အမှန်တရားကိုဘယ်သူမမယုံ
Vol. 17 Ch. 246
လင်းဖန် နှင့် လူလင်းတို့သည် အနည်းငယ်စကားစမြည်ပြောကြပြီးနောက်လင်းဖန်သည်အိပ်ဆောင်စီသို့ လမ်းလျှောက်ပြန်လာခဲ့သည်။
“အစ်ကို လင်း မင်းဒီကိုရောက်နေပြီပေါ့မင်းကိုငါအသေလွမ်းနေတာကို!” အိပ့်ဆောင်ထဲဝင်တာနဲ့စုရီကအော်ပြီးပြောလိုက်သည်။
စကားပြောပြီးနောက် လင်းဖန်ကို ပွေ့ဖက်မလို့ လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။
လင်းဖန်က သူ့လက်ကို အထပ်ထပ်အခါခါ ဝှေ့ယမ်းလိုက်ပြီး “မင်းပွေ့ဘက်တာတော့မလို့တော့ပါဘူးငါက ချောမောလှပတဲ့ မိန်းမတွေကိုပဲဖက်ချင်တာ၊မင်းလိုယောင်္ကျားရင့်မာကြီးကိုဘယ်သူကဖက်တာခံချင်မှာလဲ” လို့ပြောလိုက်သည်။
ကွန်ပြူတာရှေ့မှာထိုင်နေတဲ့ ဇောင်ချင်းဘိုက “ချော်မောလှပတဲ့မိန်းကလေး” ဆိုတဲ့ စကားလုံးကိုကြားတော့ သူ့မျက်လုံးတွေက နည်းနည်းလေးတောက်ပသွားပြီး “အစ်ကိုလင်း၊မင်း ဒီရက်တွေမှာ ဘယ်အလှလေးနဲ့အတူသွားနေတာလဲ”
လင်းဖန် ကဇောင်ချင်းဘိုကြည့်ပြီး”ဘဝကမလွယ်ဘူးလေ၊ငါငွေရှာဖို့အတွက်ဒီဒီမောင်းနေတာ”
ဇောင်ချင်းဘိုသည်ဒါကိုကြားပြီးနောက်သူမျက်လုံးပြူးသွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။”အစ်ကိုလင်းဒါဆိုမင်းဘာကားနဲ့မောင်းပြီးသွားတာလဲ”
လင်းဖန်သည် သူ့စူပါကားကိုကို အသုံးပြုပြီး ဒီဒီမောင်းမှာသေချာသည်။
သာမန်အလှလေးများသည် စူပါကားများ၏ သွေးဆောင်မှုကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
လင်းဖန်သည် ဇောင်ချင်းဘိုတွေ့နေတာကိုသိလိုက်ပြီးသူကဇောင်ချင်းဘိုကိုကြည့်ကာ၏ “မင်းဘာတွေတွေးနေတာလဲ၊ ဒီဒီကိုစူပါကားတွေနဲ့ငါမမောင်းခဲ့ဘူး” လို့ပြောလိုက်သည်။
“မမောင်းခဲ့ဘူးလား” ဇောင်ချင်းဘိုက အံ့အားသင့်စွာမေးလိုက်သည် ။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံထွက်ပေါ်လာခဲ့သည်။
မူဇောင်သည် စာအုပ်တစ်အုပ်ကို ကိုင်ကာ ဖြည်းညှင်းစွာ လျှောက်လာလေသည်။
“အစ်ကို လင်းမင်းပြန်လာပြီလား!” လင်းဖန်ကိုတွေ့တော့မူဇောင်က ဝမ်းသာအားရ ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟုပြောသည်။
အဲဒီနောက် မူဇောင်က သူ့ဖုန်းကို ပြန်ထုတ်ပြီး “စကားမစပ်၊ ငါ ကားပါကင်ကို ဖြတ်သွားတဲ့အချိန်မှာငါတို့ကျောင်းမှာ Rolls Royce တစ်စီးကို ရပ်ထားတာကို တွေ့လိုက်တယ်”
ကားများကိုအမျိုးသားအားလုံးနီးပါးက နှစ်သက်ကြသည်။
အဲ့အထဲမှာRolls Royceလဲအပါအဝင်ဖြစ်သည်။
ဒါကိုစုရီနှင့် ဇောင်ချင်းဘိုကြားပြီးနောက် နှစ်ယောက်သားသည်မူဇောင်၏ဖုန်းကိုကြည့်လိုက်ကြသည်။
“ဒါက Rolls-Royce Phantom ပဲ!” စုရီက အော်ပြောလိုက်သည်။
“ဟုတ်တယ်၊ပြီးတော့ဒီကားရဲ့ပုံစံကအရမ်းမိုက်တယ်’’ ဇောင်ချင်းဘို က “အထဲမှာ ဘယ်လိုပုံစံရှိလဲဆိုတာကိုသိချင်လိုက်တာ...”
ဒါကိုကြားတော့လင်းဖန်က ပြုံးလိုက်ပြီး “မင်းတွေ့ချင်ရင် မင်းတက်သွားပြီး ကိုယ့်ဘာသာကြည့်လေ”
စကားပြောပြီးနောက် Rolls-Royce Phantom Key(ကားသော့)ကို စားပွဲပေါ် တင်လိုက်သည်။
ရုတ်တရက်အိပ့်ဆောင်တစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။
ခဏအကြာတွင် စုရီက ထိုင်ချလိုက်ပြီး “ အစ်ကို လင်း၊ ဒီ Rolls-Royce Phantom (ကား)ကို မင်းပိုင်တာလား”
“ဟုတ်တယ်” လင်းဖန်က ပြောသည်။
လင်းဖန်သည် စူပါကားများစွာကိုပိုင်ဆိုင်ထားလေသည်။ နောက်ထပ် Les Royce Phantom(ကား)ပါပိုင်တာလား ?
ဇောင်ချင်းဘို၊စုရီနှင့် မူဇောင်တို့က တညီတညွတ်တည်း အော်ပြောလိုက်ကြသည်။ “အစ်ကိုလင်းမင်းကအရမ်းမိုက်တာပဲ!”
ဒီအချိန်မှာ ဇောင်ချင်းဘို က တစ်ခုခုကို တွေးလိုက်မိပြီး”အစ်ကို လင်း မင်းRolls-Royce Phantom(ကား)နဲ့ဒီဒီမောင်းတာလား။”
သူပြောပြီးသည်နှင့် Rolls-Royce Phantom (ကား)တွင် ခရီးသည်များ ထိုင်နေချိန်သည့်မြင်ကွင်းကို သူ မတွေးဘဲမနေနိုင်ပေ။
“ငါဒီဒီ ကို Santana(ကား) နဲ့ပဲမောင်းခဲ့တာ.. ဒါပေမယ့် ဒီ Rolls-Royce Phantom (ကား)ကဒီဒီမောင်းလို့ရတာ’’ လင်းဖန်က ပြောလိုက်သည်။
“အစ်ကို လင်း မင်းငါ့ကိုငတုံးလို့ကထင်နေတာလား။” ဇောင်ချင်းဘို က ပြောလိုက်သည်။
Rolls-Royce Phantom(ကား) တစ်စီး သည်၁၀ သန်းကျော် ကုန်ကျမည်ဖြစ်သည်။
ဒီဒီမောင်းရင်သေတာတောင်ရမှာမဟုတ်ပေ။
ဒါကိုကြားတော့လင်းဖန်က ပြုံးပြီး ခေါင်းခါလိုက်သည်။
တကယ်တော့လင်းဖန်သည်ဒီဒီမောင်းရုံ
ဖြင့်Rolls-Royce Phantom(ကား) ကား 10 စီးကိုရရှိခဲ့သည်။
ထို့အပြင်၊ ငွေသား 10 သန်းနှင့် Penguin Group ၏ ရှယ်ယာ5% ကိုလဲရရှိခဲ့သည်။
တခါတရံ ကိုယ်ကအမှန်တရားကို ပြောနေပေမဲ့ဘယ်သူ့မှမယုံတဲ့အချိန်ကလဲရှိသေးသည်။
နာရီအနည်းငယ်ကြာပြီးနေညက် အတန်းခေါင်းလောင်းသံ မြည်လာလေသည်။
လင်းဖန်၊ ဇောင်ချင်းဘို၊မူဇောင်၊စုရီနှင့်အခြားသူများသည် စာသင်ခန်းသို့ အလျင်အမြန်ပြေးသွားကြသည်။
ခဏအကြာတွင်တွစာသင်ခန်းတစ်ခုလုံးတွင် ထိုင်ခုံများမရှိတော့ပေ။
ဘာလို့လဲဆိုတော့ ဒါက ဆရာမဟန်တီရဲ့ အတန်းမို့လို့ပင်ဖြစ်သည်။
ပြတ်သားသော ခြေသံများနှင့်အတူ ဆရာ မဟန်တီသည် အဖြူရောင်စကတ်တိုတိုနှင့် အပေါ်ဘက်တွင်မီးခိုးရောင်အင်္ကျီကို ၀တ်ဆင်ထားပြီးစင်မြင့်ဆီသို့ လျှောက်လာခဲ့သည်။
ချက်ချင်းပင် စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ဆရာမဟန်တီသည် စာသင်ခန်းရှိ ကျောင်းသားများကို ပထမဦးစွာ ကြည့်လိုက်ပြီးလင်းဖန်ကို မြင်လိုက်သောအခါတွင်သူမ၏မျက်နှာပေါ်တွင် တိမ်မြုပ်နေသော အပြုံးတစ်ခု ပေါ်လာလေသည်။
ဒီအပြုံးသည်ချမ်းအေးနေတဲ့ဆောင်းရာသီမှာ နေထွက်လာသလိုမျိုး လူတိုင်းရဲ့နှလုံးသားတွေ အရည်ပျော်လုမတတ်ဖြစ်သွားခဲ့သည်။
ထို့နောက် ဆရာမဟန်တီ သည် ယနေ့၏သင်တန်းကို စတင်တော့သည်။
ပုံမှန်အားဖြင့် ဆရာများသည် သင်ခန်းစာများပေးလေ့ရှိတဲ့အချိန်တွင်ကျောင်းသားအများစုမှာ ငိုက်မျဉ်းနေပြီး စာသင်ခန်းထဲမှ ထွက်သွားဖို့မစောင့်နိုင်တော့ပေ။
သို့သော် ဆရာမဟန်တီ၏အတန်းသည် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
“ဒီး......”
ခေါင်းလောင်းသံကျယ်လောင်စွာ မြည်လာပြီးနောက် ကျောင်းသားအများအပြားသည် တယောက်ပြီး တယောက် ညည်းညူနေကြတော့သည်။
“ဘာလို့ အတန်းက မြန်မြန်ပြီးသွားတာလဲ”
“ဟုတ်တယ်”
မည်သို့ပင်ဆိုစေကာမူအတန်းဝင်၊ထွက်ချိန် သည်ပြောင်းလဲသွားမည်မဟုတ်ပေ။
ဆရာမဟန်တီစာသင်ခန်းထဲက ထွက်လာတော့မယ့်အချိန်မှာ ရုတ်တရက် ရပ်လိုက်ပြီး “လင်းဖန်ကျောင်းဆင်းရင် ငါ့ရုံးခန်းကို လာခဲ့ပါ” လို့ ပြောလိုက်သည်။
စကားပြောပြီးနောက် အပြင်သို့ ဆက်သွားတော့သည်။
ရုတ်တရက် စာသင်ခန်းထဲက ကျောင်းသားတွေအားလုံးက လင်းဖန်ကို မနာလိုသော မျက်လုံးများဖြင့်ကြည့်လိုက်ကြသည်။
ဆရာမဟန်တီ၏ ဖိတ်ကြားချက်။
ထို့အပြင် ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။
စုရီ၊မူဇောင်နှင့် ဇောင်ချင်းဘိုတို့က တညီတညွတ်တည်း ပြောလိုက်ကြသည်။ “အစ်ကို လင်း မင်းကိုဒူးထောက်ပြီးကိးြကွယ်ပါရစေ”
ဒီစကားကိုကြားပြီးနောကအလင်းဖန်သည်သူတို့၏ ထူးဆန်းသောအသွင်အပြင်ကို ကြည့်ရင်းရယ်ချင်လာခဲ့သည်။
........
လက်းဖန်သည် ဆရာမဟန်တီ၏ရုံးခန်းသို့ အကြိမ်များစွာ ရောက်ဖူးပြီးသားဖြစ်သည်။ထို့ကြောင့်သူသည်သွားမည့်လမ်းနှင့်အတော်လေး ရင်းနှီးနေပြီဖြစ်သည်။
ယခုအချိန်တွင် ရုံးခန်းထဲတွင် ဆရာမဟန်တီတစ်ယောက်သာ ရှိတော့သည်။
ခြေသံကြားတော့ ဆရာမဟန်တီက သူမခေါင်းကို ဖြည်းညှင်းစွာမြှောက်လိုက်သည်။ လင်းဖန်ကို သူမမြင်သောအခါ ပြုံးကာ “မင်း သောက်စရာ တစ်ခုခု လိုချင်လား”
“ငါနည်းနည်းလေးရေဆာနေတယ်” လင်းဖန်က ပြောသည်။
စကားပြောပြီးနောက်တွင် သူသည်ဆရာမဟန်တီ၏အပြင်လူမဟုတ်သောကြောင့်သူမသောက်နေသောခွက်ကို တိုက်ရိုက်ယူကာ သောက်လိုက်သည်။
တကယ်တော့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ ယဉ်ကျေးဖို့ လုံးဝမလိုအပ်ပေ။
လင်းဖန်သည် ရေသောက်ပြီးနောက် ဆရာမဟန်တီ၏ စားပွဲပေါ်တွင် ရေးထားသော တွက်ချက်မှုကို ကြည့်လိုက်ကာ “မင်း မိုးသီးသီအိုရိကို လေ့လာနေတာလား၊ ဒီမှာ တစ်ခုခု မှားနေပုံရတယ်။”
“ဘယ်မှာလဲ?” ဆရာမဟန်တီက မေးလိုက်သည်။
လင်းဖန်သည် ဖော်မြူလာတစ်ခုကို ညွှန်ပြပြီးနောက် အမြန်ရေးရန် ဘောပင်နှင့် စာရွက်ကို ကောက်ယူလိုက်သည်။
2^m-3^(n+1)>1m>n, 2^m>3^(m+1)...
X1=3၊ X2=(3x1+1) 2^2=1...
“ဒါ ဒါ ဒါ!”
လင်းဖန်၏ စာရေးအမြန်နှုန်းသည် မြန်ဆန်လွန်းသဖြင့် ဘောပင်ထိပ်နှင့် စာရွက်တို့ အချင်းချင်း ထိမိသွားသောအသံမှာကျယ်လောင်စွာထွက်လာလေသည်။
အစပိုင်းတွင် ဟန်တီသည် လင်းဖန်ရေးနေတာကိုကြည့်နေသည်။
ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှတဖြည်းဖြည်းနဲ့ ကြည့်ရတာပျင်းလာခဲ့သည်။
ထို့ကြောင့်ဆရာမဟန်တီ သည် စာအုပ်မူကြမ်း(လင်းတွက်နေသောစာရွက်)ကို မကြည့်တော့ဘဲလင်းဖန်ကိုကြည့်လိုက်သည်။
လင်းဖန်၏ အာရုံစူးစိုက်နေသောအမူအရာကိုကြည့်လိုက်သည်။
ဒီခဏမှာဆရာဟန်တီ၏အမြင်တွင် လင်းဖန်သည် ဖော်မြူလာကိုရေးနေတာမဟုတ်ဘဲလက်းလက်တောက်ပသောလှပသောစင်မြင့်ပေါ်တွင်ထိုင်ကာလှပသောလှုပ်ရှားမှုတစ်ခုကို တီးခတ်နေပုံရသည်။
ဒါကိုတွေးရင်းဆရာမဟန်တီ၏ နှလုံးခုန်သံသည် တဖြည်းဖြည်းမြန်လာလေသည်။
သို့သော်သူမသည်သူ့မ၏ခံစားချက်ကိုထိုန်းရင်းလင်းဖန်တွက်နေတာကိုကြည့်လိုက်သည်။
မနက်တစ်ပိုင်း။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး