← Chapters

ပြန်လည်သုံးသပ်ခြင်း

Vol. 17 Ch. 250

ပြန်လည်သုံးသပ်ခြင်း

Vol. 17 Ch. 250

ရှန်းလျန့်သည် အထွေထွေမန်နေဂျာ၏ စကားကို နားထောင်ပြီးနောက်ထိတ်လန့်သွားခဲ့သည်။

ပြီးခဲ့သည့်လတွင်သူ့ကိုအ​ထွေထွေမန်နေဂျာမင်းကြီးကြပ်ရေးမှူးလုပ်လို့မရဘူးဆိုပြီးဝေဖန်ခြင်းခံခဲ့ရသည်။

ဘတ်စကတ်ဘောကစားခြင်းသည် အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ကို ပြသနိုင်ပါသလား။

ရှိရင်တောင်...အလုပ်နဲ့မဆိုင်ဘူးလေ။

သူ့ဘတ်စကတ်ဘောကစားတုန်းကရမှတ်တစ်မှတ်တောင်မရခဲ့ပေ။

ဒါကရလဒ်ကောင်းလား?

ရှန်လင်း အဖြေပြန်မပေးတာကို မြင်လိုက်ရတော့ အထွေထွေမန်နေဂျာက “ဟုတ်ပါတယ်၊ ဂိမ်းမန်နေဂျာ(ကြီးကြပ်ရေးမှုး)တစ်ယောက်ရဲ့အလုပ်ကို မကြိုက်ရင် တခြားအလုပ်တွေကို လဲမင်းရွေးလို့ရပါတယ်။”

ဤအချိန်မှရှန်းလျန့်သည်သတိပြန်ဝင်လာပြီးနောက် “ကြိုက်တယ်၊ ဂိမ်းမန်နေဂျာအလုပ်ကို သဘောကျပါတယ်” ဟု ကမန်းကတန်းပြောလိုက်သည်။

သိရန်ဂိမ်းဌာနသည် ပန်ကူဂရု၏ အမြတ်အစွန်းအများဆုံးဌာနဖြစ်သည်။

တစ်ချိန်တည်းမှာပင်ရှန်းလျန့်ဝင်ရောက်လိုသောဌာနလည်းဖြစ်သည်။

အခုဂိမ်းဌာနကိုရောက်ရုံတင်မကဘဲ မန်နေဂျာလည်း တိုက်ရိုက်ဖြစ်လာခဲ့သည်။

ဤအရာအားလုံးကို ငြင်းဆိုပါကသူ့လောက်မိုက်တဲ့လူရှိတော့မှာမဟုတ်ဘူးလို့ခံစားရသည်။

“ကောင်းတယ်ဒါဆိုမင်းမနက်ဖြန်က​စပြီး မင်း ဂိမ်းဌာနမှာအလုပ်ဆင်းလို့ရပြီ။” အထွေထွေမန်နေဂျာက ပြောလိုက်သည်။

ဒါကိုကြားတော့ရှန်းလျန့် က ဝမ်းသာအားရ ခေါင်းညိတ်ပြသော်လည်းစိတ်ထဲတွင် လင်းဖန်ကိုစိတ်ရင်းနဲ့ကျေးဇူးတင်နေမိသည်။

ဒါတွေအားလုံးကလင်းဖန်ကြောင့်ဆိုတာသူနားလည်လို့ပင်ဖြစ်သည်။

…………

တစ်ဖက်တွင်မူလင်းဖန်တွက်ထားသော မိုးသီးသီအိုရီ၏ အထောက်အထားကို စာတမ်းတစ်ခုအဖြစ် ပြုလုပ်ရန် ဟန်တီသည် နှစ်ရက်အချိန်ယူခဲ့ရသည်။

ထို့နောက် လင်းဖန်၏အမည်ဖြင့် ထိပ်တန်းသင်္ချာဂျာနယ် လေးခုအနက်မှ တစ်ခုဖြစ်သော

“နှစ်စဉ်သင်္ချာဂျာနယ်’’ သို့ ပေးပို့လိုက်သည်။

…………

ထိုအချိန်အမေရိကန်ပြည်ထောင်စု၏ညပိုင်းဖြစ်သည်။

“နှစ်စဉ်သင်္ချာဂျာနယ်’’၏ အယ်ဒီတာ ဖလက့်သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း “ငါ့ကိုတစ်ယောက်ယောကကော်ဖီသောက်ဖို့ခေါ်ရင်အဲဒီလူကိုအရမ်းကျေးဇူးတင်မိမှာပဲတစ်စုံတစ်!”

ဖလက့်သည် အချိန်အတော်ကြာတဲ့အချိန်ထိအိပ်ရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

ထို့နောက်သူကထလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ “အခု ဘာလုပ်ရင်ကောင်းမလဲ၊ ဂိမ်းဆော့လိုက်ရမလား၊ မေ့လိုက်ပါဂိမ်းဆော့တာကစိတ်လှုပ်ရှားစေတဲ့အတွက်တစ်ညလုံး အိပ်မပျော်မှာကို ကြောက်တယ်”

ခဏလောက်စဉ်းစားပြီးမှ ဖလက့် က “ငါစာတွေကိုစစ်ကြည့်သင့်တယ်၊ဒီအတိုင်းစာဖတ်တာကြာတော့အိပ့်ချင်လာလိမ့်....တယ်တော်တဲ့ငါပါလား “

စကားပြောနေရင်း စားပွဲဆီသို့ လျှောက်သွားပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။

သူက “ညဘက်မှအလုပ်လုပ်တာကကမ္ဘာပေါ်မှာငါ့လောက် အလုပ်ချစ်တဲ့သူရှိလား၊ဒါကြောင့်အယ်ဒီတာချုပ် ရိန် က ငါ့ကို ဘောနပ်စ်တွေ ပိုပေးသင့်တယ်။”

“ဒင်ဒေါင်!”

ဖလက့်သည် သူ၏ အီးမေးလ်ထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် ဖန်သားပြင်၏ ညာဘက်အောက်ထောင့်တွင် အီးမေးလ်တစ်ခု ပေါ်လာလေသည်။

“မိုးသီး သီအိုရီ လုပ်ငန်းစဉ်လား။ တစ်စုံတစ်ယောက်ကဘာလို့ ဒီလိုစာမူမျိုး ပို့ထားရတာလဲ၊ဒီလို ငြီးငွေ့စရာကောင်းတဲ့ အကြောင်းအရာကို ကြည့်တာကငါလိုချင်တာပါပဲ!”

ဖလက့်သည်စကားပြောပြီးတာနဲ့သူသည် အီးမေးလ်ကို ဖွင့်လိုက်သည်။

ပထမတော့ သူက အမှတ်တမဲ့ပဲကြည့်နေလိုက်သည်။

သို့သော် သူသည်ဖတ်ရင်းဖတ်ရင်းတဖြည်းဖြည်း မျက်မှောင်ကြုတ်လာခဲ့သည်။

“နှစ်စဉ်သင်္ချာဂျာနယ်’’၏ အယ်ဒီတာအနေဖြင့် ဖလက့်သည် သင်္ချာအကြောင်း ဘာမှမသိဟု မဆိုလိုပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ သူ၏သင်္ချာစွမ်းရည်နှင့် အမြင်အာရုံသည် သာမန်သင်္ချာပါမောက္ခများထက် ပိုကောင်းသည်။

ဖက်လက့်က’’ဒီစာမူက ပျင်းဖို့ကောင်းပုံမပေါ်ဘူး... ဒါကစိတ်ဝင်စားဖို့ကောင်းတဲ့ပုံစံပဲ....”

ထို့နောက် ညာဘက်အောက်ထောင့်ရှိ စာရေးဆရာအမည်ကို ဖြည်းညှင်းစွာ စိုက်ကြည့်သည်။

“ဟွာရှကျန်ပေ့တက္ကသိုလ်၊ လင်းဖန်”

ဒါကိုမြင်တော့ဖလက့်က တစ်ခုခုကို တွေးမိပုံရလိုက်ပြီး သူ့မျက်လုံးတွေပြူးကျယ်သွားခဲ့သည်။

“လင်းဖန် ဇောင် ရဲ့ ထင်မြင်ယူဆချက်နဲ့ အမွှာအနှစ်သာရကို ဖြေရှင်းပေးတဲ့ လင်းဖန်လား’’

အခုခေတ်မှာ သာမန်နိုင်ငံခြားသားတွေက လင်းဖန်ကိုတောင် မသိကြပေ။

သို့သော် လင်းဖန်၏အမည်သည် သင်္ချာဘာသာရပ်တွင် အလွန်ကျော်ကြားသည်ဟု ဆိုနိုင်သည်။

ဖလက့်က “သူသာဆိုရင်တော့ဒါကငါ သုံးသပ်နိုင်တဲ့ စာမူမဟုတ်တဲ့အတွက် အယ်ဒီတာချုပ်ရိန်ထံ လွှဲပြောင်းပေးလိုက်မယ်။ဒီနည်းနဲ့ ငါကညနက်သန်ခေါင်းမထိအလုပ်လုပ်နေသေးတာကို တစ်ချက်ကြည့်တာနဲ့သိနိုင်တယ်။”

ထိုသို့ပြောပြီးနောက် ဖလပ့်သည် လင်းဖန်၏အီးမေးလ်ကို ရိန်ကိုပေးပို့လိုက်သည်။

…………

နောက်တစ်နေ့ နံနက်စောစော။

အယ်ဒီတာချုပ်ရိန်သည် အီးမေးလ်များအားလုံးကို နံနက်တိုင်း တစ်နာရီကြာ ကြည့်ရှုလေ့ရှိသည်။

ခဏအကြာတွင်၊ရိန်မှပေးပို့သောအီးမေးလ်ကိုသူသတိပြုမိလိုက်သည်။

ရိန်သည် အီးမေးလ်၏အကြောင်းအရာကိုမြင်သောအခါ မျက်မှောင်ကြုတ်ကာ “ဒီ ဖလက့်က စာမူတွေကို ဘာလို့ငါ့ကိုလာပေးတာလဲ၊ ဒါမှမဟုတ် ညသန်းခေါင် မို့လို့အမြင်မှားပို့မိတာလားမသိဘူး?”

ထိပ်တန်းသင်္ချာဂျာနယ်၏ အယ်ဒီတာချုပ်တစ်ဦးအနေဖြင့် သူ၏အမြင်တွင် အခြေခံအကျဆုံး ဟာကိုသူစီရင်တာကမဖြစ်သင့်ပေထို့ကြောင့်ဖျက်ပစ်ဖို့ပြင်လိုက်သည်။

သို့သော်သူသည်စာကိုနှိပ်ကာ စာရွက်ပါ အကြောင်းအရာကို မဖတ်ဘဲ စာရေးသူ၏ အမည်ကို ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင်ဖလက့် ကဲ့သို့ပင် သူ၏ မျက်လုံးများပြူကျယ်သွားလေသည်။

“လင်းဖန်?!”

ထို့နောက် ရိန်သည် လေးနက်သောအမူအရာဖြင့် စာရွက်ထဲရှိစာတွေကိုကို သေချာစွာကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူသည် သူ့နဖူးကိုပွတ်သပ်လိုက်ပြီး “ဒါဟာ မယုံနိုင်စရာကောင်းတဲ့ တွက်ချက်မှုတစ်ခုပဲ၊ ဒါပေမယ့် ဒါကတွက်ချက်မှု မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ နိုင်ငံအဆင့်ရှိ ပါမောက္ခကပဲဒါကို သုံးသပ်ရမှာပဲ” လို့ ပြောလိုက်သည်။

ရိန် က “ပဲရစ်ကပါမောက္ခ ဂျက်ဖရိမ်းသည် အက္ခရာသင်္ချာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ ၎င်းကို စစ်ဆေးခိုင်းလိုက်မယ်”

ထို့နောက် စာတမ်း၏စာရေးသူ၏အမည်ကို ဖုံးကွယ်ပြီးနောက် ပါမောက္ခဂျက်ဖရိမ်းထံ ပေးပို့ခဲ့သည်။

ထို့နောက် ရိန်သည် ဖလက့်သို့ စာတိုတစ်စောင်ပို့လိုက်သည်။ မင်းရဲ့ကြိုးစားအားထုတ်မှုတွေကို ငါမြင်ရတာကြောင့်ဒီလမှာမင်းရဲ့လစာကို နှစ်ဆတိုးပေးသွားမယ်။

ဖလက့်- ကျေးဇူးတင်ပါတယ်၊ အယ်ဒီတာချုပ် ရိန်။

…………

ပဲရစ်၊ အဆင့်မြင့်သင်္ချာဌာန။

လူငယ်တစ်ယောက်သည် သူ့အလုပ်ပြီးသွားသောအခါတွင် စာအုပ်ပင်လယ်ထဲတွင် သူ့ကိုမြှုပ်နှံလုနီးပါးဖြစ်သော ပရော်ဖက်ဆာ ဂျက်ဖရိမ်းကို ကြည့်လိုက်ပြီး “ပါမောက္ခ၊ မင်း လုပ်စရာတွေ အများကြီးရှိပုံရတယ်၊ မင်းအတွက်ငါအသားညှပ်ပေါင်မုန်းလုပ်ပေးရမလား”

ဂျက်ဖရိမ်းက ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး “ဟုတ်တယ်။ငါ့အလုပ်က ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး၊အသားညှပ်ပေါင်မုန့်တော့မစားတော့ဘူး၊ခဏနေကျရင်မင်းနဲ့အတူထမင်းသွားစားမယ်လေ”

“ဒင်ဒေါင်!”

ထိုအချိန်တွင်၊ ဂျက်ဖရီရှေ့ရှိ ကွန်ပျူတာမှ အီးမေးလ်တစ်စောင် ထွက်ပေါ်လာခဲ့သည်။

ထို့​​ကြောင့်သူကမောက်စ်ဖြင့်အီးမေးလ်ကိ​ြ နှိပ်လိုက်သည် ။

နောက်အခိုက်အတန့်မှာတော့ ဂျက်ဖရိမ်းကရှုပ်ထွေး​သောတွက်ချက်မှုများဖြင့်ပြည့်နေသောကွန်ပြူတာဖန်သားပြင်ကိုမျက်တောက်မခတ်ပဲလေးလေးနက်နက်ဖြင့်ကြည့်နေလိုက်သည်။

လူငယ်လေးက “ပါမောက္ခ၊ ပါမောက္ခ?”

ထို့နောက် ဒီအခါမှဂျက်ဖရိမ်းက တုံ့ပြန်လိုက်ပြီး “အ....စိတ်မကောင်းဘူးကွာငါမင်းနဲ့အတူထမင်းမစားနိုင်တော့ဘူး။မင်းငါ့အတွက် အသားညှပ်ပေါင်မုန့် ယူလာပေးလို့ရမလား။ ငါ့မှာ လုပ်စရာတွေရှိသေးလို့’’

လူငယ်​လေး၏စိတ်ထဲတွင်-အလုပ်က မပြီးနိုင်ဘူး ဆိုပေမဲ့၊ထမင်းတော့စားဖို့ လိုအပ်သေးတယ် မဟုတ်လား။ အလုပ်ကိုအဲ့လောက်ထိလုပ်ဖို့လို့လို့လားဟုညီးညူလိုက်သည်။

အဲ့ဒါကိုစိတ်ထဲတွင်သာပြောဝံသည်။

ဂျက်ဖရိမ်းသည်လူငယ်လေး၏စိတ်ထဲတွင်ပြောသောစကားကိုမသိဘဲဖန်သားပြင်ကိုသာစိုက်ကြည့်နေပြီး သူ့မျက်နှာပေါ်မှာတော့စိတ်လှုပ်ရှားသောအမူအရာတစ်ခုရှိလေသည်။

ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ

ဘာသာပြန်-စောင့်ချောကြီး

All Chapters