မန်နေဂျာခေါ်ခြင်း
Vol. 17 Ch. 249
ရှန်းလျန့်ဤကဲ့သို့ ဖြစ်နေသည်မှာ မထူးဆန်းပေ။
သိရန်ရန်ကျောက်သည်ပန်ကူကုမ္ပဏီ၏ဥက္ကဌဖြစ်သည်။ဒီလိုလူမျိုးနဲ့လင်ဆွဲနှုတ်ဆက်ရလျှင်စိတ်မလှုပ်ရှားတဲ့လူရှိမှာမဟုတ်ပေ။
ရန်ကျောက်က ပြုံးလိုက်ပြီး “မစ္စတာ ရှန်း မင်္ဂလာပါ”ဟုနှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ။” ရှန်းလျန့်ကလဲပြန်နှုတ်ဆက်လိုက်သည်။
နှစ်ယောက်သား ခဏကြာ လက်ဆွဲနှုတ်ဆက်ကြပြီးနောကအ မစ္စတာရန်က လင်းဖန်အား “မစ္စတာလင်း၊ ငါမင်းကို တစ်ဝိုင်းလိုက်ကြွေးပါရစေ။”
“ကောင်းပြီ!” လင်းဖန်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
ရန်ကျောက်သည်စားသောက်ဆိုင်သို့ခေါ်ပြီးကိုယ်ပိုင်အခန်းထဲသို့ဝင်လိုက်လေသည်။
ရန်ကျောက်သည် ယနေ့ကျန်ပေ့သို့ရောက်ရှိပြီး လင်းဖန် နှင့် နေ့လယ်စာစားရန် ရည်ရွယ်ထားကြောင်း နောက်ဆုံးတွင် ပြောကြားလိုက်သည်။
“အရင်တုန်းကတော့ အသက်သုံးဆယ်၊ လေးဆယ်မှာ အရွယ်ရောက်မှအရည်အချင်းနဲ့ အောင်မြင်မှုတွေ စတင်ရနိုင်တယ်လို့ ငါအမြဲတမ်း ခံစားခဲ့ရတယ်။”
“မစ္စတာလင်းနဲ့တွေ့တော့မှငါမှားမှန်း သိလိုက်တယ်”
“မစ္စတာလင်းကပန်ကူဂရုရဲ့ရှယ်ယာကိုယုံယုံကြည်ကြည်နဲ့10%ကိုတိုးမြင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။မစ္စတာလင်းကအခုဆိုပန်ကူဂရု၏ ဒုတိယအကြီးဆုံး အစုရှယ်ယာရှင် ဖြစ်နေပြီ”
လင်းဖန်တို့ရှိနေရာတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
သူတို့ ဘာကြားခဲ့တာလဲ။
ပန်ကူဂရု၏ ရှယ်ယာ 10%။
သိရန်ပန်ကူသည် စျေးကွက်တန်ဖိုး ၅ ထရီလီယံကျော်ရှိသောစူပါကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
ရှယ်ယာ10%ကပြောရမယ်ဆိုရင်သူတို့ရှေ့မှာရှိတဲ့မစ္စတာလင်းကယွမ် ဘီလီယံ 500 ကျော်ပန်ကူမှရရရှိမည်ဖြစ်သည်။ !
ဒီ... ဒီဂဏန်းက ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ။ !
မူလက သည် အခန်းအတွင်းရှိ လေထုသည်သူ့ဟာနဲ့သူအဆင်ပြေနေသည်။(လေထု-သူတို့ဟာသူတို့စကားပြောနေတာကိုပြောတာပါ)
သို့သော် ထိုစကားကြားပြီးနောက် သူတို့အားလုံး အံသြသွားပြန်သည်။
လင်းဖန်သည် ရန်ကျောက် ၏စိတ်ကို နားလည်သည်။
ယခုအခါ သူပိုင်ဆိုင်သည့် အစုရှယ်ယာများသည်ရန်ကျောက်ကို ကျော်လွန်ကာပန်ကူ၏ ဒုတိယအကြီးဆုံး အစုရှယ်ယာရှင် ဖြစ်လာသောကြောင့်ကုမ္ပဏီအတွက် မသေချာမရေရာသော အချက်တစ်ခု ဖြစ်လာခဲ့သည်။(ဒုတိယရှယ်ယာရှင်ဖြစ်လာသောကြောင့်ပန်ကူရဲ့အုပ်ချုပ်ရေးပိုင်းမှာဝင်ပါလာမှာကိုပြောတာပါ)
လင်းဖန် က ပြုံးလိုက်ပြီး”ငါကဒုတိယရှယ်ယာဖြစ်ပေမဲ့ ကုမ္ပဏီရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို အနှောင့်အယှက်မပေးပါဘူး... ငါ့ကိုအမြတ်အစွန်းပေါ်မူတည်ပြီး အမြတ်ဝေစုပဲ ပေးပါ”
ရန်ကျောက်သည်ထိုစကားကြားပြီးနေညက်သူ့မျက်နှာတွင်အပြုံးကြီးထွကပေါ်လာပြီး “မင်းရဲ့ အကောင်းမြင်မှုအတွက် ကျေးဇူးတင်ပါတယ် မစ္စတာလင်း၊ ပြီးတော့ တစ်ချိန်တည်းမှာပဲ မစ္စတာလင်းကငါကိုစိတ်မပျက်စေရဘူး!”
ထို့နောက် ဝိုင်ဖန်ခွက်ကို မြှောက်ကာ တစ်ရှိန်ထိုး သောက်လိုက်သည်။
ဒီအစာအစားခြင်းက နှစ်နာရီနီးပါးကြာခဲ့သည်။
ထို့နောက်လင်းဖန်သည် ပန်ကူဂရု ၏ ကျန်ပေ့ ဌာနခွဲသို့ ပြန်မသွားတော့ဘဲပန်းလုံဗီလာသို့ပြန်လာကာ ပျော့ပျောင်းသော ကုတင်ကြီးပေါ်တွင် လဲလျောင်းလိုက်သည်။
နေ့လယ်အနားယူချိန်သည် ချောမောသော အမျိုးသားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်ပါသည်။အဲ့ဒါမှစော်ကြည်မှာဖြစ်သည်။
.......
ရန်ကျောက်သည် ကျန်ပေ့တွင် အကြာကြီးမနေခဲ့ပေ။ လင်းဖန်ကို ကားထဲသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပြီးနောက် အနီးဆုံး လေယာဉ်ကို စီးကာ ယန်ချမ်သို့ပြန်ခဲ့သည်။
စျေးကွက်တန်ဖိုး ယွမ် ၅ ထရီလီယံရှိသော စူပါကုမ္ပဏီတစ်ခု၏ ခေါင်းဆောင်ဖြစ်တဲ့အညီရန်ကျောက်သည် နေ့တိုင်း အလုပ်များသည်ဟု ဆိုနိုင်သည်။
ပန်ကူဂရု၏ကျန်ပေ့ဌာနခွဲသို့ သွားရောက်ဖို့ဆိုတာကသူ့စိတ်ပါဝင်စားမှု လုံးဝမရှိပေ။
သိရန်ပန်ကူဂရုသည် တရုတ်နိုင်ငံရှိ မြို့ပေါင်းများစွာတွင် ရုံးခွဲများစွာဖွင့်လှစ်ထားသည်။
ဒီလိုမျိုးသာသွားတိုင်းဆိုသူကမြို့ပေါင်းများစွာကိုသွားလည်ရင်ကုမ္ပဏီကသေချာလည်ပတ်ချင်မှလည်ပတ်မည်ဖြစ်သည်။
သူဒီကိုလာရသည့်အကြောင်းရင်းမှာ လင်းဖန်ဒုတိယအကြီးဆုံးရှယ်ယာရှင် ဖြစ်သောကြောင့်ကုမ္ပဏီ၏စီမံခန့်ခွဲမှုအပေါ် တွင်သက်ရောက်မှုရှိမည်ဖြစ်သည်။
........
ဤအချိန်တွင် ပန်ကူဂရု၏ကျန်ပေ့ဌာနခွဲ ။
ရှန်းလျန့်က သူ့စားပွဲမှာထိုင်ပြီး သူ့ အလုပ်သူလုပ်နေသည်။
ထိုအချိန်တွင် ချောမောလှပသော အမျိုးသမီးတစ်ဦးသည် ရှန်းလျန့်စီသို့ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
သူမကပြောလိုက်သည် “မစ္စတာရှန်း၊ မင်္ဂလာပါ၊ အထွေထွေမန်နေဂျာက မင်းကို သူ့ရုံးခန်းကိုလာခဲ့ပါတဲ့”
ဒါကိုကြားတော့ရှန်းလျန့်၏နှလုံးသည် အနည်းငယ် တင်းကျပ်သွားပြီး သူ့စိတ်ထဲတွင် အကြောင်းပြချက်များစွာ ချက်ချင်းထွက်ပေါ်လာခဲ့သည်။
တုန်လှုပ်ချောက်ချားသော စိတ်ဖြင့် နောက်ဆုံးတွင် သူသည် အထွေထွေမန်နေဂျာ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
“ကျေးဇူးပြုပြီး ဝင်လာပါ!” ရုံးခန်းထဲတွင် အထွေထွေမန်နေဂျာ၏ အသံကို ကြားလိုက်ရသည်။
ရှန်းလျန့်သည်အခန်းထဲသို့ဝင်လိုက်သည်။အထွေထွေမန်နေဂျာကရှန်းလျန့် ကို မြင်သောအခါ ကပျာကယာထကာ ပြုံးပြလိုက်ပြီး “ ရှန်းလျန့် ထိုင်ပါအုံး”
ထို့နောက် အထွေထွေမန်နေဂျာက သူ့ရှေ့ကိုလက်ဖက်ရည်တစ်ခွက်ချပေးပြီး “ဒီလက်ဖက်ရည်ကိုသောက်ကြည့်အရမ်းကောင်းတယ်” လို့ပြောလိုက်သည်။
အထွေထွေမန်နေဂျာက သူ့အတွက် လက်ဖက်ရည်ထည့်ပေးတာလား။
ရှန်းလျန့်သည် ခဏတာ ထိတ်လန့်သွားခဲ့သည်။
အထွေထွေမန်နေဂျာက “ရှန်းလျန့် မင်းသိလား။ ငါမင်းကို အစောကြီးကတည်းက သတိထားမိတာကြာပြီ”
“ ပြီးခဲ့တဲ့ ဘတ်စကက်ဘောဂိမ်းဆော့တုန်းက မင်း ရလဒ်ကောင်းတွေ ရခဲ့တယ်... ဘတ်စကက်ဘောက အဖွဲ့နဲ့ ပူးပေါင်းနိုင်မှုကို စမ်းသပ်တဲ့ အားကစားတစ်ခုပါ။ မင်းက အဖွဲ့နဲ့ပူပေါင်းဆောင်ရွက်မှုရှိတာကိုတွေ့တယ်”(ဒီလိုသူဌေးရှိရင်အရမ်းမိုက်မယ်။ဂိမ်းဆော့ပြီးရာထူးတိုးတာမိုက်တယ်မလား)
“ရှန်းလျန့်၊ မင်းကအရောင်းမြှင့်တင်ရေးဌာနငယ်လေးမှာ ရောက်နေတာကလုံးဝအလဟသပဲ။”
“ဂိမ်းဌာနမှာ ကြီးကြပ်ရေးမှူးတစ်ယောက် လိုနေတယ်၊ အဲ့နေရာငိုမင်းစိတ်ဝင်စားလား မသိဘူးလား”
မနက်ကျနှစ်ပိုင်းတစ်ကယ်လာပါမယ်။မနက်မလာရင်နေ့လယ်လာပါမယ်။ပေါင်းမတင်ပါဘူး။မင်မင်ဒီနေ့အလုပ်ပြန်တာနောက်ကျလို့ပါ။စောင့်တဲ့သူတွေကိုအားနာပါတယ်ဗျ။ကောင်းသောညဖြစ်ပါစေ။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး