← Chapters

အမှန်တကယ်ဒေါသထွက်ခြင်း

Vol. 006 Ch. 577

အမှန်တကယ်ဒေါသထွက်ခြင်း

Vol. 006 Ch. 577

သူမ၏ တောက်ပသော မျက်လုံးများကို တွေ့သောအခါ သူ့ငြင်းဆိုချက်များသည် လည်ပင်းတွင်ပင် ပျောက်သွားသည်။ သူသည် မပြောနိုင်တော့ပေ။

ဝူလင်းယူ၏ ဆိတ်ဆိတ်နေမှုသည် ဝန်ခံနေသည်ကို ရှီမာယူယူမြင်သောအခါ အေးစက်စွာ သက်ပြင်းချ လိုက်ပြီး တိုးညင်းစွာ ပြောလေသည် “စီနီယာအစ်ကို နတ်ဆိုးလောကိုလာချင်ရင် အချိန်မရွေးလာလို့ရနေတာပဲ ဘာလို့ ကျွန်တော့်ကိုပါဒီကိုခေါ်လာရတာလဲ”

သူမသည် သူ့ကို ထိုပုံစံအတိုင်းပြောသည်ကို ဝူလင်းယူ မမြင်ဖူးခဲ့ပေ။ သူမ သူ့အား အော်ကာ ဒေါသ ထွက်လျှင် အဆင်ပြေသေးသည်။ မိစ္ဆာတစ်သောင်းတောင်တွင် ရှိစဉ်က သူမသည် သူ့အား အော်ငေါက်ပြီး ရိုက် နှက်ခဲ့သည်။ ထိုအပြုအမူသည် ယခုထက်ပင် ကောင်းသေးသည်။

သူမ တကယ်ပဲ ဒေါသထွက်နေတာပဲ။

သူ သက်ပြင်းခိုးချပြီးနောက် အကြောင်းပြချက်ပေးလိုက်သည် “ငါအဲဒါကို မတွေးမိလိုက်ဘူး”

“အဲဒါကို မတွေးမိဘူးဟုတ်လား”

ဝူလင်းယူသည် လျင်မြန်စွာ ဆက်ပြောလေသည်။ မဟုတ်လျှင် ဒီကောင်လေးက ဒေါသထွက်ရင် သူက တာဝန်ယူနေရလိမ့်မယ်။

“အဲဒါ မိုရှားပဲ”

“မိုရှားလား” ရှီမာယူယူသည် အံ့သြစွာ ပြောလေသည် “အဲလူက သေတိုင်းကစားနေတာလား၊ သူက ဘယ်လိုလုပ် အစ်ကို့ကိုပြောပြီး ကျွန်တော့်ကို ဒီနေရာရောက်အောင်လုပ်မှာလဲ၊ ပြီးတော့ သူက ဒီရက်တွေမှာ တောင် ပေါ်မလာတာ”

သေ တိုင်းကစားတာလား။

“သူဘာတွေးနေတာလဲဆိုတာကို ငါသိဖို့အတွက် သူရောက်လာဖို့မလိုပါဘူး” ဝူလင်းယူ ရှင်းပြလေ သည်။

“အဲတော့ အစ်ကိုပြောတာက နှလုံးသားက နှစ်ယောက်တစ်ခုလား” ရှီမာယူယူ မျက်ခုံးများပင့်လိုက် သည်။

အာ…

ဒီအခြေအနေမှာ ဘယ်လိုအမူအရာလုပ်မရမှာလဲ။

ဝူလင်းယူသည် လက်ဆန့်ထုတ်ကာ သူမ ခေါင်းအား ပုတ်ပြီး မကျေမနပ်ဖြင့် ပြောလေသည် “ငါတို့က လိပ်ပြာမျှထားတာပဲ သူ့အတွေးကိုငါသိတာပေါ့”

“နှလုံးသားတစ်ခုတည်းမဟုတ်ရင် အစ်ကိုကလည်း မကောင်းမှုလုပ်တာ အတူတူပဲပေါ့” ရှီမာယူယူသည် စိတ်တိုကာ သူ့အားကြည့်လိုက်သည် “ဒီမကောင်းမှုကို ဘယ်တုန်းကတည်းက စီစဉ်ထားတာလဲ”

ဝူလင်းယူသည် ပါးစပ်ပိတ်သွားသည်။ မကောင်းမှုကို အတူတူဉာဏ်ဆင်တယ်ဟုတ်လား။ စီစဉ်ထား တယ်ဟုတ်လား။ သူမက ဘာလို့အဲလောက်ကြီးပြောရတာလဲ။

“သူ့ကို ငါ ပထမဆုံးတွေ့တာနဲ့ နတ်ဆိုးမျိုးနွယ်ဝင်ဆိုတာ သိလိုက်တယ်၊ မင်းကို နတ်ဆိုးလောကကို ခေါ်လာဖို့ လုပ်တုန်းက မင်းက ဟွာရှုံရဲ့ ဖမ်းတာခံရတာလို့ထင်အောင်လုပ်လိုက်တယ်”

“တကယ်လား”

“ဟုတ်တယ် မယုံရင်လည်း မိုရှားကိုထုတ်ပြီးမေးကြည့်လိုက်” ဝူလင်းယူသည် သူ၏ အပြစ်ကင်းမှုကို လျင်မြန်စွာပင် သက်သေပြရန် ကြိုးစားလေသည်။

ရှီမာယူယူသည် သူ့အား ကြည့်လိုက်ရာ သူ့မျက်လုံးများသည် လိမ်ညာခြင်းမရှိသည်ကို တွေ့လိုက်ရ သည်။ သူမ ဒေါသအနည်းငယ်ပြေသွားသော်လည်း သူ့ကို လွယ်လွယ်နှင့် လွှတ်မပေးနိုင်ပေ။

“ပြောပါဦး ဒီတစ်ခေါက်ကိုဘာလုပ်မလို့လဲ” သူမ စိတ်တိုလေသည်။

သူက ဘာလုပ်မယ်ဆိုက ဘာအဓိပ္ပာယ်လဲ။ ဝူလင်းယူသည် ခံရခက်လာသည်။ သူသည် မိုရှားပြော သည့်အတိုင်းလုပ်ခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်သာ သူမကို ထိုအပြုအမူများလုပ်ပါက သူမ သေချာပေါက် ဒေါသထွက်မည်ကို သူသိသည်။

ထိုလူသည် အဆင်ပြေသည်။ သူသည် နိုးနေသည်မှာ ရှင်းနေပါလျက်နှင့် လက်ပတ်ထဲမှ ထွက်မလာပဲ သူမဒေါသကို သူတစ်ယောက်တည်းရင်ဆိုင်စေသည်။

“ယူယူ ငါဘာမှမလုပ်ဘူး မိုရှားစကားကိုနားထောင်ပြီး အမှတ်အသားတွေကိုကြည့်ပြီး တစ်ဖက်လူကို ပြောပြခဲ့တာပဲရှိတာ” ဝူလင်းယူ ပြောလေသည် “အဲဒါ မိုရှားက ငါ့ကိုလုပ်ခိုင်းတာပဲ မဟုတ်ရင် ငါက ဘယ်လိုလုပ် သိမှာလဲ”

လက်ပတ်ထဲမှာ ပုန်းနေတာနဲ့ လုံခြုံပြီထင်နေလား၊ မင်းထွက်မလာဘူးဆိုရင် မင်းပြောတဲ့အတိုင်းလုပ် တာလို့ပြောလိုက်ပြီ။

“မိုရှားပြန်နိုးလာတာ ဘယ်လောက်ကြာပြီလဲ” ရှီမာယူယူ မေးလိုက်သည်။

“သွေးဂူထဲဝင်ကတည်းက သတိပြန်ရနေတာ” ဝူလင်းယူသည် ရိုးသားစွာ ပြောလေသည်။

“အိုခေ” ရှီမာယူယူ ဘာမှထပ်မပြောတော့ပဲ တွေးလိုက်သည်နှင့် လင်းလုံသည် သူမလက်ထဲတွင် ပေါ် လာသည်။ လင်းလုံသည် တူပုံစံဖြင့်…

သူမသည် တူကိုလက်ဖြင့်ကိုင်ကာ ညင်သာစွာပြောလေသည် “ကိုယ့်ဘာသာထွက်လာမလား၊ မဟုတ် ရင် ဒီလက်ကောက်ကို ထုချေလိုက်ရမလား”

ဝူလင်းယူသည် စိတ်အားငယ်သွားသည်။ ဒီကောင်မလေးက သူ့ကိုစကားပြောပုံနှင့်မိုရှားကို စကားပြော ပုံမှာ ကွဲပြားသည်။ သူမသည် မိုရှားနှင့်ရင်းနှီးသည်ကို သူ သတိထားမိသည်။

ပိုသေချာသည်မှာ သူသည် သူမနှင့် မရင်းနှီးခင်ထိုအချိန်က ဖိအားပေးကာ အတင်းနမ်းခဲ့သည်။ ထို့ကြောင့်ပင် သူမနှင့် မရင်းနှီးစေခြင်းဖြစ်သည်။ နောက်တွင် သူတို့သည် စီနီယာ၊ ဂျူနီယာဆက်ဆံရေးဖြစ် သော်လည်း ထိုအနမ်းအား မေ့ထား၍မရပေ။

တကယ်တော့ မိုရှားသည်လည်း ထိုအပြုအမူအတိုင်းလုပ်ခဲ့သည်။ သို့သော် ထိုအချိန်က သူသည် သူမ အား နှစ်နှင့်ချီ သိပြီးဖြစ်သည်။ ထို့အပြင် ထိုနှစ်များတွင် သူမ ကြုံတွေ့ရသော အခက်အခဲများကြားတွင် သူရှိနေ ပေးခဲ့သည်။ ထို့ကြောင့်ပင် သူမသည် သူ့အပေါ် ကောင်းစွာဆက်ဆံကာ ဖိအားပေးနမ်းခြင်းကို ဂရုမစိုက်တော့ ပေ။

သူမ အတွေးကိုမိုရှားသာသိပါက သူစိတ်တိုမည်ဖြစ်သည်။ ဝူလင်းယူ အနမ်းကို ခွင့်မလွှတ်နိုင် သော်လည်း သူတို့ကြားမှအနမ်းကို မေ့ပစ်၍ရသည်။

နတ်ဆိုးညွှတ်လက်ကောက်မှ လှုပ်ရှားမှုမရှိသည်ကို ရှီမာယူယူတွေ့သောအခါ ပျင်းရိစွာ ရီလိုက်သည်။

“ဒီလက်ပတ်က မလှဘူးလို့ အမြဲထင်နေခဲ့တာ၊ ငါဒီတစ်ခါကို ဖျက်ဆီးလိုက်တော့မယ်” သူမ ပြောပြီး သည်နှင့် လက်ပတ်ကိုချွတ်ကာ ဘေးမှ ကျောက်တုံးပေါ်တင်လိုက်သည်။ သူမသည် လင်းလုံအား မကာ ထုချ လိုက်သည်။

တစ်ကြိမ် နှစ်ကြိမ်…

ဝူလင်းယူသည် သူမ လက်ပတ်အား တူဖြင့်ထုနေသည်ကို ကြည့်ရာ သူ့ပါးစပ်သည် တူ၏ လှုပ်ရှားမှု အတိုင်း လိုက်လှုပ်ရှားနေလေသည်။

အကြိမ်အနည်းငယ်ထုပြီးနောက် ပျက်စီးမှုမရှိသည်ကို တွေ့လိုက်ရသည်။

“လင်းလုံ မင်းကအသုံးမဝင်ဘူးပဲ၊ ရိုးရိုးတူဆိုရင်တောင် ဒီပစ္စည်းကိုထုပစ်နိုင်ရမယ် သိလား” ရှီမာယူယူ သည် လက်ပတ်ကိုယူပြီး လှည့်ကာ နှုတ်ခမ်းတွန့်ပြီးပြောလေသည်။

လင်းလုံသည် ချက်ချင်းပင် သွားဖြဲကာ “အဲဒါက ယူယူက အရမ်းအားနည်းလို့ ငါ့စွမ်းအင်ကို အပြည့်အဝ သုံးလို့မရတာ…”

ရှီမာယူယူဆွံ့အသွားသည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ ထိုအရာသည် နာကျင်စရာကောင်းသော အမှန်တရားဖြစ်သည်။

“ဟူး သူ ဝိဉာဉ်ကျောက်တုံးမှာရှိတုန်းက တူကိုမြင်တာနဲ့ အရှုံးပေးလိုက်တာ၊ အခုသူက ဒီပစ္စည်းလုပ်ပြီး သွားတော့ သူ့ကိုခြိမ်းခြောက်လို့မရတော့ဘူး၊ ရတယ်လေ သူနိုးလာတာနဲ့ ဒီအချိန်တွေမှာချုပ်ထားတဲ့ စာချုပ်ကို ဖျက်လိုက်တော့မယ်၊ ကိုယ့်လမ်းကိုယ် လျှောက်ကြတာပေါ့၊ သူက နတ်ဆိုးတွေရဲ့ ဘုရင်ပဲ ငါတို့လည်း ကိုယ့် အလုပ်ကိုယ်ပြန်လုပ်ကြတာပေါ့”

သူမပြောစကားကို ဝူလင်းယူကြားသောအခါ အလိုလိုဝမ်းနည်းမိလေသည်။ သူသည် စွန့်ပစ်ခံထားရ သကဲ့သို့ဖြစ်သွားသည်။

သူ ထိုအတိုင်းခံစားရပါက မိုရှားလည်း ထိုခံစားမှုမျိုး ရလိမ့်မည်။ ထို့ကြောင့်ပင် အနီရောင်ပုံရိပ်ထွက်လာ သည်ကို သူ မအံ့သြတော့ပေ။

“မင်းကို နတ်ဆိုးလောကို ခေါ်လာပြီလေ ဘာလို့ဒေါသထွက်နေတာလဲ” မိုရှားသည် သူမကိုမြင် သောအခါ မျက်မှောင်ကြုတ်လိုက်သည်။

ရှီမာယူယူသည် နတ်ဆိုးညွှတ်လက်ကောက်ကို သူ့ကိုပစ်ပေးလိုက်သည်။ သို့သော် သူသည် ဝိဉာဉ်သာ ဖြစ်၍ ထိုလက်ပတ်သည် သူ့ကိုကျော်ဖြတ်ကာ ဝူလင်းယူဆီ ရောက်သွားလေသည်။

သူမက ဒေါသကိုဆက်ထွက်နေဦးမှာလား။

မိုရှားလည်း အနည်းငယ်ဒေါသထွက်သွားသည်။

“မင်း ငါတို့စာချုပ်ကို ဖြစ်နိုင်သလောက် မြန်မြန်အဆုံးသတ်ချင်နေပြီဆိုတာ ငါသိတယ်၊ ငါမင်းကို စော စောကတည်းက ဆက်သွယ်ခဲ့တယ်၊ ဒါပေမဲ့ မင်းကိုယ်မင်း ကာကွယ်ထားတော့ ဆက်သွယ်လို့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်းသာ နတ်ဆိုးလောကကို ပြန်လာချင်တယ်လို့ပြောရင် ငါက မင်းကိုဒီကို ခေါ် မလာမှာစိုးလို့လား၊ နှစ်ယောက်သား တော်ကြပါတယ် မင်းကငါ့ကိုဒီလောက်တောင်မယုံဘူးလား၊ ဒါဆိုလည်း မင်း ငါနဲ့စာချုပ်ဖျက်ပြီး နှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့ ပေါင်းစပ်လိုက်ကြပါလား၊ နေပြီးလုပ်ချင်တာသာလုပ် ကြတော့ ငါကတော့ ရှေးဟောင်းကမ္ဘာဦးနယ်မြေကို ကိုယ့်ဘာသာပြန်တော့မယ်”

မိုရှားသည် အစပိုင်းက သူမ၏ ဟိန်းဟောက်မှုကြောင့် ဒေါသထွက်သွားသော်လည်း သူမ ပြောသည်မှာ မှန်သည်။ သူ ဒီနေ့ကို စောင့်ခဲ့တာမလား။ အချိန်ရောက်လာပေမယ့်လည်း သူက ဘာကြောင့်လက်ပတ်ထဲမှာ နေပြီး သူမကို တိတ်တဆိတ် စောင့်ကြည့်ချင်မိတာလဲ။ သူက ဘာကြောင့် သူမနဲ့ စာချုပ်မဖျက်ချင်တာလဲ။

သူမ၏ ဒေါသထွက်နေသော မျက်နှာကို မြင်သောအခါ သူ့စိတ်ထဲမှ ဒေါသကို မတားနိုင်ခဲ့ပေ။ ထိုအချိန် တွင် နတ်ဆိုးမျိုးနွယ်တစ်စုသည် လျှောက်လာပြီး သူတို့ကို တွေ့သွားလေသည်။ သူတို့သည် တိုက်ခိုက်မည် အလုပ်တွင် မိုရှားသည် တစ်ကွက်လှုပ်ရှားလိုက်ပြီး သူတို့ကို မီးတောက်ဖြင့် ပစ်လိုက်လေသည်။

All Chapters