှင့်အနက်ရောင်မျက်မှန်တပ်ထား “ဒလိမ်းရှင်းနံပါတ်သီအိုရီ” ကို ကိုင်ဆောင်ကာ လင်းဖန်၏နောက်တွင် ရပ်နေသည်။

အကြောင်းတစ်ခုခုကြောင့် လင်းဖန်သည် သူမနှင့် အနည်းငယ်ရင်းနှီးသည်ဟုခံစားလိုက်ရသောကြောင့်အမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။

[မျက်နှာတန်ဖိုး- 94]

[အနှစ်ဆုံးဘွဲ့- 65]

လင်းဖန်သည် သူမကို တွေ့ကတည်းကသူမ၏အသွင်အပြင်သည် အမှတ် ၉၀ အထက်ရှိသည်ဟု သူထင်ခဲ့သည်။

ထို့ကြောင့် 94 မှတ် ထွက်ပေါ်လာခြင်းကြောင့်သူအံသြခြင်းမရှိပေ။

အနှစ်သက်ဆုံးဘွဲ့က65 သို့ရောက်ရှိနေသည်။

ရှင်းပါတယ်၊ ဒီမိန်းကလေးဟာ သူ့ကိုယ် ကောင်းမွန်တဲ့ အမြင်ရှိတယ်ဆိုတာ။

သူမကငါ့ကိုသိတာဖြစ်နိုင်မလား။

လင်းဖန်သည် သူ့စိတ်ထဲတွင် သံသယအရိပ်အယောင်ဖြင့် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး “အင်းလိုတယ်”

“ငါ... ငါ့ဘေးမှာ ထိုင်ဖို့ထိုင်ခုံရှိတယ်” ကောင်မလေးက ပြောလိုင်သည်။

စကားပြောပြီးနောက် သူမသည် ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။

ခဏအကြာတွင် နှစ်ယောက်သားသည်နေရာလွတ်တစ်ခုသို့ ရောက်လာခဲ့သည်။

လင်းဖန်သည် ယဉ်ကျေးခြင်းမရှိပဲထိုင်ကာ “ခေတ်သစ် သင်္ချာအက္ခရာအခြေခံ” ကိုဖွင့်ကာ အမြန်လှန်ကြည့်လိုက်သည်။

ကျွမ်းကျင်မှု- စကင်န်ဖတ်ခြင်းစွမ်းရည်။

တစ်မျက်နှာ၊ နှစ်မျက်နှာ၊ သုံးမျက်နှာ၊ လေးမျက်နှာ...

ရုတ်​တရက်​ ပတ်​၀န်းကျင်​တွင်​ စာအုပ်​လှန်သံများနဲ့ပြည့်နက်သွားလေသည်။

စာမျက်နှာ ရာနှင့်ချီရှိသော “ခေတ်သစ် သင်္ချာအက္ခရာအခြေခံ” စာအုပ်တစ်အုပ်ကို ၂ မိနစ်ခန့်ကြာအောင် ဖတ်လိုက်သည်။

ထို့နောက် “အတိုကောက် သင်္ချာအက္ခရာ”, “အဆင့်မြင့် သင်္ချာအက္ခရာ”, “ညီမျှခြင်းသင်္ချာအက္ခရာ”, “ဂျီသြမေတြီသင်္ချာအက္ခရာ”စသောစာအုပ်ငါးအုပ်ကို 10 မိနစ်အတွင်းအကုန်လုံးကိုဖတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လင်းဖန်၏စိတ်ထဲတွင် ပြတ်သားသောသတိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။

【ဒင်း! မစ်ရှင်ပြီးခြင်း “ခေတ်သစ် သင်္ချာအက္ခရာများ၏ အခြေခံ”, “အတိုကောက် သင်္ချာအက္ခရာ”, “အဆင့်မြင့် သင်္ချာအက္ခရာ”, “ညီမျှခြင်းသင်္ချာအက္ခရာ”, “ဂျီသြမေတြီသင်္ချာအက္ခရာ”တို့ကိုကိုဖတ်ပြီးခြင်းကြောင့် မိုးသီးသီအိုရီသက်သေလုပ်ငန်းစဉ်ကိုရရှိသည်။ 】

ရုတ်တရက် ရှုပ်ထွေးသော တွက်ချက်မှုများနှင့် ဖော်မြူလာများစွာသည် လင်းဖန်၏ စိတ်ထဲတွင် ဒီရေကဲသို့ဝင်လာလေသည်။

ခဏအကြာတွင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ့စိတ်ထဲတွင် ရေရွတ်လိုက်သည်။ မိုးသီးသီအိုရီကိုဒီနည်းနဲ့သက်သေပြနိုင်တာလားဆို၍ပင်ဖြစ်သည်။

လင်းဖန်က ခေါင်းကို လှည့်လိုက်တော့ အနက်ရောင် မျက်မှန်တပ်ထားတဲ့ ကောင်မလေးက ခေါင်းငုံ့ပြီး သင်္ချာပုစ္ဆာကိုကြည့်ပြီးဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတွေးနေတာကိုတွေ့လိုက်ရသည်။

ဒါကိုကြည့်ပြီးလင်းဖန်သည် သူမကိုယ်အဘယ်ကြောင့် အနည်းငယ်ရင်းနှီးသည်ဟု ခံစားရသလဲဆိုတာကိုမှတ်မိလိုက်သည်။ပြီးတော့သူမကသူ့ကို၆၅နှစ်သက်တာဘာလို့လဲဆိုတာကိုသိလိုက်သည်။

ဘာဖြစ်လို့လဲဆိုတော့ငလျင်ကြိုတင်ခန့်မှန်းချက်နှင့် ၎င်း၏ထုတ်လုပ်ရေးမူကို ရယူရန်အတွက် လင်းဖန်သည် ငလျင်နှင့် ရူပဗေဒဆိုင်ရာ စာအုပ် ၁၀ အုပ်ကို ဖတ်ရန် စာကြည့်တိုက်သို့ တစ်ကြိမ်လာရောက်ခဲ့ဖူးသည်။

အဲဒီအချိန်တွင် ဒီကောင်မလေးက သူ့ဘေးမှာ ထိုင်နေသည်။

လင်းဖန်သည်အပြင်သို့မထွက်ခင်မှာသူမရဲ့ပုစ္ဆာကိုဖြေရှင်းပေးခဲ့သည်။

ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်သတိရသောအခါ လင်းဖန်သည် သူ့နှာခေါင်းကို ပွတ်လိုက်လေသည်။

ထို့နောက် လင်းဖန်သည်သူမတွက်နေသောပုစ္ဆာကိုကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် မေးခွန်းကို မည်သို့ဖြေရှင်းရမည်ကို သူသိလိုက်သည်။

သို့သော် လင်းဖန် က အဖြေကိုအရင်မပြောဘဲဘဲ “ဒီမေးခွန်းကို ဖြေချင်ရင် ဂဏန်းသီအိုရီရဲ့ အခြေခံဖွဲ့စည်းပုံကို အရင်လေ့လားထားမှရမယ်” ဟု အကြံပြုလိုက်သည်။

မိန်းကလေးက ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး “အခြေခံဖွဲ့စည်းမှု?”

“ဒေါင့် ဒေါင့် ဒေါင့်”

လင်းဖန်သည် ဘောပင်နှင့် စာရွက်ကို ကောက်ယူလိုက်ပြီး ဖော်မြူလာတစ်ကြောင်းကို အမြန်ချရေးလိုက်သည်။

ဒါကိုမြင်တော့ ကောင်မလေးရဲ့ လှပတဲ့မျက်လုံးတွေ ချက်ချင်းတောက်ပလာပြီး “ငါဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသိပြီကျေးဇူးတင်ပါတယ်၊” လို့ ရုတ်တရက်ပြောလိုက်သည်။

လင်းဖန်က ပြုံးပြီး ခေါင်းညိတ်ကာ “မင်းက သင်္ချာမေဂျာကလား။အဲ့ဒါဆိုမင်း ငါ့နာမည် သိသင့်တယ် “

သူဒီလိုထင်တာ အံ့သြစရာမဟုတ်ပေ။

လင်းဖန်သည် သူမကို ဒီတစ်ခါအပါအဝင်နှစ်ကြိမ်တွေ့ဆုံခဲ့သည်။ ဒီနှစ်ကြိမ်စလုံးမှာဝူမသည်သည် သင်္ချာပုစ္ဆာများကိုသာတွက်နေသည်။

လင်းဖန် သည် ဇောင် ၏ မှန်းဆချက်နှင့်တစ့်ခြားပြဿနာနှစ်ခုကို ဖြေရှင်းပေးခဲ့သည်။

သူမသညသင်္ချာမေဂျာဖြစ်လျှင် သူ့ကိုသိလိမ့်မည်ဟု သူယုံကြည်သည်။

ဒါကလင်းဖန်ကြွားဝါပြီးပြောတာမဟုတ်ပေ။အမှန်တိုင်းပြောတာပင်ဖြစ်သည်။

သို့သော်ကောင်မလေးက ခေါင်းခါပြီး “မသိဘူး…”လို့ပြောလိုက်သည်။

ဒီစကားတွေက လင်းဖန်ကို ရင်နာစေလေသည်။သူ့လိုလူကိုသူမကမသိဘူးတဲ့လား။

ကောင်မလေးက “ငါက ရူပဗေဒကပါငါ့နာမည်ကလူလင်းပါ”

လင်းဖန်သည်ရူပဗေဒဆိုတဲ့စကားကိုကြားပြီးနောက်သူ့ကိုမသိတာကအံ့ဩစရာမဟုတ်ဘူးဆိုပြီးတွေးလိုက်သည်။

ထို့နောက်သူက လည်ချောင်းကို ရှင်းထုတ်ပြီး “ငါ့နာမည် လင်းဖန်” လို့ ပြောလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးနေညက် သူတို့နှစ်ယောက်သည်ပိုပြီးရင်းနှီးလာခဲ့သည်။

လူလင်းက “မင်း စာအုပ်တွေကိုလှန်နေတာကိုတွေ့လိုက်တယ်။နက်တစ်ခုခုကိုရှာနေတာလား။”

“ဟုတ်တယ်” လင်းဖန်က ပြန်ပြောသည်။

သူဘာပြောနိုင်မလဲ။ဒီအဖြကသာအကောင်းဆုံးဖြစ်မည်မှာသေချာသည်။

အကယ်၍လူလင်းကသာမင်းဘာလို့စာရွက်တွေကိုမမြန်လှန်နေတာလဲလို့မေးရင်သူဘာဖြေရမယ်မှန်းမသိဖြစ်မှာသေချာသည်။

ဒါအကြောင်းကိုရှင်းပြရင် သူ့ကိုစိတ်မနှံတဲ့လူလို့တောင်ထက်ရင်ထင်လိမ့်မည်ဖြစ်သည်။

ပြီးတော့လင်းဖန်သည် ဒုက္ခကို မုန်းတီးသောကြောင့် ရှင်းပြချင်စိတ်မရှိပေ။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters