ဘားကိုသွားခြင်း
Vol. 17 Ch. 251
လင်းဖန်အတွက်ကတော့မိုးသီးသီအိုရီကဘာမှမဟုတ်ပေ။
ထို့ကြောင့်သူသည်မိုးသီးသီအိုရီကိုလုံးဝဂရုမစိုက်ဘဲ တစ်ခြားသူများ၏တုံ့ပြန်မှုကို သူ မသိပေ။
လင်းဖန်နိုးလာတော့ ညနေ ၅ နာရီထိုးနေပြီဖြစ်သည်။
“ကလင်..ကလင်...ကလင်”
ထိုအချိန်တွင် လင်းဖန်၏ ဆဲလ်ဖုန်းသည် လျင်မြန်စွာ မြည်လာခဲ့သည်။
ကျန်ပေ့ စုံစမ်းစစ်ဆေးရေးခေါင်းဆောင်ဒန်ကျန်ဟိုင် ထံမှ ဖုန်းခေါ်ဆိုမှုဆိုတာကိုသိလိုက်သည်။
လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
“မစ္စတာလင်း မင်းကို နှောက်ယှက်ပေးမိပြီ” ဒန်ကျန်ဟိုင်ကသတိထားသောလေသံဖြင့်ပြောလိုက်သည်။
လင်းဖန်က “မဟုတ်တာ မင်းဘာကိစ္စရှိလို့လဲ”
ဒန်ကျန်ဟိုင် က “နောက်ဆုံးအကြိမ်တုန်းကမင်းကိုဓားနဲ့ လုယူတဲ့သူကို မကောင်းမှုတွေ အားလုံးကို တွက်ချက်ပြီး တရားရုံးကို အပ်လိုက်ပြီ။ဘာမှမဖြစ်ခဲ့ရင် သူ့ကထောင်ဒဏ်ထက်10နှစ်ထက် ပိုပြီးအပြစ်ပေးခံရလိမ့်မယ်။”
“ပြီးတော့ဒီရာဇ၀တ်မှုမှာ ပါဝင်သူအားလုံးကို ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးပြီး အပြစ်ပေးမှာပါဒီလိုအပြစ်ပေးမှုကို မစ္စတာလင်းဘယ်လိုထင်လဲ။”
ကျန်ပရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဂုဏ်သိက္ခာရှိသော စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်သည် အသက် 20 နှစ်သာရှိသေးသော လူငယ်တစ်ဦးကို ရိုသေလေးစားစွာဆက်ဆံပြောဆိုနေသည်ကိုသူများတွေသိရင်သူတို့ကအရမ်းရမ်းကိုအံသြကြမည်ဖြစ်မှမလွှဲဧကံပင်ဖြစ်သည်။
လင်းဖန် က “မင်း အဲဒါကိစ္စကိုကောင်းကောင်း ကိုင်တွယ်ခဲ့တာပဲ”ဟုပြောလိုက်သည်။
လင်းဖန်စကားကိုကြားပြီးနောက်ဒန်ကျန်ဟိုင်က အရမ်းပျော်သွားခဲ့သည်။
ထို့နောက် သူတို့သည်စကားအနည်းငယ်ပြောပြီးနောက် ဖုန်းကိုချလိုက်ကြသည်။
လင်းဖန်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ဖုန်းဖြင့်ဂိမ်းကစားနေလိုက်သည်။
“ဂလုစ်!”
သိပ်မကြာခင်မှာပဲ သူ့ဗိုက်ထဲမှာ တိုးညှင်းသောအသံတစ်ခုထွက်လာခဲ့သည်။
ထို့ကြောင့် လင်းဖန် သည် Mercedes-Benz Big G (ကား)ကို မောင်းလာပြီးနောက်စားသောက်ဆိုင်တစ်ဆိုင်တွင်24,899 ယွမ် ရှိသောညစာကိုစားပြီးနောက် အပြင်ထွက်လာခဲ့သည်။
လင်းဖန်ထွက်တဲ့အချိန်မှာ ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။
လင်းဖန်သည် အဝေးကိုကြည့်လိုက်တော့ တောက်ပနေသော မီးများဖြင့် ‘ကျူရှင်းဘား’ ဆိုတဲ့ဆိုင်းဘုတ်ကို မြင်လိုက်သည်။
ဒါကိုကြည့်ပြီးလင်းဖန်သည်အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ကျူရှင်းဘားလား?
ဒါက ဒီနေ့ ငါရခဲ့တဲ့ ဘားမဟုတ်ဘူးလား။
ဒါကြောင့်သူကဘားကိုသွားဖို့ဆုံးဖြတ်လိုက်သည်။
အကွာအဝေးက မဝေးပေမယ့် လင်းဖန်သည် Mercedes-Benz Grand G (ကား)ကို မောင်းနှင်ပြီးသွားလိုက်သည်။
ဤအချိန်တွင်၊ ကားအမြောက်အမြားသည် ကျူရှင်းဘား၏ ကားရပ်နားရာနေရာ၌ ထားရှိထားကြသည်။
ချောမောလှပသော အမျိုးသမီး အများအပြားသည် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသကဲ့သို့ တံခါးဝတွင် ရပ်နေကြသည်။
Porsches(ကား) နှင့် Ferraris (ကား)ကဲ့သို့သော ကားများထဲမှ ချောမောသော အမျိုးသားဒါမှမဟုတ်အမျိုးသမီး တစ်ဦး ထွက်လာသည်ကို တွေ့လိုက်တိုင်းသူမတို့ကအမြန်နှုတ်ဆက်လိုက်ကြသည်။
လင်းဖန်၏အရပ်ရှည်ပြီး ချောမောသောအသွင်အပြင်နှင့်Mercedes-Benz G (ကား)ကြောင့် မကြာမီတွင် ထူးပိန်းသောမိတ်ကပ်လိမ်းထားသော အမျိုးသမီးတစ်ဦး၏အမြင်ကိုဆွဲဆောင်ခဲ့သည်။
အမျိုးသမီးကအရင်ပြောလိုက်သည်။”လူချောလေး အတူတူသောက်ရအောင်”
လင်းဖန်သည် အမှန်တရားမျက်လုံးဖြင့် ကြည့်လိုက်သည်။
[မျက်နှာတန်ဖိုး- 70]
[အနှစ်ဆုံးဘွဲ့- 50]
သိရန်လင်းဖန်၏အမျိုးသမီးများဖြစ်သည့် ကျူရီရှောင်၊ ဟန်တီ၊ ချူစီရှင်း၊ ဟေးလင်း...... တို့၏မျက်နှာတန်ဖိုးသည်90 မှတ်သို့မဟုတ် ထို့ထက်ပိုသောအလှလေးများဖြစ်ကြသည်။
အကောင်းစားကိုစားနေရက်သားနဲ့အညံစားကိုမည်သို့စားမည်နည်း။
ဒီတော့ လင်းဖန်က “စိတ်မဝင်စားဘူး”ဟုတိုက်ရိုက်ပြန်ဖြေလိုက်သည်။
စကားပြောပြီးတာနဲ့ တိုက်ရိုက်အထဲသို့ဝင်သွားလိုက်သည်။
ထူးပိန်းသောမိတ်ကပ်လိမ်းထားသောမိန်းကလေးက “နင်ဒီကားကို ငှားထားလို၊ငါနဲ့အတူမသောက်တာမလား”
ထို့သို့ပြောပြီးနောက်သူမသည် ယခင်အနေအထားအတိုင်း ပြန်ရပ်လိုက်သည်။
လင်းဖန်သည် ဘားထဲသို့ လှမ်းဝင်လိုက်သောအခါ ကျယ်လောင်သော တေးဂီတသံများကိုသူ့နားထဲတွင်ကြားလိုက်ရသည်။
လူများစွာသည်စကားစမြည်ပြောရင်း အရက်သောက်ရင်း ပျော်ပျော်ရွှင်ရွှင်နေနေကြသည်။
ထိုအချိန်တွင် စားပွဲထိုးတစ်ယောက်ရောက်လာပြီး “သခင်၊ မင်းမှာ ထိုင်ခုံရှိလား” လို့မေးလိုက်သည်။(ထိုင်ခုံရှိလားလို့မေးတယ်ဆိုတာကလင်းဖန်ကထိုင်တဲ့နေရာရှိ၊မရှိမေးတာပါ)
ရှင်းရှင်းပြောရရင် ဒီသာမန်စားပွဲထိုးက လင်းဖန်သည်သူ့သူဌေးဖြစ်မှန်း သူမသိပေ။
လင်းဖန် က “မရှိဘူးငါ့ကိုပိုကောင်းတဲ့နေရာကို စီစဉ်ပေးပါ”
စားပွဲထိုးက “ကောင်းပြီ၊ ဒီဘက်ကိုကြွပါ”
မကြာခင်မှာပဲ လင်းဖန်ကို အလယ်ပိုင်းရှိ ကောင်းသောနေရာသို့ရောက်လာသည်။(သူတို့ဘားကစင်ပေါ်မှာဖျော်ဖြေပြီးစင်အောက်ကလူတွေကအရက်၊ဝိုင်သောက်ပြီးနာင်းထောင်တာပါ)
လင်းဖန်က ရောကိုကျေနပ်အားရစွာ ခေါင်းညိတ်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်- “ဒါဆို ရွှေရောင်စပိုင်ဝိုင်နှစ်ပုလင်း၊ သစ်သီးနဲ့ အဆာပြေတချို့ ယူလာပေးပါ”
ဒာကိုကြားတော့စားပွဲထိုးက အရမ်းစိတ်လှုပ်ရှားသွားခဲ့သည်။
သိရန်ရွှေရောင်စပိုင်ဝိုင်ပုလင်းသည် ယွမ် ၄၀၀၀ ရှိပြီး နှစ်ပုလင်းသည် ယွမ် ၈၀၀၀ရှိပြီး သစ်သီးများနှင့် သရေစာအချို့ကြောင့်စုစုပေါင်းယွမ် ၁၀၀၀၀ နီးပါးကုန်ကျမည်ဖြစ်သည်။
သူ့အတွက်ကတော့ ဒါဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုလို့ မှတ်ယူနိုင်သည်။(ကားရောင်းတဲ့ဝန်ထမ်းလိုမျိုးပါ)
“ကောင်းပြီ ခဏစောင့်ပေးပါ”
စားပွဲထိုးက စကားပြောပြီးတာနဲ့ ထွက်သွားပြီးခဏအကြာတွင်ဝိုင်နဲ့ အဆာပြေတွေကို အမြန်ယူလာပေးလေသည်။
လင်းဖန်သည် စပိန်စပိုင်ဝိုင်ကို ဖန်ခွက်ထဲလောင်းချပြီးသောက်လိုက်ပြီးနောက်”မဆိုးပါဘူး၊ ဒီဝိုင်က’’ ဟု ပြောသည်။
ထိုအချိန်တွင် သူ့နောက်မှ အံ့ဩသောအသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
“အစ်ကို လင်း”
လင်းဖန်က သူ့ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး “တန်ရှိန်”ဟုခေါ်လိုက်သည်။
“ဟားဟား။ အစ်ကို လင်း မတကယ်မင်းပဲ” တန်ရှိန် က လင်းဖန်နားလာပြီး ဝမ်းသာအားရ ပြောလိုက်သည်။
တန်ရှိန်၏ဘေးတွင်ရှိသော အမျိုးသမီးက “အစ်ကို တန် သူက ဘယ်သူလဲ” ဟု မေးလိုက်သည်။
တန်ရှိန် က “ဒါက အစ်ကို လင်း၊ ငါတို့ ကျန်ပေ့ရဲ့လူငယ်သူဌေးပဲ!”
“ဘော့စ်(သူဌေး)? မင်းထက်တောင်လား” လို့ အမျိုးသမီးက မေးလိုက်သည်။
“ငါကအစ်ကိုလင်းနဲ့ ဘယ်လို လုပ်ယှဉ်နိုင်မှာလဲ!” တန်ရှိန်က ပြောသည်။
အမျိုးသမီးက ဒါကိုကြားပြီး လင်းဖန်ကို အနည်းငယ်ပိုတောက်သောအကြည့်ဖြင့်ကြည့်လိုက်သည်။
လင်းဖန်က ပြုံးပြီး “ငါ့ကို မမြောက်ပါနဲ့” လို့ပြောလိုက်သည်။
တန်ရှိန် က “ဒါက ဘယ်လိုမြောက်တယ်ဖြစ်မှာလဲ၊ ဒါက အမှန်ပဲလေး”
ထိုအချိန်တွင်၊ ကျူရှင်းဘား ၏စင်မြင့်အလယ်တွင်ရပ်နေသော DJ တီးနေသောသူက မိုက်ခရိုဖုန်းကို ရုတ်တရက်ကောက်ကိုင်လိုက်ပြီး “အားလုံးပဲကျွန်ုပ်တို့ရဲ့အဆိုတော် လင်းယန် ကို လက်ခုပ်သံနဲ့ဖိတ်ခေါ်လိက်ရအောင်”
“ပါ့...ပါ့....ပါ့”
ရုတ်တရက်ကျူရှူးဘားမှ ကျယ်လောင်သော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ပြောင်မြောက်သော အသွင်အပြင်နှင့် ရေတံခွန်ကဲ့သို့ဆံပင်များ၊ ကျော့ရှင်းသော ခန္ဓာကိုယ်နဲ့မိန်းကလေးတစ်ယောက်သည် စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
သူမ၏ အသားအရည်သည် အလွန်ဖြူပြီးဘားရှိအလင်းရောင်ကသူမအပေါ်ကျသောအခါသူမကိုပိုလှစေသည်။
ဒါကိုကြည့်ပြီးမရေတွက်နိုင်သော အလှလေးများကို မြင်ဖူးသည့် လင်းဖန်ပင်လျှင် အနည်းငယ် မှိန်းသွားလေသည်။
ထို့နောက် လင်းဖန်သည် သူမအား အမှန်တရားမျက်လုံးဖြင့်ကြည့်လိုက်သည်။
[မျက်နှာတန်ဖိုး- 96]
[အနှစ်သက်ဆုံးဘွဲ့- 30]
မျက်နှာတန်ဖိုးက 96 ပါ။
တန်ရှိန်ပြောသလိုပဲ လင်းယန်က တကယ့်ကို အလှလေးပဲဟုတိတ်တဆိတ်တွေးလိုက်သည်။
ကမ္ဘာပေါ်မှာငါကအချမ်းသာဆုံးပဲ
ဘာသာပြန်-စောင့်ချောကြီး