ပန်ကူဌာနခွဲသို့ရောက်ရှိခြင်း
Vol. 17 Ch. 248
နောက်တစ်နေ့ နံနက်။
နေရောင်ခြည်သည်လိုက်ကာကြားမှာလင်းဖန်မျက်နှာပေါ်သို့ကျရောက်လို့နေသည်။
ဒီအခါမှလင်းဖန်သည် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
သူက ဖုန်းကို ကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်မှာ စာသားမက်ဆေ့ချ်တစ်ခု ကိုတွေ့လိုက်သည်။
“၀:၀၀ နာရီတွင်၊ တရုတ်ကုန်ဘဏ်မှ ယွမ် ၃,၆၇၀,၀၀၀ ရရှိသည်။”
“အကောင့်ဝင်မယ်!”
【ဒင်း! ဂုဏ်ယူပါတယ်၊ ကျူရှင်းဘားကို ရရှိသည်။ 】
လင်းဖန်က “ဘား၊ ဒါက ငါ့အတွက် ဘာအသုံးဝင်မှာမို့လဲ”
“မေ့လိုက်ပါ၊ဒါက ယွမ် 10 သန်းထက် တော့ပိုကောင်းတယ်”
ထို့နောက် လင်းဖန်သည် ဖြည်းညှင်းစွာထလိုက်သည်။
ထို့နေညက်လင်းဖန်သည်ရေချိုးပြီးနောက်ရေဆေးပြီးရင် ပေါင်မုန့်ပေါ်ကိုဖုတ်ပြီးသားအမဲသား၊ သြစတြေးလျ ပုဇွန်၊ ပေါင်မုန့်၊ ကြက်ဥ၊ ဆလတ်နဲ့ တခြားအစားအစာတွေကို ထည့်ပြီးနောက်အပေါ်ကနေပေါင်မုန့်နောရ်တစ်ချပ်ကိုအုပ်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ဝါးလိုက်သည်။
ပါဝင်ပစ္စည်းတွေက အတော်လေးရိုးရှင်းပေမယ့် အရသာကတော့ အရမ်းအရမ်းကိုကောင်းသည်။
မနက်စာစားပြီးနောက်လင်းဖန်သည် လက်ဖက်အပင်များကိုရေလောင်းပေးလိုက်သည်။ ထို့နောက် သူသည် Mercedes-Benz Big G (ကား)ကို ပန်ကူဂရု၏ကျန်ပေ့ဌာနခွဲသို့ မောင်းနှင်လိုက်သည်။
တနင်္လာနေ့ဆိုတော့ လမ်းမပေါ်မှာ ကားအစီးရေများသောကြောင့်ကားပိတ်ခြင်းကိုလင်းဖန်ကြုံရလေသည်။ လင်းဖန်သည် အလျင်လိုမလိုနေသောကြောင့်အေးအေးဆေးဆေး ပဲမောင်းနှင်လေသည်။
မနက် ၁၀း၃၀ လောက်မှာသူသွားလိုသည့်ပန်းတိုင်ကို ရောက်ရှိသွားခဲ့သည်။
လင်းဖန်သည် ကားကိုရပ်ပြီးနောက် သူအဆောက်အအုံထဲသို့သွားသည်။
ထိုအချိန်တွင်အနောက်တိုင်းအင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦးသည်ကော်ဖီသောက်ရင်း ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
လင်းဖန်ကိုတွေ့ပြီးနောက် လင်းဖန်ဟု အံ့သြတကြီးအော်ဆခါ်လိုက်သည်။
လင်းဖန်လည်း အနည်းငယ် အံ့သြသွားခဲ့ပြီးပြန်ခေါ်လိုက်သည်။ “ရှန်းလျန့်!”
မှန်တယ်!
ဤလူသည် လင်းဖန်၏ အထက်တန်းကျောင်းနေဖက်ရှန်းလျန့် ဖြစ်သည်။
ဘွဲ့ရပြီးနောက်တွင် လင်းဖန်သည် သူ့ကို တတိယအကြိမ်တွေ့ရခြင်းဖြစ်သည်။
ပထမဆုံး အကြိမ်ကတော့ ကျန်ပေ့မှာရှိတဲ့ အတန်းဖော် စုဝေးပွဲမှာပင်ဖြစ်သည်။
ထိုအချိန်တွင် ရှန်းလျန့်သည် လင်းဖန်နှင့်အရင်းနှီးဆုံးအတန်းဖော်အဖြစ်သတ်မှတ်ခံရသည်။
နောက်ပိုင်းတွင်ဆရာမသည် ဆေးရုံတင်ထားရပြီး ရှန်းလျန့် သည် ချင်ရှီသို့ တမင်တကာ အမြန်ပြန်လာသော လူအနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။
ဒါ့အပြင် လင်းဖန် နဲ့ ရှန်းလျန့်တို့သည် အထက်တန်းကျောင်းတက်တုန်းကတော့ ဆက်ဆံရေးကောင်းခဲ့သည်။
ယေဘူယျအားဖြင့်ပြောရရင်လင်းဖန်သည်
ရှန်းလျန့်အပေါ်အကောင်းမြင်စိတ်ရှိသည်။
ရှန်းလျန့်က “လင်းဖန်၊ မင်း ငါတို့ကုမ္ပဏီကို ဘာလို့လာတာလဲ။”
နောက်ဆုံးအကြိမ်တွေ့တုန်းက ရှန်းလျန့်က သူ အိုင်တီအလုပ် လုပ်နေတယ်လို့ ပြောခဲ့သည်။
လင်းဖန်က သူကပန်ကူ မှာ အိုင်တီလုပ်နေတယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
ဒါဆိုရှန်းလျန့် က သူ့ဝန်ထမ်းလို့ မဆိုလိုဘူးလား။
လင်းဖန် က “ငါ လမ်းလျှောက်ရင်းဒီကို ရောက်လာတာ။”
ယင်းနှင့်ပတ်သက်၍...
ရှန်းလျန်း လည်း မအံ့သြပေ။
ပန်ကူဂရုသည် တရုတ်နိုင်ငံ၏ ဧရာမကုမ္ပဏီကြီးဖြစ်ပြီး ၎င်း၏ကိုယ်ပိုင်ကွန်ရက်အင်ပါယာကို ထူထောင်ထားသောကြောင့်ဖြစ်သည်။(ပြောချင်တာကစျေးဝယ်စင်တာလိုမျိုးလူတွေကလိုက်ကြည့်လို့ရတယ်။အဲ့လိုမျိုးပြောတာပါ)
အရင်တုန်းကလူတော်တော်များများကလဲလင်းဖန်လိုမျိုး အပြေးအလွှား လာကြည့်ဖူးလို့ပင်ဖြစ်သည်။
ထို့ကြောင့် ရှန်းလျန့်က ပြုံးလိုကအပြီး “ငါတို့ ကုမ္ပဏီကို ရောက်တုန်းရောက်ခိုက် ငါ မင်းကိုလမ်းပြပေးမယ်လေ”
“ကောင်းပြီ!” လင်းဖန်က တိုက်ရိုက်သဘောတူလိုက်သည်။
သူသည်ရန်ကျောက်ကိုထမင်းကျွေမယ်လို့ကတိပေးထားသည်။သို့ငေါ်ရန်ကျောက်ကိုသူမတွေ့သေးသောကြောင့်ကိစ္စမရှိဘူးလို့တွေးလိုက်သည်။
ရှန်းလျန့် “စကားမစပ် မင်းကော်ဖီတစ်ခွက် လိုချင်လား? ဒီကကော်ဖီကအရသာတော်တော်ရှိတယ်”
သူစကားပြောပြီးသည်နှင့် လင်းဖန်၏အဖြေကိုမစောင့်ဘဲ အဖျော်ခန်းထဲသို့ ဦးစွာလျှောက်သွားခဲ့သည်။
လင်းဖန်အဖျော်ခန်းထဲကို လှမ်းဝင်လိုက်တာနဲ့ ကော်ဖီနံ့ပြင်းပြင်းနဲ့ ရင်ဆိုင်လိုက်ရသည်။
ရှန်းလျန့်သည် ကော်ဖီဖျော်စက်မှကော်ဖီများကိုခွက်ထဲသို့ကျွမ်းကျင်စွာ လောင်းချပြီး လင်းဖန်အား ပေးလိုက်သည်။
ထို့နောက် အဝေးက နံရံကပ်ပုံးပေါ်တွင် ကပ်ထားသော မုန့်မျိုးစုံကို လက်ညှိုးထိုးပြလိကအပြီး “မင်းစားချင်စရာ ရှိရင်အကုန်အလကားပေးထားတာမို့စားလို့ရတယ်” ဟု ပြောလိုက်သည်။
လင်းဖန် က “ဒါဆို ငါ့ကိုချိုချဥ်သကြားလုံးတစ်ထုပ်ပဲပေးပါ”
“မထင်မှတ်ထားဘူးမင်းက အဲ့ဒါကို ကြိုက်နေတုန်းပဲ!” ရှန်းလျန့် ပြုံးပြီးလိုက်သည်။
ထို့နောက် ရှန်းလျန့်သည် လင်းဖန် နှင့်အတူ ဒီဇိုင်းဌာနအထဲသို့ ဝင်လာပြီး “ဒါက ဒီဇိုင်းဌာနပါ။ သတင်းပုံတွေ အများစုကို ဒီကနေ ထုတ်တာလေ” လို့ ပြောလိုက်သည်။
“ဒါက စာနယ်ဇင်းဌာနပါ။ ဒီမှာကတော့အယ်ဒီတာတွေ အများကြီးရှိတယ်။”
“ဒါက ဂိမ်းဌာနပါဒီဌာနက လူတွေကတော့လစာအမြင့်ဆုံးပဲ”
ရှန်းလျန့်က ဒီလိုပြောတဲ့အခါ သူ့မျက်နှာမှာ မနာလိုမှုတွေ ပြည့်နှက်လို့နေသည်။
“ဟိုမှာ ငါတို့ အရောင်းမြှင့်တင်ရေးဌာနရှိတယ်။”(အိုင်တီကိုပြောင်းထားတာနော်)
...
ရှန်းလျန့်က လမ်းလျှောက်ရင်း မိတ်ဆက်ပေးသော်ကြောင့်လင်းဖန်ကသူပြောသမျှကိုခေါင်းညိတ်ပြီးနားထောင်နေလိုက်သည်။
နှစ်ယောက်သား စကားပြောရင်းရယ်မောကြပြီး ထောင့်နားသို့ ရောက်သောအခါ ရှန်းလျန့်သည် လူတစ်ဦးကိုတိုက်မိသွားခဲ့သည်။
ထိုက်မိသောလူကိုကြည့်လိုက်သော်အခါသူလုံးဝ အေးခဲသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူတိုက်မိသောလူသည် ပန်ကူဂရု၊ကျန်ပေ့ဌာနခွဲ၏ နည်းပညာဆိုင်ရာ ဒါရိုက်တာဖြစ်သောကြောင့်ပင်ဖြစ်သည်။
နည်းပညာဒါရိုက်တာ၏ဘေးတွင် အထွေထွေမန်နေဂျာ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဝန်ကြီးအချို့နှင့် ပန်ကူဥက္ကဋ္ဌ မစ္စတာရန်ကျောက်တို့ ဝိုင်းရံထားကြသည်။
ဒီလူတွေအကုန်လုံးအတူရှိနေတယ်!
သူကဒီလိုလူကိုတိုက်မိသွားတာလား? !
ဒါကိုစဥ်းစားရင်းသူ့မျက်နှာတစ်ခုလုံး ဖျော့တော့လာသည်။
ပန်ကူသည် တရုတ်နိုင်ငံ၏ အင်တာနက်စက်မှုလုပ်ငန်းတွင် အကြီးဆုံးဟု ဆိုနိုင်ပြီး တစ်ချိန်တည်းတွင် ၎င်းသည် အကောင်းဆုံးလစာပေးသည့် ကုမ္ပဏီများထဲမှ တစ်ခုလည်းဖြစ်သည်။
ပန်ကူသို့ဝင်ရလျှင်မရေမတွက်နိုင်သောလူများက ဝင်ကြမည်ဖြစ်သည်။
အစပိုင်းတွင် ရှန်းလျန့်သည် ဤအခွင့်အရေးကိုရရှိရန် များစွာအားထုတ်ခဲ့ရသည်။
အခုတော့သူအလုပ်ထုတ်ခံရမှာ ကြောက်တယ်!
အဲဒီအချိန်မှာ လူတွေဝိုင်းနေတဲ့မစ္စတာရန်ကျောက် “မစ္စလင်း၊ မင်းဘယ်ကလာတာလဲ။ မင်းလာရင်ငါ့ကိုဘာလို့မပြောတာလဲ။ ငါမင်းကို တံခါးမှာလာစောင့်နေမှာပေါ့”
စကားပြောနေစဉ် ရန်ကျောက်သည် သူ၏ညာလက်ကို လင်းဖန်ဆီသို့ ဆန့်လိုက်သ
လင်းဖန်သည် သူ့လက်ကို ဆန့်တန်းကာ နှုတ်ဆက်လိုက်သည်။
ဤမြင်ကွင်းကိုမြင်တော့ရှန်းလျန့် မှင်တက်သွားစေရုံသာမက အထွေထွေမန်နေဂျာ၊ ဒါရိုက်တာများနှင့် သူ့ပတ်ဝန်းကျင်ရှိ အခြားသူများလည်း မှင်တက်သွားကြသည်။
အထွေထွေမန်နေဂျာ၊ ဒါရိုက်တာနဲ့ တခြားသူတွေက အရေးကြီးတဲ့ ဧည့်သည်လာမယ် ဆိုတာကို မကြာ သေးခင်က မစ္စတာကျောက်ဆီက သိခဲ့ရသည်။
သူတို့သည်လာမည့်လူက အသက် 30 ဒါမှမဟုတ် 40 လောက်ရှိတဲ့ က လူလို့ထင်ခဲ့သည်။
ရလဒ်အနေနဲ့ အသက်နှစ်ဆယ်ကျော်သာသာရှိတဲ့ လူငယ်တစ်ယောက် ဖြစ်နေခဲ့တယ်။
ပထမနှစ်တွေ့ဆုံမှုကတည်းက ရှန်းလျန့် သည် လင်းဖန်ကအလွန်ချမ်းသာကြောင်းသိခဲ့သည်။
သို့သော်လင်းဖန်က မစ္စတာရန်ကို သိလိမ့်မယ်လို့ မထင်ခဲ့မိပေ။
တကယ်တော့ တရုတ်ပြည်မှာ လူချမ်းသာတွေ အများကြီးရှိသည်။
ဒါပေမယ့် ရန်ကျောက်နဲ့ တကယ်ပေါင်းသင်းဆက်ဆံတဲ့သူကနည်းနည်းလေးပဲရှိသည်။
ဒါပေမယ့် အခုအခြေအနေက ဘယ်လိုလဲ။
ရန်ကျောက်သည် လင်းဖန်ကို သိရုံသာမက၊ သူက လက်ဆွဲနှုတ်ဆက်ဖို့ အစပြုကာ လူချင်းတွေ့ဖို့တောင် ထွက်ကြိုမယ်လို့ပြောခဲ့သည်။!
ဒါ…
ဒါ…
ဒါဆိုလင်းဖန်၏ အထောက်အထားကား အဘယ်နည်း။
လင်းဖန် က ပြုံးပြီးပြောလိုက်သည် “ကျွန်တော်က သူငယ်ချင်းတစ်ယောက်နဲ့တွေ့ခဲ့တယ်လေ သူက ကျွန်တော့်ကို လိုက်ပြတဲ့အတွက် ကျွန်တော်မေ့ပြီးမပြော့ဖြစ်လိုက်ဘူး”
ဒါကိုကြားတော့ရန်ကျောက်က”အိုး? မစ္စတာလင်းရဲ့သူငယ်ချင်းလာ?”
ထို့နောက် သူ့ညာလက်ကို ရှန်းလျန့်ဆီသို့ ဆန့်တန်းကာ “ဟယ်လို၊ ငါရန်ကျောက်ပါ မင်းနာမည်ဘာခေါ်လဲ “
ရန်ကျောက်က သူ့ကိုယ် လက်ဆွဲနှုတ်ဆက်ရန်လုပ်ပြီးသူ့နာမည်ကို မေးသည်။
ရှန်းလျန့်သည်သူ့ နှလုံးသားတစ်ခုလုံး အပြင်သို့ခုန်ထွက်လုမတတ် ခံစားလိုက်ရပြီး “ရှန်းလျန့် ငါ့နာမည် ရှန်းလျန့်ပါ!”
ထို့နောက် သူ့လက်များကို ဆန့်တန်းကာ မစ္စတာရန်၏ ညာလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
မကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး